မိုး မြေ ကြားက နှလုံးသား တစ်စုံ

အခုအခါ မှာ ကျနော့အတွက် ဗုဒ္ဓနဲ့ လောက်ဇူဟာ မိုးနဲ့ မြေ ဖြစ်ပါတယ်။

မိုးနဲ့ မြေ — ဆိုတဲ့ စကားကို ကွာဟချက် ကြီးလွန်းကြောင်း ပြဆိုလိုတဲ့ အခါမှာ ကျနော်တို့ သုံးလေ့ရှိ တယ်။ ဒါပေတဲ့- ကျနော် ဒီမှာ ဆိုလိုတဲ့ မိုးနဲ့ မြေ ဆိုတာ တစ်ဦးနဲ့ တစ်ဦး ယှဉ်တွဲနေတယ် ဆိုတဲ့ သဘောတစ်ခုထဲ လို့ ဆိုချင်ပါတယ် ။ မိုးကောင်းကင် မရှိဘဲ မြေပြင် မရှိစကောင်း၊ မြေပြင် မရှိဘဲ မိုးကောင်းကင် မရှိစကောင်း လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ မိုးကောင်းကင်ပြင် တစ်ခွင်လုံးပဲ လို့ ဆိုခွင့်ရှိမလား ။ ကျနော် အဲ့လို ဆိုချင်ပါတယ် ။ သူက ကျနော့ အထက်မှာ အမြဲတမ်း ရှိနေတယ်။ ဒီ ကောင်းကင်ပြင် မှာ တစ်ခါတစ်လေ တိမ်တောင်တွေ မင်ရေးခြယ် နေတတ် သလို၊ တစ်ခါတစ်လေ ရှင်းလင်း ကြည်လင် နေတတ်တယ်။ နေရောင် တွေ စူးစူး ရဲရဲ တောက်ပ နေတတ်သလို၊ ညရဲ့ အသွင်အပြင်နဲ့ မှောင်မိုက် နေတတ်သေးတယ်။ နားလည်ရ ခက်ပေမယ့် တကျယ်တပြော လွတ်လပ်ရှင်းလင်း နေတဲ့ အဖြစ် ကို ရဲရဲရင့်ရင့် ပိုင်ဆိုင်ထားတယ်။ ကျနော် တအံ့တဩ ငေးမော ခဲ့ရဖူးတဲ့ အလွှာပြင် တစ်ခု ဖြစ်ပါတယ်။

ခင်ဗျားရော ဗုဒ္ဓကို ဘယ်လို မြင်ပါသလဲ။ မြေပြင်မှာ ဖြတ်လျောက်သွား၊ တရားဟောကြားနေတဲ့ လူထူးလူဆန်း တစ်ပါး အဖြစ်လား။ ကမ္ဘာကျော် ဒဿန ဆရာကြီး အနေနဲ့လား။ ဒါမှမဟုတ် လူသားတစ်ပါးက ပြောင်းလဲသွားတဲ့ နတ်ဒေဝတာလား။ အတူ မရှိ၊ အတုမရှိ ပုဂ္ဂိုလ် တစ်ဦးဦး လား။ ဒါမှ မဟုတ် ဘာမှ မဟုတ်တဲ့ သူလား။

ထပ်ဆိုပါမယ်။ ကျနော့ အတွက် ဗုဒ္ဓဟာ မိုးကောင်းကင် တစ်ပြင်လုံးပဲ ဖြစ်ပါတယ်။ ကျနော် မော့ကြည့်လိုက်တိုင်း တွေ့တွေ့နေရတဲ့ မျက်နှာပြင်လွှာ၊ တွေ့မိတိုင်းလည်း အသိရခက်တဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ အဆုံးအစမဲ့ အုံ့ဆိုင်းနေတယ်။ ဒါ့အပြင် ကျနော် စိတ်ဝင်တစား ရှိခဲ့ဖူးတဲ့ မိုးကြိုးလျှပ်စီးတွေ ထစ်ချုန်း ပြက်လက်ရာ နေရာတစ်ခု လည်း ဖြစ်သေးတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင် အသိရ ခက်တဲ့ အရာလို့ ဆိုရမလား။ ဆိုနိုင်ပါတယ် ။ ခင်ဗျား လည်း ဗုဒ္ဓကို ကောင်းကင်ပြင်ကြီး လို ရှုမြင်နိုင်ကောင်း ရှုမြင်နိုင်လိမ့်မယ်။ ( ဒါမှမဟုတ် အဲ့အတိုင်း မြင်ချင်မှလည်း မြင်မယ် ) ခင်ဗျား ကိုယ်ခန္ဓာတစ်ခုလုံး ကောင်းကင်ပြင်ထဲ နှစ်မြုပ်ထားလို့ ရတယ်။ ဒါပေမယ့် သူ့ထဲမှာ ရှိမှန်း သိချင်မှ သိမယ်။

