မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။ Read more of this post

ဂေါဏေ သည် ဂေါဏော ၏ ~

How Can A Troubled Mind
Understand The Way?

ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ
လမ်းကို ဘယ်လို မြင်မလဲ~

စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။

ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေး ဖို့ ဗုဒ္ဓ ရှိနေတာ လည်း မဟုတ်ဘူး။ ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြားစွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် – အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံး ကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။

လူသားတွေ ကြားထဲ အကြီးမား ဆုံး ပြဿနာ တွေ ထဲက တစ်ခု ကို ထုတ်ပါ ဆိုရင် ~ လူအများ ဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြား စွာ ကြိုတင် စုဆောင်း တတ် တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့် ကို လူ့အဖွဲ့အစည်း တိုင်း မှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်း မှာ အဲ့ဒီ စိတ်ကူး အတွေးတွေနဲ့ အဖြေတွေ သာ စုဆောင်း မျှော်လင့် ထားတယ်။ အဲ့လို အမေး ပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေ တစ်ခု ပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့် တယ်။

အမေးပုစ္ဆာ တိုင်း အတွက် အဖြေတွေ ထပ်ဖြည့်ပေး မယ့် အစား၊ ဖြေရှင်းချက်တွေ၊ အဌကထာ ဋီကာ တွေ ထပ်ဖြည့်စွက် ပေးတဲ့ အစား ~ အဆင်သင့် စုဆောင်းပြီး အဖြေတွေ ကိုပါ ဖျက်ချ ရင်း၊ အနုမာန အယူအဆ တွေကို ထိုးခွင်း ဖယ်ချပစ်သူက ဗုဒ္ဓ ဖြစ်ပါ တယ်။ ဒါ့ကြောင့် လည်း အိန္ဒိယ ဟာ ဗုဒ္ဓကို ဘယ်လိုမှ ခွင့်မလွှတ်နိုင် ခဲ့တာ ဖြစ် တယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး တာနဲ့ တစ်ပြိုင်နက်၊ အိန္ဒိယ နိုင်ငံရဲ့ အစဉ်အလာ ဓလေ့ ထုံးတမ်း တွယ်ညိ စိတ်၊ အယူအဆ လက်ကိုင် ထား စိတ်ဟာ – ဗုဒ္ဓ ပြုစု ပျိုးထောင် ခဲ့ တဲ့ အရာတွေ ကို မြေလှန် ဖျက်ဆီး ပစ်တော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင် စိုက်ပျိုး ခဲ့တဲ့ – အဲ့ဒီ အိန္ဒိယမြေပေါ် က နှင်းဆီပန်းခင်း ပေါင်း များစွာ ဟာ မီးလောင် ပြာကျ သွားကြ တယ်။ အဲ့ဒီ တိုင်းပြည် ကနေ ဗုဒ္ဓ ဘာသာ ကွယ်ပျောက် သွားခဲ့ရ တာဟာ ကနေ့  အထိ ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓ ဟာ အိန္ဒိယ ပြည်ရဲ့ အထွန်းတောက်ဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အမှတ်အသား အားလုံး – အကာအကွယ်မဲ့ တိုက်ဖျက် ခံခဲ့ရတယ်။ ဗုဒ္ဓ ရဲ့ ညွှန်ပြ သွန်သင်ချက်တွေ ဟာ – တိုင်းတပါး မှာသာ ထောက်တည် ကပ်ရောက် နေရ တော့ တယ်။

ဒါဟာ မတော်တဆ ကြုံဆုံ ရတဲ့ ထူးထူးခြားခြား သမိုင်း ဖြစ်ရပ် မဟုတ်ပါဘူး။ လူ့သမိုင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ယေဘုယျ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါ တယ်။ ယေရှု ခရစ်ကို ဂျူး တွေ က ပြစ်တင်မောင်းမဲ တယ်။ ဒီ ဂျူးတွေပဲ ကားစင်တင် သတ်ဖြတ် ပစ်ခဲ့တယ်။ ဒါပေ မယ့် ယေရှု ခရစ်ဟာ ဂျူးတွေထဲကမှ ထိပ်ဆုံး၊ ကနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဂျူးတွေအများကြီး ထဲ အထွန်းတောက် ဆုံး ဖြစ်ပါတယ်။ ဒါပေ မယ့် အဲ့သည် အချိန်က သူ့ကို ဂျူးတွေ ဘာလို့ ငြင်းပယ် ခဲ့ကြသလဲ။ တကယ် က – သူတို့ လူမျိုးမှာ ရှားရှား ပါးပါး ပေါ်ထွန်းလာတဲ့ သူ့လို လူ အတွက် ဝမ်းသာ အယ်လှဲ ဖြစ်နေသင့်တယ် ။ အခြားလူမျိုးတွေထက် ကြီးမြတ်လှပါလားလို့ – ပျော်ပျော် ရွှင်ရွှင် အောင်ပွဲ ခံနေ သင့်တယ် မဟုတ် လား။ ဒါပေမယ့် သူတို့ မဖြစ်ခဲ့ဘူး။ အဲ့ဒါထက်- ခွင့်တောင် ခွင့်မလွှတ်နိုင်ခဲ့ဘူး။

