ဇေယျ ဖြစ်မဖြစ်

ဒီကိစ္စက ထင်သလောက် မလွယ်ဘူး။ တစ်ယောက်သောသူ က “ခင်ဗျား ဘယ်သူလဲ” လို့ မေးရင် ~ ကျွန်တော်က “ကျွန်တော် ဇေယျ ပါ” လို့ ဖြေမယ်။ အဲ့ဒီမှာ မေးသူက မယုံရင် အခြား ပုဂ္ဂိုလ်တွေကို လိုက် မေးမယ်။ ကျွန်တော်ကို လက်ညှိုး ထိုးပြီး ပြောမယ်။ “သူ ဘယ်သူလဲ”။ သူတို့က လည်း ကျွန်တော် ဟာ “ဇေယျ ပါ” လို့ပဲ ပြောကြမှာပဲ။

အချို့က သည့်ထက် ပိုပြီး ကျွန်တော် “ဇေယျ ဟုတ်သလား” ဆိုတာကို သိချင် တော့ မှတ်ပုံတင် ကတ်ပြား တောင်းကြည့် မယ်။ မှတ်ပုံတင် ကတ်ပြား ထဲမှာ ကျွန်တော် ငယ်စဉ်က ရိုက်ထားတဲ့ ပုံ ပါတယ်။ ကျွန်တော်ဟာ “ဇေယျ” ဖြစ်တယ် လို့လည်း ဆိုမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ “ဇေယျ” ဖြစ်ကြောင်း အားလုံး လိုလို က လက်ခံ သွားကြ တယ်။

ကျွန်တော့် အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့။ အဲ့ဒီလို စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်နေတဲ့ အချိန်မှာ လူတစ်ယောက် က လာပြီး ကျွန်တော် ဟာ “ဇေယျ” မဟုတ် ပါဘူး လို့ ပြောပြန် တယ်။ ဒီတော့ ရှင်းနေ တဲ့ ပြဿနာက ပြန်ရှုပ်သွားရတယ်။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ကျွန်တော့် ကို ထောက်ခံ မယ့် သူတွေ ကလည်း အများသား။

သူတို့ အားလုံးကပဲ စုဝေး လာကြပြီး၊ ကျွန်တော် ဟာ ဇေယျ ဖြစ်ကြောင်း ထောက်ခံ ပြောကြ တယ်။ လူ တစ်ယောက် က ဆိုရင် ကျွန်တော့် မှတ်ပုံတင် ကို ကိုင်ပြီး “ဒီလူ ဟာ ဇေယျ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလဲ” လို့ ဒေါသ တကြီး ပြော တယ်။ တစ်ယောက် ကတော့ “မှတ်ပုံတင် မပြနဲ့။ မှတ်ပုံတင်က ရုပ်ငယ်တယ်။ အခု ရုပ်က ကြီးတယ်။ ဒါပေမယ့် အများက “ေဇယ်” ဆို “ေဇယ်” လိုက်ပေါ့” လို့ ပြောတယ်။

အဲ့အခါ ကျွန်တော့ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့သူ က မေးခွန်း တစ်ခု မေး ပါတယ်။ “ဒီရွာမှာ ပညာ အရှိဆုံးသူ က ဘယ်သူလဲ” တဲ့။ အဲ့အခါ အများက “ဒီရွာမှာ ပညာအရှိဆုံး သူဟာ ရွာ ဦးကျောင်း ဆရာတော်ကြီး ဖြစ်တယ်” လို့ ပြောကြ တယ်။

အဲ့ အခါ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူးလို့ ပြောတဲ့ သူက – “ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားပြီး ဆရာတော့် အဆုံးအဖြတ်ကို ခံယူမယ်” လို့ ပြောတယ်။

