ချမ်းမြေ့မှု ရှိမှ ဘာဝနာ ဟု ဆိုပါမည်

ဘာဝနာကို လူအများ လုပ်ဖို့ ခဲယဉ်းရခြင်းဟာ – ဘာဝနာ အပေါ် အမှတ်အယူ မှားနေလို့ သာ ဖြစ်တယ် လို့ ဆိုချင်ပါတယ်။ ဘာဝနာကို အဝေးမှာ ထားရင်း ငေး ရုံ သာ ရှိတဲ့ သူတို့ အနေနဲ့ ဘာဝနာဟာ လေးနက် လွန်းနေတဲ့ အရာ ဖြစ်နေ တတ် တယ်။ ဟိုးအမြင့်ကြီးမှာ -မမှီမကန်း- ရှိနေ တယ်။ မြင့်မြတ်ဖြူစင်နေပြီး မိမိ ကိုယ်ကိုယ်နဲ့ မထိုက်တန်တဲ့ အရာ တစ်ခုလိုများ ထင်မှတ် မိနေဟန် တူပါ တယ်။ ကျောင်းကန် ဘုရား၊ ဘုရားခန်း တွင်း ရောက်မှ ပွားများနိုင်တဲ့ အရာ ဖြစ် တယ် လို့ မြင်တယ်။

အဲ့ဒီ အမြင်နဲ့ – ဘာဝနာ ကို ပြုတဲ့ အခါ – သူတို့တွေရဲ့ သန္တာန် မှာ တင်းအား (ဝါ) အနှောင့်အယှက် ဖြစ်ပါတယ်။ ဘာဝနာ ပြုမယ် ဆိုတဲ့ အခါ လည်း ရုပ်သေ တွေ ဖြစ် သွား ရ တော့ တယ်။ လေးနက်ဟန် အပြည့်နဲ့ ခန့်ခန့် ဆန့်ဆန့် ကြီးတွေ ဖြစ်ဖြစ် သွားတတ်တယ်။ မိမိ တို့ သန္တာန်မှာ ရွှင်လန်းမှု မရှိ၊ နှစ်သိမ့်မှု မရှိ၊ နောက်ကျိ ထုံမှိုင်း နေ တယ်။ လေးနက်ချင်ရာ သန္တာန် ကနေ – တကယ့် အဖြစ်မှာ လေးပင် သွား ရတယ်။ အကြောင်းက – ဘာဝနာ ကို နား မလည် ခြင်း ကြောင့် လို့ ဆိုပါ မယ်။ နောက် တစ်ကြောင်း က – အခြား ဘာဝနာ ပြုကြ သူတွေရဲ့ ဟန်ပန် ကို အတုပြု လိုစိတ် အများအားဖြင့် ရှိ နေတာ ကြောင့် လည်း ဖြစ်တယ်။

ရွှင်လန်းမှု၊ ချမ်းမြေ့မှု၊ နှစ်သိမ့်မှု ဆိုတာတွေဟာ ဘာဝနာရဲ့ အရည် အသွေး တွေ ဖြစ်ပါတယ်။ ဘာဝနာ အစစ် အမှန် ပွားများ ထားသူဟာ – ရွှင်လန်းမှု ရှိ တယ်။ ပေါ့ပါး လန်းဆန်းမှု ရှိတယ်။ ဘဝဟာ ပျော်ရွှင် စရာ အတိ ဖြစ် ကြောင်း – ဘာဝနာ ကောင်းကောင်း ထုံမွှမ်းနိုင် ချိန်မှာ သိမြင် နိုင်တယ်။ ဘာဝနာ ပြုသူ ဟာ – ချမ်းမြေ့ မှု ပြည့်ဝ တဲ့ မိမိ သန္တာန် နဲ့ ~ ဘဝ ကို ကစားပွဲ တစ်ခု လို မိမိ ဘာသာ ငြိမ်ဝပ် စောင့်ကြည့် နေ သူ သာ ဖြစ် ပါတယ်။

ဘာဝနာ အစစ်အမှန် ပွားများ ထားသူ မှန်ရင် – သူဟာ မျက်မှောင် ကုတ် လေးနက် နေတဲ့ သူ မဟုတ်ဘူး။ အပြည့်အဝ ချမ်းမြေ့ လန်းဆန်း နေသူ သာ ဖြစ်တယ်။ ဒါကို မမေ့လျော့ဖို့ လိုပါတယ်။ သူ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ် အခြေ အနေ ဆိုတာ အရေးမကြီးဘူး။ အခြေအနေ တိုင်း၊ အချိန်တိုင်း ဟာ ဘာဝနာ ပြုဖို့ လုံလောက် တယ်။ ဘာဝနာ နဲ့ မိမိ ခဏကို မပြတ် အသိရှိ နိုးကြားတယ်။ ဘာဝနာ ရှိနေသူဟာ ဘဝကို အသိ ရှိရှိ နိုးကြား ရှင်သန် နေသူသာ ဖြစ်တယ်။ Read more of this post