ယေရှုခရစ် ရှင်သန် ရှိနေတာဟာ – သူတို့ အတွက် သိမ်ငယ် ကြောက်ရွံ့စရာ တစ်ခုလို ခံစားခဲ့ တယ်။ Read more of this post

သူက သူ့ကို ဘယ်လို သတ်မှာလဲ

How to stop thinking?
အတွေးစဉ်ကို ဘယ်လိုရပ်ရမလဲ။

ရှေ့တစ်ပုဒ်မှာ ကျနော် ဖြေထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ထပ်မေး လာတာမို့ ထပ်ဖြေကြည့် ပါမယ်။

အတွေးစဉ်ကို ရပ်လို့ မရပါဘူး။ ရပ်လည်း မရပ်နိုင်ပါဘူး။ ရပ်ဖို့ မကြိုးစားသင့်ဘူး။ ဘာလို့ဆို အတွေးဟာ သူ့အလိုအလျောက်သာ ရပ်သွား နိုင်မယ်။ မိမိကိုယ်၌က အတင်းအကျပ် ရပ်ဖို့ ကြိုးစားရင် မှားပါလိမ့်မယ်။ ဒီအချက်ကို အရေးတကြီး နားလည် မှတ်သား ထားနိုင်ဖို့ လိုပါတယ်။ အတင်းရပ်ဖို့ ကြိုးစားရင် ရူးသွပ် သွားတာသာ အဖတ်တင် ကျန် နေရစ် ပါလိမ့်မယ်။

ဘယ်တွေးခေါ်မှု ဘယ်စဉ်းစားမှုမှ မရှိတော့တဲ့ အခြေအနေကို ဇင်မှာ “no-mind” စိတ်အတွေးစဉ် မရှိတော့ခြင်း။ ကုန်ဆုံးသွားခြင်း လို့ ခေါ်ပါမယ်။ no-mind ဆိုတဲ့ စိတ် အတွေးစဉ် ကုန်ဆုံးသွားတာဟာ ရပ်တန့်ထားတာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ယူပြီး ရပ်တန့်ပစ်ရတဲ့ အရာ မဟုတ်ဘူး။ ရပ်တန့်ဖို့ ကြိုးစား အားထုတ် နေသမျှဟာ စိတ်ဇောကိုသာ ဖြစ်သွားစေလိမ့်မယ်။ ခင်ဗျား စိတ်အတွင်းမှာ အချင်းချင်း ပဋိပက္ခ တွေသာ ဖြစ်ပေါ်အောင် ဖန်တီး နေလိမ့်မယ်။ ခင်ဗျား စိတ် အစဉ် ဖရိုဖရဲ ဖြစ်သွားမယ်။ နောက်ဆုံး စိတ် ကစဥ့်ကလျားနဲ့ ရူးသွပ် သွားပါလိမ့်မယ်။ အတွေးစဉ်ကို ရပ်တန့်ဖို့ ကြိုးစားခြင်းဟာ ရူးသွပ်သွား ဖို့က လွဲရင် ဘာမှ မကူညီ နိုင်ဘူး လို့ ကျနော် ဆိုလိုပါတယ်။

ဒါပေတဲ့ အချို့ရှိတာက – ( အများအားဖြင့် ) အတင်း လုပ်ယူတယ်။ အဲ့ဒီ အခါ- ခင်ဗျား ကြိုးစား အားထုတ်နေတဲ့ အချိန် ခဏတာလေး အတွင်း အောင်အောင်မြင်မြင် ရပ်တန့် သွားကောင်း ရပ်တန့် သွားမယ်။ ဥပမာ – ငါ ဘာမှ မတွေးတော့ ဘူးကွာ လို့ အတင်း အကျပ် – စိတ်ကို စိုက်ကြည့် ဖယ်ရှားနေ တာမျိုး ။ အဲ့ဒါဟာ အဲ့ဒီ ခဏတာ အတွက် ဖြစ်ပါတယ်။ အောင်အောင်မြင်မြင် ငြိမ်ကျသွားမယ်။ အဲ့ခဏတာ လေး အတွင်း ခင်ဗျား စိတ်အတွေးစဉ် ကို ဖယ်ချ ထားနိုင်မယ်။ အမှောင်ချည်း သက်သက်၊ ဗလာချည်း သက်သက် ငြိမ်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ငြိမ်သွားတာ သက်သက်ပါပဲ ။ စင်စစ် ဘာဝနာရဲ့ တကယ့် အဖြစ် No-mind ( စိတ်အတွေးစဉ် ကုန်ဆုံးမှု ၊ တိတ်ဆိတ်မှု ) ဆီကို ရောက်ရှိ တာ မဟုတ်ဘူး။ စိတ် အတွေးတွေဟာ ခဏ ရပ်တန့်ထားတာ သက်သက်။ အားစိုက် ထုတ်ထားတဲ့ ရပ်တန့် နေမှု သက်သက်။ သူ့ရဲ့ အောက် – ခင်ဗျားရဲ့ အတွင်းစိတ် ၊( ဆစ်ဂမန်ဖရွိုက်ရဲ့ စကားနဲ့ ဆိုရင်- မသိစိတ် ) မှာ ဖိစီး ထားခံ လိုက်ရတဲ့ အတွေးစိတ် ခံစားချက်တွေ ငုပ်လျိုး ကျန်နေရစ်တယ်။ အဲ့ဒီ အငုံ့စိတ်တွေဟာ ခင်ဗျား ပုံမှန် ပြန်ဖြစ်တာနဲ့ ( ဘာဝနာကနေ ကင်းလွတ်လိုက်တဲ့ ခဏမှာ ) ဒုက္ခ ပေးတော့တာပဲ။

