2015 အင်တာနက်သုံးစွဲမှု နှုန်း
June 2, 2011 Leave a comment
ဇွန်လ တစ်ရက်နေ့ ည ၊ Economist လင့်ခ် တစ်ခုတွင် တင်ပြထားသည်မှာ http://www.cisco.com တွင် တွက်ချက်ပေးထားသည့် ဇယား တစ်ခု ဖြစ်သည်။
၂၀၁၅ ခုနှစ် တွင် တကမ္ဘာလုံး အင်တာနက် အသုံးပြုမှု အင်အားသည် တစ်လလျှင် ၈၀.၅ exabytes ရှိလာလိမ့်မည် ဟု ခန့်မှန်း ထားသည်။ ယင်း ပမာဏ သည် DVD အခွေ ချပ်ရေ ဘီလျံ ၂၀ ကျော် စာ နှုန်း ထားနှင့် ညီမျှသည် ။ ယင်းနှစ်တွင် အာရှသည် မြောက်အမေရိက ထက် တစ်ဦးချင်း အင်တာနက် သုံးစွဲမှု သာလွန် နေမည် ဖြစ်ပြီး အာရှက တစ်လလျှင် ၂၄.၁ exabytes ၊ မြောက်အမေရိက က တစ်လလျင် ၂၂.၃ exabytes နှုန်း ရှိနေလိမ့်မည် ဟု ဆိုသည်။
လူဦးရေ အချိုးအစား နှင့် ပိုင်းခြား တွက်ချက်မည် ဆိုလျှင် – ဤထက်မက တိကျ မည် ။ ပိုမို နီးစပ်သော စာရင်းဇယား ထွက်လာ နိုင်ပါသည်။ လတ်တလော ကာလတွင်ရော ၊ ယင်း ၂၀၁၅ ခုနှစ် အချိန်တွင်ပါ အင်တာနက် သုံးစွဲမှု နှုန်း ရှေ့ဆုံး ရောက်နေသည်က တေင်ကိုရီးယား ဖြစ်ကြောင်း Cisco မှတ်တမ်း တွင် အထင်အရှား ပါရှိသည်။