ဘာဝနာ သည်သာ ဘဝရှင်သန်မှု ပုံစံ

ဘာဝနာ ဟာ အခုခဏ အတွင်းပဲ ဖြစ်ပါတယ်။ အခုခဏမဆိုင်း – သိမှတ်ရင်း ရှင်သန် နေမှု မျှသာ ဖြစ်တယ်။ အခု ပစ္စုပ္ပန် ဒီခဏ ကလွဲလို့ အခြားမရှိ။ ဘယ်မှ မထွက်သွားဘူး။ ဘယ်ဆီမှ မသက်ရောက်ဘူး။ ဒီခဏအတွင်းမှာတင် အပြည့်အဝ အသိရှိနေခြင်း သက်သက် ကို ဆိုလိုပါတယ်။

တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ”
ဗုဒ္ဓက ပြန်ဖြေတယ်။

“ခင်ဗျား ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ် သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။ စင်္ကြန်လျောက်တဲ့ ခဏ ၊ သတိ ~ အသိ နဲ့ လျောက်တယ်။ အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။ စားသောက် တယ် ဆိုတဲ့ ခဏ၊ သတိ၊ အသိ နဲ့ စားတယ်။ အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။ အလားတူ ~ ထ၊ ထိုင်၊ ရပ်သွား အရာအားလုံးမှာ သိမှု သတိ သာ အစဉ်ကပ်လျက် ရှိ နေတယ်။ သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီ ပစ္စုပ္ပန် တခဏ ကနေ တစ်နေရာ တစ်ပါး ကို ပြေးမသွားဘဲ၊ ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ် ခေါ်ဆို ပါတယ်”

စင်စစ် ဘာဝနာ ဟာ ကျနော်တို့ ဘဝ ဖြစ်စဉ် လုပ်ငန်းတွေ ထဲမှာ သီးခြား လုပ်မနေရတဲ့ အရာ ပါ။ သိမှု အသိ နဲ့ ရှင်သန်နေတဲ့ ဘဝ ~ ဒီ ဘဝ တစ်ခုလုံးရဲ့ အမည် ဟာ “ဘာဝနာ” ဖြစ်ပါတယ်။ ဒ့ါကြောင့် တစ်နေ့ တစ်နာရီလောက် ပြုတဲ့ ဘုရားစင်ရှေ့ တရား ထိုင်နေ ရုံမျှ လောက် နဲ့ ဘာဝနာ ကို မတင်းတိမ် စေဖို့ ပြောလိုပါတယ်။

တစ်နေ့ တစ်နာရီပဲ ဘာဝနာ ပြုမယ် ဆိုပါစို့။ အဲ့ဒါဟာ ~ နောက်နေ့ ဆက်တိုးပွား ချင်မှ တိုးပွား နိုင်မယ် ဆိုတဲ့ အကြောင်း သိထားဖို့ လိုပါလိမ့်မယ်။ စင်စစ် တစ်နေ့ တစ်နာရီလောက်သာ ဘာဝနာ ပြုဖို့ ကြံရွယ်သူဟာ – တစ်နေ့တာ ရရှိတဲ့ နှစ်ဆယ့် လေးနာရီ မှာ နှစ်ဆယ့် သုံးနာရီ ကို အချည်းနှီး ထားရှိပြီး – တစ်နာရီကို သာ အသုံးပြုနေ တာ ဖြစ်ပါတယ်။ ဆိုပါစို့ – ခင်ဗျား တစ်ရက်ကို တနာရီစာ ဘာဝနာ ပြု မယ်။ ကျန်တဲ့ နှစ်ဆယ့်သုံးနာရီမှာ နေချင်သလိုနေမယ်။ ဒါဆို- အဖိုးတန်တဲ့ ဘာဝနာပြုချိန် တစ်နာရီစာ လေးဟာ အမှတ်သတိ မရှိ – အချည်းနှီး ဖြစ်တဲ့ – နှစ်ဆယ့် သုံးနာရီ အောက် မှာ တိမ်မြုပ် ပျောက်ကွယ် သွားတယ်။ အလဟဿ ဖြစ်သွား ပါလိမ့် မယ်။ ဘာဝနာ ဆိတ်သုဉ်းနေတဲ့ အခါ ဝင်ရောက်လာ နေကျ သမားရိုးကျ အမှိုက် အညစ် တွေဟာ ~ ကြိုးစားပမ်းစား ရရှိတဲ့ တစ်နာရီစာ အလေ့ အလာ ဖြစ်တဲ့ ခင်ဗျား ရဲ့ အဖိုးတန် ဘာဝနာ အမှု ကို ဖုံးအုပ် မြှုပ်ပစ် လိုက် ကြမှာပဲ။

Read more of this post

No-Mind

ဇင်မှာ ပြောလေ့ ရှိတဲ့ “No-Mind” ကို မိမိ ကိုယ်တိုင် မသိမြင်တဲ့ အခါ အကောက်အယူ မှားလေ့ ရှိပါတယ်။ No-Mind ရဲ့ အဖြစ်ဟာ – ခင်ဗျားစိတ်ကို အပြီးတိုင် ဖျက်ချ ပစ်မယ်၊ ပစ်ဖယ်ထားပစ် လိုက်မယ် လို့ ဆိုလိုတာ မဟုတ်ဘူး။ ခင်ဗျားစိတ်ကို ခင်ဗျား လုံးဝ အသုံး မပြုတော့ဘူး လို့ ပြောတာ လည်း မဟုတ် ဘူး။ စိတ်က ခင်ဗျားကို မခိုင်းစေ နိုင်တော့ဘူး လို့ အရှင်းဆုံး ဆိုလိုတာ သာ ဖြစ်ပါတယ်။