Read more of this post

JUST BE for 24 hours!

ဘာဝနာ ဟာ တကယ် လှပပါတယ်။ ဘာဝနာ အလုပ်ကို တိတ်ဆိတ်နေတဲ့ အချိန်မှာ လုပ်ရတာ ကောင်းတယ်။ ဒါပေမယ့် ဘေးပတ်ဝန်းကျင် ဆူညံပွက်လော ရိုက်နေတဲ့ အခါ ပြဿနာ ရှိလာပါတယ်။ အဲ့အချိန်မှာ ဘယ်လိုနည်းနဲ့မှ ဘာဝနာ လုပ်နေလို့ မရဘူး။

ဖြေကြည့်ပါမယ်။

စောင့်ကြည့်ခြင်း၊ သိမြင်ခြင်း သက်သက်ဟာ ဘာဝနာပါ။ အဲ့ဒါကိုသာ ဘာဝနာလို့ ကျနော် ခေါ်ဆိုလိုပါတယ်။ စောင့်ကြည့်တဲ့ အရာဝတ္ထု ဘယ်အရာ ၊ ဘယ်ဟာ – ဆိုတာက အကျုံးမဝင် ပါဘူး။ ခင်ဗျား သစ်ပင်တွေ ကို စောင့်ကြည့် နေမိနိုင် တယ်။ ကောင်းကင် ကို မော့ကြည့်ပြီး တိမ်တွေ ကို ကြည့်နေနိုင်တယ်။ သီချင်း နားထောင် နေနိုင်တယ်။ အခုလို ဆူညံနေသံ လည်း ကြားနေရနိုင်တယ်။ ဒါပေမယ့် အဲ့ဒါတွေ၊ အဲ့ဒီ အရာတွေက အဓိက မဟုတ်ဘူး။ အဲ့ဒီ အရာတွေ အပေါ် ခင်ဗျား အာရုံ၊ အတွေးထဲ ထင်ရှားနေ သမျှ စောင့်ကြည့်ခြင်း သက်သက် ဟာ ဘာဝနာ ဖြစ်ပါတယ်။ ခင်ဗျား သန္တာန်မှာ ၂၄ နာရီ လုံးလုံး ဘာဖြစ်နေနေ ဘာဝနာ ရှိနေနိုင် ပါတယ်။

ဆိုလိုတာက – ခင်ဗျား ဘာကို အာရုံရောက်နေတာလဲ ၊ ဘယ်အရာ ဖြစ်မှ ရမှာလဲ ဆိုတာက အရေးမကြီးဘူး။ စောင့်ကြည့်မှု မပြတ် ရှိနေလား – ခင်ဗျားရဲ့ အခု ခဏ တိုင်း အတွက် သိမြင်မှု ရှိနေလား – အဲ့ဒါပဲ အရေးကြီးပါတယ်။ စောင့်ကြည့်ခြင်း သက်သက် ကပဲ အရေးကြီးပါတယ်။ အဲ့ဒါ ဘာဝနာလို့ ကျနော် ခေါ်ဆို တာ ဖြစ်ပါတယ်။