သူ ဘာလုပ်ခဲ့တာလဲ။ သူ ဘာလဲ။ ကျနော် မသိပါဘူး။ တွေ့လည်း မတွေ့ခဲ့ ဖူးဘူး။ ချွင်းချန် ကျန်နေရစ်တဲ့ အမှတ်အသား တွေ၊ လက္ခဏာ တွေ သာ ရှိနေခဲ့တယ်။ ဒါတွေနဲ့တင် သူဟာ မိုးကောင်ကင် ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ ကျနော့အတွက် လုံလောက်ပါတယ်။ သူ့ရဲ့ အမှတ် လက္ခဏာ တွေမှာ တည်ငြိမ် တိတ်ဆိတ်နေတဲ့ အရိပ်အရောင်သာ ရှိတယ်။ အရိုးရှင်းဆုံး၊ အပြတ်သားဆုံး ဖြစ်တည် နေပါတယ်။ အရိုးရှင်းဆုံး မို့လည်း အသိရခက်တာ ဖြစ်နိုင်တယ်။

လောက်ဇူ။ သူကတော့ မတူညီဘူး။ ဗုဒ္ဓလို မဟုတ်ဘူး။ သီးခြား ကွဲပြား ဖြစ်တည်နေတယ်။ သူ့ကို အသိရခက်တယ် ဆိုတဲ့ စကား – သုံးစွဲလို့ မရလောက် ဘူးရယ်။ ဘာလို့ ဆို – သူ့မှာ သိစရာ ဘာမှ မရှိလို့ပဲ ဖြစ်ပါတယ်။ သူ့မှာ သူ့ရဲ့ အဖြစ် သက်သက်သာ ရှိတယ်။ “သူ” လို့ ခွဲခြား ပြောရတာဟာလည်း တကယ်တမ်း ကျနော့အတွက်တော့ မှား နေပါသေးတယ်။ Read more of this post

TCB ( ရှေးတရုတ်တို့ဝါဒ-အကြမ်းမျဉ်း )

ဟိန္ဒူဘာသာရေးတွင် “ဘုရားသခင်နှင့် ၎င်း၏နာမတော်သည် ဧက၊ တစ်သဘောတည်း၊ တစ်ခုတည်း” ဟု ဆိုသည်။ တာအိုဘာသာတွင်မူ “သတ်မှတ်ခေါ်ဝေါ်နိုင်သော အမည်နာမသည် အမည်နာမ စစ်စစ် မဟုတ်” ဟု ဆိုပြန်သည်။ အဘယ်ဟာ မှန်ပါသနည်း။

ဒဏ္ဍာရီ အရ ဖူရှီ ( Fu Shi ) သည် တရုတ် မဟာအင်ပါယာ ဘုရင်ကြီး (ဝါ) ဧကရာဇ် သုံးပါးတွင် ပထမဆုံး သမိုင်းဝင် ဧကရာဇ် ဖြစ်သည်။ ( ကျနော့စိတ်ထင် – ကျနော်တို့ မြန်မာအများ ကြားသိဖူးကြသော မဟာသမ္မတမင်းတို့က ၎င်းထက် ပိုစောမည်။ ဟုတ်မဟုတ်တော့ မသိ။ ) ခရစ်တော်မပေါ်မီ နှစ်သုံးထောင် အစောပိုင်းက တရုတ်ပြည်လုံးကို စိုးမိုး အုပ်စိုးခဲ့သူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဖူရှီသည် တရုတ်ရှေးဟောင်းကျမ်းတစ်ဆူ ဖြစ်သော I-Ching ယီကျင်း ( သင်္ခါရကျမ်း/ပြောင်းလဲခြင်း သဘောတရား ကျမ်း ) ပါ တြိမူဟ ရှစ်ခုတို့ကို ဖော်ထုတ်ရှင်းလင်းခဲ့သူလည်း ဖြစ်သည်။ အချို့က ယင်းတို့သည် တရုတ်တို့၏ အရုပ်ဆန်သော လက်ရေးစကားလုံးတို့၏ အခြေခံလည်း ဖြစ်သည်ဟု ဆိုကြပါသည်။