No-Mind ဟာ ခင်ဗျားက မိမိ စိတ်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ အဓိပ္ပာယ် မထွက်ပါဘူး။ မိမိ စိတ်သန္တာန် ကို ဖယ်ခွာ ချထားနိုင်တယ် လို့ သာ ဆိုလိုပါတယ်။ မိမိ လောကနဲ့ ဆက်နွယ် ဖို့၊ သူ့ကို အသုံးပြု ဖို့ – လိုအပ်တဲ့ အခါ ခင်ဗျား သူ့ကို အသုံးချနိုင်တယ်။ အဲ့အချိန်မှာ -သူဟာ ခင်ဗျားရဲ့ အစေခံ သာ ဖြစ်တယ်။ ဒါပေမယ့် ဒီအဖြစ်ကို မသိနားမလည်ရင်တော့ – အခုအချိန်မှာ- သူက ခင်ဗျား ရဲ့ အရှင်သခင်၊ ဆရာတစ်ပါးပဲ။ မိမိ ဘာသာ တစ်ဦးတည်း ငြိမ်သက် ထိုင်နေစဉ်မှာလည်း – ခင်ဗျား စိတ်က ဆက်ကာ ဆက်ကာ အနှောင့်အယှက် ပေးနေ ဦးမယ်။ ခန္ဓာ တစ်ခုလုံး ငြိမ်သက်နေပေမယ့် – မိမိ စိတ်သန္တာန် တစ်ခုလုံး တွန်းထိုး လှုပ်ရှား နေဦးမယ်။ သူ့ကို မတွန်း နိုင် မလှန်နိုင် ရှိရင်း – သူပြု သမျှ – ခင်ဗျား နုနေရပါဦးမယ်။ သူ့ရဲ့ ကျွန်အဖြစ်က လွတ်မြောက် ဖို့ အခြားတစ်ပါးသူ ကလည်း ကူလို့ ကယ်လို့ မရဘူး။ ဒါ့ကြောင့် လက်ရှိအားဖြင့်- သူ့ရဲ့ လက်အောက် အကူမဲ့ အကယ်မဲ့ ခင်ဗျား တစ်ကိုယ်တည်း အထီးတည်း လိမ့်ပိန့် ကျွန်ခံ ရဆဲ ပဲ။

Read more of this post

ရုတ်ခြည်းဖြစ်ခြင်း (ဝါ) တစ်ဆင့်ချင်း


အသိဥာဏ်ပညာ နဲ့ အသိဥာဏ် အလင်း ဟာ တစ်ဖြေးဖြေး ချင်း ၊ တစ်ဆင့်ချင်း ဖြစ်တာ လား။ ဒါမှ မဟုတ် – ဆာတိုရီ လို ရုတ်ခြည်း ဖြစ်တတ် တာ မျိုးလား။

အသိဥာဏ် အလင်းဟာ သီးခြား ထပ်ဖြစ်လာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ အခြားက ဘယ်တော့မှ မလာဘူး။ ဒါ့ကြောင့် ရုတ်ခြည်း ဖြစ်တာလည်း မဟုတ်သလို၊ တဆင့်ဆင့် မြင့်တက် လာတယ် ဆိုတဲ့ ဖြစ်စဉ်မျိုး လည်း မဟုတ်ဘူး။ အသိဥာဏ် အလင်း (ဝါ) နားလည် သဘော ပေါက်မှု ဟာ ခင်ဗျား ဆီမှာ တည်ရှိပြီးသား ဖြစ်ပါတယ်။ ခင်ဗျား ရဲ့ အခု အချိန် ၊ အခု နေရာ မှာပဲ ရှိတယ်။ အနာဂတ် တစ်ချိန်ချိန် အတွင်း သီးခြား ဖြစ်မယ့် အရာ တစ်ခု မဟုတ်ပါဘူး။

မျိုးစေ့ တစ်စေ့မှာ အပင်ဖြစ်ပွားဖို့ သတ္တိ သယ်ဆောင် ထားသလို၊ အမိဝမ်းမှာ သားငယ် ရှိနေ၊ မွေးဖွားဖို့ ရှိနေသလိုမျိုး ခင်ဗျားလည်း သူ့ကို ခင်ဗျား သန္တာန်ထဲ သယ်ဆောင် ထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒီ အသိဥာဏ် အလင်း ကို ခင်ဗျား အပြင် သယ်ထုတ် နိုင်တယ်။ အဲ့အတွက် ကတော့ ခင်ဗျား အပေါ်မှာသာ မူတည် ပါတယ်။ ခင်ဗျားရဲ့ အစွမ်း သတ္တိ ပြင်းပြအား အပြည့်အဝ ရှိမလား။ ဒါဆို ချက်ချင်း ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ခင်ဗျား အစွမ်း မပြည့်ဝ သေးဘူးလား – ဒါဆို ပြည့်ဝသည် အထိ တဆင့်ဆင့် ဖြစ်ရ ပါလိမ့်မယ်။

