စီးကရက် တစ်လိပ်ရဲ့ ကြွေးကြော်သံ

လာလာလေ ရဲဘော်တို့
သောက်လိုက်ကြစို့လား
တစ်လိပ်ကုန် ~ တစ်လိပ်သွား
“ပြာ” ဆိုတာ လောင်ကျွမ်းမှုရဲ့ အစအန – တရားဓမ္မ ဖြစ်တယ်။

Read more of this post

စွန်ကြိုး

ကဗျာ ဆရာ တစ်ယောက် က ပြောပြ ~
~ သူဟာ စွန်တစ်ကောင်
~ မှန်စာကြိုးလေး တစ်စ နဲ့ သွယ်သွယ်လေး ကနေရ သတဲ့
ဟုတ်မှာပေါ့ ~

သူဟာ စွန်ဆို ~ ကျနော်က ကြိုး
ဒါပေတဲ့ -
မချည်တဲ့ ကြိုး
မပြည်တဲ့ ကြိုး
အခြားသူကို ဖြတ်မယ့်ကြိုး
မိမိဘာသာ ပြတ်မယ့် ကြိုး

သူ ~ ဟိုး မိုး အထက်မှာ ဝဲပျံ က နေချိန်
ကျနော် က မမြင်နိုင်တဲ့ မှန်စာမျှင် တစ ~ ပါးလျလျ
ဟော တွေ့လား
ဟော ဟိုမှာလေ ~ တွေ့ရဲ့လား
သူ့ဟာသူ ကောင်းကင်မှာ
လွတ်လွတ်ရှင်းရှင်း ပျံဝဲနေလိုက်တာများ ~

Read more of this post

Empty Boat

Osho ၏ Empty Boat မှ နှစ်သက်မိသလို ပြန်ဆိုပါသည်။ / 27/10/2011 ( 2:00 AM )

…………………………………….

လူအများကို အုပ်ချုပ်တဲ့သူဟာ စိတ်ရှုပ်ထွေးလျက်နဲ့ ရှင်သန်တယ်။
လူရဲ့ အအုပ်ချုပ်ခံနေရသူဟာ သောကဗျာပါဒတွေနဲ့ ရှင်သန်တယ်။
ဒါကြောင့်လည်း –
ဘယ်သူ့ကိုမှ မစိုးမိုးတဲ့၊ ဘယ်သူကမှလည်း မစိုးမိုးကြတဲ့ ဓမ္မ ကို လိုလားအပ်တာ ဖြစ်ပါတယ်။
ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားရာ၊ ကြေကွဲမှုသောကတွေရဲ့ လွတ်မြောက်ရာ လမ်းဟာ
လောက ရွံ့နွံအိုင်ထဲ ကျင်လည်ရင်း ဓမ္မနဲ့ ရှင်သန်နေထိုင်သွားခြင်းပဲ။

လူတစ်ယောက်က မြစ်တစ်စင်းကို ဖြတ်ကူးတယ်။
လှေလှော်တက်အဖြစ် သစ်ကိုင်းစလေးတစ်စကလွဲရင် အခြားဘာမှမရှိတဲ့ ဗလာကျင်း လှေငယ်လေးနဲ့။
သူက ဒေါသကြီးတတ်တဲ့သူ ဆိုပါစို့ရယ်။
အဲ့ ဗလာကျင်း လှေငယ်လေးအတွက်တော့ သူ ဘယ်ဒေါသ ဖြစ်လိမ့်မလဲ။
ဒါပေမယ့် ဒီလှေငယ်လေးပေါ်မှာ တစ်ယောက်ယောက်/တစ်ခုခု တက်လာခဲ့ရင်
ရှင်းသွား၊ ဆင်းသွားဖို့ သူအော်ငေါက်တော့မှာပဲ။
မရှင်းမချင်း၊ မဆင်းမချင်း သူအော်နေဦးမှာပဲ။ မြည်တွန်တောက်တီး ရေရွတ်နေဦးမှာပဲ။
ဒါတွေအားလုံးဟာ လှေပေါ်မှာ တစ်ယောက်ယောက် တစ်ခုခု ရှိနေလို့ ဖြစ်ရတာတွေပါပဲ။
တကယ်လို့သာ လှေငယ်လေးဟာ ဗလာကျင်း၊ နတ္ထိ တန်ခဲ့မယ်ဆိုရင်
သူ ဘယ်ဟာကို အော်ငေါက်နေဦးမလဲ၊ သူ ဘယ်ဟာကို ဒေါသဖြစ်နေရဦးမှာလဲ။

