ဆူဖီ ဇင် အပိုင်းအစများ
February 2, 2012 1 Comment
Sufism ဆိုတာလေး အကြောင်း ပြောကြည့်မယ်။ ဆူဖီဝါဒ လို့ပဲ အလွယ်ခေါ်မလား မပြောတတ်ပေမယ့် – Sufism ဟာ -ism ( ဝါဒ ) မဟုတ်ပါဘူး။ သူက ဇင် လိုပဲ- ဝါဒ၊ တံဆိပ်က ကင်းလွတ်နေတဲ့ ဘဝနေထိုင်ခြင်း သက်သက် ဖြစ်ပါတယ်။ ဒဿန စနစ် မဟုတ်ဘူး။ သီဝရီတွေ ရှင်းပြမနေဘူး။ ဆူဖီ ဝါဒ လို့ ပြောရင် အစ္စလာမ်ဘာသာရဲ့ လက်ခွဲ တစ်ခုလို မြင်တတ်ကြပေမယ့် – ဆူဖီတွေဟာ မိုဟာမက်ဒင်တွေ မတိုင်မီ ကတည်းက ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျနော် သမိုင်းကိုတော့ ပြန်မသွားတော့ဘူးရယ်။
Sufism ကို ကျနော် ရေးနေကျ Taoism, Zen တို့နဲ့ ထပ်တူပါပဲလို့ ပြောချင်တယ်။ မဟုတ်ပါဘူးလို့ ယူဆရင်လည်း ရှိပါစေ။
အိုရှိုးက Sufism ကို ဒီလို ပြောခဲ့ဖူးတယ်။
“Sufism is not speculative. It is utterly realistic, pragmatic, practical. It is down-to-earth, it is not abstract. Hence, it has no world-view. And also, because, because it is not a system, it does not systematize knowledge.”
“It is not a system because it never gives any complete explanation about anything. It gives only very, very small hints, flashes of insight. It does not spin and weave philosophies; it spins and weaves stories, anecdotes, metaphors, parables, poetry. It is not metaphysics, it is metaphor. It is a figer pointing to the moon. You cannot understand the moon by analyzing the finger. But if you follow the direction with sympathy, if you fall EN RAPPORT, then you will come to see the moon. The figure is not the moon, the finger cannot be the moon, yet the finger can point the way.”
ဇင်မှာ အဓိက သုံးမယ့် ဝေါဟာရဟာ “Mindfulness” သတိ၊ သိမှုစွဲမြဲထားရှိဖို့ ဆိုရင် Sufism ရဲ့ အဓိက သုံးမယ့် ဝေါဟာရဟာ “Heartfulness” နှလုံးသားနဲ့ နေထိုင်မှု သက်သက် ဖြစ်ပါတယ်။ ဇင်ဟာ စိတ်အတွေးအကြံကို ကျော်လွန်ဖယ်ရှားထားချိန်မှာ ဆူဖီတွေက စိတ်ကို ဆန့်ကျင်ဖို့ထက် နှလုံးအိမ်ကို အဓိက ထားတယ်။ သူတို့ရဲ့ ပစ်မှတ်ဟာ နှလုံးသား ဖြစ်ပါတယ်။ စိတ်အတွေးအကြံအပေါ် ဘယ်တစ်ခုမှ ပြောဆိုနေမှာ မဟုတ်ဘူး ရယ်။ ဒါ့ကြောင့်လည်း “ဇင်” ဟာ တစ်ချိန်က ဆာမူရိုင်း စစ်သည်တွေရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့ပေမယ့် – ဆူဖီဝါဒကတော့ ဘယ်အရာရဲ့ လက်ကိုင်တုတ်မှ မဖြစ်ခဲ့ဘူးလို့ ဆိုတယ်။