လက်ရှိ တရုတ်တို့၏ ပင်မ ဒဿန ရေစီးကြောင်း နှစ်ခုမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒ တို့ ဖြစ်ပြီး ၎င်းဝါဒတို့သည် ဖူရှီ ၏ အစဉ်အလာမှ ဆင်းသက်လာကြခြင်းသာ ဖြစ်သည်ဟု အယူရှိကြသည်။ ခရစ်တော် မပေါ်မီ ခြောက်ရာစုမှ စတင်၍ ၎င်းဝါဒနှစ်ဆူ ကွဲပြားသွားခဲ့ပြီး တာအိုဝါဒ၏ ဖခင် – လောက်ဇူ ( BC 604-531 ) ၊ ကွန်ဖြူးရှပ် ဝါဒ – ဖခင် ကွန်ဖြူးရှပ် ( BC 551-479 ) ဟူ၍ အမှတ်အသားရှိသည်။

တရုတ်တို့၏ ဘာသာရေး အတွင်းမှ တတိယ ရေစီးကြောင်းမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး အစဉ်အလာ အိန္ဒိယမှ ဆင်းသက်သည်။ အိန္ဒိယ ဗုဒ္ဓဘာသာ မထေရ်များ A.D ပထမ ရာစုတွင် တရုတ်ပြည်သို့ စတင်ဝင်ရောက် သာသနာပြုသည်။ ယင်း အိန္ဒိယ ဘုန်းတော်ကြီးများ၏ ကြွင်းကျန်ရစ်သော ပြောစကားများ အရ တရုတ်လူမျိုးတို့သည် အစောပိုင်း ကာလ ကတည်းက အိန္ဒိယသို့ ဘုရားဖူးအဖြစ်၊ ( သို့မဟုတ် ) ကုန်သည်အဖြစ် ရောက်ရှိလာကြပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို တရုတ်ပြည်သို့ သယ်ဆောင်သွားကြသည်ဟု ဆိုသည်။ ထိုကာလမှစ၍ တရုတ်ပြည်တွင် ပင်မ ဘာသာရေး ကြီး သုံးခု ဖြစ်လာခဲ့သည်။ ခေတ်နှင့် အညီ ဆီလျော်အောင် ပေါင်းစပ်၍ ကျင့်သုံး လက်ခံကြသည်ကိုလည်း တွေ့မြင်ကြရသည်။

စင်စစ် အမျိုးအမည် မတူညီသော ဘာသာတို့ကို ပေါင်းစပ်ရန်မှာ မလွယ်ကူပေ။ ဘာသာတစ်ခုမှ ကွဲပြားသွားဖို့ရာသာ လွယ်ကူသည်။ သို့သော် တရုတ်တို့ ၏ ဘာသာကြီး သုံးခု ဖြစ်သော တာအိုဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ ဗုဒ္ဓဝါဒတို့သည် တခုနှင့် တစ်ခု ကူးလူးယှက်နွယ်နေကြသည်။ အနီးစပ်ဆုံးမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ် ဝါဒတို့ ဖြစ်ပြီး Read more of this post

မရှိခြင်းနှင့် ပတ်သက်၍ -

တကယ်တမ်းတွင် ကျနော် ဘယ်နေရာက စခဲ့ပါသနည်း။ ကျနော်၏ ငယ်စဉ်တောင်ကျေး ကလေးဘ၀သည် ယခုအခါ မရှိတော့ပြီ။ ငယ်ငယ်က ဓါတ်ပုံများ ကို ပြန်ကြည့်သော အခါ ကျနော် မဟုတ်သော ကျနော့ကို တွေ့ရသည်။ ထိုဓါတ်ပုံများထဲတွင် ဇေယျဆိုသော ကျနော် မဟုတ်ခဲ့ပါ။ အလားတူ ဇေယျ မှ လွဲ၍ အခြားသူလည်း မဟုတ်ပါ။ အတန်ငယ် အူကြောင်ကြောင် နိုင်သော ဖြစ်ရပ် ဟု ယူဆနိုင်ပါသည်။