ဒါ့ကြောင့် ပြောလေ့ ရှိတဲ့ စကားက -

Understanding never comes to you- you are understanding.
Enlightenment is not something that happens to you – you are enlightenment.
နားလည်သဘော ပေါက်မှုဟာ သီးခြား ဖြစ်လာတာ မဟုတ်ဘူး ။ ခင်ဗျား ကိုယ်တိုင်က နားလည်သဘောပေါက်မှု ဖြစ်တယ်။
အသိဥာဏ် အလင်း ဟာ သီးခြား ဖြစ်တဲ့ ပြင်ပ အရာ မဟုတ်ဘူး။ ခင်ဗျား ကိုယ်တိုင်က အသိဥာဏ် အလင်း ဖြစ်ပါတယ်။

အမှတ်ရ နေဖို့က ခင်ဗျားရဲ့ ရွေးချယ်မှု တစ်ခုတည်း ဖြစ်ပါတယ် ။ Read more of this post

Stop ~ Meditation

Osho

ဘာဝနာ ကို သီးခြား အချိန် ပေး မလုပ် နိုင်ဘူး ဆိုသူ တွေ ရှိတယ်။ ထိထိ ရောက်ရောက် နဲ့ တိုတိုကျဉ်းကျဉ်း ပဲ သိလိုတယ် ဆိုတဲ့ သူတွေ ရှိတယ်။ ဘာဝနာ နည်းနာ တွေ ပုံစံ အမျိုးမျိုး တွေ ကြားထဲမှာ – အခု – ပုံစံလေး တစ်ခု ကို ပြောချင် ပါတယ်။ ထိလည်း ထိရောက် သလို ~ အပို တန်ဆာပလာ သိပ်မပါ ~ ပြောင်ပြောင် တင်းတင်း ခပ်ရှင်းရှင်းပဲ။ အချိန် သီးခြား ပေးဖို့ မလိုသလို၊ နေရာ ဌာန ရွေးချယ် နေဖို့လည်း မလိုဘူး။

၁၉၈၉ ခုနှစ်က စတင်ထုတ်ဝေတဲ့ “Orange Book” စာမျက်နှာ ၅၈ မှာ အိုရှိုး ဖော်ပြထားတာ ဖြစ်ပါ တယ်။ လုပ်ဖို့က လွယ်တယ် ~ နာမည်ကိုက – “Stop ~ Meditation” လို့ တပ်ခေါ် ထားတယ်။

အဲ့ဒီ နည်းက ရိုးရှင်းပါတယ် – တစ်နေ့ ခြောက်ကြိမ် အနည်းဆုံး လုပ်ဖို့တော့ လိုတယ်။ ခြောက်ကြိမ် ဆိုလို့ များတယ် မထင်ပါနဲ့။ တစ်ကြိမ် မှာမှ – စက္ကန့် သုံးဆယ် လောက် ပဲရယ်။ ဒါ့ကြောင့် တစ်နေ့လုံး စာ အနေနဲ့ – ခင်ဗျား ဘာဝနာ ပြုချိန်ဟာ သုံးမိနစ် သာသာပဲ ရှိပါတယ်။ ခင်ဗျား တစ်နေ့တာ အတွက် သုံးမိနစ်လောက် တော့ ထုံ့ပိုင်းပြီး အချိန်ပေးနိုင်တယ် မဟုတ်လား။ ကမ္ဘာမှာ အတိုဆုံး ၊ အကျဉ်းဆုံး ဘာဝနာတွေထဲက ထိရောက်တဲ့ တစ်ခု ဖြစ်ပါတယ်။

ခင်ဗျား လမ်းလျောက် သွားနေချိန်၊ တစ်ခုခု စားနေချိန်၊ အလုပ် အစည်းအဝေး ထဲ အစဦး ရောက်နေချိန် စသဖြင့်- ရရာ ဘယ်အချိန်မှာ ဖြစ်စေ – စက္ကန့် သုံးဆယ်လောက် ရုတ်တရက် အချိန်ယူလိုက်ပါ။ ခင်ဗျား လှုပ်ရှား လုပ်ကိုင်နေတာ တွေ ရှိနေရာက ရုတ်ခြည်း ခင်ဗျား သတိရတဲ့ အခါ တိုင်း အဲ့ဒီ စက္ကန့် သုံးဆယ်လောက်တော့ အချိန်ယူလိုက်ပါ။ လုပ်ရမှာက – ခင်ဗျား လတ်တလော ပြုနေတဲ့ အရာ – ဘယ်အရာ မဆို- အပြည့်အဝ ရပ်တန့် လိုက်ဖို့ပဲ။ အဲ့အချိန်မှာ – မလှုပ် မယှက်တမ်း ရှိနေမယ်။ – လက်ရှိ တခဏ စက္ကန့် သုံးဆယ် စာ လောက်သာ ခင်ဗျား ငြိမ်ငြိမ်လေး ရှိနေဖို့ ဖြစ်ပါတယ်။ Read more of this post