ဇင်ရော – ဆူဖီတွေရော နှစ်ဦးစလုံးဟာ ပုံပြင်လေးတွေ သုံးလေ့ ရှိပါတယ်။ ဒါပေတဲ့ ဇင်ပုံပြင်တွေ ဟာ သိရခက်တယ်။ အဓိပ္ပာယ်မဲ့နေတတ်တယ်။ ပဟေဠိ တွေ ဖြစ်နေပြီး၊ ဖြေရှင်းဖို့ ဘယ်လိုမှ မရတဲ့ ပုစ္ဆာတွေ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဇင်ရဲ့ ကိုအာန် ပုစ္ဆာတွေဟာ ခင်ဗျား ဖြေရှင်းဖို့ ချပေးတာ မဟုတ်ဘူး။ ဖြေရှင်းနိုင်စွမ်းမဲ့မှုကိုသာ အပြည့်အဝ ဖော်ကျူးနိုင်ဖို့ပဲ။ ဥပမာ – “တစ်ဖက်တည်း တီးတဲ့ လက်ခုပ်သံ” “အဓိပ္ပာယ်မရှိတဲ့ စကားလုံး၊ စကားလုံးမရှိတဲ့ အဓိပ္ပာယ် ဘယ်ဟာ ပိုနားလည်ရလွယ်သလဲ” စသဖြင့်~ အဲ့ဒါတွေဟာ စေ့စေ့ငှငှ ခွဲခြားကြည့်ရင် အကြောင်းအကျိုး ယုတ္တိတွေနဲ့ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ အမေးပုစ္ဆာတွေသာ ဖြစ်ပါတယ်။
ဇင်ဆရာတွေဟာ အဲ့ဒီ ကိုအာန်ပုစ္ဆာတွေနဲ့ သူတို့ရဲ့ ရောင်းရင်းတွေကို ဘာဝနာ ပြုခိုင်းလေ့ ရှိတယ်။ ဒီ ပုစ္ဆာတွေကို ခင်ဗျား ဘယ်လို ဖြေရှင်းမှာလဲ။ ဘယ်အဖြေ ရှာမှာတဲ့လဲ ။ နေ့စဉ်နေ့တိုင်း အဲ့ဒီပုစ္ဆာအပေါ် အာရုံစူးစိုက်တည်နေရင်း အဖြေကို ရှာတဲ့ အခါ ဘယ်လို အဖြေ ရလာလာ – အဲ့အဖြေဟာ မှားနေမှာပဲ ။ ဇင်ရဲ့ ပုစ္ဆာတွေဟာ စင်စစ် အဖြေရှာတွေ့ဖို့ မဟုတ်ဘူး။ အဖြေရှာဖွေနေတဲ့ မိမိသန္တာန် – နိတ္ထိတံ အဆုံးသတ် သွားဖို့ ဖြစ်ပါတယ်။
ဆူဖီ ပုံပြင်တွေကတော့ ကွဲပြားတယ်။ သူတို့ပုံပြင်တွေဟာ ပုစ္ဆာတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ ရည်ရွယ်ရင်းဟာ ခင်ဗျား နှလုံးအိမ်ထဲ တိုက်ရိုက် ရောက်ရှိသွားဖို့။ ဒီတစ်ခုတည်းသာ ဖြစ်ပါတယ်။ ခင်ဗျားကလည်း စိတ်နှလုံးကို အဖွင့်သားနဲ့ နားထောင်နေဖို့သာ လိုအပ်တယ်။ ဆူဖီတွေရဲ့ ပုံပြင်ဟာ ခင်ဗျား အတွက် အမြင်ကို ပေးဖို့ မဟုတ်ဘူး။ ကျနော် တို့ ခင်ဗျားတို့ရဲ့ ဘဝနေထိုင်ပုံ၊ လောကကို အသစ် ပြောင်းလဲသွားစေဖို့ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ Sufism ဟာ ဝါဒ မဟုတ်ဘူးလို့ အထက်မှာ ကျနော် ပြောခဲ့တာ ဖြစ်ပါတယ်။ ဆူဖီ ဆရာတွေဟာ ကျနော်တို့ ခင်ဗျားတို့ စိတ်အတွေးအကြံကို ဘယ်လို နည်းနဲ့မှ မနှောင့်ယှက်ဘူး။ “ဒဿနိကဗေဒဆန်ဆန်၊ သိပ္ပံနည်းကျ၊ ဆင်ခြင်တုံတရားနဲ့ ညီညီ” စသဖြင့် ဒီဝေါဟာရတွေ၊ နည်းနာတွေဟာ ကျနော်တို့ ဘဝ နေထိုင်မှုကို တင်းအား ( Tension ) ဖြစ်အောင် ဖန်တီးပေးတယ်။ ဒါပေမယ့် – Sufism ကတော့ အဲ့ဒီ အချက်တွေထဲက ဘယ်အချက်နဲ့မှ ညိစွန်း မနေဘူးလို့ ဆိုလိုပါတယ်။ ဒါဆို ဆူဖီ ဝါဒကို ဘယ်လိုဝေဖန်မလဲ ~ ပုံပြင်တစ်ပုဒ် ပြောကြည့်မယ်။
မုလ္လနဆရုဒင် ဆိုတဲ့ ဆူဖီဆရာ တစ်ယောက် ကို ဘာသာရေးရာ မှိုင်းသွင်းမှု၊ မိစ္ဆာအယူသွတ်သွင်းမှု စသဖြင့် စွပ်စွဲချက်တွေနဲ့ တရားရုံးကို ဆင့်ခေါ်တယ်။ တရားရုံးမှာ သူ့ရဲ့ အမှုကို စစ်ဆေး ဆုံးဖြတ်ဖို့ ဒဿနဆရာတွေ၊ ဘာသာရေး ဂိုဏ်းခေါင်းဆောင်တွေ၊ တရားသူကြီး၊ ဂျူရီ လူကြီးမင်းတွေ စောင့်နေ ကြတယ်။ နဆရုဒင် ရောက်လာတော့ – ခုံသမာဓိ တရားသူကြီးက သူ့ကို အရင်လျောက်လဲချက် ထုတ်နိုင်ကြောင်း ပြောတယ်။ နဆရုဒင်က – “ကျနော် စာရွက်နဲ့ ခဲတံ သာ လိုအပ်ပါတယ်” လို့ ပြောတယ်။ တရားသူကြီးက ခွင့်ပြုတယ်။
နဆရုဒင် က – “အခု ထိုင်နေတဲ့ ဂျူရီလူကြီး၊ ဒဿနဆရာများနဲ့၊ ဘာသာရေး ဂိုဏ်းချုပ် ဘုန်းတော်ကြီးများ ။ ဒီ စာရွက်တွေထဲမှာ တစ်ခုကို ရေးပေးပါ။ ကိုယ့်အတွေး ကိုယ့်အကြံနဲ့ ကိုယ့်ဘာသာကိုယ် ရေးပါ။ ~ ရေးရမယ့် အရာက ~ ပေါင်မုန့်ဆိုတာ ဘာလဲ”
ဒီလိုမေးတော့ – ခုံသမာဓိ တရားသူကြီး အပါအဝင် တရားခွင် စင်မြင့်ပေါ်က ဆရာ့ဆရာများ ကိုယ်စီ ကိုယ်စီ ရေးသားကြတယ်။ ရေးပြီးသား စာရွက်တွေကို စုစည်းယူလာပြီး နဆရုဒင်က ဖတ်ပြတယ်။
A: ပေါင်မုန့်ဆိုတာ ဂျုံနဲ့ ရေ ရောနယ်ပြုပြင်ထားတဲ့ စားစရာ
B: ဂျုံဖြစ် အစားအစာ၊
C: ဘုရားသခင်ရဲ့ အသားတော်
D: နေ့စဉ်မှီဝဲရသော အရာတစ်ခု
E: အာဟာရ တစ်မျိုး
F: ဝတ္ထုတစ်ခုသာဖြစ်သည်။
G: အမျိုးအမည်ခွဲခြားရန် မလို။ အသုံးအဆောင်သက်သက်မျှသာ။
စသဖြင့် ~ အဲ့ဒါတွေကို ဖတ်ပြပြီး နဆရုဒင်က ဆက်ပြောတယ် ~ “အခု ဒီစင်မြင့်ပေါ်မှာ ထိုင်နေတဲ့ လူကြီးမင်းများဟာ – ကျုပ်တို့ နေ့စဉ်စားသုံးနေတဲ့ ဒီအရာလေး တစ်ခုကိုတောင် -အတူအမျှ အမြင်မရှိကြဘူး၊ မဆုံးဖြတ်၊ မသတ်မှတ်နိုင်ကြဘူး ဆိုရင် မနေ့တနေ့ကမှ ရှင်သန်လာတဲ့၊ မနေ့တနေ့ကမှ ကြားသိရတဲ့ ကျုပ်ကို ဘယ်လို၊ ဘယ် အချက်တွေနဲ့များ သတ်မှတ် ဆုံးဖြတ်ကြမှာတဲ့လဲ”
