နွယ်
February 13, 2012 1 Comment
ရှင်းသန့်သော စိတ်သည် မာန်မာနမရှိ။
ဒီ စကား ဟာ လေးနက်တဲ့ စကား ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခို ၊ မှီတွယ်မှု စရိုက် ( Psychological Dependence ) ပြဿနာ အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် ထားတယ်။ ခင်ဗျား ရဲ့ စိတ်ကို ငုံလျှိုး တိုးဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ အားလုံး နီးပါးဟာ ကြောက်လန့် စရာ ကောင်းလောက်အောင် တစ်ကိုယ်တည်း အထီးတည်း တွေ့ရမယ်။ ဟုတ်တယ်ဟုတ် ? တကယ်လည်း ကျနော်တို့ အများစုဟာ အတွင်းပိုင်း ဗလာ၊ အနှစ်သား မရှိ ဖြစ်နေတယ်။ စိတ်အစဉ် သက်သက် က ပြတ်တောက် နေပါတယ်။
ချစ်ခြင်း မေတ္တာ ကို တကယ် စင်စစ် နားလည် တဲ့သူ ရှား တယ်။ မိမိ အဇ္ဈတ္တ မှာ အထီးကျန် ဖြစ်နေတယ် ဆိုတဲ့ အသိ၊ မိမိ တစ်ကိုယ်တည်း မလုံလောက်၊ မပြည့်စုံဘူးလို့ နားလည်မိတဲ့ အသိ၊ ဘဝရဲ့ အရင်းခံမှာ တွယ်ရာမဲ့နေတယ် ဆိုတဲ့ အသိတွေကြောင့် ကျနော်တို့ ရရာတစ်စုံတစ်ခုကို ဆွဲငင်တယ်။ တွယ်ချိတ်တယ်။ တွယ်တာတယ်။ ဒါဟာ မိသားစု တစ်စုရဲ့ ဘဝကို သာယာအောင် ပုံဖော်တဲ့ နောက်ကွယ် အကြောင်း တစ်ရပ် ဖြစ်ပါတယ်။ မိသားစု သိုက်မြုံကို ကျနော်တို့ မှီခိုတယ်။ စင်စစ် ဇနီးမယား (ဝါ) လင်ယောင်္ကျား ဆိုတဲ့ အဖြစ်ဟာ ကျနော်တို့ဘဝ အရင်းခံကို အဝေးပို့ပစ်ပါတယ်။
အိမ်ထောင်ရဲ့ အရင်းခံပြဿနာ ဟာ ဣဿာ၊ မစ္ဆရိယ လို့ ခေါ်ရမယ်။ စင်စစ် သိမ်းပိုက်မှု ဆိုတာဟာ အခြားသူတစ်ဦး ဆီများ ခွဲထွက် ပိုင်ဆိုင် သွားလေ မလား ဆိုတဲ့ အဲ့ဒီ ဣဿာ၊ မစ္ဆရိယ စိတ်ရဲ့ သရုပ်သကန် မဟုတ်လား။ ဒါ့ကြောင့် ဒီအရာဟာ ချစ်ခြင်း မေတ္တာ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်း က သိမှတ်ပြုထားတဲ့ မိသားစုတစ်စုရဲ့ မေတ္တာ ရပ်ဝန်း ဟာ လေးစားစရာ ကောင်းတယ် မဟုတ်လား။ – ဟုတ်ပါတယ်။ လေးစား မြတ်နိုးဖွယ် ရှိရခြင်းကြောင့် လည်း ဒီကနေ့ လူသားတွေ ထွန်းကား လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေတဲ့ တစ်ဖက်မှာ ဆင်ခြင်စရာ တွေ ရှိနေတယ်။ အိမ်ထောင်မှု ပြုခြင်း ရဲ့ တစ်ဘက်ခြမ်း မှာ လွတ်မြောက် ချမ်းမြေ့ခြင်း ကို ပုံဖော်ပေး တယ် ဆိုပေတဲ့ ၊ အခြား တစ်ဘက်ခြမ်းမှာ တုပ်နှောင်မှု၊ တွယ်တာမှု က ရှိ နေပြန်တယ်။ စင်စစ် နှောင်တွယ် တယ် ဆိုတာဟာ တကယ် ဖြစ်ရှိနေတဲ့ အထီးတည်း ဖြစ်နေရခြင်း၊ မိမိ ရင်တွင်း မိမိ ပြန်မကြည့်လိုခြင်း၊ အကြောက်အကန် ငြင်းဆန်ခြင်း သရုပ်ပဲ လို့ ကျနော် ဆိုချင်ပါတယ်။ အဲ့ဒီ အဖြစ်တွေ ကို မိမိ သန္တာန်မှာ လက်မခံ နိုင်တာ တစ်မျိုး လို့လည်း ဆိုနိုင်တယ် ။ ဒီအကြောင်းကြောင့် ~ တကယ် စင်စစ် ရောက်ရှိလာတဲ့ “မိမိ အဖြစ်” ကို လက်မခံနိုင်ခြင်း ပုံစံ – ဘယ်ပုံစံ မဆို – မှီတွယ်နေခြင်း၊ မှီခိုလိုခြင်း ( Dependence ) အဖြစ်ကို အထောက်အပံ့ အားပြုပါတယ်။ ဒီလိုပဲ ပြောရမယ် ။ ဟုတ်တယ်ဟုတ် ? ။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်း – “မှီတွယ်တဲ့ စိတ်ဟာ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး” ဆိုတာကိုလည်း နားလည်သွား နိုင်ပါလိမ့်မယ်။
လွတ်မြောက်တဲ့ စိတ် ဟာ မာန်မာန မရှိကြောင်း သိဖို့ ဆိုရင် ခင်ဗျား ရဲ့ စိတ် ကလည်း လွတ်လပ် နေဖို့ လိုပါတယ်။ ဒီလွတ်လပ် တဲ့ စိတ်၊ ဒီလို မာန်မာန ကင်းဆိတ်တဲ့ သန္တာန်ကသာ အခုအခံ ကင်းမဲ့ခြင်း အဖြစ် ကို ကောင်းကောင်း သိနိုင်တယ်။ အခုအခံ ကင်းဆိတ်နေမှ လည်း – အရာရာကို သင်ယူနိုင်တယ်။
