မာန သုံးပါး

ပုရာဘေဒသုတ် မှာ – မာန နဲ့ပတ်သက်လို့ သုံးမျိုး ဆိုပါတယ်။

လောကေ – လောက၌၊ အတ္တာနံ – မိမိ ကိုယ်ကို -
၁။ – သမေ – သူတစ်ပါးနှင့် တူညီသည် ဟူ၍လည်း၊ န မညတေ- မထင်မှတ်အပ်။
၂။ – န ဝိသေသိ – သူတစ်ပါးထက် ထူးမြတ်သည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
၃။ – န နီစေယျော – သူတစ်ပါးထက် နိမ့်ကျသည် ဟူ၍လည်း၊ န မညတေ – မထင်မှတ်အပ်။
————————


စင်စစ် ကြည့်ရင် – မာန် (ဝါ) မာန ဟာ – သူတစ်ပါးနဲ့ နှိုင်းယှဉ်တဲ့ အခါတွေမှာ ပေါ်ပေါက် တာ ဖြစ်ပါ တယ်။ မိမိ တစ်ဦးတည်း အထီးတည်း အဖြစ်ကို လက်မခံနိုင်ခြင်း သဘော ကိုပဲ မာန်၊ မာန လို့ ခေါ်ဆို တယ်။ ရှေးဆရာ တို့ အလို အားဖြင့် သူ့မှာ- ဥဏ္ဏာတိ လက္ခဏာ ၊ “တက်ကြွတဲ့ သဘော” ရှိတယ် လို့ ဆိုပါတယ်။

ဒီ သုံးမျိုး မှာ – မိမိ ကိုယ်ကို ၁။ အခြား သူတစ်ပါး နဲ့ နှိုင်းတုခြင်း၊ ၂။ သူတစ်ပါး ထက် ထူးမြတ် တယ် လို့ မှတ်ယူခြင်း – ဒီ နှစ်ချက်ဟာ တက်ကြွ၊ထောင်လွှား တဲ့ သဘော ဖြစ် တယ် လို့ လူ အများ သိမြင် ရ လွယ်ကူ တယ်။ တတိယ အမျိုး အစား “န နီစေယျော” – သူတစ်ပါး ထက် နိမ့်ကျတယ် လို့ မှတ်ယူ တဲ့ မာန ကို တော့ တက်ကြွ တဲ့ သဘော အနေ နဲ့ သိမြင် ခဲ တယ်။ အများ အားဖြင့် မှာ လည်း – အဲ့ မာန ဝင်ရင်း — ငါ့မှာ မာန်မာန မရှိဘဲ- လို့ ထင်မြင် နေ စရာ ရှိပါ တယ်။ ဒါပေမယ့် – စင်စစ် – မိမိ ကိုယ် ကို အနိမ့် မှာ ထားရင်း ရှိနေ တဲ့ ဒီ မာန ဟာ မိမိကိုယ်ကို နိမ့်ချတယ် ဆိုတဲ့ နိဝါတ မဟုတ်ဘူး။ ယုတ်နိမ့်တဲ့ အဆင့် အတန်း တစ်ခု အနေ နဲ့ မိမိ ကိုယ်ကိုယ် ဂုဏ်ယူ တဲ့ သဘော သာ ဖြစ်ပါတယ်။

“ငါ – ဘယ်သူတွေ ထက် မိုက်တယ်။ ငါဟာ သူတို့တွေထက် ပိုခံစားရတယ်။ ငါ ဟာ သူတို့တွေ ထက် ပိုနာကျင် ခဲ့ရတယ်။ ငါသာ အတ္တအနည်းဆုံး၊ ငါ့မှာ ဘာမှ ငဲ့ကွက်စရာ မရှိဘူး။ မလိုဘူး။ ငါ့မှာ ဘာ ဂုဏ်မှ တက်စရာ မရှိဘူး။” — စသဖြင့် မိမိရဲ့ အတွေးသန္တာန် မှာ အောက်ကျ တဲ့ အခြေအနေ ကို အခြေပြု ကုပ်ယူပြီး- ဂုဏ်ယူတာ တစ်မျိုး ပဲ။

ကျေးကျွန် အဖြစ်နဲ့လည်း – “ငါဟာ အိမ်ပေါက်ကျွန် ဖြစ်တယ်၊ ကျွန်ရင်း ဖြစ်တယ်” လို့ ကျွန်တွင်း နက် တယ်။ ဒါကိုပဲ ဂုဏ်ယူ နေ တတ်တယ်။ အောက်ကျ တဲ့ အဖြစ်၊ နိမ့် တဲ့ အဖြစ် ကနေ အခြား တစ်ပါး နဲ့ နှိုင်းယှဉ် တယ်။ ဒါကိုက တက်ကြွတဲ့ စိတ်သဘောက ရှိနေ တာ ဖြစ်ပါတယ်။

Read more of this post

ဟိုတိ

ဇင်ဆရာ ဟိုတိ ဆိုတာ ရှိတယ်။ သူက တစ်ရွာဝင် တစ်ရွာထွက် သွားနေတတ်တယ်။ သူ့ကိုယ်ပေါ် မှာ လွယ်အိတ် အကြီးကြီး တစ်လုံး လွယ်ထားပြီး၊ အထဲမှာ အရုပ်တွေ၊ သကြားလုံးတွေ၊ မုန့်တွေ ထည့်ထား တတ်တယ်။ လမ်းမှာတွေ့ရင် တွေ့တဲ့ ကလေးသူငယ်တိုင်းကို လိုက်ဝေ ပေးတယ်။ အဲ့လို နှစ်ပေါင်း များစွာ တွေ့ လာရတော့ – တစ်နေ့မှာ လူတစ်ယောက် က မေး တယ်-

