နှလုံး ဝတ်လွှာချပ်လေးများ

လူသားတိုင်း အတွက် နှလုံးအိမ်ဟာ အချို့အတွက် သိသိသာသာ အာရုံခံနိုင်တာ ရှိပေမယ့် အချို့အတွက် အာရုံခံနိုင်စွမ်း ရှိချင်မှ ရှိတယ်။ ဘာလို့ဆို တစ်ချို့က အိပ်ပျော်နေပြီး၊ တစ်ချို့ အတွက်သာ နိုးကြားနေလို့ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေတဲ့သူ ၊ စိတ်ပိုင်း ဆိုင်ရာ ချို့တဲ့ နေသူတွေကလည်း မျက်မြင်လောကမှာ ရောပြွန်းနေတယ်။

ဒါ့ကြောင့် – လူတစ်ဦးအတွက် မိမိ ရဲ့ အာရုံဖွံ့ဖြိုးမှု အား အစွမ်းဟာ မိမိရဲ့ အသိအမြင် ကြည်လင်မှု ပေါ်မှာသာ မူတည်နေတယ်။ အဲ့ဒီ အကျင့်အကြံ ၊ သိမြင်မှု အားအစွမ်း အတိုင်းသာ – ၎င်းရဲ့ နှလုံးအိမ်ဟာ ဖွံ့ဖြိုး မှု ရှိတယ်။ ပန်းလေး တစ်ပွင့်နဲ့ တူတယ်။ ရေခံ မြေခံ၊ သဘာဝ အား အဖြည့်ခံတွေ တောင့်တင်း ကြည်လင်နေနိုင် မှသာ အသာယာ ဆုံး ပွင့်လန်း နိုင်တယ်။ လေဒဏ် နေဒဏ်တွေကြောင့် ထိုက်သင့် သလောက် ဖူးပွင့်ခွင့် မရဘဲ ကြွေလွင့် သွားတဲ့သူတွေ ဒုနဲ့ဒေး ရှိကြပါတယ်။

ဒါပေတဲ့ အားလုံးမှာ တူညီနေတာ ရှိတယ်။ အဲ့ဒါကတော့ ဘဝရဲ့ ဖွင့်ဆိုရှင်းပြနေတဲ့ အသံ ပဲ ဖြစ်ပါတယ်။ ဘဝဟာ ကျနော်တို့ အားလုံး အပေါ် ညီတူညီမျှ ဖွင့်ဆို ပြထားတယ်။ ကျနော်တို့ ရဲ့ ခဏတိုင်းမှာ အညီအမျှ စီးဆင်းပေးနေတယ်။ သူ့ရဲ့ စီးဆင်းဖြတ်သန်း သွား တဲ့ နှုန်းဟာ အတူတူပဲ။ ကျနော်တို့ တွေမှာ မတူညီကြရခြင်းဟာ အဲ့ဒီ ဘဝအပေါ် သိမြင်မှု ရှိခြင်း၊ မရှိခြင်း အပေါ်မှာသာ မှီတည်နေ ပါတယ်။

ကောင်းကင်ယံမှာ သာနေတဲ့ လကလေး နဲ့ တူပါတယ်။ လသော်တာ ဟာ တစ်ခါတစ်ရံ မှာ တခြမ်းပဲ့လေး လည်း ဖြစ်နိုင် ပါတယ်။ ပြည့်ချင် လည်း ပြည့် နေနိုင်တယ်။ တစ်ခါတစ်ရံ လုံးဝ ပျောက်ကွယ် နေတာလည်း ဖြစ်နိုင် တယ်။ ကျနော်တို့ ရဲ့ အမြင်မှာ လလေးက ပိန်လိုက် ဖောင်းလိုက်၊ ပျောက်ကွယ် သွားလိုက် ဖြစ်နေ ပေမယ့် – လရဲ့ ပင်ကိုယ် သဘာဝလေး မှာတော့ နကိုကတည်း က ပြည့်တင်း ပြီးသားပဲ။ တစ်နေရာ၊ တပါဒ မှ လျော့ပါး မသွားဘူးရယ်။ လူတွေ ရဲ့ အမြင်အာရုံ မမှီနိုင်တဲ့ အချိန်မှာ လည်း ပြည့်တင်းမြဲ ပြည့် တင်း တည်ရှိနေတယ်။ ဟုတ်တယ်ဟုတ် ? ။ ကျနော်တို့ရဲ့ ဘဝ သံစဉ်ဟာ အဲ့ဒီ လကလေးနဲ့ အပြည့်အဝ တူညီပါတယ်။ တစ်ခါတစ်ရံ ဝင်းထိန်အောင် သာနေပေမယ့် – တိမ်သလ္လာ ကွယ်လို့ မှောင်နဲ့ မည်းမည်းသာ တဝဲ လည်လည် ဖြစ်နေ ရတာမျိုး ရှိနေရတယ်။