သို့သော် တကယ် ပင် ဖြစ်နေသည်။ ဘ၀ဇတ်ကြောင်းကို တောက်လျောက်အစဉ် ရိုက်ကူး လာခဲ့သည့် ခွေတစ်ခွေ ရှိသည် ဆိုပါစို့။ နောက်ကြောင်းပြန်၍ အမြန်ရစ် ကြည့်လျှင် – ကျနော့အသားစိုင်များ ရိရွဲ ပုတ်ပြတ်ပြီး အသားသစ်များ တဖွားဖွား တလောင်းလောင်း ထိုးထွက်လာနေခဲ့သည်ကို တွေ့ရမည် ထင်သည်။ ယင်း အသားစိုင် များနှင့် ယင်းအသားစိုင်များအပေါ် လှုပ်ခတ် တွယ်ညိနေသော အတွေးများ ပေါင်းစပ်ပြီး ဇေယျဆိုသော ကျနော်၏ ရုပ်ခန္ဓာက လှုပ်ရှားနေမည်။ ခံစားသည် ဆိုသော စိတ်အစဉ်များက တဖြတ်ဖြတ် ပြေးလွှားနေမည်။ Read more of this post

နူးညံ့ပျော့ပျောင်းခြင်းသည်သာလျင်

လူသည်
မွေးဖွားလာစဉ်က ပျော့ပျောင်းနူးညံ့၏။
သေဆုံးသောအခါ မာကျောတောင့်တင်း၏။
အရာရာသည်လည်း ဤအတိုင်းပင် ဖြစ်သည်။
သစ်ပင် ပန်းမန်တို့သည်
ရှင်နေစဉ်က ပျော့ပျောင်း၏။
သေသောအခါ ခြောက်သွေ့တောင့်တင်းကြကုန်၏။

ဤသည်တို့ကို ကြည့်လျင်
မာကျောသန်မာခြင်းသည်
သေခြင်းနှင့် ယှဉ်တွဲနေသော လက္ခဏာများ ဖြစ်ပြီး
နူးညံ့ပျော့ပျောင်းခြင်းသည်
ရှင်သန်ခြင်းနှင့် ယှဉ်သော လက္ခဏာများသာ ဖြစ်ကြသည်။

အင်အား၏ ခိုင်မာသန်စွမ်းမှုကို အားကိုးနေသူသည်
သေခြင်းတရားနှင့် စပ်၏။ ကျရှုံးခြင်းတရားနှင့်သာ စပ်ဆိုင်၏။
ပုံပမာအားဖြင့် -
သန်စွမ်း တောင့်တင်း ခိုင်မာ၍
အခက်အလက်များ ဝေဆာနေသော သစ်ပင်သည်
သစ်ခုတ်သမားအား ဖိတ်ခေါ်နေသကဲ့သို့ ပင်တည်း ။

ထို့ကြောင့်
မာကျောခက်ထန်ခြင်းသည် အနိမ့်ဘုံတွင်ရှိ၍
နူးညံ့ပျော့ပျောင်းခြင်းသည်သာ အထက်ဘုံ၌ တည်ရှိကြောင်း
သိအပ်တော့သည်။

( တောက်တယ်ကျင်း အပိုဒ်ရေ ၇၆ ) Read more of this post

Some Principles of Taoism

TAOISM is based on the Tao Teh Ching, a slim work dated to the fourth century b.c., but attributed to the legendary mystic Lao Tzu, who was born about two hundred years earlier, around 604 b.c.

Tao means The Way. Taoism was expanded upon by various sages. It provided a metaphysics that was lacking in Confucianism and

Lao Tzu

facilitated the emergence of neo-Confucianism during the Sung Dynasty from 960 to 1279. It also helped the entrance of Buddhism into China and the development of Ch’an (Zen) Buddhism. With Confucianism, Taoism forms the foundation of Chinese thought. Little is known about Lao Tzu. Whether or not he even existed is controversial among scholars. According to the biographer Ssuma Ch’ien (145–86 b.c.), Lao Tzu came from the southern state of Ch’u, which is now the provinces of Hunan and Hupei. His family name was Li, his personal name was Erh, his courtesy name was Po-yang and his posthumous name was Tan. He worked as custodian of the imperial archives of the Chou House in the city of Loyang. He reportedly granted an interview to Confucius, who was some fifty years younger and came to him with questions about rituals. Lao Tzu’s cultivation of Tao allegedly enabled him to live for more than two hundred years, outliving Confucius by 129 years, according to Ssuma Ch’ien. He retired from his job when the Chou House began to decline. As he took the pass westward, Hsin Yi, the warden of the pass, asked him to write a book for his enlightenment. Lao Tzu agreed, and wrote a two-part book on the meaning of the Tao (The Way) and the Teh (Virtue or Power), totalling 5,350 words. Initially, the book was called Lao Tzu. The name was changed to the Tao Teh Ching, or “Classic of the Way of Its Virtue,” sometime during the Western Han dynasty, 202 b.c. to a.d. 9. Approximately one thousand commentaries have since been written on the Tao Teh Ching, the most notable by Han Fei Tzu (died 233 b.c.), Chuang Tzu (369–286 b.c.), Ho Shang Kung (died 159 b.c.), and Wang Pi (a.d. 226–249). Ho Shang Kung’s commentary was the first in detail and comprehensiveness and was a major influence in the later development of the religion of Taoism.

