အချိန်နှင့် စက်သော
May 17, 2012 Leave a comment
အသိဥာဏ်အလင်း ကို သင် မရှာဖွေ နိုင်ပေ။ ၎င်းသည် ရှာဖွေခြင်း အားဖြင့် ရရှိသော အရာ မဟုတ်ပေ။
ရှင်းပါမည်။ ရှာဖွေသည် ဟူသည်မှာ သင် သိပြီးသား အရာ ကိုသာ ရှာဖွေနိုင် သည်။ ရှာဖွေခြင်း ၏ အခြား အဓိပ္ပာယ်မှာ လိုချင်ခြင်း ဖြစ်၍ သင်မသိသော အရာကို သင်ကိုယ်တိုင် မည်သို့ ရှာဖွေမည်နည်း။ ရှာဖွေ ရန် တမ်းမှန်းသော အားထုတ်မှု ဟူသည် – ယင်းရှာဖွေ လိုသော အရာကို သင်ကိုယ်တိုင် အနည်း အကျဉ်း ခံစားပြီး၊ သိ ရှိပြီးမှသာ လျှင် ရှာဖွေ၍ ရသည်။ ယင်းမှသာ အဓိပ္ပာယ် ရှိပေမည်။ အသိဥာဏ် အလင်း ကို တစ်ကြိမ်တစ်ခါ ခံစား သိရှိပြီးလျှင် ယင်း အတွက် ရှာဖွေရန် မှာ ပြဿနာ မရှိပေ။ အသိဥာဏ်အလင်း၊ (ဝါ) သန္တိ အေးမြမှု ကို မသိ ပါဘဲနှင့် ယင်း မသိသော အရာကို ရှာဖွေမည် ဆိုလျှင် ယင်း ရှာဖွေမှု မှာ အဓိပ္ပာယ် မရှိပေ။
သို့သော် – ဤနေရာ၌ သတိပြုရန် ရှိပါသည်။ “အသိဥာဏ် အလင်းကို မရှာဖွေနိုင်” ဟု ဆိုခြင်းသည် “အသိဥာဏ် အလင်းကို မရရှိနိုင်” ဟု ဆိုလိုခြင်း မဟုတ်။ အသိဥာဏ် အလင်း (ဝါ) သန္တိကို မည်သို့မျှ မရရှိနိုင်ဟု ဆိုလိုခြင်း မဟုတ်။ အသိဥာဏ် အလင်းကို မရှာဖွေ နိုင်သော် လည်း၊ သူ့ ကို တွေ့ရှိနိုင် သည် ဟု တိတိပပ ဆိုလိုပါသည်။
သန္တိ အေးချမ်းမှု ကို တွေ့လိုဇောဖြင့် ပို၍ ပို၍ ရှာဖွေလေ၊ သူ့ကို တွေ့ရှိနိုင်ရန် ရာခိုင်နှုန်း နည်းပါး သွားလေ ဖြစ်လိမ့် မည်။ ရလိုသော ဇောဖြင့် ရှာဖွေခြင်း ကိုယ်၌က သင့်အတွက် အဟန့်အတား၊ ဝန်ထုပ် ဝန်ပိုး သာ ဖြစ်နေမည်။ များများ ရှာလေ၊ လုံးဝ မတွေ့ ရလေ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် – သင် တစ်ကြိမ် မှ မတွေ့ကြုံဖူးသော အရာကို ရှာဖွေနေသည့် အစား၊ သင် ယခု ရရှိနေသည့် အရာ ကို အတွင်း ပိုင်း အထိ ထိုးထွင်း ရှုမြင်နိုင်ရန် လိုသည်။ “သိပြီးသည့် အရာကို ထိုးထွင်း ရှုမြင်ခြင်း” သည်ပင် မသိခြင်းသို့ ပွင့်ဝင်သည့် တံခါးပေါက် ဟု ရှေးဆရာများ ဆိုပါသည်။
ဆိုပါစို့။ သင်သည် မြင့်မြတ်မှု၊ အသိဥာဏ်အလင်းကို ရှာမတွေ့ နိုင်သေး သော် လည်း သင် ချစ်ဖူးလျှင် ချစ်ခြင်း မေတ္တာကို မူ သိရှိနိုင်သည်။ ခံစားနိုင်သည်။ ထို ချစ်ခြင်း မေတ္တာ ၏ အတွင်း သန္တာန်သို့ ငုပ်လျိုး ဝင်ကြည့် စေလိုသည်။ ယင်း ချစ်ခြင်း အတွင်း ၌ တိုးဝင် လျိုကြည့် နိုင်လေ – ချစ်သူ နှင့် အချစ်ခံရသူ တို့ စင်စစ် တည်ရှိ မနေကြောင်း မြင်ရလေ ပင် ဖြစ်သည်။ ချစ်ခြင်း မေတ္တာ၏ အတွင်း အနှစ် သည် ပုဂ္ဂိုလ်သတ္တဝါ၊ ချစ်သူ – အချစ်ခံရသူ မဟုတ်။ ဖြူစင် နေသော မြင့်မြတ် မှု သက်သက် သာ ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်သော အရာ ကို မသိမမြင် ရသေး ပါဘဲ ရှာဖွေ နေခြင်း ထက်၊ လက်ရှိ လက်ဝယ် ရှိပြီးသော၊ သိပြီးသော အရာဖြင့်သာ စတင်အပ် သည်။ အဝေး ကို မျှော်နေခြင်းထက် ၊ အနီးဆုံး ခြေ တစ်လှမ်းဖြင့် စတင် သင့် သည်။ ပထမ ခြေလှမ်းမှ မလှမ်းသေးမီ၊ အဝေးကို မျှော်ကြည့်၍ စိတ်ဇော လွန်ကဲ နေခြင်း သည် အချည်းနှီး အလဟဿသာ ဖြစ်ပါမည်။ နောက်ဆုံး အဆင့် ကို ချက်ချင်း တောင်းခံ၍ မရနိုင်ပေ။ ပထမ စရသည့် ခြေလှမ်းသည် ယခု စရခြင်း ဖြစ် သည်။ အဝေးက ရှိသည့် အရာ သည် ကျွန်ုပ် တို့ နှင့် မဆိုင်သေး၊ ကျွန်ုပ် တို့ သက်ဆိုင်သည်မှာ ယခု – ဤနေရာ – ဤအချိန် သာ ဖြစ် သည်။
ဤနေရာ ကို ထပ်ရှင်းမည်။ “ရှာဖွေခြင်း” သည် အချိန်အတိုင်းအတာ တစ်ခု အတွင်း ဖြစ် ရသည်။ ရှာဖွေနေသည် ဆိုကတည်းက – အနာဂတ် အချိန် သည် လိုအပ် သည်။ တနည်းအားဖြင့် ရှာဖွေနေခြင်း ဟူသည် ယခု တည့်တည့်တွင် မရှိနေနိုင် ဟု ဆိုလိုခြင်း လည်း ဖြစ်၍ ရှာဖွေနေသူ ဟူသည် “ယခု” ကို မေ့လျော့ ထားသူ သာ ဖြစ်သည်။ ယခု – ခဏ – ယခု တည့်တည့် တွင် ဘယ်အရာကို ရှာဖွေ မည် နည်း။ “ယခု” ဟူသည့် အရာ၌ ရှာဖွေရန် တစ်စုံတစ်ခုမျှ ရှိမနေပေ။ Read more of this post