ဘာဝနာ

ဘာဝနာ ဟာ စိတ်အတွေးအကြံ ကင်းရှင်းနေတဲ့ ခင်ဗျားရဲ့ သန္တာန် အခြေအနေ ဖြစ်ပါတယ်။ သိမှု အဖြူထည်နဲ့ အခြား ဘယ်အရာမှ မနွယ်ယှက်ထားတဲ့ အခြေအနေ ကို ဘာဝနာ လို့ ကျနော် ခေါ်ဆိုတယ်။

သာမာန် အခြေအနေ မှာ သိစိတ် ဟာ ညစ်ထေး နေတယ်။ ဖုန်တက် နေတဲ့ မှန် တစ်ချပ် လို မှုန်မှိုင်း နေ တယ်။ မကြည်လင် အရိပ် မထင်နိုင်တဲ့ မှန်တစ်ချပ် ဖြစ်နေပါတယ်။ ဘာလို့ဆို ~ အတွေးအကြံ စိတ်တွေ ဟာ ခင်ဗျား သန္တာန်မှာ တဖြတ်ဖြတ် သွားနေလို့ ပဲ။ အလိုဆန္ဒတွေ ကူးယှက် နေမယ်။ အတိတ်ရဲ့ မှတ်ဥာဏ် ခံစားချက် တွေ ဝင်လာမယ်။ ရည်မှန်းချက်တွေ ဖြတ်သန်း သွားမယ်။ တစ်ခုနဲ့ တစ်ခု တွန်းတိုက် ထိခိုက်တယ်။ အချိန်ပြည့် ရွှေ့လျား လှုပ်ခတ် နေရတယ်။ အဲ့ဒါတွေဟာ နေ့တစ်နေ့ အစကနေ နေ့တစ်နေ့ အဆုံး ထိပဲရယ် ။

ခင်ဗျား အိပ်ပျော်နေချိန်မှာတောင် စိတ် အတွေး တွေက အလုပ်လုပ် နေနိုင်တယ်။ ဆိုလိုတာက အိပ်မက် မက်တယ်။ အိပ်မက် ဆိုတာဟာ လည်း အတွေးအကြံ ပုံစံ တစ်မျိုး ဖြစ်ပါတယ်။ ခင်ဗျား အိပ်မက် ထဲမှာ စိုးရိမ်မှု ရှိနေ နိုင် တယ်။ တွေဝေ ငေးမော ရယ်မော နေနိုင် တယ်။ အိပ်မက် ကနေ ခင်ဗျား နိုးထ လာရင်လည်း နောက်တစ်နေ့ အတွက် တွေးပြန် တယ်။ ဒါတွေ အကုန် လုံး ဟာ ခင်ဗျား စိတ် သန္တာန် မှာ ပြင်ဆင်နေမှု ၊ ကြောင့်ကြမှု တွေသာ အထပ်ထပ် ဖြစ်နေစေတော့ တယ်။

ဘာဝနာ မရှိတဲ့ အခြေအနေလို့ ဒါကို ခေါ်ကြစို့။ အဲ့ဒီ အခြေအနေလေး ရဲ့ ဆန့်ကျင်ဘက် မျှလေး ဟာ ဘာဝနာ ဖြစ်ပါတယ်။ ဘယ် အတွေး အကြံ မှ လှုပ်ခတ် မနေတဲ့ အချိန်၊ အတွေးအကြံတွေ အားလုံး ရပ်တန့်သွားတဲ့ အချိန်၊ ဘယ်အတွေးအခေါ်တွေမှ လှုပ်ခတ် မနေတော့ တဲ့ အချိန်၊ ခင်ဗျားရဲ့ အလိုဆန္ဒတွေ အကုန်လုံး ရပ်တန့်ပြီး ခင်ဗျား အပြည့်အဝ တိတ်ဆိတ် ငြိမ်သက် သွားတဲ့ အချိန် ။ အဲ့ဒီ တိတ်ဆိတ် ငြိမ်သက် သွားမှု ( Silence ) ကို ဘာဝနာ လို့ ကျနော် ခေါ်ဆို ပါတယ်။ အဲ့ဒီ တိတ်ဆိတ် ငြိမ်ဝပ်သွားတဲ့ အတွင်းမှာသာ ခင်ဗျား သစ္စာ တရား ကို သိရှိနိုင်တယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ တွေ့မှာ မဟုတ်ဘူး ။ ဒါ့ကြောင့် ဘာဝနာ ကို “အတွေးအကြံ တို့ လုံးဝ ဆိတ်သုဉ်းနေ တဲ့ အခြေအနေ” လို့ ကျနော် ခေါ်ဆို တယ်။

စိတ်အတွေးအကြံ တွေ အတွင်းမှာ ခင်ဗျား ဘာဝနာ ကို ဘယ်လို မှ ရှာမတွေ့ဘူး။ ခင်ဗျား သန္တာန်မှာ ဘာဝနာ မဖြစ်ပွား နေဘူး။ စိတ် အတွေး တွေက ခင်ဗျား ကို အမြဲ ဝင်ရောက် နှောင့်ယှက် နေလိမ့်ဦးမယ်။ အဲ့ဒီ စိတ်အတွေး တွေ ကို အကြွင်းမဲ့ ဘေးဖယ် ထားနိုင်တဲ့ အခါမှ သာ ဘာဝနာ အစစ်အမှန်ကို ခင်ဗျား ရှာတွေ့ ပါလိမ့်မယ်။ ဘာဝနာ ပြည့်စုံတဲ့ အခါ ခင်ဗျား သန္တာန် ချက်ချင်း အေးကျသွား တယ်။ သတ်မှတ် ကန့်သတ်ချက်တွေ ရပ်တန့်သွားတယ်။ စိတ်ကူး ယုံကြည်ချက် တွေ ဖြတ်သန်း ကုန်ဆုံးသွားတယ်။ “ငါဟာ ဒါပဲ” ဆိုတဲ့ အတွေး စိတ် ပါ ပျောက်ကွယ် သွားကြောင်း တွေ့ရ ပါလိမ့်မယ်။