“ဟိုတိ၊ ခင်ဗျားကို ဒီလို လှည့်ပတ် လျောက်သွားနေ တာပဲ မြင်နေ ရတယ်။ ကျုပ်တို့ ကြားသိ တာတော့ – ခင်ဗျားဟာ ဇင်ဆရာ လို့ ပြောတယ်။ ဒါနဲ့များ – ဒီလို လှည့်လည် ရင်း ဟိုလျောက် သွား ဒီလျောက်သွား ဘာလို့ လုပ်နေရသလဲ။ ကလေးတွေကြား မုန့်ပဲ သရေ စာ ဝေခြမ်း ပျော်မွေ့ နေ တယ်။ အခြား ဘာများ လုပ်သေး သလဲ။ ခင်ဗျား ရဲ့ ဇင်ဓမ္မ ဆိုတာ ဘာလဲ။ ဒီလို အိတ်ကြီး တ ကားကား သွားလာနေတာ ခင်ဗျား ရဲ့ ဓမ္မ လား။ ဇင်ဆိုတဲ့ ဓမ္မ အကြောင်း ဟောပြော ကျင့်ကြံဖို့များ မလုပ် ဘူးလား။ အခု ကျုပ်တို့ကို ပြောစမ်းပါ။ ဇင် ဆိုတာ ဘာလဲ”

အဲ့အခါ ဟိုတိက သူ့အိတ်ကြီးကို ဗုန်းကနဲ ပစ်ချလိုက်တယ်။ ဘာမှ မပြောဘဲ ငြိမ်ငြိမ်သက်သက် ကြည်ကြည် ရွှင်ရွှင် ပဲ ထိုင်နေ ပါတယ်။ အဲ့အခါ မေးတဲ့သူက ဘာပြော ရမှန်း မသိတာနဲ့ – တစ်အောင့် အချိန် စောင့်ပြီး ဆက်မေးတယ်။ “ဇင်ဆိုတာ ဘာလဲ။”

ဟိုတိက – “ဒါ အကုန်ပါပဲ။ အခု ထမ်းထားတဲ့ ဝန်ကို ပစ်ချ လိုက်တယ် မဟုတ်လား။ အဲ့ဒါ အကုန်ပဲ”

မေးသူက တအံ့ တဩ ဖြစ်သွားတဲ့ အပြင် ထပ်သိချင်သွားတယ်။ “ဟုတ်ပြီ။ ဝန်ထုပ်ကြီး ပစ်ချလိုက်ပြီ။ အဲ့ဒီ နောက် – နောက်ထပ် တစ်ဆင့်ကရော –”

အဲ့ အခါ ဟိုတိ လည်း စကားတစ်ခွန်း မှ မဆိုတော့ဘဲ – Read more of this post

ဇင်သည် လည်မျို လည်း ညှစ်တတ်၏ ~

တစ်နေ့~ ဇင်ဆရာ ရင်းဇိုက် က သူ့ကျောင်းသင်္ခမ်းမှာ တရား စကား ပြောကြား နေချိန်။ တရား တစ်ပုဒ် ဟောဖို့ လုပ်တော့ လူတစ်ယောက် က ထလာ တယ်။ တရားပွဲကို ခဏရပ်ဖို့ ပြောတယ်။ ရင်းဇိုက်လည်း ရပ်လိုက်ပြီး မေးတယ်။

“ဘာဖြစ်လို့ပါလဲ”

မတ်တပ်ရပ်နေတဲ့ အဲ့ဒီလူက ပြန်ပြောတယ်။

“ဆရာသခင်၊ အသက်ဝိညာဉ် ဆိုတာ ဘာလဲ”

ဇင်ဆရာ ရင်းဇိုက် ဟာ သူ့တောင်ဝှေး ကို ကောက်ကိုင် လိုက်တယ်။ ရှေ့မှာ ထိုင်နေတဲ့ သူတွေကို လမ်း ခဏဖယ် ပေးဖို့ ပြောတယ်။ အဲ့ဒီ လူဆီ ထသွား တယ်။ မေးတဲ့သူ လည်း ရုတ်တရက် တုန်လှုပ် သွားပါတယ်။ သူ မေးတာ ကို ဒီလို ထလာပြီး ဖြေမယ် လို့ မထင် ထားဘူး။ ရင်းဇိုက် က အဲ့ဒီ လူ အနား ကို ရောက်လာတယ်။ ချက်ချင်းပဲ လည်မျို ကို ဖမ်းကိုင်ပြီး ညှစ်လိုက်တယ်။ ဖိ ညှစ်တယ်။ လည်မျိုကို အား တင်းတင်း ဖိညှစ် ထား တာကြောင့် အညှစ် ခံရတဲ့ ဟိုလူ ခမျာမှာ မျက်လုံးက ပြူးထွက် လာပါတယ်။ ဒါပေမယ့် ရင်းဇိုက်က ဆက်ညှစ် ထားတုန်းပဲ ။ ပြောလိုက်တယ်။ “ခင်ဗျား ဘယ်သူလဲ။ မျက်လုံး ပိတ်ထားလိုက်ပါ” အဲ့ဒီလူ လည်း မျက်လုံး မှိတ် လိုက်တယ်။ လည်မျို ကတော့ ညှစ်ထားရက်ပဲ ~ ရင်းဇိုက်က ထပ်မေးတယ်။ “ခင်ဗျား ဘယ်သူလဲ။ အခု ဘယ်သူလဲ” ။