ကျနော်တို့ ရင်ထဲက တိမ်သလ္လာတွေကို ဘယ်လိုဖယ်မလဲ။ အားလုံးမှာ ညီတူညီမျှ ဝင်းကြည်နေတဲ့ လကို ကျနော်တို့ ဘယ်လိုမြင် ရမလဲ။ ဒီ အမြင်ရရှိဖို့ တိမ်သလ္လာဖယ်ရှားတဲ့ အဖြစ်ဟာ ဆူဖီ ဆရာတွေရဲ့ လမ်းမှာ အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိမိ အတုအယောင် ( ဝါ) မိမိရဲ့ အတ္တ ( နာ့ဖ် ) (ဝါ) false self ဟာ တိမ်သလ္လာလို့ ဆိုရင် အဲ့ဒီ တိမ်သလ္လာကို ဖယ်ရှားနိုင်ဖို့ ဟာ ဆူဖီ ဆရာများရဲ့ အကျင့်အကြံမှာ ပါဝင်ပါတယ်။ ဆရာတွေရဲ့ စိတ်နှလုံးဟာ အဲ့ဒီ အတ္တနဲ့ ပိတ်လှောင်နေရာ က ရုန်းထွက် ဖို့ အဲ့ဒီ အကျင့်အကြံတွေနဲ့ လုံးပန်း တယ်။

စင်စစ် နှလုံးသား ကို ကျနော်တို့ အတွက် လစန္ဒာ နဲ့ တင်စားလိုပါတယ်။ သူက အပြည့်အဝ ထွန်းလင်းနေတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ မျှော်လင့်ချက်၊ စိတ်ကူး၊ မာန၊ ဒေါသတွေကြောင့် အမိုက်တိုက် ဖုံးမိရက်သား ဖြစ်နေတတ်တယ်။ နှလုံးသားက ထင်သလောက် အသက်မဝင်ဘူး။ ကွယ်ပျောက်နေတယ် လို့ ဆိုလိုပါတယ်။ ဒါကို ဆူဖီဆရာများက သိမြင်မှု၊ မြတ်နိုးမှု နဲ့ ဖယ်ရှားတယ်။ Devoted one attention to Allah လို့ ခေါ်မလား ။ ခေါ်နိုင်ပါတယ်။ တစ်နည်း ဥပမာ ပေးပြီး ပြော ရရင် နှလုံးအိမ်ဟာ ကျနော်တို့ မသိလိုက်ဘဲ ချောင်ထိုးထားမိတဲ့ မှန်တစ်ချပ် ။ – ဒီမှန်ကလေးဟာ အတီတေ ကာလ ကတည်းက မထင်မရှား၊ ရောင်ပြန် မဟပ်နိုင် ဘဲ ပျောက်ကွယ်နေတယ်။ ဒါကို ပြန်ဆွဲထုတ်နိုင်မှ – အကြည်လင်ဆုံး အဖြစ် ပြန်လည် ထားရှိနိုင်မှသာ ဘဝကို အစစ်အမှန် ရှုမြင်နိုင် ပါလိမ့်မယ်။

Sufism ( tasawwuf ) မှာတော့ ဒါကို အဆင့်လေးဆင့် နဲ့ ဖြတ်သန်းပါတယ်။ ( အဆင့်လို့ ဆိုပေတဲ့ – လှေကားထစ်လို တစ်ထစ်ပြီးမှ တစ်ထစ်လို့ ဆိုလိုတာ မဟုတ်ဘူးရယ်။ သီးခြားကွဲပြားထားတဲ့ ပွင့်ချပ်လေးချပ်မျိုး ဖြစ်နေတယ်လို့သာ ဆိုလိုတယ် )

Liberating ourselves from the psychological distortions and complexes

စိတ်ပိုင်းဆိုင်ရာ အမြင်အရှုပ်အထွေး တွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းတယ်။ တစ်နည်းဆိုရင် အရှိကို အရှိအတိုင်း အရှင်းလင်းဆုံး မြင်နိုင်အောင် ကြိုးပမ်းတယ်။ အဲ့ဒီ အတွက်လည်း ဆူဖီ ဆရာများဟာ အခုခဏ အပေါ် အာရုံစိုက် ရှုမြင်ထားကြတယ်။ သူတို့ အတွက် စိတ်ကူး၊ သီဝရီ၊ မျှော်မှန်းချက်၊ ဆန္ဒ တွေဟာ အသုံး မဝင်ဘူးရယ်။

Freeing ourselves from the slavery to the attractions of the world.