Read more of this post

သိမှု အချက်အချာ

မေး။ ။ ခင်ဗျားပြောခဲ့ဖူးတယ်။ စောင့်ကြည့်မှု/ သိမှု/ သတိ ဟာ အချက်အချာ ပါတဲ့။ သိပ်မကြာသေးမီ တစ်ညက ကျနော် တော်တော်များများ ဖြေလျော့ နားနေ ဖြစ်တယ်။ အဲ့အချိန်မှာ သိမှု သတိ ရှိနေပါတယ်။ အဲ့ဒါ သူဟာသူ ဖြစ်လာတာပါ။ ခဏပဲ။ ဒါပေမယ့် ကြည်လင်တယ်။ အံ့အားသင့် စရာ ကောင်းတယ်။ အဲ့မတိုင်ခင် တွေကတော့ ခင်ဗျားပြောတဲ့ စောင့်ကြည့်မှု အလုပ် — စိတ်က စိတ်ကို၊ အဲ့စိတ်က နောက် တစ်စိတ်ကို စောင့်ကြည့်တဲ့ အလုပ်သာ ပုံမှန် – လုပ်ဖြစ် နေတယ်။ အဲ့ဒီ “အချက်အချာ” ဆိုတာနဲ့ ပတ်သက်ပြီး ထပ်ပြောလို့ ရနိုင်မလား။

ဖြေ။ ။ သိမှု/သတိ ဟာ အချက်အချာပါ လို့ ကျနော် ပြောပါတယ်။ အဲ့စကား အတွက် ထပ် ရှင်းပြစရာ အခြား နည်းလမ်း မရှိပါဘူး။ အဲ့ဒါဟာ တခြား တစ်နည်းနည်း နဲ့လည်း သင်ကြား မပေး နိုင်ဘူး။ လေ့ကျင့်ခန်း ဆင်းလို့ ရတဲ့ အရာ လည်း မဟုတ်ပါဘူး။ “သိမှု/သတိ” ဆိုတာမှာ တင် အဓိပ္ပာယ် အပြည့်အဝ ပါရှိပြီး ဖြစ်ပါတယ်။

ကျနော် ပြောပြလို့ ရနိုင်မယ့် ဟာတွေက ကျနော်နဲ့ နီးစပ် နီးပါး ရှိနေမယ့် အရာတွေကိုသာ ဖြစ်ပါတယ်။ အဲ့ဒီ အရာတွေမှာ “ အချက်အချာ” သဘော ဘာမှ မပါဝင်ဘူး။ ကျနော်နဲ့ တော်တော် နီးနီးစပ်စပ် ရှိတဲ့ အရာတွေ အထိ ကျနော် ပြောကောင်း ပြောနိုင်မယ်။ “သိမှု/ သတိ” ကိုတော့ ဒီထက် ထပ် ရှင်းပြလို့ မရနိုင် တော့ဘူး။ ဘာလို့ဆို “နီးနီးစပ်စပ်” ရှိတယ် ဆိုတဲ့ အရာတွေနဲ့ ကျနော့ကြားမှာ အနည်းဆုံး အကွာအဝေး တစ်ခုတော့ ရှိနေသေးတယ် မဟုတ်လား။ ကျနော် အဲ့ဒါကို ရှုကြည့်နိုင်ရင် ပြောပြနိုင်လိမ့်မယ်။ ဒါပေမယ့် “သိမှု/ သတိ” ဆိုတာ ကျတော့ ရှုကြည့်တဲ့ တစ်စုံတစ်ခု မဟုတ်ပါဘူး။ သူက သပ်သပ် မဟုတ်ဘူး။ သူဟာ ကိုယ်ကိုယ်တိုင်ပဲ။ “ရှုကြည့်ခြင်း” သက်သက် ပါပဲ။ ဒါ့ကြောင့် “သိမှု” ကို ဘာလဲ မေးရင် – “သိမှု” လို့ပဲ ပြန်ပြောရ တော့မယ်။

အဲ့ဒါဟာ ကျနော်တို့ တစ်ဆင့် ပြီး တစ်ဆင့် ရှင်းပြလို့ ရနိုင်တဲ့ အနုပညာ ပစ္စည်း ထည် လိုမျိုး မဟုတ်ဘူး။ ခင်ဗျား သန္တာန်မှာ ဖြစ်လိုက်တဲ့ အချိန် ခင်ဗျား သိတယ်။ ဒါ့ကြောင့် ထပ် ရှင်းစရာ မလိုအပ်ဘူး။ ဘာလဲ လို့ ခင်ဗျား သိတယ်။ ဘာလဲလို့ ခင်ဗျား ခံစားမိတယ်။

တစ်ခုရှိတယ် – ခင်ဗျားက အဲ့ဒါကို ရအောင်လို့ ဆိုပြီး ကြိုးစား နေရပါတယ် ဆိုရင်တော့ ပြဿနာ ရှိပါတယ်။ ဘာလို့ဆို- အဲ့ဒီ ကြိုးစား နေရမှု ဟာ ခင်ဗျား သိမှု မဟုတ်ဘူး။ သိမှု အကြောင်းတွေကို လိုက်ဖမ်းယူ နေသလိုမျိုး သက်သက် ပဲ။ သိမှု အပေါ် လိုက် ထိန်းချုပ် နေတဲ့ အမှု သက်သက် ဖြစ်ပါတယ်။ လူရဲ့ အကျင့်က အရာရာကို ထိန်းချုပ် ကြိုးကိုင်ချင်တယ်။ အဲ့ဒါက ခင်ဗျားရဲ့ သန္တာန် အတ္တ တစ်စိတ်တစ်ပိုင်းပါ ။ ကျနော်ပြောတဲ့ သိမှု/သတိ ကတော့ ထိန်းချုပ်တာ မဟုတ်ဘူး။ ထိန်းချုပ်လို့ မရဘူး။ ခင်ဗျား သိရင်သိ၊ – မသိရင် “မသိခြင်း” သက်သက်ပါပဲ။