အဲ့သည် ခဏ ~ အညှစ် ခံရတဲ့သူ လည်း မျက်လုံး ပြန်ဖွင့် လာတယ်။ ပြီးတော့ ရင်းဇိုက် လက်က ရုန်းထွက်တယ်။ နှစ်နှစ် ခြိုက်ခြိုက် ရယ်ပါတော့တယ်။”ဆရာသခင်။ ဆရာဟာ ကျနော် မေးတဲ့ အသက် ဝိညာဉ် အကြောင်း အပြည့်အစုံ ဖြေကြား ခဲ့ပြီးပါပြီ။ ကျနော် နားလည် ပါပြီ”။

ရင်းဇိုက် ရဲ့ အပြုအမူဟာ လတ်တလော အသုံးချ လိုက်တဲ့ အရာ တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ အသက်ဝိညာဉ်က ဘာလဲ လို့ မေးတိုင်း ဒီလို ပုံစံ ဖြေလို့တော့ မရဘူးရယ် ~ ဒါ့ကြောင့် အခြား လူတစ်ယောက် က ရင်းဇိုက်ကို ဒီအကြောင်း မေးခဲ့ပါတယ်။ “ဘယ်သူ လာမေးမေး ခင်ဗျား အဲ့လို ပုံစံနဲ့ ပဲ ဖြေမှာလား” ။

ရင်းဇိုက်က ပြန်ပြောတယ်။

“သူ အဆင်သင့်ရှိနေတယ်။ ဒါ့ကြောင့် အခုခဏ အတွင်း – ဒီလို လုပ်ရပါတယ်။ သူ ကျုပ် ကို မေးတာက ~ သူ့အသိနဲ့ ညှိနှိုင်းဖို့၊ စစ်ကြော ဖို့၊ မေးခွန်း ပြန်ထုတ်ဖို့ for a question’s sake အနေနဲ့ မေးနေတာ မဟုတ်ဘူး။ သူ တကယ် သိချင် လို့ကို မေးနေတာရယ်။ ဒါ့ကြောင့် သူ အဆင်သင့် ရှိနေပြီးသား ဖြစ်ပါတယ်။ တကယ် မေးနေတယ်။

ဒါ့ကြောင့် သူ မေးတဲ့ မေးခွန်း ကလည်း သေရေး ရှင်ရေး ပြဿနာ တစ်ခု လို ဖြစ်သွားတယ်။ သူ့ မေးခွန်းကို ကြည့်ကြည့်ပါ။ အသက် ဝိညာဉ် ( Soul ) ဆိုတာ ဘာလဲ ~ တဲ့။ ဟုတ်တယ်ဟုတ်။ အဲ့ဒီ အတွက် သူ့ရင်တွင်းမှာ အဖြေပြည့်ဝ သိနိုင်ဖို့ အကြောင်း ပြည့်စုံ ပါတယ်။ သူအခု လက်ရှိ ရှင်သန် နေတာ ကိုသာ တွေဝေ သံသယ ရှိနေမိရုံလေး ဖြစ်နေတယ် ။ အဲ့အတွက်လည်း သူ မေးတဲ့မေးခွန်းက “ဘဝ ဆိုတာ ဘာလဲ” လို့ မေးတယ် ။ ဒါဟာ အတူတူပဲ မဟုတ်လား။

Read more of this post

Zen is Pure Awareness

Zen ဒဏ္ဍာရီ ပုံတိုပတ်စ တွေမှာ ဘာဝနာ ရဲ့ သဘော ၊ ဘာဝနာ ရဲ့ အကြောင်း သိပ်မပါဘူး ~ မတွေ့ရဘူး လို့ ပြောကြပါတယ်။ – ဘာကြောင့် ပါလဲ လို့ မေးရင် ~

Zen ပုံတို ပတ်စတွေမှာ ဘာဝနာ အကြောင်း မပါပါဘူး။ စကားလုံး အနေနဲ့ ထုတ်ဖော်ပြီး ပြောပြမနေပါဘူး။ ဒါ့ကြောင့် “အပ္ပမာဒ”၊ “စောင့်ကြည့် မှု”၊ “သတိ”၊ “ဘာဝနာ” စသဖြင့် ဒီစကားလုံးတွေကို တွေ့ရမှာ မဟုတ်ဘူး။ အကြောင်းက ~ Zen ပုံတိုပတ်စ တစ်ခုလုံးဟာ ဘာဝနာ ၊ အပ္ပမာဒ ၊ လက်ရှိ ရှင်သန် နေထိုင်မှု ကိုသာ ညွှန်းဆို နေလို့ပဲ ဖြစ်ပါတယ်။ တနည်းပြောရင် ဇင် ပုံပြင်တစ်ပုဒ် လုံးဟာ ဘာဝနာ ပဲရယ်။ ဒီ ပုံတိုပတ်စ ဇာတ်လမ်း တွေကြား ပါဝင်နေတဲ့ စကားလုံးတွေနဲ့ ဆရာတပည့်ကြား တိတ်ဆိတ် ကူးယှက်နေသမျှတွေ အားလုံး ကြား မှာ ခင်ဗျား ဘာသာ ဘာဝနာ ကို ရှာတွေ့ နိုင်ပါလိမ့်မယ်။