ဒီ အဆိုပြုချက် ကိုတော့ ဘယ်သူမှ မငြင်းရဲဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားကြတယ်။ အဲ့ဒီလို သွားတတယ် ဆိုပေတဲ့- ကျွန်တော်တို့ အားလုံး ရိုးရိုး တန်းတန်း သွား တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့် ကို သေသေ ချာချာ ရေမိုးချိုး ပေးတယ်။ ပိုးပုဆိုး ကို ဝတ်၊ ကတ္တီပါ ဖိနပ် စီးခိုင်းတယ်။ ခေါင်းကိုလည်း ကျကျနန ဆီလိမ်း တယ်။ သပ်သပ် ရပ်ရပ် ဖြီး သင်တယ်။

အဲ့တော့ ကျွန်တော်တို့ အုပ်စု ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက် က “ကိုဇေယျကြီး ဒီလို ဆို တော်တော် ချောတာ ပဲ” လို့ ပြောတယ်။ ဒီလို ပြောလိုက် လို့ – ကျနော့ကြောင့် နဲ့ပဲ – သူတို့ ရည်းစား ချင်း ရန်ဖြစ်ကြသေးတယ်။ ကောင်မလေးက – “ချောတယ် ပြောတာ က ကြိုက် တယ် ပြောတာ မှ မဟုတ်တာ။ ဒါလောက် သဘောထား မသေးနဲ့” လို့ သူ့ကောင်လေး ကို ပြော တယ်။

ကောင်လေးက “ငါကလွဲရင် မင်းအဖို့ ဘယ်ယောင်္ကျား မှ မရှိ ရဘူး။ ငါက မင်းရဲ့ တစ်ယောက် တည်း သော ယောင်္ကျားပဲ” လို့ ဆိုတယ်။ ဒါပေမယ့် ကောင်မလေး က အာဂ ကောင်မလေး။ “ရှင့် အပြင် ကျွန်မ အဖေက ယောင်္ကျား မဟုတ် ရတော့ ဘူးလား။ ကျွန်မက မိုးပေါ်က ကျလာရမှာလား” လို့ မေးတယ်။ အဲ့ဒီ မှာတင် မနေသာ တော့တဲ့ ကောင်မလေး အမေက ~ “စကားမများ ကြနဲ့။ အခုက -”ဇေယျ ဟာ ဇေယျ ဟုတ်သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ။ ငါ့သမီး အဖေ ~ ငါ့ယောင်္ကျား ဟာ “ယောင်္ကျား ဟုတ် သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ မဟုတ် ဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဖြစ် မဖြစ် ဆရာတော်ကြီး ကို သွား လျောက်ထား ဖို့ မလိုဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဆို တာ ငါ အသိဆုံး၊ ငါ့ထက် သိတဲ့သူ ဘယ်သူမှ မရှိဘူး။ ငါ့ထက် သိတဲ့ လူရှိရင် လည်း အဲ့ဒီ ကောင်မတော့ သေရော့ပဲ” လို့ ပြောတယ်။ အဲ့မှာ တင် ယောင်္ကျား မိန်းမ ပြဿနာ အဆုံးသတ် သွားတယ်။ Read more of this post

မဟောင်းတဲ့ အမြင်သစ်

ကျနော် မြတ်နိုးတဲ့ ဆရာတစ်ပါး – ဒဿနိက ဗေဒ ပါမောက္ခ ဆရာဒေါက်တာ ခင်မောင်ဝင်း ရဲ့ ဆောင်းပါး စာတိုလေး တစ်ပုဒ် ဖြစ်ပါ တယ်။ မူရင်း ဆောင်းပါး အမည် ကလည်း “မဟောင်းနိုင်သော အတွေးအမြင်သစ် တစ်ရပ်” လို့ ပေးထား တယ်။ “အနောက်တိုင်း ဒဿနဗေဒ ကို မြန်မာ့ မျက်စိဖြင့် ကြည့်ခြင်း” အတွဲ (၂) ရဲ့ အစမှာ ပါရှိပါ တယ်။

