Collected Anti- Rohingya Articles and notes

အမတဂုဏ်

လမ်းညွှန်သမှု၊ ( ဝါ ) ထောက်ပံ့ တွန်းအား ပြုတတ်ကြသူတွေကို ဆရာ ( ဆာရာ၊ အရိပ် ) လို့ ခေါ်ဆိုကြမြဲပဲ လို့ ဆိုရင် ကျနော် ငယ်စဉ် တန်းကျောင်း ဘဝ၊ သင်္ချာကို မြတ်နိုးစ ပြုချိန်မှာ ထောက်ပံ့အားပေးခဲ့ကြတဲ့ ဆရာ လွဏ်းမောင် ( မြားနတ်မောင် )၊ W.W.Sawyer ၊ G.H.Hardy ၊ B.Russell တို့ဟာ ကျနော့ဆရာ ( ကျနော့အေးရိပ် ) များ ဖြစ်ကြပါလိမ့်မယ်။ ( စာအုပ်စာတမ်းများမှ ဖြစ်၍ မြင်ဆရာများဟု ခေါ်မည်လား မပြောတတ် )

အထူးသဖြင့် အဆင့်မြင့်သင်္ချာတန်းကို နကန်းတစ်လုံး မသိသေးတဲ့ အဲ့အချိန်က သင်္ချာပညာရှင်များရဲ့ စိတ်ထားနဲ့ ဈာန်ဝင်စားမှု၊ စရိုက်တွေကို လေးစား အားကျလာအောင် ထောက်ပံ့ပေးသူက ဆရာလွဏ်းမောင် ဖြစ်ပါတယ်။ မြှားနတ်မောင် မဂ္ဂဇင်းကို ကိုင်တွယ်ရင်း လစဉ် လစဉ် သင်္ချာ ဗဟုသုတနဲ့ ပဟေဠိ ဝှက်စာတွေ တင်ထုတ်ပေးနေကျပါ။ လစဉ်လတိုင်း ဆရာ့ဆောင်းပါးတွေကို ကျနော်တို့ မပျက်မကွက် စောင့်ဖတ်ခဲ့ကြတယ်။ ဆရာ့စာတွေကို ဖင်တပြန် ခေါင်းတပြန် ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ ပဲဆိုပါတော့။ အဲ့ဒီဆောင်းပါးတွေကနေ တစ်ဆင့် သင်္ချာပညာရပ်အပေါ် တန်ဖိုးထားတဲ့ ဆရာ့စိတ်ထားကို မြင်ခဲ့ကြရတယ်။

သိပ်မကြာသေးမီမှာ ဆရာဆုံးပါးသွားခဲ့တဲ့နောက် ဆရာ နဲ့တူမယ့် နောက်တစ်ယောက် မရှိခဲ့တာ ကြောင့်လား မသိ – မြှားနတ်မောင် မဂ္ဂဇင်းရဲ့ လစဉ်သင်္ချာကဏ္ဍလေး လည်း ရပ်တန့်သွားခဲ့တယ်။ ကျနော့အနေနဲ့ ဆရာ့ကို နှမြောတသ ဦးညွှတ်ရင်း သူထားခဲ့တဲ့ လမ်းကို ဆက်လျောက်လာခဲ့တယ်။ ကနေ့ထိတိုင် လျောက်နေဆဲပါ။ တောင်ကမ်းပါးယံကို ခွေပတ် လိမ်ကောက် ဖောက်ထားတဲ့လမ်း၊ တစ်ခါတစ်ရံ လမ်းပျောက်လို့ မိမိခွန်အားနဲ့ မိမိ ထွင်းဖောက်သွားရတဲ့လမ်း။ ဒီလမ်းတွေရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ဘာဖြစ်မလဲ ။ အဆုံးသတ် ဆိုတာကော ရှိရဲ့လား ။ အဲ့ဒါကို ကျနော် မသိပါဘူး။ ဒီပို့စ်မှာ ပြောချင်တဲ့အကြောင်းအရာလည်း မဟုတ်ဘူး။

ဒီနေရာမှာ ပြောချင်တာက – ဘယ်သူမှ မပါဘဲ ဘယ်အား ဘယ်မာန်တွေနဲ့ ဆက်လျောက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို ဆင်ခြင်ကြည့်ဖို့သာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆရာရဲ့ စာပိုဒ်ငယ်လေး တစ်ခု ဖြစ်တဲ့ “အချစ်စစ် ဟူသည်” ဆိုတာကို “အမတဂုဏ်” အနေနဲ့ ကျနော် ပြန်ရေးတယ်။

………………………………….