Key Principles of Taoism

Taoism is permeated with mysticism, which makes it an ideal medium for dreamwork. Tao is the Absolute Truth, the Ultimate Reality, the Eternal Ground of Being. It is the origin of all temporal phenomena, including the One, which is the creative principle of Tao and preceded all other things. Unlike Logos, the personal Godhead of Christianity, or Heaven, the remote but purposeful Supreme Being of Confucianism, Tao is impersonal. Tao has a dual nature. The Eternal Tao is unnameable, indescribable, and beyond discussion. It is the mysterious essence of the universe, unborn, nonbeing, above and beyond heaven, above and beyond the universe. Manifest Tao is the named, the being.

Read more of this post

တိမ်မရှိတဲ့ညနေဆိုတာ ဘာမှကို မရှိတာ။

ဘာမှမပြောဘဲ သိတဲ့သူ

စကားလုံးမရှိဘဲ ရေးတဲ့ကဗျာ

အတွက်အချက်မပါတဲ့ သင်္ချာ
အသံမပါတဲ့ ဂီတ
အတွေးမပါတဲ့ ဘဝအသိ
နွေးထွေးမှု မပါတဲ့ အိမ်  နဲ့
တိမ်မရှိတဲ့ ညနေ


အားလုံးကို တလင်းပေါ်မှာ ချပြီး
ဖွဖွလေး ပွတ်ချေကြည့်လိုက်တော့

ဗလာနဲ့ နတ္ထိ၊ ဟပ်မိတဲ့ အဖြစ်ကြောင့်
ကိုယ့်သတ္တိနဲ့ ကိုယ်

ဒီတစ်ညတော့
နှစ်နှစ်ခြိုက်ခြိုက် Read more of this post

My Favorite Prose:Tao Teh Ching verse no-81

Sincere words are not fine;
Fine words are not sincere.
Those who are skilled in the Way
do not dispute about it;
the disputatious are not skilled in it.
Those who know the Way
are not extensively learned;
the extensively learned do not know it.
The Sage does not accumulate for himself.
The more he expends for others,
the more does he posses of his own;
the more he gives to others
the more does he have himself.
With all the sharpness of the Way of Heaven,
it does no injury;
with all the doing in the way of the Sage,
he does not strive.

ထိန်းကျောင်းမှု အကျင့်အကြံတရား

TAO

တစ်ချိန်က အကိုလေးမောင့်စံ နှင့် အကိုတော် ၅၀၇ တို့ တောင်းဆို ထားခဲ့သည့် ဆန္ဒများ အထိုက်အလျောက် ပြေပါစေရန် ဤပို့စ်ကို ရေးပါသည်။ အကျဉ်းရေးခဲ့သော ပို့စ်များတွင် ကျနော့ တစ်ဦးတည်း သဘောဖြင့်သာ ရေးခဲ့သောကြောင့် လစ်ဟာခဲ့သည်များ အများအပြား ရှိသည်။ တာအိုဝါဒနှင့် ပတ်သက်၍ ဆက်လက်တင်သွားပါမည် ဟုလည်း ကတိခံခဲ့ပါသည်။ ဤပို့စ်သည် ယင်းဂတိအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ရှေးဟောင်း တရုတ်တို့ တာအိုဝါဒ ကျမ်းစာ  တောက်တယ်ကျင်း (ဟု နီးစပ် အသံထွက်သည် ) “Tao – Teh – Ching” တွင် လင်္ကာစာပိုဒ်ရေ ၈၁ ပိုဒ် ပါရှိကြောင်း ရှေ့က ဆိုခဲ့ပြီးပါပြီ။ ယခုမှာ ယင်း စာပိုဒ်များမှ အပိုဒ်ရေ ၅၉ ကို ထုတ်နှုတ်ထားခြင်း ဖြစ်သည်။ တရုတ်ဘာသာကို ကျနော် မသိပါ။ ယင်းဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသော စာမူကွဲများ အများ အပြား ရှိသည်ကို လည်းကောင်း၊ မြန်မာပြန်ပြီးသားတွင် ရှိပြီးဖြစ်သည့် ဆရာသက်လုံ၏ စေ့ထားသော တံခါးများ အတွဲ ၂ ကို အထူးသဖြင့် ကိုးကား၍ ( အများစုကို တိုက်ရိုက်ကူးယူ၍ ) လည်းကောင်း ရေးပါသည်။