ဆရာ့ အမြင်က ရိုးတယ်။ မေးခွန်း အချက်တွေက ရှင်းတယ်။ ကျနော့ အမြင် အရ – ဆရာ့ မေးခွန်းတွေဟာ အစွမ်း သတ္တိ ရှိနေပါတယ်။ ။ အဲ့ဒီ ရိုးရှင်းတဲ့ စကား အပေါ်မှာ ထင်ဟပ်နေတဲ့ သူ့အမြင် ၊ သူ့မေးခွန်း တွေ ကို ကျနော် ကြိုက် တယ်။ ပို စိတ်ဝင် စားတာက ဆရာ မေး တဲ့ မေးခွန်း တွေ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးရဲ့ အဆုံးသတ်နား လောက် မှာ အဲ့ မေးခွန်း တွေ ပါဝင်တယ်။ ဆရာ့စကားကို ဆက် စဉ်းစား တာ မစဉ်းစားတာ ကျနော် မပြောလိုပါဘူး။ – မြင်အောင် မကြည့်သင့်ဘူးလား လို့ အတွေး ရောက်လို့ တင်ပါတယ်။ အားလုံးကို – ကျေးဇူး တင် တယ်။

ဇေယျ

……………..

မဟောင်းနိုင်သော အတွေးအမြင်သစ် – ဒေါက်တာ ခင်မောင်ဝင်း (ဒဿန)

ဥရောပ တိုက်မှာ စက်မှုတော်လှန်ရေး ဖြစ်တယ်။ လူတွေက လူသုံးကုန် ပစ္စည်းတွေ တော်တော်များများ ထုတ်လုပ် လာနိုင်တယ်။ အဲ့အခါ လူတွေ ရဲ့ မျှော်လင့်ချက်လည်း မြင့်မား လာတယ်။ စက်မှု တော်လှန်ရေး ခေတ် မတိုင်မီက လူတွေ ထင်ကြတာက လူတွေ အချင်းချင်း စစ်ဖြစ်ကြတာဟာ လူသုံးကုန် ပစ္စည်း ဖူဖူ လုံလုံ မရှိလို့ဘဲ လို့ ထင်ကြတယ်။

အခု စက်မှု တော်လှန်ရေး ဖြစ်ပြီးပြီ။ လူသုံးကုန် ပစ္စည်းတွေလည်း ဖူဖူလုံလုံ ထုတ်လာပြီ။ ဖြစ်လာတဲ့ ပြဿနာတွေက ပစ္စည်း မဖူလုံ တဲ့ ပြဿနာ မဟုတ်တော့ဘူး။ ပစ္စည်းတွေကို လိုတာထက် ပိုထုတ်နိုင်တဲ့ နိုင်ငံတွေက သူတို့ရဲ့ ပိုလျှံတဲ့ ပစ္စည်းတွေ အတွက် ဈေးကွက် ရှာကြ တဲ့ ပြဿနာ ဖြစ်လာတယ်။ ဒီ ဈေးကွက် ရှာတဲ့ ပြဿနာက ပစ္စည်း ဖူလုံမှု မရှိတဲ့ ပြဿနာထက် ပိုကြီးမား လာတာ ကို တွေ့ရ တယ် ။ ဒီတော့ ဘာဖြစ်လာသလဲ။ ပိုလျံနေတဲ့ ပစ္စည်း အများကို ပိုင်ကြတဲ့ နိုင်ငံ အချင်းချင်း ရန်ဖြစ်ကြတယ်။ ဒါနဲ့ပဲ “ပထမ ကမ္ဘာ စစ်ကြီး” ဆို တဲ့ စစ်ကြီး ဖြစ်လာပါတယ်။ ဒီ “ပထမ ကမ္ဘာစစ်ကြီး” ကို “ကမ္ဘာစစ်ကြီး” ဆိုပေမယ့်လည်း တကယ်ကတော့ “ကမ္ဘာ စစ်ကြီး” မဟုတ်သေး ပါဘူး။ ဥပမာ – ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပထမကမ္ဘာစစ်ကြီး တုန်းက စစ်ဒဏ်ကို မခံခဲ့ရဘူး။