Read more of this post

စိတ် ကောင်းကင် ဝေယံ က

မိုးကြိုးသွားတစ်ချက်
စိတ်တံခါးကို နှက်တော့
အလို – ကြည့်စမ်း
အိုမင်းမစွမ်းတစ်ဦး
တစ်ကိုယ်တည်း ပျော်မြူးလို့

ဒီကဗျာမှာ ပါတဲ့ အိုမင်းမစွမ်းတစ်ဦး ( The Old man ) ဟာ ဇင် သမားတွေ အတွက် ဘုရားသခင်ရဲ့ ပုံရိပ်လိုမျိုးပါ။ God နဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမယ့် – အခု အများ ယူဆသလို ဖန်ဆင်းရှင် ဘုရားသခင် ကို ဆိုလိုတာ မဟုတ်ဘူး။ ရှေးကျတဲ့ သဘာဝ ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝဟာ ခင်ဗျားရဲ့ သဘာဝလည်း ဖြစ်တယ်။ တကယ် လည်း အဖိုးအိုပါပဲ။

စိတ်သမ္ပဇဉ်ကို ပစ်ချ
အတွေးအခေါ်တွေ ရပ်တန့်
သက်ဝင်နိုးကြား ကြည့်ရအောင်။

တောတောင်နဲ့ ကျေးငှက်သာရကာမှာ
ကန့်လန့်ကာ ခြားဆက် မရှိ
ပကတိ အကြည်သားနဲ့ ဝင်းပလို့။

ကြားဆက်မရှိ
ဆုံကြည့်ရအောင်။

သစ္စာ ဆိုတာ
အခု ဒီနေရာမှာ
လက်ငင်း ဝင်းပ။

ရှာဖွေလို့ မရ
ရှုမြင်လို့သာ ရတဲ့ အရာ
သစ္စာတဲ့ – ဒီနေရာမှာ။

နိုးထကြစမ်းပါ့
အခါခါ လှုပ်နှိုး
ထစမ်းပါ့ ကိုယ့်လူ။

နားလည်တဲ့ တွေးခေါ်စိတ်တွေ
အဝေး မသွား၊ အနီးအပါးတင် ထားခဲ့။
အသိသညာဟာ ပညာကို ဖုံးကွယ် -
အဲ့ အဖုံးအကာတွေ ထားရစ်ခဲ့။

Osho: Clash of Thunder

………………………………..
A : ဒီကဗျာကို မြင်တော့ – ပထမဆုံး မေးခွန်း ပေါ်လာပါတယ်။
How to stop Thinking?
ကျနော်တို့ အတွေးစဉ်ကို ဘယ်လိုရပ်ရမှာလဲ။

ဖြေကြည့်မယ်။

ကျနော်တို့ စိတ်ရဲ့ အတွေးစဉ်ကို ရပ်ပစ်လို့ မရပါဘူး။ အတွေးကို ရပ်တန့်ပစ်ဖို့ မကြိုးစား စေချင်ဘူး။ အကြောင်းက အတွေးဟာ သူ့ အလိုအလျောက်သာ ရပ်တန့်သွား နိုင်တယ်။ ကိုယ်က ပြုပြင်အားစိုက်လို့ မရဘူး။ ဒါကို – အတင်းအကျပ် ပြုပြင်အားစိုက်ပြီး လုပ်ယူရင် ရူးသွားဖို့သာ ရှိပါတယ်။ အဲ့ဒါကို ဂရုပြုစေချင်ပါတယ်။

ဇင် မှာ ပြောလေ့ပြောထ ရှိတဲ့ No-mind အတွေးစိတ် မရှိတော့တဲ့ အခြေအနေ ဆိုတာ အတွေးတွေ ရပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ မဟုတ်ဘူး။ အတွေးစဉ် ဆက်လက်ပြီး မရှိတော့တာ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ရှုပ်သွားလား မသိ။ တစ်နည်း ပြန်ပြောပါမယ်။

စိတ်အတွေးစဉ်ကို ရပ်တန့်ဖို့ အားစိုက် ထုတ်ကြည့်ရင် ပိုပြီး အာရုံ ရှုတ်ထွေး လာတာကို တွေ့ရမယ်။ ဒါမှမဟုတ် သိစိတ်အစဉ်က ဝေဝါး သွားတယ်။ အတွေး အချင်းချင်း ပဋိပက္ခ ဖြစ်ကုန်တယ်။ ဒီထက် လွန်ကဲလာရင် ခင်ဗျား သတိလစ် သွားမယ်။ အဲ့ဒီ အခြေအနေမှာ ခင်ဗျား တော်တော် ကြာကြာ ရပ်တည်ကောင်း ရပ်တည် နေနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဆိုလိုတဲ့ နေရာကိုတော့ ရောက်မှာ မဟုတ်ဘူးရယ်။