ဒီအဆင့်မှာ ရှုမြင်သူဟာ – စိတ်နှလုံးကို အနှောင့်ယှက်နိုင် ဆုံး အရာ ကနေ ခွဲထွက်ပါတယ်။ စင်စစ် ကျနော်တို့ကို အနှောင့်ယှက်နိုင် ဆုံး အရာတွေဟာ ကျနော်တို့ ဒူးထောက် ဦးညွှတ် ထားရပါတယ် ဆိုတဲ့ ကျနော်တို့ရဲ့ “လိုဘဆန္ဒ၊ အာရုံတွေ” သာ ဖြစ်ပါတယ်။ စာဆန်ဆန် စကားလှလှသုံးရင် – သူတို့က ကျနော်တို့ကို “ကျွန်ပြု” ထားတယ်။ ဒီအဖြစ် ကို စင်စစ် သိရှိတဲ့ အခါရောက်မှသာ – မိမိ သန္တာန် ဟာ အလိုအလျောက် တွန်းလှန်ဖို့ ခရီး စတင်ပါတယ်။ အဲ့အခါ ဒီဆန္ဒ အကာအရံ အဆီးအတား တွေ ကို မိမိဘာသာ လိုက်လံ ရှုမြင် လာတယ်။ ရင့်သန်လာရင် ရင့်သန်လာတဲ့ အလျောက် – စိတ်နှလုံး အစွမ်းနဲ့ – သိရှိ၊ ဖယ်သတ်သွားတယ်။ မိမိရဲ့ ရှင်သန် နေထိုင်မှု ဟာ အဲ့ဒီ အချိန် အခါမှာ လိုလားချက် ဆန္ဒတွေ နောက် မလိုက်တော့ဘူး ရယ်။ မိမိရဲ့ အသက်၊ မိမိရဲ့ ဘဝဟာ လိုလားချက်တွေ ပေါ်မှာ မမှီတွယ်ဘူး – မစွဲလမ်းနိုင်တော့ဘူး – အခု ခဏတာရဲ့ လိုအပ်ချက် မျှကလေး အပေါ် မှာသာ မှီတည် နေတော့တယ်။ စင်စစ် အဲ့ဒီ အချိန်အခါမှာ ရှင်သန်နေတဲ့ မိမိဘဝဟာ – ရှုမြင်ထားမှု အသိ၊ သက်သက်က လွဲရင် ကျန်တာ ဘာမှ မရှိဘူးလို့ ဆိုလိုပါတယ်။

Transcending the subtlest veil which is the self and its selfishness.

အတ္တရဲ့ ကန့်လန့်ကာကို ဆွဲခွဲ ထွက်လာ နိုင်ခဲ့ပါတယ်။ ဒီအပိုင်းဟာ အခက်ခဲဆုံး အပိုင်းလည်း ဖြစ်သေးတယ်။ နေထိုင်မှု ခဏအတွင်း မှာ ကျန်တဲ့ အရာ ဘယ်အရာမှ မရှိရင်တောင် – လူဟာ မိမိရင်တွင်း မိမိ ခိုဝင် ထောက်တည်ထားသေးတယ်။ အနည်းဆုံး မိမိရဲ့ သန္တာန် ဟာ ငုတ်တွယ် ချိတ်ကပ်နေဆဲ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီကန့်လန့်ကာကို သိမ်မွေ့နူးညံ့တယ် ~ သိရခက်တယ်လို့ မကြာခဏ သွန်သင်ပြရလေ့ ရှိတယ်။ ဒါကို ဘဝနေထိုင်မှု အတွင်း ရှုမြင်မှု သက်သက် တည်ရှိ လာနေဖို့သာ လိုအပ်ပါတယ်။ ရင့်မှည့် လာတဲ့ အခါ – မိမိရဲ့ တည်ရှိမှု သန္တာန် သက်သက်ကပါ ရုတ်ခြည်း ဆိတ်သုဉ်း သွားတယ်။ ( တနည်း ) နကိုကတည်းက မရှိ – ဆိတ်သုဉ်းနေကြောင်း သိမြင် သွားတယ်။ ဇင် အရ ဒီနေရာဟာ ဆာတိုရီနဲ့ အထိုက်အလျောက် တူညီမယ်လို့ ကျနော် ဆိုချင်ပါတယ်။

Devoting oneself and one’s attention to Allah: living in and through Allah.