ဒီနေရာမှာ – သင်ယူတယ် ဆိုတဲ့ အဖြစ်ကို နည်းနည်း နားလည်ဖို့ လိုပါတယ်။ သင်ယူခြင်း ဟာ စင်စစ် အချက်အလက်တွေ လိုက် စုစည်းတာ မဟုတ်ဘူး။ အချက်အလက်တွေ စုစည်းပြီး သိတာ နဲ့ သင်ယူတာဟာ မတူညီဘူး။ ကျနော်တို့ အသိပညာ၊ အသိသညာ ဗဟုသုတလို့ ခေါ်တဲ့ အရာတွေဟာ စုစည်းထားနိုင်ပါတယ်။ ခင်ဗျား ခေါင်းခြောက်အောင် ကျက်မှတ်၊ တွဲစပ်၊ တွေးခေါ် နေနိုင်တယ်။ အချက်အလက်တစ်ခုကနေ အခြားအချက်အလက် တစ်ခုကို ကူးပြောင်းသွားနိုင်တယ်။ ဒါပေတဲ့ သင်ယူတယ် ဆိုတာကတော့ အချက်အလက် မဟုတ်ဘူး။ ခင်ဗျား မသိတဲ့ သန္တာန် တစ်ခုကနေ သိမှု သက်သက်ဆီ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ စင်စစ် ကျနော်တို့ရဲ့ နိစ္စဓူဝ သင်ယူမှုဟာ အဲ့ဒီ အတိုင်း ဖြစ်မှသာ တကယ် သင်ယူမှု ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ် ?
ကျနော်တို့ ဘာလို့ မှီတွယ်ပါသလဲ။ စိတ် အတွင်းပိုင်းကို ငုံ့ဝင်ကြည့်ရင် တွေ့ရမှာက – ကျနော်တို့ မှီခိုနေတာတွေ တော်တော်များများ ရှိနေပါတယ်။ မိမိ ယုံကြည်မှု အပေါ် မှီခို တယ်။ မိမိ နေထိုင်ပုံ စနစ် အပေါ် မှီခိုတယ်။ မိမိ စွဲမြဲရာ ဒဿန အပေါ် မှီခို တယ်။ အဲ့ဒီ နေရာမှာ မကျေလည်ရရင် အခြား အမှီအတွယ် တစ်ခု ဆက်စပ် ထပ် ရှာ တယ်။
ကျနော်တို့ကို မျှော်လင့်ချက် ကောင်းတွေ ပေးနိုင်မလား ~ အဲ့လို ပေးနိုင်မယ့် ဆရာသခင် ရှိမလား ~ ဒါဆို ယုံကြည် ကိုးကွယ် မယ်။ ပျော်ရွှင်မှု ရရှိနိုင်မယ်လို့ ထင်သလား ~ ထင်မိတာနဲ့ စူးစမ်းကြည့် တော့တယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ အမှီအတွယ် တစ်ခုကို အမြဲ မပြတ် ရှာဖွေ နေတာပဲ လို့ ဆိုရမှာပဲ မဟုတ်လား။ တစ်စုံ တစ်ခုကို မှီတွယ် ရင်း လုံခြုံ စိတ်ချနေတဲ့ အဖြစ် ကို အမြဲ ရလိုနေတာပဲ မဟုတ်လား။ ဒါဆို ကျနော်တို့ စိတ်ဟာ အဲ့ဒီ အမှီအတွယ် တွေ အပေါ် ကပ်ညိနေတယ် ဆိုတဲ့ အတွက် အဲ့ဒီ အညွှန်းဘောင် တွေကနေ လွတ်မြောက်ဖို့ ဆိုတာ ဖြစ်နိုင် ပါ့မလား။
……………………….
Feb. 3rd. 2012 at 9:20 PM
………………………
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမသြဝါဒပေးတော် မူသည်မှာ၊
၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။
၎ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊
၅ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့။
၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလတံ့။
၇ သနားစုံမက်တတ် သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည်သနားစုံမက်ခြင်းကို ခံရကြလတံ့။
၈ စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။
၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။
၁၀ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။
၁၁ ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
၁၂ ၀မ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကိုထိုနည်းတူ ညှင်းဆဲကြပြီ။
၁၃ သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။
၁၄ သင်တို့သည် ဤလော က၏အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်။
၁၅ ဆီမီးထွန်း၍ တောင်းဇလား အောက်၌ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှါ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။
၁၆ ထိုနည်းတူ၊ သူတပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတပါးရှေ့၌သင်တို့အလင်းကိုလင်း စေကြလော့။