တစ်ခါတစ်လေမှာ အချိန် အတိုင်းအတာ တစ်ခု အထိ စိတ်အတွေးတွေ ငြိမ်သက်ကျ သွားနိုင်တယ်။ အဲ့အခြေအနေကို လူတိုင်း နီးပါး လုပ်နိုင်ပါတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ဇင်မှာ ပြောလေ့ရှိတဲ့ No-mind နေရာ မဟုတ်ဘူး။ အဲ့ဒီ အခြေအနေဟာ အဲ့ဒီ ခဏတာ အတွင်းပဲ ရပ်တန့်သွားတာ သက်သက် ဖြစ်ပါတယ်။ သူတို့ကို ပြန်လှုပ်နှိုးရင် ခင်ဗျား နကို အခြေအနေကိုပဲ ပြန်ရောက် လာတယ်။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၂ )

၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ယခင် ( ၁ ) ရဲ့ အဆက်ပါ။ အချို့တွေကို ကျော် ထားခဲ့တယ်။
……………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: အိုရှိုး – ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ယူဆထားပါသလား

A: ( ရယ်မောလျက် ) အိုး – ဘုရားသခင် !!! :) – “ဘုရားသခင်” ဆိုတာ မရှိဘူးဗျ။ အဲ့အတွက် ကျနော့ကိုယ် ကျနော် ဘုရားသခင်လို့ ဘယ်လို စဉ်းစားပေး ရမလဲ။ တကယ်စင်စစ် – ဘုရားသခင် ဆိုတာ လူတွေ ဖန်တီးထားတဲ့ အကြီးကျယ်ဆုံး လိမ်စဉ်ကြီးပါ။

Q: ဘာလို့လဲ။

A: ဘာဖြစ်လို့လဲ ဆိုတော့ – လူတွေဟာ အားကိုးရာ မဲ့နေတယ်။ သေခြင်းတရားကို ကြောက်လန့် နေမယ် ။ ဘဝ ပြဿနာတွေ တပုံတခေါင်း နဲ့ ဝန်ပိ နေကြတယ်။ သူ့ရဲ့ အတိတ်မှာ ( ဒါမှမဟုတ် ) သူ့ရဲ့ အမြင်မှာ – အဖေဖြစ်သူ၊ အမေဖြစ်သူ တွေရဲ့ စောင့်ရှောက်မှု ကို မက်မောတယ်။ ပြန်တမ်းတတယ်။ ဘာတာဝန် မှ ယူစရာ မလို၊ ဘာမှ စိုးရိမ် ကြောင့်ကြ နေစရာ မလိုတဲ့ လှတပတ နေ့ရက်လေးတွေကို မျှော်လင့်တယ်။ သူ့ကို ကြည့်ရှု စောင့်ရှောက်မယ့်သူ တစ်စုံတစ်ယောက် ရှိနေပါစေ လို့ သူ့မှာ ဆန္ဒရှိနေပါတယ်။ ဒါဟာ ကလေးသူငယ် ဆိုင်ရာ စိတ်ပညာပါ။

ဒီ စိတ်စရိုက် သန္တာန်ဟာ ဘာသာရေးလို့ ခေါ်တဲ့ Religion ဘာသာတရားတွေ အားလုံးအပေါ် အရိပ်ထိုး နေပါတယ်။ ဥပမာ – ဘုရားသခင် ကို အဖ ဘုရားသခင် လို့ ဆိုတာမျိုး ရှိတယ် ။ ဘုရားသခင် ကို မိခင် အဖြစ် သတ်မှတ်တဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါဟာ အခြေခံ အနေနဲ့ ကလေး သူငယ် တစ်ယောက် ရဲ့ ရိုးရိုးရှင်းရှင်း စိတ်စရိုက် ပါ။ တကယ့် အစစ်အမှန် သဘောမှာ – ဒါဟာ အခြေအမြစ် မရှိဘူး။ ခင်ဗျား ကြောက်လန့် နေရတဲ့ အခါတိုင်း၊ ခင်ဗျား ပြဿနာ အကျဉ်းအကျပ်ထဲ ရောက်ရတဲ့ အခါတိုင်း ခင်ဗျား အကူအညီ လိုနေတယ်။ အကူအညီ ရှာတယ်။ ဒါပေမယ့် အကူအညီ ဆိုတာ ဘယ်တော့ မှ ရောက်မလာ ခဲ့ဘူး။