ဒုတိယကမ္ဘာစစ်ကြီး ကမှ ပိုမို ကျယ်ပြန့်တဲ့ စစ်ကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လည်း ပါလာတယ်။ စစ်တလင်း ဖြစ်ခဲ့ ရတယ်။ နိုင်ငံကြီး တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မျက်နှာ ချိုသွေးတယ်။ ဝါဒ ဖြန့်ခဲ့ကြတယ် ။ ဒါပေမယ့် သူတို့ရဲ့ အရင်းခံ ရည်မှန်းချက် ကတော့ မိမိ တို့ရဲ့ ဈေးကွက်ကို ပိုမို တိုးချဲ့ရေး ပဲ ဖြစ်တယ်။ Read more of this post

လူစီးယာဉ်

လမ်းထိပ် ပလက်ဖောင်းပေါ် ထွက်လာခဲ့တော့ မြင်ကွင်းတွေ စုံသွားတယ်။ တစ်ဝီဝီ သွားနေတဲ့ ကားတွေက တစ်ခုခုကို စိုးရိမ်တကြီး ကြောင့်ကြ နေကြသလိုလို။ လူတွေကလည်း တစ်နေရာမှာ တစ်ခုခု ဖြစ်တော့မယ့် မျှော်လင့်ချက် မျက်နှာထားမျိုးနဲ့ ဥဒဟို။ သာမာန်နေ့တွေ သာမာန်လို ပေမယ့် ဒီကနေ့တော့ ကျနော် တွေးကြည့်မိတယ်။ ဘာဖြစ်နေကြလို့ပါလိမ့်။

ကျနော်နားမလည်။

အနောက်နိုင်ငံမှာ စစ်အာဏာရှင် ကဒါဖီကို ဖမ်းမိမယ် မမိဘူး၊ သတ်ပစ်မယ်၊ မသတ်ဘူး အငြင်းပွားနေရချိန် – အိမ်က အိုးမှာ ဆန်ရှိသေးတယ် မရှိတော့ဘူး တွေးပူရတဲ့သူတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နျူလက်နက် ထိန်းသိမ်း ကန့်သတ်ရေး အပြင်းအထန် ဆွေးနွေးနေရချိန်မှာ ဂတ်စ်ဖိုးနဲ့ နေ့တွက် မကိုက်လို့ အိမ်ပေါက်ဝမှာ ခေါင်းငိုက်စိုက် ဖြစ်နေရမယ့်သူတွေလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ဟိုတစ်လောက ငယ်သူငယ်ချင်း တစ်ယောက်နဲ့ မထင်မှတ်ဘဲ လမ်းမှာဆုံတယ်။ အမှတ်တမဲ့ တွေ့ရတာမို့ ဝမ်းသာအယ်လဲ ။ တစ်ယောက် အကြောင်း တစ်ယောက်မေးဖြေစ်တယ် ။ မထိုင်ဖြစ်တာ ကြာခဲ့တဲ့ လဘက်ရည်ဆိုင် ၊ သူနဲ့ အတူသွားထိုင်ဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်၊ သာကြောင်းမာကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းတွေပေါ့။ မင်းအခု ဘာလုပ်နေလဲကွ လို့ ကျနော်မေးမိတော့ သူ့မျက်နှာထားက နည်းနည်းငြိမ်သွားတယ်။- ငါက အိမ်ထောင်နဲ့ ကလေးနဲ့ကွတဲ့။ ရယ်မောနေတဲ့ စကားသံတွေ တုန့်ရပ်။ ငှဲ့နေတဲ့ ရေနွေးကရား က အပူငွေ့တွေလည်း လောလောလတ်လတ် အေးစက်သွားမယ် ( ထင်ပါတယ် ) ။ စကားဝိုင်းက မဆိုစလောက်ကလေး ရပ်သွားတယ်။ ရပ်သွားတဲ့ စကားစကို ကျနော်ကပဲ တခဏချင်း ပြန်ဆက်လိုက်ပါတယ်။ Read more of this post

အီနားရှား အက်ဆေး

နားမလည်ခဲ့ပါ။ ကျနော်နားမလည်၊ ခင်ဗျား-နားမလည်၊ အခြားသူများလည်း နားမလည်ပါ။

ငါ့ကို သူနားမလည်ပါလားဟု တွေးရင်း တွေးရင်း – အလုံးအရင်း ၊ ထုနှင့် ထည်နှင့် နားမလည်သည် ဖြစ်၍ ကိုယ့်ကိုယ်ကိုယ်လည်း ပြန် နားမလည်ခဲ့။