Read more of this post

Effortless Effort

ဘာဝနာလို့ ကျနော် မြန်မာမှု ပြုထား တာက Meditation ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ Meditation ဟာ ဘာသာတိုင်းမှာ ရှိ( လောက် ) ပါတယ်။ ကျနော် သိမိ သလောက် ဘာသာ တွေမှာ သူ့နည်းနဲ့ သူ ဘာဝနာ ရှိတယ်။ ဒါ့ကြောင့် “ဘာဝနာ” ဆိုတဲ့ ဝေါဟာရ ကို မြင်ပြီး၊ အိန္ဒိယက နည်းတစ်ခု လို့လဲ မမှတ်ပါနဲ့။ ဘာဝနာ က တကယ်တော့ နည်းတစ်ခု လည်း မဟုတ်ဘူး။ ပုံစံ အမျိုးမျိုး ကွဲပြား နေတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုပဲ ။ ဖြစ်တည်မှု သက်သက်ပဲ။ ခင်ဗျားရဲ့ ဖြစ်တည် ရှင်သန်နေမှုကို အပြည့်အဝ ဖွံ့ဖြိုး လာစေတယ်။

ဘာဝနာ ဟာ ခင်ဗျား သန္တာန်ကို အပိုဆောင်း ထပ်ဖြည့်တဲ့ အခြား အရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ အခြေခံ သန္တာန်ကို ပြောင်းလဲ ပစ်ခြင်း သက်သက်ပါ။ ပန်းပွင့် တစ်ပွင့် ပွင့်သလို ဖွံ့ဖြိုးလာမှု မျိုး၊ အပြည့်အဝ ရှင်သန်မှုကို ဖော်ကျူးပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ဘာဝနာကို တကယ် လုပ်ပြီ ဆိုရင် ခင်ဗျား ရဲ့ ဘဝ ရှင်သန်နေမှု ဟာ ခင်ဗျား ရဲ့ အဲ့ဒီ ဘာဝနာ ရင့်သန်မှု အပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်ဝလာလိမ့် မယ် ။ သူ့ရဲ့ နောက်ကျော မျက်နှာစာမှာ ရှိတဲ့ သေဆုံးမှု မရဏ ကိုလည်း ကောင်းကောင်း သိမြင်သွားမယ်။ ဆိုလိုတာက ခင်ဗျားကိုယ် ခင်ဗျား ကောင်းကောင်း သိမြင်သွားစေတယ်။

ဘာဝနာကို စတင် လုပ်နေရတဲ့ သူတစ်ယောက် အတွက်က အလုပ်တစ်ခု ကို သတ်သတ်မှတ်မှတ် လုပ်နေရ သလိုပါပဲ။ ခင်ဗျား အဲ့ဒါကို တခုတ်တရ လုပ်နေ ရတယ်။ သိမှတ်နေရတယ်။ လေ့ကျင့်ခန်း ဝင်သလို ဝင်နေရတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အစဦးပိုင်းလေးမှာတင် ဖြစ်ပေါ်နေရတဲ့ အရာပါ။ ဘာဝနာ မှာ လေးနက်သွားပြီ ဆိုတဲ့အခါ အဲ့ဒီ အလုပ်ပါ ပျောက်ကွယ်သွားပါတယ်။ ခင်ဗျားက ဘာကိုမှ လုပ်နေတာ မဟုတ်ဘူး။ ဘာမှ မလုပ်တာကို လုပ်နေတာလည်း မဟုတ်ဘူး။ ( :D ရှုပ်သွားပလား မသိ။ ကျနော့် ကိုယ်တွေ့နဲ့ တိုက်ဆိုင်ပြီး ပြောရင် – ဒီလိုပဲ ရှင်းရမှာ မို့လို့ပါ )

ဥပမာ ပေးကြည့်မယ်။ – စက်ဘီးစီး သင်သလိုမျိုး။ စက်ဘီး စပြီး သင်ခါစမှာ – ဘယ်လိုနင်း၊ ခါးကို ဘယ်လိုထား၊ လက်ကိုင်ကို ဘယ်လိုကိုင် ဆိုပြီး မှတ်သား သတိပြုနေရတယ်။ မကြာခဏ ချော်လဲမယ်။ ကျင့်သား ရလာတဲ့ အခါ ဖြေးဖြေးချင်း နင်းတတ်လာမယ်။ ဟိုတိုး ဒီတိုး တိုးမိနေမယ်။ လဲကောင်း လဲနေဦးမယ်။ နောက်ဆုံး ကျွမ်းကျင်သွားပြီ ဆိုတဲ့ အခါမှာတော့ – ဘေးဘီဝဲယာ၊ စကားပြောရင်း ၊ ငေးမောရင်း နင်းလို့ နင်းမှန်းမသိ စီးဖြစ်သွားတော့တယ်။