ခင်ဗျားသာ ခင်ဗျားရဲ့ လှေငယ်ကို အားလုံးရှင်းလင်း ခါထုတ်ပြီး၊
ကမ္ဘာတစ်ခွင် ခရီးနှင်ကြည့်စမ်းပါ။
Read more of this post

ပမာဒ

ငါ သတိတွေ လွတ်တယ်။
စက္ကန့်တိုင်း အချိန်တိုင်းရဲ့ ပျံ့လွင့်စိတ်က
ကိုက်ခဲ ထုနှက်၊
အိုမင်းလာတဲ့ ရုပ်ရည်မှာ
မာန်မာနတွေက ကပ်ညိနေဆဲ ရှိသေးတယ်။

ငါ့နောက်မှာ ဘယ်သူရှိသလဲ။
ငါ သတိတွေ လွတ်တယ်။
လတ်တလော လိုအင်ဆန္ဒတွေက
သူတို့တွေ အတွက်ဆိုတဲ့ ပရ-ခေါင်းစဉ်နဲ့
ငါ့ အတ္တကို ငါပြန် ပုံသွင်းတယ်။

Read more of this post

အရှင်-သနားနေသလော-မူးနေသလော


သူသည် ကျွန်တော့်အတွက် တစ်ပွင့်တည်းသော စကားပြောတတ်သည့် ပန်းကလေး ဖြစ်ပါသည်။ နှင်းခဲ နှင်းဆိုင် တို့ကဲ့သို့ ဖြူလွှနေသော ပွင့်ဖတ်များ ဖြင့် ဖွဲ့တည်ထားသည်။ စိမ်းမြသော ရွက်ကြမ်းတို့ဖြင့် ခြံရံ၍ ပျား၊လိပ်ပြာတို့ ဝတ်ရည်ကူးရန် ဆွဲဆောင် နေဟန် ရှိသည်။ သို့သော် ကျွန်တော် ကိုယ်၌က ယိမ်းထိုး လှုပ်ရှားနေပါသည်။

မိတ်ဆွေ ။ ဒေါင်ချာဆိုင်း နေအောင် အရက်သောက်ဖူးပါသလား။ ဒါမှမဟုတ် တွေဝေ ပေါ့ပါးနေအောင် ဘိန်း သုံးဖူးပါသလား။ ဘိန်း၊ အရက်၊ ( သို့မဟုတ် ) မူးယစ်ဆေး တစ်ခုခု ( သို့မဟုတ် ) လူငယ်များ ပြောလေ့ရှိသည့် အချစ်လည်း ဖြစ်နိုင်သည်။ ယင်း တစ်ခုခုကို သုံး၍ ညအမှောင်မကျ တကျမှာ လမ်းလျောက် ကြည့်ဖူးပါသလား။

ယင်းအချိန်တွင် ဘဝ သံသရာနှင့် တူသော အတွေ့အကြုံမျိုးကို ရလိမ့်မည်ဟု ကြားဖူးပါသည်။

ဆရာပါရဂူ တစ်ခါက ပြောခဲ့ဖူးသည့် ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ မုလ္လာနဆရုဒင် ဆိုသည့် လူတစ်ယောက် ညဘက် အိမ်ပြန်လာသည်။ အရက်သောက်ထားသည် ဖြစ်၍ သိုင်းကွက်နင်းပြီး လာသည်။ လက်ထဲက သော့နှင့် သော့ခလောက်ကို ဖွင့်သည်။ သို့သော် လက်က တုန်ရီ လှုပ်ရှားနေသည့် အတွက် သော့ခလောက်အပေါက်ထဲ သော့က မဝင်။ ယင်းအချိန်တွင် ပုလိပ်တစ်ယောက်က တံခါးဝတွင် ရပ်ပြီး အချိန်အတန်ကြာသည် အထိ ကြည့်နေသည်။ တော်လေးကြာသောအခါ ပုလိပ်က-