ပလေတိုရဲ့ ကျမ်းပေါင်း သုံးဆယ်ကျော်ထဲမှာ စာပွဲသဘင် လို့ အဓိပ္ပာယ်ရတဲ့ ( SYMPOSIUM ) ကျမ်း ဆိုတာ ရှိပါတယ်။ “အချစ်၊ မေတ္တာ” ရဲ့ သဘောသဘာဝကို ယုတ္တိဗေဒ ရှုထောင်နဲ့ တင်ပြထားတယ်။ ဆရာဇော်ဂျီရေးတဲ့ “ပလေးတိုး နိဒါန်း” ထဲမှာ – အဲ့ဒီကျမ်းရဲ့ အချို့ အစိတ်အပိုင်းတွေကို ကောက်နှုတ်ပြန်ဆိုထားတာ ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ စာအုပ်မှာတော့ “ဆော့ခရတ္တိရဲ့ မေတ္တာဘွဲ့” လို့ အမည် ပေးထားတယ်။

အဲ့ကျမ်းမှာ ဆော့ခရတ္တိက အဓိပ္ပာယ် အချို့ ဖွင့်ဆိုရာကနေ နိဒါန်းပျိုးပါတယ်။ ကျနော်တို့ အခုသာမာန် သုံးစွဲနေကြတဲ့ အတ္တနောမတိ အသိ ၊ သတ်မှတ်ချက်တွေ နဲ့တော့ ပုံစံ ကွဲပြား နေမယ်။ သူ ဖွင့်ဆိုပြခဲ့တာက -

Read more of this post

ဆရာတော်များထံသို့ ဗိုလ်ချုပ်၏ လျောက်ထားချက်

သည်ကနေ့ အွန်လိုင်း တနေရာမှ စာအုပ်တစ်အုပ် ဒေါင်းလုပ်ရရှိပါသည်။ ကျနော် မကြာခဏ တင်ရှိနေကျ ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ဆောင်းပါးများ အတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုပေးနိုင်မည် ဖြစ်သည့် အပြင် လိုလားသူများ အတွက်လည်း အကျိုးများ နိုင်မည် ဖြစ်သောကြောင့် ပြန်လည် ရှယ် -ပါသည်။

DOWNLOAD

MEDIAFIRE

( Credit: အထက်ပါ ဒေါင်းလုပ်လင့်ခ်ကို http://cherrymyodaw-elibrary.blogspot.com/ မှ ရရှိပါသည်။ )

ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” စာအုပ် ဖြစ်ပါသည်။ သို့သော် ရရှိသည်မှာ ဒုတိယပိုင်း ရှေ့ခန်းများ မျှသာ ပါရှိနေသည်။ ဦးပုကလေး၏ “ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ” အပြည့်အစုံမှာ ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ ဟူ၍ သုံးတွဲ ဖြစ်ပါသည်။ ယခုရရှိသည့် ဒေါင်းလုပ်လင့်ခ်မှာ ဒုတိယတွဲ သာဖြစ်သည်။ ထို့အပြင် အသစ်ပြန်လည် ပေါင်းချုပ်၍ ထုတ်သော ၂၀၁၀၊ ဒီဇင်ဘာလ ၊ ဖူဂျီယာမ စာအုပ်တိုက်မှ တတိယအကြိမ်ထုတ် စာအုပ်နှင့် တိုက်ဆိုင် ကြည့်သောအခါ ယင်းဒုတိယ တွဲတွင်ပင် မပြည့်မစုံ၊ လိုနေသည်များ ရှိနေပါသည်။