ဇင်ဟာ ဘာဝနာ “အကြောင်း”ကို မပြောဘူး။ ဘာဝနာကိုပဲ တိုက်ရိုက် ညွှန်ပါတယ်။ ဒီလို “အကြောင်း” တွေ မခင်းပြတဲ့ အတွက် လည်း ဇင်ကို ဒဿန မဟုတ်ဘူး ~ ဝါဒ မဟုတ်ဘူး လို့ ပြောရတာ ဖြစ်ပါတယ်။

ဒဿနိက၊ ကျမ်းစာတွေ၊ ဝါဒတွေမှာ “ဘာဝနာ” အကြောင်း၊ သိမှု သက်သက် ဆိုတဲ့ အကြောင်းတွေကို ခွဲခြမ်း စိတ်ဖြာ ပြောကြ လိမ့်မယ်။ ဘာဝနာရဲ့ ပင်မ အလုပ်ဖြစ်တဲ့ စောင့်ကြည့်မှု ကို “ဘယ်လို စောင့်ကြည့်ရမယ်~ ဘယ်လို အဆင့်ဆင့် ရှိတယ်” စသဖြင့် ပိုင်းခြား ခွဲဖြတ် ကြပါ လိမ့်မယ်။ ဆရာသခင် အများကလည်း စောင့်ကြည့်ခြင်း ဆိုတာ ဘာဖြစ်ကြောင်း သင်ကြားပြ ကြပါလိမ့်မယ်။ ဒါပေမယ့် ဇင် က ဘာဝနာ သက်သက်သာ ဖြစ်နေပါတယ်။ အကြောင်းအရာ ကို ခွဲခြားပြ မနေဘူး။ ရှင်းပြ မနေဘူးရယ်။

Read more of this post

တောင်ထိပ်ဖျားက ဆိုက်ပရပ်စ်ပင်

ဇင်ဆရာကြီး ချောင်းချောင် ( Chou Chou ) ဆိုတာ ရှိတယ်။ တနေ့ ဘုန်းကြီး တစ်ပါး သူ့အနားကို ချဉ်းကပ်လာရင်း မေးခွန်း တစ်ခု ထုတ်ပါတယ်။

“စစ်မှန်တဲ့ ဘာသာရေး ဆိုတာ ဘာကို ပြောတာလဲ”

အဲ့ဒီအချိန်က ~ ညအခါ ဖြစ်ပါတယ်။ ကောင်းကင်မှာ လဝန်းက တပြည့်တဝ ဝင်းပနေတယ်။ ရွှန်းရွှန်းလဲ့လဲ့ ကြည်လင်နေတယ် လို့ ဆိုနိုင်ပါတယ် ။ မေးခွန်း ထုတ်လိုက်ပေမယ့် ~ ထိုင်နေတဲ့ ဇင်ဆရာကြီး ချောင်းချောင် က အချိန်တော်တော် ကြာ အောင် ကို တိတ်ဆိတ် နေဆဲ ရှိ တယ်။ ပတ်ဝန်းကျင် တစ်ခုလုံး ဒီဘုန်းကြီးနဲ့ ဒီဇင်ဆရာ နှစ်ဦးတည်း။ အချင်းချင်း ဘာစကား မှ မဆိုဘဲ တိတ်ဆိတ် နေကြတယ်။ တစ်ဦးကလည်း စိတ်ရှည် လက်ရှည် စောင့်ဆိုင်း နေတယ်။ အဲ့သည် နောက်တော့ ဇင်ဆရာကြီးက ရုတ်တရက် လှုပ်ရှား လာပြီး ကောင်းကင်ကို တစ်ချက် မော့ကြည့် တယ်။ ပြီးတော့ ဟိုးအဝေးက တစ်နေရာကို လက်ညှိုးထိုး ပြတယ်။

“ဟိုးတောင်ထိပ်ဖျား က ဆိုက်ပရပ်စ်ပင်လေး ကို ကြည့်ကြည့်စမ်းပါ”

သူ ညွှန်ပြရာ နေရာမှာ ဆိုက်ပရပ်စ်ပင်တွေ ရှိပါတယ်။ အဲ့သည်အချိန်နဲ့ တပြိုင်တည်း မှာ လေနုအေးတွေ တစ်ချက် တစ်ချက် သုတ် လာနေတယ်။ လေပြေအေးတွေ လှုပ်ခတ်တိုင်း အဲ့သည် ဆိုက်ပရပ်စ် ပင်လေး တွေ ယိမ်းထိုး သွားကြတယ်။ သူတို့ရဲ့ အပင် ထိပ်ဖျား မှာတော့ ရွှမ်းရွှမ်းမြနေ တဲ့ လမင်းက ဝင်းဝင်း လဲ့နေ ပါတယ် ။ နှစ်ယောက်သား ငေးမော ရင်း အဲ့ဒီ အလှကို အမိအရ ခံစားမိကြတယ်။ ဒီ အချိန် မှာ ဒီအရာတွေ ထက်များ ဘယ်အရာ က ပိုလှနေဦးမလဲ။