ဒီဥပမာက အပြည့်အဝ ထပ်တူ ကျနေတာတော့ မဟုတ်ဘူး။ နီးစပ် သဘောမျိုး ပါ။ ဘာဝနာဟာ အစပျိုး အချိန်မှာ အားစိုက်ထုတ် ရသလိုလို ရှိတယ်။ ဒါပေမယ့် – တကယ်က အလိုအလျောက် ဖြစ်စဉ် တစ်ခု သာ ဖြစ်ပါတယ်။ အဲ့ဒါကို နားလည်ရင် ရပါပြီ။

Read more of this post

ခဝါသည်

တစ်ရက်က – ရှေ့ပို့စ် စာအချို့ကို ကြည့်ပြီး မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း မေးပါတယ်။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဖြေကြည့် ပါမယ်။

အမေး

“အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။

အဲ့ဒီ စာကို – စာတစ်ပုဒ် မှာ ရေးထားတာ တွေ့ပါတယ်။ အဲသလို နေတာက နေချင် သလို နေလိုက်တာမျိုး ကို ဆိုလိုတာလား။ ဘယ်လို ကိစ္စ ကို မဆို စဉ်းစား ဆင်ခြင် ပြီးမှ မလုပ်ရ ဘူးလား။ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို မတွေးပဲ၊ တခြား တစ်ဖက်သား ကို ထည့် မစဉ်းစားပဲ ကိုယ့် စိတ် အတိုင်း လွင့်မျော ပေးလိုက်ခြင်း ကို ဆိုလိုတာလား။

ကျနော် ကောင်းကောင်း မလုပ်တတ် သေးပါဘူး။ လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲ လိုက်တော့ မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်းမသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်း မှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး…။

အဖြေ

ဒီ အမေးစကား ကို ရှင်းမယ် ဆိုရင် – “ဘာဝနာ” ဆိုတဲ့ အပေါ် နားလည်အောင် ကြည့်ပေးဖို့ တစ်ခုသာ ကျနော် တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဒီ အဖြေ တစ်ခု လုံးမှာ ကျနော် ဘာဝနာ အကြောင်းကိုပဲ ပြောပါမယ်။

ဘာဝနာ ဆိုတာ – အလွယ်ပြောရင် – ခင်ဗျားရဲ့ အတွေးစဉ်တွေ၊ ခံစားချက်တွေကို သတ်ပစ်တတ်တဲ့ သတ္တိ ရှိပါတယ် ။ ခင်ဗျား ရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ နေတတ် သမျှ၊ ခင်ဗျားရဲ့ အနာဂတ်ကို မျှော်လင့် နေတတ် သမျှ အားလုံး ကို ရပ်ဆိုင်းသွား စေတတ်တယ် ။ ဆိုလိုတာက ဘာဝနာ- ဟာ အဲ့ဒီ အတိတ်နဲ့ အနာဂတ်နှစ်ခုအကြား – ခင်ဗျား အခု ရရှိပိုင်ဆိုင် နေတဲ့ “အခု၊အချိန်၊ – အခု အဖြစ်” ကိုသာ သိရှိ ဖြစ်တည်ခွင့် ပေးပါ တယ်။ ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိတွေပါပဲ ။

Read more of this post

မပြောပြ/ ပြောမပြ/ ပြောပြမရသော

သစ္စာတရား၊ အမှန်တရား ဟာ ပြောပြလို့ မရဘူးလို့ အဆိုရှိတယ်။ ဘာလို့လဲ။ ဘာကြောင့် ဒီလို ပြောပြ မရအောင် ခက်ခဲရတာလဲ။ သစ္စာတရား ကို ဒီလို ပြောပြလို့ မရရတဲ့ အကြောင်းရင်းတွေက အမြောက်အမြား ရှိပါတယ်။ အခြေခံ အကျဆုံး၊ ပထမဆုံး အကြောင်းကို စပြောပါမယ်။