အောက်ဖော်ပြပါ ဆောင်းပါးငယ်သည် ကျနော့်ထံတွင် ရှိသည့် တတိယအကြိမ် ထုတ် စာအုပ် တွင် ယင်းဒုတိယတွဲ ၌ ဖြည့်စွက်ပါရှိသော ( စာမျက်နှာ ၂၃၅ – ၂၃၇ မှ ) ဆောင်းပါး ဖြစ်သည်။ ယင်း အပြင် ဘာသာရေးနှင့် နှီးနွယ်သော ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သမျှ တို့တွင် ယခင်အချိန် က တင်ရှိခဲ့ဖူးသည့် “ဂန္တလောက” မဂ္ဂဇင်းပါ “ဗမာနှင့် ဗုဒ္ဓဘာသာ” အမည်ရှိ ဗိုလ်ချုပ်ဆောင်းပါး သာ ကျနော် သိခဲ့သည်။ နယ်ချဲ့၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံလွတ်လပ်ရေး၊ နိုင်ငံ ထူထောင်ရေး နှင့် နိုင်ငံရေး နယ်ပယ် တွင်သာ လူသိများပြီး ဘာသာရေး တွင် လူသိနည်းလှသော ရှားရှားပါးပါး ဆောင်းပါး လည်း ဖြစ်သည်။

Read more of this post

ဘွိုင်းကောက် ဋီကာ ( Download )

DOWNLOAD
HOTFILE
MEGAUPLOAD
RAPIDSHARE

မနေ့က “ယူနီဘာစီတီ လေးချိုး” ( http://zayya.wordpress.com/2011/06/08/uni/ ) ၌ အကြောင်းကို မေးထားခြင်းကြောင့် အဖြေကို တင်ရှိပါသည်။ ယင်းလေးချိုးမှာ ဘွိုင်းကောက် ဋီကာ ၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ ( PDF – page – 288 ) တွင် ပါရှိသည်။ အဘယ်အကြောင်း ဖြင့် ယင်း လေးချိုး ဖြစ်ပေါ်လာရခြင်း ဟူသည်ကို ဖြေဆိုရန်မှာ အကျယ် အနေဖြင့် ဘွိုင်းကောက်ဋီကာ တစ်စောင်လုံး ရှုကြည့်ပါက ပိုမို အကျိုးများ နိုင်သောကြောင့် Upload တင်လိုက်ပါသည်။ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းယူနိုင်သည်။

Read more of this post

Theory of Everything: Book

သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည့် ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင် ဟောကင်း ရေးသားသော စာအုပ်ငယ် ဖြစ်သည်။ Theory of Everything:TOE – အရာရာတိုင်း၏ သီအိုရီ ကို ပြည်သူ နားလည်အောင် ရှင်းထားသည် ဖြစ်၍ ကျနော်တို့ မြန်မာ လူငယ်များလည်း ဖတ်ရှုနိုင်ပါစေရန် တင်ရှိပါသည်။ ဘာသာပြန် ဆိုရန်လည်း စဉ်းစားပါသည်။ ဟောကင်း ကိုယ်တိုင်က ဘာသာရပ်ဆိုင်ရာ စကားလုံးများ ကို အတတ်နိုင်ဆုံး အများနားလည်အောင် ဖော်ပြထားသည် ဖြစ်၍ ကျနော် ဘာသာပြန်ဆို ရာတွင်လည်း မြန်မာနားနှင့် အတတ်နိုင်ဆုံး ဆီလျော် နားဝင်အောင် ကြိုးစားကြည့်ပါသည်။ လိုအပ် နေ ပါမည်။

ဤစာအုပ်တွင် အခန်း ခုနှစ်ခန်း ( နိဒါန်း နှင့်ပါ ဆိုလျှင် ရှစ်ခန်း ) ပါရှိသည်။ ယင်းတို့ကို အားလုံး ဘာသာပြန်ဆိုပြီးမှ တစ်စု တစ်စည်း ထည်း တင်ရှိခြင်း မပြုဘဲ၊ အလျဉ်းသင့် သလိုသာ တစ်ခန်း ချင်းစီ တင်ရှိ သွားလိုသည်။ ကျနော် ဘာသာပြန်ဆိုမှု ညံ့ဖျဉ်း၍ မူရင်းကိုသာ ဖတ်လိုသူများ၊ နောက်အခန်းများကို မမျှော်လို သူများ အတွက် မူရင်းစာအုပ် ဒေါင်းလုပ်နိုင်အောင် ကျနော် တင်ရှိ ထားသည်။ နှစ်သက်ရာ၊ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းလုပ် ယူနိုင်ပါသည်။