ရက်လည် တွင် ဆွမ်းသွတ်ပြီး သာဓုခေါ်နေဆဲ ခဏ – မီး အမြိုက်ခံလိုက်ရသည့် အသုဘ ကောင်ကဲ့သို့ -တုန်တုန်ရင်ရင် ၊ တအံ့တဩ နားမလည်ခြင်းမျိုး ဖြစ်နိုင်သည်။

မအူမလည်ကောင် တစ်ကောင် – မလည်ရှုပ် လုပ်ရင်း လူမိ သွား သကဲ့သို့ ခပ်ပါးပါး လျားလျား – နားမလည်ခြင်း မျိုးလည်း ဖြစ်နိုင်သည်။

ကျွန်တော့်ကို နားမလည်ရကောင်းလား ဟူ၍ နားမလည်သလိုသာ ကြိတ်မှတ်ပြီး တွေးရင်း သူ့ကို နားမလည်ပေးနိုင်တော့ သကဲ့သို့ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ပြန်နားမလည်တော့။ ယခု အတော်များများ နားမလည်ကြခြင်းမှာ ယင်းအကြောင်းကို အခြေခံ၍ လိပ်ပတ်လည်အောင် ကြိုးစားရင်း နားမလည်ခြင်း ဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ နားလည်ကြသည် ဆိုသူများ ကြားတွင် နားမလည်မှုများ အုံနှင့် ကျင်းနှင့် ဖြစ်ပွားလျက်ရှိနေပါသည်။ ဤဖြစ်ရပ်ကို သူနားလည်ခဲ့သလား၊ ကျနော် နားလည်ပါသလား။ ခင်ဗျားရော နားလည် ခဲ့ပါသလား။ သေချာသည်ကတော့ ဘယ်သူမှ နားမလည်ကြဟန် တူသည်။

Read more of this post

ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ

တကယ်ဆို မခင်နှင်းဆီ နှင့် ကျနော် မတွေ့ဖြစ်သည်မှာ တော်တော် ကြာပြီ။ အတိအကျ ဆိုရလျှင် ဆယ်စုနှစ် ပြည့်ပြီ ဟု ဆိုရမည်။ လူချင်း မတွေ့ရသော်လည်း သတင်းတွေ ကြားနေရပါသည်။ ဤသည်ကပင် တော်လှပြီ။ အရင်လို လှတုန်းပဲလား မသိ။

ကနဦး အစက မခင်နှင်းဆီတို့ မိသားစု စီးပွားရေး အခြေအနေမှာ အသင့်အတင့် ကောင်းသည်။ ပြေပြေလည်လည် ရှိသည်။ အချမ်းသာကြီး မဟုတ်သော်လည်း နယ်တစ်ဝိုက်တွင် သူရို့ မိသားစု နှင့် မကင်းရာ မကင်းကြောင်းများ ရှိကြသည်။ ကြွေးမြီ လက်ငှား ချထားပေးနိုင်သည်။ မခင် နှင်းဆီ တို့ ဖခင် ကွယ်လွန်ပြီးသည့် နောက်ပိုင်း အိမ်၏ အရေးအရာ မှန်သမျှကို ဦးလေး ဖြစ်သူက ဦးစီးခဲ့သည်။ သို့သော် အဦးစီး အကွပ်ကဲ ညံ့သည် ဟုပင် ဆိုရမည် ထင်သည်။ အစီးအပွားလည်း တဖြည်းဖြည်း ယုတ်လျော့သွားခဲ့သည်။ စကားမစပ် – ထိုအချိန်က မခင်နှင်းဆီသည် အပျိုဖော်ဝင်စ – တော်တော်လှပါသည်။ ယခုတော့ မသိ။