အဲ့ဒီ ပထမ အကြောင်းက – သစ္စာ၊ အမှန် ကို ဆိတ်ငြိမ်မှု (Silence) ကနေသာ သိမြင်နိုင်လို့ ဖြစ်ပါတယ်။ ခင်ဗျား က အသံထွက် စကားပြောနေရုံတင် မဟုတ်ဘူး။ Inner talk လို့ ခေါ်တဲ့ စိတ်အတွင်း မှာလည်း စကားတွေ ပြောနေမယ်။ စိတ်ကူးတွေ ပုံဖော်နေမယ်။ ရည်ရွယ် ကြံဆနေမယ်။ အကြောင်းအကျိုး ဆင်ခြေတွေနဲ့ ယုတ္တိ ခိုင်မာအောင် တည်ဆောက် နေမယ်။ ခင်ဗျား အပြင်ကို စကားသာ ထုတ်မပြောရင် ရှိမယ် – စိတ်အတွင်း ထဲမှာ အတွေးတွေ ဗြောင်းသတ် နေမယ်။ အဲ့ဒီ Inner talk ပါ ရှိနေသရွေ့ သစ္စာဆိုတာကို သိမြင်နိုင်ဖို့ မရှိပါဘူး။ အဲ့ဒီ Inner talk ဆိုတာ ကိုပါ ရပ်ပစ် ရပါလိမ့်မယ်။ အဲ့တော့ – ဒီလို ဆိတ်ငြိမ်မှု နဲ့ မှ မြင်နိုင်မယ့် အရာ ကို ခင်ဗျား ဘယ်စကားလုံးတွေ သုံးပြီး ဖော်ပြမလဲ။

အဲ့ဒီအရာ ဟာ အတွေး မဟုတ်ဘူး။ ကိုယ်တွေ့သိရတဲ့ အသိ၊ အတွေ့အကြုံပါ။ တကယ်လို့သာ အဲ့ဒီအရာဟာ အတွေးတစ်ခု ဆိုရင် ခင်ဗျား ကောင်းကောင်း ဖော်ပြနိုင်တယ်။ ဘာ အခက်အခဲမှ ရှိနေမှာ မဟုတ်ဘူးရယ်။ အဲ့ဒီ အတွေး ဟာ ဘယ်လောက် ခက်ခဲမှာ မို့လို့ လဲ။ ဘယ်လောက် ရှုပ်ထွေးနေမလဲ။ ခင်ဗျား ဖော်ပြ၊ ပြောပြလို့ ရပါတယ်။ တစ်နည်း မဟုတ် တစ်နည်းနဲ့ ပြောပြနိုင်တယ်။

ဥပမာ – အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ ( Theory of Relativity ) ။ ဒီ သီအိုရီဟာ သူ့ခေတ် သူ့အခါက တကယ် ရှုပ်ထွေး ခက်ခဲတဲ့ သီအိုရီ ပါ။ အခု လက်ရှိအချိန်မှာလည်း သိပ္ပံနဲ့ သင်္ချာ အရင်းနှီး အကျွမ်းတဝင် မရှိတဲ့သူတွေ အဖို့ ရှင်းပြဖို့ ခက်နေဆဲ၊ နားလည်ရ ခက်နေဆဲ သီအိုရီ ပါ။ ဒါပေမယ့် အဲ့ဒါ ပြဿနာ မရှိဘူး။ ခင်ဗျား ပြောပြမယ့် သူက သူ့ဘာသာ နားမလည် နိုင်တာပဲ ရှိမယ်။ ခင်ဗျား ကတော့ ခင်ဗျား သိတဲ့ အဲ့ဒီ သီအိုရီ ကို ပြောပြနိုင်တယ်။ ဆိုလိုတာကတော့ ခင်ဗျား အဲ့ဒီ အတွေးကို တစ်ခုခု သုံးပြီး ဖော်ပြနိုင်နေတယ်။ တစ်ဘက်သူ ကိုသာ လုံလောက်တဲ့ ကြောင်းကျိုး ဆင်ခြေနဲ့ အချက်အလက် အချို့ မွမ်းမံ ပေးလိုက်ပါ။ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ သူလည်း နားလည် သွားလိမ့်မယ်။

အိုင်းစတိုင်း သက်ရှိ ထင်ရှား ရှိစဉ်က သူ့သီအိုရီကို ကောင်းကောင်း နားလည်တဲ့သူ ဟာ တစ်ကမ္ဘာလုံး မှာ လူ ဆယ့်နှစ်ယောက်၊ တစ်ဒါဇင်သာ ရှိတယ် လို့ ဆိုတယ်။ ဒါပေမယ့် အဲ့ဒီ ဆယ့်နှစ်ယောက် ရှိတာဟာ လုံလောက်ပါတယ်။ တစ်ယောက်ပဲ ရှိနေဦးတော့ – အိုင်းစတိုင်းဟာ သူ့ရဲ့ အတွေးကို ဖော်ပြနိုင်နေတယ်။ အခု အချိန်မှာ နားလည်မယ့်သူ ဘယ်သူမှ မရှိဘူး ဆိုရင်တောင် ရာစုနှစ် အချို့ ဖြတ်သန်း ပြီးသွားရင် နားလည်မယ့်သူ တစ်ယောက်ယောက် ရှိလာနိုင် သေးတယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းဟာ သူ့အတွေးကို ဖော်ပြနိုင်လို့၊ အတွေး ဖြစ်နေလို့ပါပဲ။