လက်ဝါးကပ်တိုင် ပေါ်က ယေရှု ခရစ်တော်ဟာ လည်းပဲ အကူအညီ မျှော်လင့် စောင့်စား ခဲ့သေးတာပဲ မဟုတ်လား။ နောက်ဆုံးမှာ စိတ်ပျက် သွားတယ်။ ညည်းတွား ရေရွတ်တယ်။ “အဖ ဘုရားသခင်၊ အရှင် အကျွန်ုပ်ကို လျစ်လျူရှု နေပါသလား” လို့ သူပြောခဲ့တယ်။ ဒီမေးခွန်း ပေါ်လာတာ ဟာ သူ့ အတွေးမှာ အကြီးမားဆုံး သံသယ ပေါ်လာခဲ့ လို့ပဲ။ တကယ့် လက်တွေ့ မှာ ဘာမှ ဖြစ်မလာခဲ့ဘူး။ သူ ဘုရားသခင်ကို နှစ်ပေါင်း များစွာ ယုံကြည်လာခဲ့တယ် – ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မယ်လို့ သူ ထင် ထားခဲ့တယ်- ဘာလို့ဆို သူဟာ ဘုရားသခင် ရဲ့ တစ်ဦးတည်းသော သားတော်လို့ သူလက်ခံထားလို့ပဲ ။ ဒါပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ဘူး။

Read more of this post

အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၁ )

လုပ်ကြံမှု တစ်ခုကြောင့် ကျန်းမာရေး ထိခိုက် လာခဲ့ပြီး မကြာခင်မှာ အိုရှိုး ဟာ တရား ဟောပြောမှု မလုပ်ဘဲ နေဖြစ်သွားခဲ့တယ်။ သူ ဘာမှ မပြောဘဲ နေ သွားခဲ့ တာဟာ နှစ် အတန်ကြာ ပါတယ်။ ယင်းနောက်မှ တရား ဟောပြော မှု ပြန်လည် စတင်လာခဲ့ တယ်။ အဲ့ဒီလို ပြန်လည် ပြောဆို လာတဲ့ နောက် – အမေရိကန် ABC Network , Good Morning America က တာဝန်ရှိသူ တစ်ယောက် – မေးခွန်း အချို့နဲ့ အတူ ရောက် လာပါတယ်။

အောက်ဖော်ပြပါ စာဟာ ၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ အဲ့ဒီ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ကျနော့ အမြင်လေး နည်းနည်း ပြောချင်ပါတယ်။ ဒီ မေးမြန်းခန်းမှာ ဂျာနယ်လစ် ခါရှီဝါဟရာ ဟာ ပါးနပ်လိမ္မာတဲ့ သတင်းစာ ဆရာတစ်ယောက်၊ အင်တာဗျူး သမား တစ်ယောက် ပါ။ အိုရှိုးကို မေးတဲ့ အချို့မေးခွန်း တွေဟာ ကြောက်ခမန်း လိလိ – ချောင်ပိတ် မေးခွန်း၊ လမ်းကြောင်းပေး မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေ အပေါ်မှာ အိုရှိုး ဖြေကြားသွားပုံ ကလည်း ရှင်းလင်း နေတယ် လို့ မြင်မိတယ်။ သူတို့ နှစ်ယောက်ရဲ့ အမေးအဖြေ အချို့ Youtube မှာလည်း ရှိပါတယ်။ ကျနော် အောက်ဆုံးမှာ ရသလောက် လင့်ခ် ပေးထားပါမယ်။ အိုရှိုးရဲ့ ဟန်အမူအရာ၊ မျက်လုံး ကစဥ့်ကလျား ဖြစ်မှု မဖြစ်မှု၊ စကား လစ်ကွက်၊ ဟာကွက် ရှိမရှိ စသဖြင့် ကျနော် စေ့စေ့ စပ်စပ် လိုက်ကြည့် ခဲ့ဖူးတယ်။ ကျနော် ရှာမတွေ့ခဲ့ပါဘူး။ အိုရှိုးရဲ့ အေးဆေး တည်ငြိမ်တဲ့ အသွင်၊ ဟန်ပန်၊ လေသံ၊ စကားတွေပဲ ကျနော် မြင်ခဲ့ရတယ်။

ဆရာနှစ်ပါးရဲ့ အမေးအဖြေခန်း တွေက များပြားတယ်။ ကျနော် အတတ်နိုင်ဆုံး ခွဲပြီး ရေးသွားပါမယ်။ အချို့ မလွှဲသာ တဲ့ အချက်အလက် တွေ ဖယ်ချန် ထားရတာမို့ ကျနော် အပြည့်အဝ ပြန်ဆို ထားတာ မဟုတ်ကြောင်း နားလည်ပေး စေချင်တယ်။

………………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: ဆရာအိုရှိုး။ ပြီးခဲ့တဲ့ နှစ် အနည်းငယ် လောက်က ခင်ဗျား ဘာမှ မပြော ၊ ဘာမှ မဟောကြားတော့ဘဲ နေသွားခဲ့တယ်။ အခု မကြာသေးမီ ကမှ တရား ဟောပြောမှု ပြန်စလာတာ တွေ့ရပါတယ်။ ခင်ဗျားရဲ့ တပည့်တပန်းတွေနဲ့ ကျနော်တို့ အပါအဝင် အားလုံးကို ဒီကနေ့ ခင်ဗျား စကား ပြန်လည် ပြောဆိုနေပြီ ဖြစ်ပါတယ်။ စကားပြန်ပြောဖို့ ၊ တရားပြန်ဟောဖို့ ဘယ်အကြောင်းကြောင့် ဆုံးဖြတ် ဖြစ်သွားတာလဲ။

Read more of this post

Follow

Get every new post delivered to your Inbox.