နောက်ဆုံး တည်ငြိမ်၊ သေဝပ်သွားတဲ့ အရာက ဘုရားသခင်နဲ့ ထိတွေ့သက်ဝင် သွားခြင်းပဲ ဖြစ်ပါတယ် ။ ဒီလေးချက်ဟာ တစ်ဆင့်ပြီးမှ တစ်ဆင့် ရယ်လို့ မဟုတ်ဘူး – တစ်ခု ပြည့်ဝရင် ကျန်လေးခုဟာ တွဲဖက် ပြည့်ဝလာတယ်။ တစ်ဆင့်ချင်း ကျော်ဖြတ် တာမျိုး မဟုတ်ဘူး လို့ ဆိုနိုင်တယ်။ ဒါကို – ဘုရားသခင်နဲ့ ထပ်တူ သက်ဝင်နေထိုင်ခြင်း၊ အလ္လာနဲ့ တစ်သား တည်း ဖြစ် တည်ခြင်း၊ မေတ္တာ နဲ့ ပြည့်ဝ သွားခြင်း – စသည် ဘယ်လို ဆိုဆို – မိမိ နှစ်သက်သလို ခေါ်ဆိုနိုင်တယ်။ အနှစ်အားဖြင့် – မိမိစိတ်နှလုံးကို အကြည်လင်ဆုံး ရှင်းထုတ် ဖြစ်တည် သွားနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလို ကိန်းဝပ် သွားတဲ့ ပုဂ္ဂိုလ် ရဲ့ သန္တာန် ဟာ ကြည်လင်မှု သက်သက် သာ တည်ရှိနေတော့တယ်။ သူ့ရဲ့ နေထိုင် ရှင်သန်မှု ဘဝမှာ – ချမ်းမြေ့တဲ့ မေတ္တာဓာတ် -အကြည်သားက လွဲရင် – လူ၊ ပုဂ္ဂိုလ်၊ အယူဝါဒ၊ ဂိုဏ်းဂဏ မရှိ။ — ခံယူချက်၊ အစွဲ အလမ်း၊ စကား၊ ဝေါဟာရ မသိ။ — အခြား ဘယ်အရာမှ မတွယ်ညိ၊ မသက်ရောက် ။– ဘာမှ ပိုင်းဖြတ် ခွဲခန့်စရာ မလိုအပ် တော့ဘူးလို့ ဆိုလိုတယ်။

……………….
Ref: Sufism – Purification of the heart.
………………

http://zayya.blog.com/

http://zayya.wordpress.com/

http://zayyablogger.blogspot.com/

……………….

About zayya
Just Be. That's Enough! Shared words with Silence.

2 Responses to နှလုံး ဝတ်လွှာချပ်လေးများ

  1. andrew says:

    မြေကြီးပေါ်မှာ လူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံး အကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို၊ ဘုရားသခင် သိမြင်တော်မူလျှင်၊-လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည် ဆိုးကြ၏။ -ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာတော်မူ၏။ -ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ၊၊ အပြစ်နှင့် ကင်းလွတ်၏ ဟု အဘယ်သူဆိုနိုင်သနည်း၊၊- မိမိစိတ်နှလုံးကို ကိုးစားသော သူသည် လူမိုက်ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ်တတ်၏။ -ခပ်သိမ်းသောအရာတို့ကို မိမိတို့ အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ၊၊ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ၊၊ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံး တိုင်အောင် လူသည် စစ်၍ မကုန်နိုင်၊၊-သင်သည် ကိုယ်တိုင် သူတပါးတို့ကို အဖန်ဖန် ကျိန်ဆဲကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။-အကယ်စင် စစ်လူသားတို့၏ စိတ်နှလုံး သည် ဒုစရိုက်သဘောနှင့် ပြည့်၏။ အသက်ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွား တတ်ကြ၏။-ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။ -စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။-သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ၏။ ကိုယ်စိတ်နှလုံး လှည့်စားသည်အတိုင်း ဟောပြောတတိကြ၏။ -စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ ခန္ဓြွာထဲက ကျောက်နှလုံးကို နှုတ်၍ အသား နှလုံးကို ပေးမည်။ -လျှို့ဝှက်သောသူတို့၊ ဟေရှာယသည်သင်တို့ ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ -အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ -ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည် ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့်၊ ဘုရားသခင်၏ အသက်နှင့်ကွာရှင်းလျက်ရှိကြ၏။ -အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင်သည်အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိ မည်အကြောင်းငါဆုတောင်း၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.