ဒါပေမယ့် ဘုန်းကြီးက ပြောတယ်။

“ဆရာသခင်။ ဒါဟာ ကျနော် မေးတဲ့ မေးခွန်း မဟုတ်ပါဘူး။ ကျနော် အဲ့ဒီ ဆိုက်ပရပ်စ်ပင် တွေ အကြောင်း မေးနေတာ မဟုတ်ဘူး။ လမင်း အကြောင်း၊ လေပြေ အကြောင်း ၊ အလှအပတွေ အကြောင်း မေးနေတာလည်း မဟုတ်ဘူး။ ကျနော့် မေးခွန်း ဟာ ဒါတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ဘာမှ လုပ်မရ ပါဘူး။ ကျနော့မေးခွန်းဟာ ~ ဘာသာရေး အစစ်အမှန်ဟာ ဘာလဲ လို့ပဲ ကျနော် မေးခဲ့တာ ဖြစ်ပါတယ်။ ဆရာသခင် ကျနော့မေးခွန်း ကို မေ့နေပြီ ထင်တယ်”

Read more of this post

တခဏ သည် တခဏ သို့သာ ဖြစ်သည်

ဘာဝနာ နှင့် နစ်မြုပ်နိုင် လာသည် နှင့် အမျှ အချိန်ကာလ သတ်မှတ်ချက် တို့လည်း ပျောက်ကွယ် သွားရ၏။ ဘာဝနာ ၏ ဖူးပွင့်နိုင်စွမ်း အတွင်း ၌ မည်သည့် အချိန် ကာလ ကိုမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဘာဝနာသည် ယခု ခဏ ၌ အလိုအလျောက် တည်ဖြစ်ခြင်း ကိုသာ ဆိုလို သည်။ စိတ်ကူး သန္တာန် ပျောက်ကွယ် သော ခဏ ၌ ယင်း စိတ်ကူးဖြင့် ခြယ်သသော အချိန်သည်လည်း ကွယ်ပျောက်၏ ။ ထို့ကြောင့် ခေတ်အဆက်ဆက် ရှိကြသော ဒဏ္ဍာရီ တို့၌ ~ “ကာလ” နှင့် “စိတ္တ” သည် ဒင်္ဂါးတစ်ခု၏ ခေါင်းနှင့် ပန်းမှ လွဲ၍ အခြား မဟုတ်ကြောင်း~ ညွှန်းဆို ကြခြင်း ဖြစ်သည်။ စိတ် အတွေးအကြံ မရှိလျှင် အချိန်ကာလ ဟူသည် မရှိ ~ စိတ် ကူး အတွေးအကြံ တို့ မရှိဘဲ အချိန်ကာလ သည် သူ့ချည်း ရှင်သန် မနေနိုင်။ စိတ်ကွန့်မြူး ရာ ပျော်စံရာ ဌာနအတွင်း၌သာ ယင်း အချိန်ကာလ တို့ ဖြစ်တည် ၏။

ထို့ကြောင့် ဗောဓိဥာဏ် ရှိကြသူတို့ မိန့်ကြားသော ဆိုစကားတို့ တွင် ~ “ပစ္စုပ္ပန် ၌သာ ရှင်သန်အပ်၏” ~ ဟု ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။ ယင်း ပစ္စုပ္ပန်ကို ရှုမြင် ရှင်သန်ခြင်း သည်သာ “အပ္ပမာဒ”~ “မမေ့လျော့သော သတိနှင့် နေထိုင်ခြင်း” ~ “ဘာဝနာ” ဖြစ်သည်။ ယခု “ဤနေရာ/ဤအချိန်” ၌ သိမြင် ရှင်သန်နေခြင်းမျှသည်သာ ဘာဝနာ ဖြစ်သည်။ ထို ထက် ဘာမျှ မပို။ ယခု ခဏတွင် ရှိသော ~ အဝေး က ကျေးငှက်တို့၏ ဘာသာဘာဝ သီဆိုသံ သည် လည်းကောင်း ၊ လေယာဉ်ပျံ တို့ ၏ အင်ဂျင်သံ၊ ကျီးငှက် ၊ ဝါးရုံတို့ လှုပ်ခတ်သံများသည်လည်းကောင်း ~ အသင် စာရှုသူတို့ ရှုမြင်ထားသည့် ယခု ပစ္စုပ္ပန် ခဏ၌ ( လှုပ်ခတ် လျက်နှင့် ပင် ) တိတ်ဆိတ် သွားရ၏ ။ စိတ်သန္တာန် အတွင်း၌ကား လှုပ်ခတ်မှု မရှိ။ ပကတိ အငြိမ်သား တည်၏။ စိတ်အာရုံသည် အတိတ် ကာလသို့ ပြေးခို မသွား၊ အနာဂတ် ကာလသို့ လည်း ပျံ့လွင့် မျှော်လင့် မနေ။ ထို့ကြောင့် ~ အချိန်သည်လည်း ရပ်။ စိတ်လည်း ရပ်။ အသင် စာရှုသူ၏ လောကလည်း ရပ်တန့်လျက် ရှိ၏ ဟု ဆိုပါမည် ။