TOE

DOWNLOAD LINKS

HOTFILE
MEGAUPLAOD
RAPIDSHARE

အလားတူ စာအုပ် တွင်းပါ အခန်းများနှင့် ပတ်သက်၍ ရှင်းလင်း ထားသော နိဒါန်း ပိုင်းကို အောက်တွင် ဘာသာပြန်ဆို တင်ပြပါသည်။ နောက် အခန်း များကိုလည်း အလျဉ်းသင့် သလို ရေးသွားမည်။

[ ရူပဗေဒ ဆရာ များလည်း ဖြစ်ပြီး၊ စာရေး ဆရာ များလည်း ဖြစ်ကြသော ဆရာ တက္ကသိုလ် ကြယ်ပွင့်၊ ဆရာ ဘိုးလှိုင်၊ ဆရာ စိုးစိုး ( အင်္ဂပူ ) တို့ ဤစာအုပ်ကို ဘာသာပြန် ဆိုပြီး ဖြစ်မဖြစ် ကျနော် မမှတ်မိ။ လွန်ခဲ့သော ခြောက်နှစ်ကျော်လောက်က “စူဠ စကြာဝဠာနှင့် အခြား စာတမ်းများ” ( Baby Universe and other essays by Stephen Hawking ) ကိုမူ ဆရာ တစ်ယောက် ဘာသာ ပြန်ဆို ထားဘူးသည်ကို မှတ်မှတ်ရရ ဝယ်ဖြစ် ခဲ့၍ သတိရသည်။ ယခု စာအုပ် တွင်လည်း ဆရာများ ဘာသာပြန်ဆိုပြီး ရှိပါက ၎င်းတို့ ပြန်ဆို ထားသည် များမှာ ပိုမို သင့်လျော် ကောင်းမွန်မည် ဖြစ်ကြောင်း ပြောကြား လိုသည်။ ]

ဇေယျ
……………………………………………

Read more of this post

မေး၍ ဖြေမိပါသည်။ :D

အနော့ချစ်သူငယ်ချင်းတစ်ယောက်က မေးတယ်။
“စစ်မှုထမ်းရမယ်ဆိုတာ တကယ်လား” တဲ့ ။
အနော်လည်း နကိုကတည်းက ဘာမှ မသိတဲ့ကောင်။
တကယ်ကို မသိတော့ – “သိဝူးလေ” ပေါ့ ။အဲ့လိုပဲ ပြန်ဖြေခဲ့လိုက်တယ်။ :P

နို့ပေမယ့် သိချင်လို့ မေးတဲ့ သူအတွက် အဖြေတော့ ရှိပေးရမယ်ထင်တယ်။ ဒါကြောင့် အခုအောက်မှာ ဒေါင်းလုပ် Links တွေ ပို့လိုက်ပါတယ်။
၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်လို့ ထိပ်ဆုံးမှာ ရက်စွဲတပ်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်းလို့ ဆိုပါတယ်—–တဲ့။
(ကျနော်လည်း ရထားတဲ့ဟာလေးကို လေးပိုင်းခွဲပြီး Upload လုပ်ထားပါတယ်။ )

ဟုတ်တာတွေ မဟုတ်တာတွေ။ သေချာလားတွေ မသေချာလားတွေ မေးနဲ့ဦးနော်။
အနော်ပြန်ဖြေနိုင်တာက – ” သိဘူး ” Read more of this post

