ကိုယ်တွင်း က ရန်သူများ
June 2, 2012 Leave a comment
အခြား ပြင်ပ ဘယ်အရာ နှင့်မှ ယှဉ်ပြိုင်တိုက်ခိုက် နေရန် မလိုအပ်ပေ။ ၎င်း သည် မိမိ စွမ်းအားကို အချည်းနှီး ဖြုန်းတီး ပစ်ခြင်း သာ ဖြစ် သည်။ မိမိ၏ ရင်တွင်း ကို ပြန် လျိုး ဝင်ကြည့်ရန် တစ်ခုတည်း သာ – လိုပါသည်။ မိမိ အတွင်း သန္တာန် ၌ တိုက်ခိုက် ယှဉ် ဖက် ရန် အရာ အများအပြား ရှိနေသည်ကို မမေ့ အပ်။
ဆိုစို့ – မိမိ ၏ အတ္တ၊ မာန၊ လောဘ၊ အလိုဆန္ဒ၊ သိမ်းပိုက်လို စိတ် အာသာ ရမ္မက်၊ မသိမှု ၊ ဒေါသ၊ မစ္ဆရိယ စသည်- စသည်။ ထိုသို့ အများ အပြား ရင်တွင်း ခိုဝင် ကိန်းအောင်း နေပါ လျက် နှင့် – အပြင်ပ ရန်သူ ကိုသာ ရှာဖွေ – တိုက်ခိုက် ရန် တာစူ နေခြင်း သည် မိုက်ရူးရဲခြင်း သာ ဖြစ်နေပေ လိမ့်မည်။ အကျိုးမဲ့ သာ ဖြစ်လိမ့်မည်။ စစ်မှန် သော ၊ မိမိ ရင်တွင်း ၌သာ ဖြစ်သော – ထို ရန်သူ တို့ကို အနိုင်တိုက် နိုင်ရန် သည် သာ ရည်ရွယ်ချက် ဖြစ်သင့်သည်။ တိုက်ခိုက်ရန် နည်းနာ၊ (ဝါ) လက်နက် မှာ လည်း ဘာဝနာ သာ လျှင် ဖြစ်ပါသည်။
ဘာဝနာ သည် – မိမိ သန္တာန် အတွင်း သို့ မျက်ခြေ မပြတ် စောင့်ကြည့်နေ ရုံမျှ ဖြစ်သည်။ အသိနှင့် သတိ ရှိနေရုံမျှ တည်နေကြည့် ရုံမျှ လည်း ဖြစ်သည်။ ထိုထိုသော ရင်တွင်း ရန်သူ အများစု သည် ယင်းသို့ စောင့်ကြည့် ခံရရုံမျှဖြင့် အလျို အလျို ပျောက်ကွယ် ထွက်ပြေး သွားကြ ၏။ ဆိုပါစို့ – သင် ဒေါသ ပွားနေ မိချိန် မျိုး။ ထိုအခါ မျိုး တွင် – သတိ မလွတ် – စောင့်ကြည့်နေ ကြည့်ပါ။ ယင်း ဒေါသ စိတ် သည် – ရုတ်ခြည်း ပျောက်ကွယ် သွားကြောင်း တွေ့ရပါလိမ့်မည်။