Read more of this post

ဖက်ခွက်စား

ဗုဒ္ဓဘာသာမှာ ဂီတ၊ အက၊ ပြဇာတ် စသည် အနုပညာတွေကို အိမ်နိမ့်စံ ထားထားတယ်။ ဒါပေတဲ့ စင်စစ် အနုပညာ ဟာ ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) တို့ နှစ်ခု ကြား တည့်တည့်မှာ တည်ရှိတယ် လို့ ကျနော် မြင်ပါတယ် ။ အနုပညာ မှာ အဲ့ဒီ အမည်နှစ်ရပ်ရဲ့ အရည်အသွေးတွေ အညီအမျှ ရောစွက် ပါဝင်နေတယ်။ အနုပညာရဲ့ ခေါင်းဘက်ပိုင်း ကို နည်းပညာ၊ အတတ်ပညာတွေနဲ့ သက်ဆိုင် မယ် လို့ ဆိုရင် ပန်းဘက်ခြမ်းဟာ ဘာသာရေးရဲ့ နက်နဲတဲ့ သိမြင်မှုကို အခြေခံထား တယ်။

ဆိုပါစို့ ~ ပန်းချီတစ်ချပ် ရေးဆွဲတာမျိုး။ သိပ္ပံသမားတွေလည်း ပန်းချီရေးဆွဲနိုင်ပါတယ်။ ပန်းချီ ဝါသနာ ထက်သန်တဲ့ သိပ္ပံ ပညာရှင်တွေ လည်း မြင်တွေ့နေရတာပဲ မဟုတ်လား။ ရိုးရှင်းပါတယ် ။ ဘာသာတရားက အထိုက် အလျောက် ပေးစွမ်း တဲ့ အေးချမ်းမှုမျိုး ကို ဘာသာရေး မလုပ်သူ လည်း အနုပညာ မှာ ရှာတွေ့နိုင်တယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘာသာ ပေါင်းစုံ တို့ရဲ့ ပြယုဂ် မှာ အနုပညာဟာ နက်နက် နဲနဲ စိမ့်ဝင်နေ တယ်။

ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အနုပညာဟာ ပင်မကျတဲ့ တစ်နေရာကို ယူထားပါတယ်။ အနုပညာ အတိမ်အနက်နဲ့ လူမှု လူ့ဘောင် ရဲ့ သရုပ် ကို တွဲဖက် မြင်တွေ့ရလေ့ ရှိတယ်။ အနုပညာမှာ ဘာသာရေးရဲ့ အရိပ်အရောင်ဟာ အထူးသဖြင့် ထင်ဟပ်တယ်။ ဒါပေတဲ့ အများ အားဖြင့် ဘာသာရေး ဟာ အနုပညာ ကို ရှုံ့ချတယ်။ အနုပညာဟာ ဘာများ အမှား ရှိလို့ပါလဲ ~ အဲ့ဒါကို ပြောလိုပါတယ်။

တကယ်က – ဘာသာရေး ထုံမွှမ်း ထားသူ၊ ဘာသာရေး အပေါ် နားလည်သဘောပေါက်သူ ဟာ ဆုတောင်းဝတ်ပြု သလို၊ ဘာဝနာ ပွားများသလို၊ ပန်းချီ ကား တစ်ချပ် အပြည့် အဝ ခံစားသိမှတ် ရေးဆွဲနိုင်တယ်လို့ ကျနော် မြင်ပါတယ် ။ ဒါပေတဲ့ နည်းပညာပိုင်း တွေ ချယ်လှယ်ထားတဲ့ ပန်းချီကားကို မဆိုလိုဘူး။ ~ ဘာဝနာ လေးနက် စိမ့်ဝင် နေတဲ့ ပန်းချီကား ကိုသာ ဆိုလိုတယ်။ ဘာသာရေး ဘက်ကို နီးကပ်တဲ့ အနုပညာ ဟာ ပိုပြီး လေးနက် ကြည်စင်တယ်။ ဒါဟာ တကယ် ဟုတ်မဟုတ် လေ့လာကြည့်စေချင်တယ်။

လက်ရှိ ခေတ်သစ် ပန်းချီတွေ ကို ကြည့်ရင် – နည်းပညာအသားပေးလွန်းတဲ့ ပန်းချီကားတွေဟာ သိပ္ပံ ဘက်ကို နွယ်မယ်။ အကြမ်းထည် ဆန်တယ် ။ သူတို့တွေ လည်း ဆိုင်ရာ ဂုဏ်အင်္ဂါ ရှိနေပါ တယ်။ ကြည့်သူရဲ့ ဟဒယအတိုင်း လှပနေ နိုင်တယ်။ ဒါပေတဲ့ ခံစားမှု အနှစ်သာရ နက်နဲမှုကတော့ ဆိတ်သုဉ်း နေမယ်။

ဒီနေရာမှာ – အိုရှိုး ပြောကြားခဲ့တဲ့ စကားရပ် တစ်ချို့ကို ဥပမာပြုပြီး ထုတ်ယူ ကြည့်ပါမယ်။ ဂီတ၊ စာပေ၊ အနုပညာ စသည် တို့မှာ – ဇင်ရဲ့ စိမ့်ဝင်နေ မယ့် အရာတွေ ရှိပါမယ်။ အထူးသဖြင့် – ပန်းချီ ကိုပဲ ကျဘမ်းပြောကြည့်မယ်။