- ပျောက်ဆုံးခြင်း

ဤပို့စ်သည် ဘာသာရေး မပါ၊ ဒဿနိကဗေဒ အမြင်သက်သက်ကိုသာ တင်ပြလိုရင်း ဖြစ်ပါသည်။

ကီကာဂတ် (Kierkegaard) ၏ ဒဿန အမြင်အားဖြင့် လူ့ဘဝကို အဆင့်သုံး ဆင့်ခွဲခြားထားသည်။ ပထမ အဆင့်တွင် လူသည် အာရုံငါးပါးဖြင့် အလှအပ နှင့် အပျော်အပါးကို ခုံမင်သော ဘဝဖြစ်သည်။ ဤဘဝကို အိမ်ထောင် မကျသေးသော လူတစ်ယောက်၏ ဘဝနှင့် နှိုင်းယှဉ်ပြနိုင်သည်။ ဒုတိယ အဆင့်တွင် လူသည် ဖန်ဆင်းရှင်က ချမှတ်ပေးထားသော ကိုယ်ကျင့်တရားများကို လိုက်နာ ကျင့်သုံးလာသော ဘဝ ဖြစ်သည်။ ဤဘဝကို အိမ်ထောင်ရှင် ဖြစ်လာသော လူ့ဘဝနှင့် နှိုင်းယှဉ် ပြနိုင်သည်။ တတိယ အဆင့်တွင် လူသည် ဖန်ဆင်းရှင်က ချမှတ်ပေးထားသော ကိုယ်ကျင့်တရားများကို သာမက တစ်ခါ တစ်ရံ ဤကိုယ်ကျင့်တရား များကိုပင် ကျော်လွန်၍ ဖန်ဆင်းရှင်၏ တောင်းဆိုချက်ကို လိုက်နာခြင်း ဖြစ်သည်။ တစ်နည်း အားဖြင့် ဤအဆင့်တွင် လူမှုရေး ကိစ္စ အဝဝကိုပင် ဘေးဖယ်ထား၍ ဖန်ဆင်းရှင်အား အကြွင်းမဲ့ ယုံကြည်စွာဖြင့် မိမိကိုယ် မိမိ အပ်နှံ၍ ဘဝ ရှင်သန်ရေးပင် ဖြစ်သည်။

ထို့ကြောင့် ကီကာဂတ်၏ အယူအဆတွင် ထင်ရှားသော အချက် သုံးချက် ပါရှိသည်။ ပထမ အချက်မှာ ဖန်ဆင်းရှင် ရှိသည်ဟု အကြွင်းမဲ့ လက်ခံခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ လူ့ဘဝတွင် အဆင့် သုံးဆင့်ရှိ၍ နောက်ဆုံး အဆင့်သည် လူ့ဘဝတွင် အဓိပ္ပာယ် အရှိဆုံး ဖြစ်သည်ဟု လက်ခံခြင်း ဖြစ်သည်။ တတိယ အချက်မှာ ယင်းသို့ လက်ခံသည့် အတိုင်း မိမိဘဝကို ဖန်ဆင်းရှင် ထံ အကြွင်းမဲ့ အပ်နှံခြင်း ဖြစ်သည်။

သို့သော် ကီကာဂတ် ( 1813 – 1855 ) ဒဿန ဗေဒ လောကသို့ ရောက်လာသော ခေတ်မှာ ခေတ်သစ် သိပ္ပံ ထွန်းကား နေသော ခေတ် ဖြစ်သည်။ လူအတော်များများပင် ဖန်ဆင်းရှင် နှင့် ပတ်သက်၍ သံသယ ဝင်နေသော ကာလ ဖြစ်၏။ ဤအခြေအနေကို အကဲခတ်မိသော နစ်ရှေး ( Nietzsche 1844 – 1900 )သည် သူ၏ ဒဿန အယူအဆကို ဖန်ဆင်းရှင် မပါဘဲ တင်ပြရန် ကြိုးစားခဲ့သည်။ နစ်ရှေးသည် သူ၏ “The Joyful Wisdom” အမည်ရှိ စာအုပ်တွင် ဖန်ဆင်းရှင်ကို မတွေ့သော အခါ ဤသို့ ညည်းညူခဲ့သည် ဟု ဆိုသည်။ Read more of this post

Insider Attack and Cyber Security ;)

 

Beyond the Hacker

Insider Attack and Cyber Security

DOWNLOAD HERE

 

 

Drupal! Drupal! Drupal!

What is Drupal? A website can be built using Drupal. That’s all I know about it. :D   But I have heard and found “Drupal!” “Drupal!” time to time  as well as I work in a semi-government web service.Then, I  have started trying to get the knowledge of  it.

May I skip ,however,  futher introduction to this post because the followings have explanations for themself. They helped me so much in studying the Drupal.

Oh! Hah! Just a minute to take a look at the examples based on Drupal. :P   That list was copied from Wiki.

http://www.alrc.gov.au/
http://london.gov.uk/
http://www.whitehouse.gov/
http://www.economist.com/
http://www.nysenate.gov/
http://data.gov.uk/
http://www.wfp.org/
http://www.ubuntu.com/

Thanks for all supporting.

Zayya.

1. Drupal_7_First_Look

Drupal_7_First_Look

DOWNLOAD HERE

Learn the new features of Drupal 7, how they work and how they will impact you
Get to grips with all of the new features in Drupal 7 Read more of this post

Follow

Get every new post delivered to your Inbox.