သစ္စာတရား က အဲ့လို မဟုတ်ပါဘူး။ သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ဖို့ ဆိုရင် ခင်ဗျား စကားတွေ သုံးပြီး ဘယ်လိုမှ မဖော်ပြ နိုင်ဘူး။ အခြားလူကို မပြောနဲ့ဦး – ခင်ဗျား ကိုယ် ခင်ဗျား အတွက် ကိုပဲ စကားတွေနဲ့ သုံးပြီး နားလည်အောင် မလုပ်နိုင်ဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ စင်စစ် အဲ့ဒီ အရာ ဟာ စိတ်ကူးတွေ၊ အတွေးတွေ၊ စကားလုံးမှိုင်းတွေ လုံးဝ ဖယ်ချနိုင်ပြီးနောက်မှ ရောက်ရှိနိုင်မယ့် အရာ ဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျားက ပြန်မေးမယ်။ — စိတ်ကူးတွေ ၊ အတွေးတွေ မရှိဘဲ ဘယ်လို ရောက်သွားမှာတဲ့လဲ၊ ဘယ်လို လုပ်ရမှာလဲ—–။ ဒီလို မေးခွန်း ထွက်ပေါ် လာရ တာဟာ- Read more of this post

အဲ့ဂလောက်သာ ရှင်းတတ်သည်

ကြားသိဖူးပြီး ဖြစ်ကြသော်လည်း၊ သစ္စာတရားဆိုသည်နှင့် ပတ်သက်တိုင်း၊ တရားဓမ္မဆိုသည်ကို ရှင်းလင်းတိုင်း၊ ဘဝဆိုသည်၏ နက်နဲမှုနှင့် ဝေါဟာရတို့ ဖွင့်ဆိုရှင်းပြရင်း မပြည့်စုံသည့် အခါတိုင်း ပြောလေ့ ပြောထရှိသော ပုံဝတ္ထု ဖြစ်ပါသည်။

ဖားတစ်ကောင်သည် ပင်လယ်ထဲက လာပြီး ၊ ရေတွင်းတစ်တွင်းထဲ ခုန်ချမိလိုက်သည်။ ရေတွင်းထဲက ဖားက – “မိတ်ဆွေ၊ ဘယ်က လာတာလဲ” ဟု မေးလိုက်သည်။ “ကျုပ် ပင်လယ်က လာတာ” ဟု ပြန်ပြောသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားက “ပင်လယ် ??? :O အဲ့ပင်လယ်က ဘယ်လောက် ကြီးသလဲ” ဟု မေးသည်။ ရေတွင်းထဲတွင် နေထိုင်သော ဖားသည် ရေတွင်းထက် ကြီးသော မည်သည့် အရာဝတ္ထုမျိုး ကိုမျှ မတွေ့ဖူးပေ။ ရေတွင်းထဲမှာ မွေးဖွားသည်။ ရေတွင်း ထဲမှာပင် ကြီးပြင်းသည်။ ရေတွင်း နံရံက ထွက်ပြီး အပြင်ဘက် တစ်ခါမှ မရောက်ဖူးပေ။ ရေတွင်း နံရံက ကြီးလည်း ကြီးသကိုး။ ရေတွင်း ဖားအတွက် ရေတွင်း အပြင်ဘက်၌ ရေတွင်းထက် ကြီးသော အရာဝတ္ထု ရှိသည်ဟု သိနိုင်စရာ အကြောင်းလည်း မရှိပေ။ အပြင်ဘက်က ဖား တစ်ကောင် တစ်လေ မှလည်း အပြင်ဘက်က သတင်းပေးဖို့ ရေတွင်းထဲ ရောက်မလာပေ။

ပင်လယ်ဖားက “ပင်လယ်က အကြီးကြီး” ဟု ပြောသည်။ သို့သော်လည်း ရေတွင်းဖားသည် အကြီးကြီး ဆိုသည့် စကားကို သဘောမပေါက် ဖြစ်နေသည်။ ရေတွင်း တစ်ဝက်လောက် ခုန်ပြပြီး “ဒါလောက် ကြီးသလား” ဟု မေးလိုက်သည်။ ပင်လယ်ဖားက – “ဒါလောက် မကဘူး။ အများကြီး ကြီးတယ်” ဟု ပြောပြပြန်သည်။ ရေတွင်း ဖားက ရေတွင်း တစ်တွင်းလုံး ခုန်ပြပြီး – “ အဲ့ဒါလောက် ကြီးသလား” ဟု မေးကြည့်ပြန်သည်။ ပင်လယ်ဖားက – “အဲ့ဒါထက် အများကြီး ကြီးတယ်” Read more of this post

Follow

Get every new post delivered to your Inbox.