ဇင်ဆရာ တွေလည်း ပန်းချီ ဆွဲလေ့ရှိတယ်။ သူတို့ ပန်းချီတွေဟာ အခြား ပန်းချီတွေနဲ့ မတူဘူးရယ်။ ဇင် ပန်းချီကား တစ်ချပ်ကို ကြည့်ရင် နူးညံ့ တဲ့ ခံစားချက် တစ်ရပ် ဖြတ်ခနဲ ဖြစ်ပေါ်ကြောင်း၊ ကြည်ရွှင်တဲ့ သန္တာန် ဖြစ်တတ်ကြောင်း စိတ်ပညာ ဆရာတွေ အပါအဝင် အနုပညာရှင်တွေ လက်ခံထားကြတယ်။ ပေါ့ပါးတဲ့ ကြည်နူးမှု မျိုး ဖြစ်တယ် လို့ ခေါ်နိုင်မယ် ထင်ပါတယ်။ Read more of this post

သုညတ ကိုယ်တော်

ဇင်ကိုယ်တော် တစ်ပါး ရှိတယ်။ သူ့ကိုယ်သူ “သုညတ ကိုယ်တော်” လို့ နာမည် ပေးထားတယ်။ စင်စစ် – သူဟာ ဘာမှ မသိတဲ့သူ၊ အသိ အမြင် ဘာမှ မရှိ၊ ဘာမှ နားမလည်ထား တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ မသိ၊ မတတ်၊ နားမလည် တာကို လူမသိစေချင်ဘူး။ ဒါ့ကြောင့် ထက်မြက်တဲ့ ကိုယ်တော် နှစ်ပါးကို သူ့ဘေးနား ခေါ်ထားတယ်။ တကယ်လို့သာ တစ်စုံတစ်ယောက်က တရားစကား အမေး အမြန်း ပြု လာခဲ့ရင် သူတို့ နှစ်ပါးကပဲ ဖြေ၊ သူကတော့ ဆိတ်ဆိတ် နေတယ်။ ဘာမှ ကို မပြောဘူး – အခန့်သား – ဆိုပါတော့။ ဒီလို စကား ဘာမှ မပြော၊ မဆို တဲ့ အတွက် လည်း သူ့ကိုယ်သူ သုညတ ကိုယ်တော် အဖြစ် ကောင်းကောင်း နာမည် တပ် ထားနိုင်ခဲ့တယ်။

တစ်နေ့တော့ ~ ကျောင်းကို – အာဂန္တု ရဟန်း တစ်ပါး ရောက်လာတယ်။ ဖြေကြားလေ့ ရှိတဲ့ ဟို ကိုယ်တော် နှစ်ပါးကလည်း ကံ ဆိုးချင်တော့ – အဲ့အချိန် – သူ့အနား မှာ – ရှိမနေဘူး ။ “သုညတ ကိုယ်တော်”ကြီး ဖြစ်တဲ့ သူသာလျှင် အထီးတည်း ရှိနေတယ်။ အာဂန္တု ရဟန်းက ရောက်ရောက်ချင်းပဲ ကိုယ်တော်ကြီး ကို မေးခွန်း တစ်ခု မေးတယ်။

“ဆရာတော်ဘုရား၊ ဗုဒ္ဓ ဆိုတာ ဘာလဲ”

ကိုယ်တော် လည်း ဘာဖြေရမှန်း မသိတော့၊ ကျီးကြည့် ကြောင်ကြည့်- ဟိုကြည့် ဒီကြည့်ပေါ့။ တောင်တောင် အီအီ ဟိုငေး ဒီငေး ဖြစ် သွား တယ်။ ဘာမှလည်း မပြောသာ ဘူးရယ်။ ဒါပေမယ့် အာဂန္တု ရဟန်းက ကျေနပ်သွားဟန် တူပါတယ်။ နောက်မေးခွန်းတစ်ခု ထပ်မေး တယ်။

Read more of this post

ဆူဖီ ဇင် အပိုင်းအစများ

Sufism ဆိုတာလေး အကြောင်း ပြောကြည့်မယ်။ ဆူဖီဝါဒ လို့ပဲ အလွယ်ခေါ်မလား မပြောတတ်ပေမယ့် – Sufism ဟာ -ism ( ဝါဒ ) မဟုတ်ပါဘူး။ သူက ဇင် လိုပဲ- ဝါဒ၊ တံဆိပ်က ကင်းလွတ်နေတဲ့ ဘဝနေထိုင်ခြင်း သက်သက် ဖြစ်ပါတယ်။ ဒဿန စနစ် မဟုတ်ဘူး။ သီဝရီတွေ ရှင်းပြမနေဘူး။ ဆူဖီ ဝါဒ လို့ ပြောရင် အစ္စလာမ်ဘာသာရဲ့ လက်ခွဲ တစ်ခုလို မြင်တတ်ကြပေမယ့် – ဆူဖီတွေဟာ မိုဟာမက်ဒင်တွေ မတိုင်မီ ကတည်းက ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျနော် သမိုင်းကိုတော့ ပြန်မသွားတော့ဘူးရယ်။

Sufism ကို ကျနော် ရေးနေကျ Taoism, Zen တို့နဲ့ ထပ်တူပါပဲလို့ ပြောချင်တယ်။ မဟုတ်ပါဘူးလို့ ယူဆရင်လည်း ရှိပါစေ။

အိုရှိုးက Sufism ကို ဒီလို ပြောခဲ့ဖူးတယ်။

“Sufism is not speculative. It is utterly realistic, pragmatic, practical. It is down-to-earth, it is not abstract. Hence, it has no world-view. And also, because, because it is not a system, it does not systematize knowledge.”