ဖခင်ကြီး ရှိစဉ်က မခင်နှင်းဆီကို ရွှေလိုဥ ၊ ဖူးဖူးမှုတ် ထားကြသည်။ ပညာရေးကိုလည်း လိုလေသေးမရှိ အားပေးသည်။ သူကလည်း ကြိုးစားပါသည်။ တစ်ဆွေလုံး တစ်မျိုးလုံးမှာလည်း သည်တစ်ယောက်က ထွန်းထွန်းတောက်တောက် ရှိသည်မို့ မျှော်မှန်းချက် ကြီးခဲ့ကြသည်။ ဦးလေး ဖြစ်သူ ကွပ်ကဲ တာဝန်ယူသည့် နောက်ပိုင်းတော့ မခင်နှင်းဆီ၏ နောင်ရေး အရောင် မှိန်သွားသည်။ “လင်ကောင်းသားကောင်း ရလျှင် ပြီးသည်။ အဓိကက သားကောင်းမိခင် ဖြစ်ဖို့ နှင့် စီးပွားရေး တောင့်တင်းဖို့သာ လိုအပ်သည်” ဟူသော ဦးလေး ဖြစ်သူ၏ မူဝါဒ ကြောင့် အရင်တစ်ချိန် မခင်နှင်းဆီ တို့ ဖူးဖူးမှုတ်ခံရသမျှ ကြမ္မာဆိုး မုန်တိုင်း စမွှေသည် ဟုပင် ဆိုရမည်။ မိသားစုဝင် ဘယ်သူမှလည်း ဘာမှ မပြောရဲကြ။ ပြောမည် ဆိုမည် ဆိုလျှင်လည်း လူမညီကြ။ ခြေစလက်စ ရှိသူ ၊ မကျေမနပ် ရှိကြမည့်သူများမှာ ဦးလေး ဖြစ်သူ၏ ပါးနပ်မှုကြောင့် တစ်ဖက်လှည့်နှင့် မြို့ရောက်ကုန်ကြသည်။ Read more of this post

ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

ဆရာမြင့်သန်း ရေးပါသည်။

ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။

ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။

တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။

ရိုသေပြတယ်ဆိုတာ ... အရင်လူက နောက် လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ ရအောင် ထွင် ထားခဲ့တာ။

တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။

ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။

Read more of this post

ယနေ့ စာပေ ဝေဖန်ရေး

ကိုယ်ခံစားရသည်ကို ဖော်ပြခြင်းသည် ဝေဖန်ခြင်း မဟုတ်။

အောက်ပါ “ယနေ့ စာပေ ဝေဖန်ရေး” စာကို ဆရာဇော်ဇော်အောင် ရေးပါသည်။ စာပေ ဝေဖန်ရေး ဆိုသည်မျိုးကို ကျနော် ဘလော့ ပေါ်တွင် အတတ်နိုင် ဆုံး ရှောင်ပါသည်။ အခု တင်ဖြစ်သည်။ အကြောင်းရှိပါသည်။

တင်ဖြစ်ရသည့် အကြောင်းတွေက တစ်ခု မက ပေါင်းဆုံပါသည်။ အနီးစပ်ဆုံး ဥပနိဿယ ကို ဆိုရလျှင်တော့ ဘလော့ဂါလေး တစ်ယောက် ဖြစ်သည့် ကျနော့ ညီမ တစ်ယောက် ဘာမသိညာမသိ အဝေဖန်ခံလိုက်ရသည် ကြားမိ၍ ဖြစ်သည်။ ကျနော်တို့ အွန်လိုင်း ပေါ်မှာ စာရေးသည် ဖြစ်စေ၊ ပရင့်တက်မီဒီယာတွင် စာရေး သည် ဖြစ်စေ ရေးသည့် စာရှိလျှင် ဖတ်သည့်သူ ရှိမည်။ ဖတ်သည့်သူ ရှိလျင် ဝေဖန်မည့်သူလည်း ရှိမည်သာ ဖြစ်သည်။ သို့သော် စာရှိ၍ စာဖတ်သူ ရှိခြင်း သည် ရိုးစင်း သော်လည်း စာဖတ်သူ ရှိ၍ ဝေဖန်မှု ရှိရခြင်းကမူ ထင်သလောက် မရိုးရှင်းလှ ဟု ထင်သည်။