“နဆရုဒင်၊ ကျုပ် ကူညီပေးရမလား၊ သော့ပေး၊ ကျုပ်ဖွင့်ပေးမယ်” ဟု ပြောသည်။ နဆရုဒင်က-

“သော့က အရေးမကြီးဘူး၊ လှုပ်နေတဲ့ အိမ်ကို ခင်ဗျား တစ်ဆိတ်လောက် မလှုပ်အောင် ကိုင်ပေးပါ၊ ကျုပ်ကိုယ်တိုင် သော့ခလောက် အပေါက်ထဲ ဝင်အောင် သော့ထည့်လို့ ရပါတယ်” ဟု ပြန်ပြောသည်။

ဤပုံပမာနှင့် အလားတူပင် ၊ မိမိဘာသာ လှုပ်ခတ်နေသော ကျွန်တော်၏ စိတ် မီးညွှန့်ကလေးကို ကြည့်၍ “လေတိုက်သောကြောင့်သာ လှုပ်ခတ်နေရသည်” ဟု အပြစ်ဖို့တတ်သော အတွေးသည် နဆရုဒင်အိမ်လှုပ်နေသကဲ့သို့သာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့၏ စိတ်နှလုံးသည် စကားပြောတတ်သော အကြင် ပန်းကလေးများကြောင့် လှုပ်ရှားယိမ်းထိုးနေခြင်းလော။ စားသောက်နေကျ စားခွက်ကို အာသာငမ်းငမ်း တွယ်တာစိတ်ဖြင့် လှုပ်ခတ် တွေဝေ နေခြင်းလော။ သင်္ခါရလောက ကိုယ်၌က ဖောက်ပြန်ပြောင်းလဲ နေသောကြောင့် ကျနော်တို့ အဇ္ဈတ္တသည်လည်း လိုက်ပါ တုန်လှုပ်နေရခြင်းလော ဆိုသည်ကို မတွေးတတ်ပါပြီ။ Read more of this post

ဘွိုင်းကောက် ဋီကာ ( Download )

DOWNLOAD
HOTFILE
MEGAUPLOAD
RAPIDSHARE

မနေ့က “ယူနီဘာစီတီ လေးချိုး” ( http://zayya.wordpress.com/2011/06/08/uni/ ) ၌ အကြောင်းကို မေးထားခြင်းကြောင့် အဖြေကို တင်ရှိပါသည်။ ယင်းလေးချိုးမှာ ဘွိုင်းကောက် ဋီကာ ၊ ပထမအကြိမ်ထုတ် ၊ စာမျက်နှာ ( PDF – page – 288 ) တွင် ပါရှိသည်။ အဘယ်အကြောင်း ဖြင့် ယင်း လေးချိုး ဖြစ်ပေါ်လာရခြင်း ဟူသည်ကို ဖြေဆိုရန်မှာ အကျယ် အနေဖြင့် ဘွိုင်းကောက်ဋီကာ တစ်စောင်လုံး ရှုကြည့်ပါက ပိုမို အကျိုးများ နိုင်သောကြောင့် Upload တင်လိုက်ပါသည်။ အဆင်ပြေရာ လင့်ခ်မှ ဒေါင်းယူနိုင်သည်။

Read more of this post

မိုး

ချစ်သူရေ

ဟော့ဒီ
ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေ မုတ်သုံလေက
သူ့ခြေထောက် သူ ဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုးကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
Read more of this post

ယူနီဘာစီတီ – ဘွဲ့ – လေးချိုး

(၁) “ဘွိုင်းကောက်”အဖြစ်မျာ၊ မေတ္တာ အထယ် မသေးသော် လဲ့၊ “မှိုင်း”တစ်ယောက် မစ္စတာ – ချစ်ရာ မမယ် သေးနိုင်ဘု၊ သစ္စာ တကယ် သွေးတွေ ဟဲ့လို့။ တွေးနဲ့ နောင်ဘို့ အလို။ အိုကွယ့် ခေတ္တရာနယ် တကြေး ဆီက၊ မေးရဲ့ မောင်တို့ကို။