“It is not a system because it never gives any complete explanation about anything. It gives only very, very small hints, flashes of insight. It does not spin and weave philosophies; it spins and weaves stories, anecdotes, metaphors, parables, poetry. It is not metaphysics, it is metaphor. It is a figer pointing to the moon. You cannot understand the moon by analyzing the finger. But if you follow the direction with sympathy, if you fall EN RAPPORT, then you will come to see the moon. The figure is not the moon, the finger cannot be the moon, yet the finger can point the way.”

ဇင်မှာ အဓိက သုံးမယ့် ဝေါဟာရဟာ “Mindfulness” သတိ၊ သိမှုစွဲမြဲထားရှိဖို့ ဆိုရင် Sufism ရဲ့ အဓိက သုံးမယ့် ဝေါဟာရဟာ “Heartfulness” နှလုံးသားနဲ့ နေထိုင်မှု သက်သက် ဖြစ်ပါတယ်။ ဇင်ဟာ စိတ်အတွေးအကြံကို ကျော်လွန်ဖယ်ရှားထားချိန်မှာ ဆူဖီတွေက စိတ်ကို ဆန့်ကျင်ဖို့ထက် နှလုံးအိမ်ကို အဓိက ထားတယ်။ သူတို့ရဲ့ ပစ်မှတ်ဟာ နှလုံးသား ဖြစ်ပါတယ်။ စိတ်အတွေးအကြံအပေါ် ဘယ်တစ်ခုမှ ပြောဆိုနေမှာ မဟုတ်ဘူး ရယ်။ ဒါ့ကြောင့်လည်း “ဇင်” ဟာ တစ်ချိန်က ဆာမူရိုင်း စစ်သည်တွေရဲ့ လက်ကိုင်တုတ် ဖြစ်ခဲ့ပေမယ့် – ဆူဖီဝါဒကတော့ ဘယ်အရာရဲ့ လက်ကိုင်တုတ်မှ မဖြစ်ခဲ့ဘူးလို့ ဆိုတယ်။

ဇင်ရော – ဆူဖီတွေရော နှစ်ဦးစလုံးဟာ ပုံပြင်လေးတွေ သုံးလေ့ ရှိပါတယ်။ ဒါပေတဲ့ ဇင်ပုံပြင်တွေ ဟာ သိရခက်တယ်။ အဓိပ္ပာယ်မဲ့နေတတ်တယ်။ ပဟေဠိ တွေ ဖြစ်နေပြီး၊ ဖြေရှင်းဖို့ ဘယ်လိုမှ မရတဲ့ ပုစ္ဆာတွေ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ဇင်ရဲ့ ကိုအာန် ပုစ္ဆာတွေဟာ ခင်ဗျား ဖြေရှင်းဖို့ ချပေးတာ မဟုတ်ဘူး။ ဖြေရှင်းနိုင်စွမ်းမဲ့မှုကိုသာ အပြည့်အဝ ဖော်ကျူးနိုင်ဖို့ပဲ။ ဥပမာ – “တစ်ဖက်တည်း တီးတဲ့ လက်ခုပ်သံ” “အဓိပ္ပာယ်မရှိတဲ့ စကားလုံး၊ စကားလုံးမရှိတဲ့ အဓိပ္ပာယ် ဘယ်ဟာ ပိုနားလည်ရလွယ်သလဲ” စသဖြင့်~ အဲ့ဒါတွေဟာ စေ့စေ့ငှငှ ခွဲခြားကြည့်ရင် အကြောင်းအကျိုး ယုတ္တိတွေနဲ့ ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ အမေးပုစ္ဆာတွေသာ ဖြစ်ပါတယ်။

ဇင်ဆရာတွေဟာ အဲ့ဒီ ကိုအာန်ပုစ္ဆာတွေနဲ့ သူတို့ရဲ့ ရောင်းရင်းတွေကို ဘာဝနာ ပြုခိုင်းလေ့ ရှိတယ်။ ဒီ ပုစ္ဆာတွေကို ခင်ဗျား ဘယ်လို ဖြေရှင်းမှာလဲ။ ဘယ်အဖြေ ရှာမှာတဲ့လဲ ။ နေ့စဉ်နေ့တိုင်း အဲ့ဒီပုစ္ဆာအပေါ် အာရုံစူးစိုက်တည်နေရင်း အဖြေကို ရှာတဲ့ အခါ ဘယ်လို အဖြေ ရလာလာ – အဲ့အဖြေဟာ မှားနေမှာပဲ ။ ဇင်ရဲ့ ပုစ္ဆာတွေဟာ စင်စစ် အဖြေရှာတွေ့ဖို့ မဟုတ်ဘူး။ အဖြေရှာဖွေနေတဲ့ မိမိသန္တာန် – နိတ္ထိတံ အဆုံးသတ် သွားဖို့ ဖြစ်ပါတယ်။

Read more of this post

Follow

Get every new post delivered to your Inbox.