စာဖတ်သူ တစ်ဦး တစ်ယောက်က မိမိဖတ်သောစာကို ကြိုက်ချင် ကြိုက်မည် ။ မကြိုက် ဘဲလည်း နေနိုင်သည်။ စာဖတ်သူတွင် အခွင့်အရေးက လွတ်လပ်စွာ တည်ရှိသည်။ စာရေးသူကလည်း အလားတူ။ ၎င်း ရေးချင်သော စာကို ရေးပေလိမ့်မည်။ ၎င်းရေးပြီး စာကို ၎င်းဘာသာပင် မကြိုက်ဘဲလည်း နေနိုင်သည်။ ၎င်း တစ်ယောက်တည်း ကြိုက်မည်ဆိုလျှင်လည်း ကြိုက်နိုင်သည်။ စာရေးသူ၏ လွတ်လပ်သော အခွင့်အရေးသာ ဖြစ်သည်။

ပြောရန်လိုသည်က ဝေဖန်ရေးဖြစ်သည်။ “ဒီဟာကို ငါမကြိုက်ဘူးကွာ” ပြောရုံမျှဖြင့် ဝေဖန်ရေး မဟုတ်ပေ။ “ဒီစာကြီးက ဘာကြီးမှန်းမသိဘူး” “ဒီစာက အဓိပ္ပာယ်မရှိဘူး”ဟု ပြောရုံဖြင့်လည်း ဝေဖန်ရေး မဟုတ်ပေ။ ( အောက်ပါ စာတွင် တွေ့ကြရမည့် အတိုင်းပင် ) ဝေဖန်ရေးသည် တက္ကသိုလ်သင် ပညာရပ်ကြီး တစ်ခု မဟုတ်သော်လည်း ဝေဖန်ရေး အလုပ်သည် အခြေအမြစ်ရှိဖို့ လိုအပ်ပါသည်။ သာမာန်ညောင်ည ပြောရုံ ဆိုရုံဖြင့် ဝေဖန်ရေး ဖြစ်မလာပေ။ ယင်းသို့ အပြောအဆို ခံရရုံမျှဖြင့်လည်း စာရေးသူက ( စာရေးဆရာက ) မိမိ အဝေဖန်ခံလိုက်ရသည်ဟု မမှတ်အပ်ပေ။

သို့ဆိုလျှင် ဝေဖန်ရေး ဆိုသည်မှာ အဘယ်ကို ခေါ်ပါသနည်း။ အဘယ်ဟာများ ဖြစ်ပါသနည်း။ “ဝေဖန်ရေး” ဟူသော စကားလုံးကို ကျနော် မပြောလို မဆိုလိုသောကြောင့် ဤနေရာတွင် ကျနော့သဘောထား ဘာမျှ မပြောလိုပါ။ ဖတ်မိသလောက်များထဲမှ သဘောတရား အရှုပ်အထွေးမပါသော၊ သာမာန် နားလည်လွယ်လောက်သည့် ဆရာဇော်ဇော်အောင်၏ ထင်မြင်ချက် အချို့ကို ဖော်ပြလိုက်ပါသည်။

အလျင်းသင့်မှ ဆက်လက်တင်ပြသွားလိုပါသည်။ ကျေးဇူး။

ဇေယျ ……………………………..