ဤပို့စ်တွင် ပါရှိသော English Version များ၊ မှတ်ချက်များ၊ ဓါတ်ပုံများသည် ဖြည့်စွက်ထားခြင်းဖြစ်ပြီး တစ်အုပ်လုံးအနေဖြင့် မဟုတ်သောကြောင့် စာဖတ်သူ နားမလည်နိုင်မည့် အပိုင်းများ၊ စာသားများ၊ စကားစပ်များကို ချန်လှပ် ပြင်ဆင်ထားသည်မှ အပ ကျန်သည်တို့မှာ ဆရာသက်လုံ၏ အာဘော် အတိုင်း ဖြစ်သည်။

ကွယ်လွန်သွားရှာပြီဖြစ်သော ဆရာသက်လုံကို ဤပို့စ်ဖြင့် ကန်တော့အပ်ပါသည်။

…………………………
တောက်တယ်ကျင်း လင်္ကာ အပိုဒ်ရေ ၅၉

မြေကြီးကို စိုးမိုးရာတွင် လည်းကောင်း၊
ကောင်းကင်ကို ခစားရာတွင် လည်းကောင်း၊
ထိန်းကျောင်းခြင်းတရားကို သာလွန်နိုင်သော အရာမရှိချေ။ Read more of this post

The Parallels between Modern Physics and Eastern Mysticism

I am so interested in not only Physics ,but also Eastern Philosophy,especially so-called Mysticism. The following paragraphs are copied from The Tao of Physics;it explained the current Modern Physics in the view of Eastern Religions;Taoism,Zen Buddhism and India Mysticism. I wanna translate it to Burma Language, but don’t have enough time to do .Hence,Sorry for now on, merely describing one of its chapters for my friends with so keen mindedness in these subjects just like me.

Thank you,
Zayya

Knowing and Seeing;The Parallels between Modern Physics and Eastern Mysticism

From the unreal lead me to the real!
From darkness lead me to light!
From death lead me to immortality!
Brihad-aranyaka Upanishad

Before studying the parallels between modern physics and Eastern mysticism, we have to deal with the question of how we can make any comparison at all between an exact science, expressed in the highly sophisticated language of modern mathematics, and spiritual disciplines which are mainly based on meditation and insist on the fact that their insights cannot be communicated verbally. What we want to compare are the statements made by scientists and Eastern mystics about their knowledge of the world.

To establish the proper framework for this comparison, we must firstly ask ourselves what kind of ‘knowledge’ we are talking about; does the Buddhist monk from Angkor Wat or Kyoto mean the same thing by ‘knowledge’ as the physicist from Oxford or Berkeley? Secondly, what kind of statements are we going to compare? What are we going to select from the experimental data, equations and theories on the one side, and from the religious scriptures, ancient myths, or philosophical treatises on the other?

This chapter is intended to clarify these two points: the nature of the knowledge involved and the language in which this knowledge is expressed. Throughout history, it has been recognized that the human mind is capable of two kinds of knowledge, or two modes of consciousness, which have often been termed the rational and the intuitive, and have traditionally been associated with science and religion, respectively. In the West, the intuitive, religious type of knowledge is often devalued in favour of rational, scientific knowledge, whereas the traditional Eastern attitude is in general just the opposite. The following statements about knowledge by two great minds of the West and the East typify the two positions. Socrates in Greece made the famous statement ‘I know that I know nothing’, and Lao Tzu in China said, ‘Not knowing that one knows is best.’ In the East, the values attributed to the two kinds of knowledge are often already apparent from the names given to them. The Upanishads, for example, speak about a higher and a lower knowledge and associate the lower knowledge with various sciences, the higher with religious awareness. Buddhists talk about ‘relative’ and ‘absolute’ knowledge, or about conditional truth’ and ‘transcendental truth’. Chinese philosophy, on the other hand, has always emphasized the complementary nature of the intuitive and the rational and has represented them by the archetypal pair yin and yang which form the basis of Chinese thought. Read more of this post

Follow

Get every new post delivered to your Inbox.