ဆူဖီတွေဟာ ဇင်ဆရာတွေလို တခဏတာရဲ့ ကဏ္ဍ အပေါ် အလေးထားပါတယ်။ ရှင်သန်မှု ဘဝကို တန်ဖိုးထားရှုမြင်ထားတယ်။ ဘုရားသခင်ဟာ သေဆုံးပြီးတဲ့ နောက်မှ ခင်ဗျား ရောက်ရှိမယ့် နေရာ၊ဌာန၊ ပုဂ္ဂိုလ် မဟုတ်ဘူး။ ရှင်သန်နေတဲ့ အခု ခဏသည်သာ ဘုရားသခင် နဲ့ ထပ်တူ ဖြစ်ပါတယ်။ ခင်ဗျား အခု ရှင်သန်နေသလား ~ အခုခဏ နှလုံးအိမ်အတိုင်း ဖြစ်တည်နေသလား ~ ခင်ဗျား သန္တာန် ငြိမ်းအေး နေသလား~ ဒါဆို စင်စစ် ခင်ဗျားဟာ ဘုရားသခင် ဖြစ်တယ် လို့ ဆိုလိုပါတယ်။ “I AM THE GOD” လို့ ကြွေးကြော်မိခဲ့ဖူးတဲ့ ဆူဖီဆရာတစ်ပါးကိုတော့ ဘာသာရေး အစွန်းရောက်များကကွပ်မျက်ခဲ့ဖူးကြတယ်။
……………….
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………

ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန် အစင်သန့်ရှင်းစေတော်မူပါ စေ သော။ ငါတို့သခင် ယေရှုခရစ် ကြွလာတော်မူသောအခါ၊ သင်တို့၏ကိုယ်ခန္ဓွာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ် တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရှုရှလင် မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည်အချိန်ကာလ ရောက်ဆဲ ရှိ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူ တို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ် သောသူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။ ထိုငြင်းဆန် သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်ကကိုယ်ကာယ၏ အလိုသို့၎င်း၊ စိတ်၏အလိုသို့၎င်း၊ လိုက်သဖြင့်၊ ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။ သို့ရာတွင် လူသည် ဂုဏ်အသရေ၌ မတည်မနေတတ်၊၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏၊၊ ဂုဏ်အသေရေနှင့် ပြည့်စုံလျက် ပညာသတိ မရှိသောသူသည်ကား ပျက်စီးခြင်း သို့ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏၊၊တိရစ္ဆာန် သဘောရှိသော သူမသိ၊ မိုက်သောသူနားမလည်သော အမူအရာဟူမူကား၊ တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏၊၊ ရုပ်တုကိုသွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။