(၂) သြော် ဝေးခရီးက ပေမဲ့၊ အရေးကြီး လျှင်ဖြင့်၊ သွေးနီရာ ပါစမြဲ ပေမို့၊ ဆရာလဲကွာ၊ ပထမ အရင်- ကနဦး ဆီက၊ မြန်မာ တစ်ခွင်မှာ- သမတရှင် ဘုရင် မလူးခင်ပ။“ထ”ဆင်ထူး ကို၊ တမြည်မြည် သင်ခဲ့သမို့၊ “ထီ”မထင် ကျောင်းတော်သား တွေရဲ့၊ အမည် အစဉ်မှာ-ခေါင်း အပေါ်ဖျား တွင်မှ မင်းရို့ ဆရာကို စာရင်းတို့ကာ ထားလိုက်ကြ ပေတော့၊ သြော် ဘုရား သိကြားတွေ မ – လို့မို့၊ အများ ဝေနေယျ တို့ဘို့ အရှေ သမယ “ပဝေ” သရေ ခေတ်ဆီက၊ ရွှေ-ငွေ ဖြစ်သူ “ဆရာအောင်”ရဲ့ ပြင်၊ မြန်မာဘောင် ပေါက္ကံတိုင်း တွင်မှ၊ သမိုင်း တစ်စောင် သစ်ခဲ့တဲ့၊ အဇ္ဇဂေါနာ၊ ဆရာ ရှင်မထီး တို့ လိုပ၊ ဖြစ်ကြ သောအခါ၊ တာ အ၀င်မှာ ပြီးစေဖို့၊ ခရီးသယ် ရောက်ရာ ကြိုခဲ့တယ်၊ အမျိုးအတွက် သဒ္ဓါတရ ကိုယ်ပါနော်ကွယ်၊ မျိုးမျိုး မျက်မျက်၊ အကျိုးနက် စေဖို့၊ ထိုးရက်ပါကို။

Read more of this post

အို – မရဏ

တစ်နေရာတွင် Paul Carus ၏ The Truth ကဗျာကို “သစ္စာဟူသည်” ဆိုသော အမည်ဖြင့် ကျနော် ဘာသာပြန်ဆိုပြီးပါပြီ။ ဆရာ ပါရဂူ နှင့် ဆက်နွယ်၍ ဖြစ်သည်။ ယခု Paul Carus ၏ ကဗျာ တစ်ပုဒ် ပင် ဖြစ်သော Death ( မရဏဟူသည် ) ကို ( အစအဆုံး မဟုတ်၊ ရှေ့ဦးပိုင်း ကွက်၍ ) ဘာသာပြန်ဆို ကြည့်ပါသည်။ ဆီလျော် နားလည်သလို ပြန်ဆိုမှု ဖြစ်သောကြောင့် အမှားအယွင်း ရှိက ထောက်ပြနိုင်ပါရန် မူရင်း ကိုပါ ပူးတွဲ ထည့်သွင်း ပေးလိုက်သည်။

လေးစားစွာဖြင့်
ဇေယျ
……………………….

အို – မရဏ ( သင်သည် ကျွန်ုပ်၏ အဆွေ )

အို မရဏ၊
သေခြင်းတရား ဖြစ်သော သင်သည်
ကျွန်ုပ်တို့ ဘဝ၊ ကျွန်ုပ်တို့၏ ရှင်သန်မှုကို ပြီးပြည့်စုံသွား စေ၏။
သင့်အတွင်း၌ ငြိမ်းချမ်းမှုကို ရှာဖွေရရှိမည် ဖြစ်သည်။
အလားတူ သင့်အတွင်း၌ ကြေကွဲဝမ်းနည်းရမှု ဒုက္ခကို ရှာတွေ့ရ လိမ့်မည်ဖြစ်သည်။
ဇောစိတ်ထကြွသမျှ၊ ကြိုးစားအားထုတ်ခဲ့သမျှတို့သည် အတိတ်တို့ ဖြစ်ကုန်ကြမည်။

Read more of this post

Follow

Get every new post delivered to your Inbox.