ယနေ့ စာပေ ဝေဖန်ရေး – ဇော်ဇော်အောင်

ကျွန်တော်တို့ နိုင်ငံမှာ စာပေဝေဖန်ရေး မလိုအပ်ဟု ပြောသူ တစ်ယောက်တစ်လေမှ ပေါ်ခဲ့ဖူးသည်ဟု မကြားမိပါ။ ကမ္ဘာ့စာပေ လောကမှာတော့ ပေါ်ခဲ့ဖူးသည်ဟု ကြားဖူးပါသည်။ သို့တိုင်အောင် စာပေ ဝေဖန်ရေး သည် ကမ္ဘာ့စာပေ လောကတွင် ထွန်းကား တည်ရှိနေပါသည်။ ငြင်းခုံနေဆဲ၊ တစ်ယောက် အယူအဆ ကို တစ်ယောက်က ကန့်ကွက်နေဆဲ၊ အယူအဆဟောင်းကို အသစ်က ချေဖျက်နေဆဲ၊ အတိုချုပ် ပြောရလျှင် ပူညံပူညံ ဖြစ်နေကြဆဲ ပင်။ အဘယ်ကြောင့်နည်း။ အနုပညာသမား ( စာရေးဆရာများ ) အနုပညာအသစ် အသစ်တွေကို ဖန်တီးနေကြသောကြောင့် ဖြစ်ပါသည်။ စာပေ အနုပညာ ရှိနေသမျှတော့ စာပေ ဝေဖန်ရေး ရှိနေပါဦးမည်။

Read more of this post

ပိတောက် ဆိုနာတာ

ပိတောက်သည် ကျနော်တို့ကြောင့် ပွင့်လာခြင်း မဟုတ်ပေ။

မနက်ဖြန် ပိတောက်ပန်းများ ပွင့်ကြမည် ဟု တစ်စုံတစ်ယောက်က ကျနော့ကို ပြောသည်။ ပိတောက်ပန်း ပွင့်ခြင်းသည် ခိုင်လုံသော အကြောင်း တစ်ရပ် ဖြစ်ဖို့ ( တစ်နည်း ) ပိတောက်ပန်း ဟုတ်ဟုတ် မဟုတ်ဟုတ် ပန်းပွင့်ဖို့ ရာတွင် ထိုသူက ပြောပြခြင်းသည် အခြေအမြစ် ကျသော အကြောင်းတရား မဖြစ်နိုင်ချေ။ ပိတောက်ပန်း ပွင့်ရန် အတွက် လုံလောက်သော ရည်ညွှန်းချက် သူ့တွင် ရှိပါသည် ဆိုလျှင်လည်း သူသည် ပိတောက်ပန်း ပွင့်ရန် ဖန်ဆင်းသူ မဟုတ်ပေ။ ပိတောက်ပန်း ပွင့်ရန်အတွက် ခိုင်လုံသော အကြောင်းတရားသည် ပိတောက်ပန်းများ ပွင့်လာခြင်းသာ ဖြစ်သည်။ ထိုထက် ဘာမျှ မပိုပေ။

Read more of this post

Schopenhauer’s -

THE SIMPLE PHILISTINE believes that life is something infinite and unconditioned, and tries to look upon it and live it as though it left nothing to be desired. By method and principle the learned Philistine does the same: he believes that his methods and his principles are unconditionally perfect and objectively valid; so that as soon as he has found them, he has nothing to do but apply them to circumstances, and then approve or condemn. But happiness and truth are not to be seized in this fashion. It is phantoms of them alone that are sent to us here, to stir us to action; the average man pursues the shadow of happiness with unwearied labour; and the thinker, the shadow of truth; and both, though phantoms are all they have, possess in them as much as they can grasp. Life is a language in which certain truths are conveyed to us; could we learn them in some other way, we should not live. Thus it is that wise sayings and prudential maxims will never make up for the lack of experience, or be a substitute for life itself. Still they are not to be despised; for they, too, are a part of life; nay, they should be highly esteemed and regarded as the loose pages which others have copied from the book of truth as it is imparted by the spirit of the world.

But they are pages which must needs be imperfect, and can never replace the real living voice. Still less can this be so when we reflect that life, or the book of truth, speaks differently to us all; like the apostles who preached at Pentecost, and instructed the multitude, appearing to each man to speak in his own tongue.

………………….

Recognise the truth in yourself, recognise yourself in the truth; and in the same moment you will find, to your astonishment, that the home which you have long been looking for in vain, which has filled your most ardent dreams, is there in its entirety, with every detail of it true, in the very place where you stand. It is there that your heaven touches your earth.

Read more of this post

Follow

Get every new post delivered to your Inbox.