ဂေါဏေ သည် ဂေါဏော ၏ ~
May 8, 2012 Leave a comment
How Can A Troubled Mind
Understand The Way?ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ
လမ်းကို ဘယ်လို မြင်မလဲ~
စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။
ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေး ဖို့ ဗုဒ္ဓ ရှိနေတာ လည်း မဟုတ်ဘူး။ ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြားစွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် – အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံး ကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။
လူသားတွေ ကြားထဲ အကြီးမား ဆုံး ပြဿနာ တွေ ထဲက တစ်ခု ကို ထုတ်ပါ ဆိုရင် ~ လူအများ ဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြား စွာ ကြိုတင် စုဆောင်း တတ် တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့် ကို လူ့အဖွဲ့အစည်း တိုင်း မှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်း မှာ အဲ့ဒီ စိတ်ကူး အတွေးတွေနဲ့ အဖြေတွေ သာ စုဆောင်း မျှော်လင့် ထားတယ်။ အဲ့လို အမေး ပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေ တစ်ခု ပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့် တယ်။
အမေးပုစ္ဆာ တိုင်း အတွက် အဖြေတွေ ထပ်ဖြည့်ပေး မယ့် အစား၊ ဖြေရှင်းချက်တွေ၊ အဌကထာ ဋီကာ တွေ ထပ်ဖြည့်စွက် ပေးတဲ့ အစား ~ အဆင်သင့် စုဆောင်းပြီး အဖြေတွေ ကိုပါ ဖျက်ချ ရင်း၊ အနုမာန အယူအဆ တွေကို ထိုးခွင်း ဖယ်ချပစ်သူက ဗုဒ္ဓ ဖြစ်ပါ တယ်။ ဒါ့ကြောင့် လည်း အိန္ဒိယ ဟာ ဗုဒ္ဓကို ဘယ်လိုမှ ခွင့်မလွှတ်နိုင် ခဲ့တာ ဖြစ် တယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး တာနဲ့ တစ်ပြိုင်နက်၊ အိန္ဒိယ နိုင်ငံရဲ့ အစဉ်အလာ ဓလေ့ ထုံးတမ်း တွယ်ညိ စိတ်၊ အယူအဆ လက်ကိုင် ထား စိတ်ဟာ – ဗုဒ္ဓ ပြုစု ပျိုးထောင် ခဲ့ တဲ့ အရာတွေ ကို မြေလှန် ဖျက်ဆီး ပစ်တော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင် စိုက်ပျိုး ခဲ့တဲ့ – အဲ့ဒီ အိန္ဒိယမြေပေါ် က နှင်းဆီပန်းခင်း ပေါင်း များစွာ ဟာ မီးလောင် ပြာကျ သွားကြ တယ်။ အဲ့ဒီ တိုင်းပြည် ကနေ ဗုဒ္ဓ ဘာသာ ကွယ်ပျောက် သွားခဲ့ရ တာဟာ ကနေ့ အထိ ပဲ ဖြစ်ပါတယ်။
ဗုဒ္ဓ ဟာ အိန္ဒိယ ပြည်ရဲ့ အထွန်းတောက်ဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အမှတ်အသား အားလုံး – အကာအကွယ်မဲ့ တိုက်ဖျက် ခံခဲ့ရတယ်။ ဗုဒ္ဓ ရဲ့ ညွှန်ပြ သွန်သင်ချက်တွေ ဟာ – တိုင်းတပါး မှာသာ ထောက်တည် ကပ်ရောက် နေရ တော့ တယ်။
ဒါဟာ မတော်တဆ ကြုံဆုံ ရတဲ့ ထူးထူးခြားခြား သမိုင်း ဖြစ်ရပ် မဟုတ်ပါဘူး။ လူ့သမိုင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ယေဘုယျ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါ တယ်။ ယေရှု ခရစ်ကို ဂျူး တွေ က ပြစ်တင်မောင်းမဲ တယ်။ ဒီ ဂျူးတွေပဲ ကားစင်တင် သတ်ဖြတ် ပစ်ခဲ့တယ်။ ဒါပေ မယ့် ယေရှု ခရစ်ဟာ ဂျူးတွေထဲကမှ ထိပ်ဆုံး၊ ကနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဂျူးတွေအများကြီး ထဲ အထွန်းတောက် ဆုံး ဖြစ်ပါတယ်။ ဒါပေ မယ့် အဲ့သည် အချိန်က သူ့ကို ဂျူးတွေ ဘာလို့ ငြင်းပယ် ခဲ့ကြသလဲ။ တကယ် က – သူတို့ လူမျိုးမှာ ရှားရှား ပါးပါး ပေါ်ထွန်းလာတဲ့ သူ့လို လူ အတွက် ဝမ်းသာ အယ်လှဲ ဖြစ်နေသင့်တယ် ။ အခြားလူမျိုးတွေထက် ကြီးမြတ်လှပါလားလို့ – ပျော်ပျော် ရွှင်ရွှင် အောင်ပွဲ ခံနေ သင့်တယ် မဟုတ် လား။ ဒါပေမယ့် သူတို့ မဖြစ်ခဲ့ဘူး။ အဲ့ဒါထက်- ခွင့်တောင် ခွင့်မလွှတ်နိုင်ခဲ့ဘူး။
ယေရှုခရစ် ရှင်သန် ရှိနေတာဟာ – သူတို့ အတွက် သိမ်ငယ် ကြောက်ရွံ့စရာ တစ်ခုလို ခံစားခဲ့ တယ်။ Read more of this post





