အုက္ကန်ရဲ့ ဘရိတ်ဓါး

“Entia non sunt multiplicanda praeter necessitatem”
စကားလုံးတွေကို လိုတာထက်ပိုမသုံးပါနဲ့ ..တဲ့…။

ဒီစကား က .. အုတ်ခန်ရဲ့ ဘရိတ်ဓါးအသိသညာ အဖြစ်နဲ့ နာမည်ကြီးခဲ့တာဖြစ်ပါတယ်…။ Ockham’s Razor ပေါ့…။ ဒီနာမည်ရလာတာက

၁၄ ရာစုနှစ်က ပြင်သစ်ဒဿနဆရာ ..ဖာသာ- ၀ီလျံ အုတ်ခန် ရေးသားခဲ့တဲ့ စကားကြောင့်ပါ …။
သူက နည်းနည်းလက်တွေ့သမားဗျ……။ သူရှိနေတဲ့ အဲ့ခေတ်အခါက တက္ကဗေဒတွေ ..စိတ်ကူးယဉ်ဝါဒတွေ တော်တော် ခေတ်စားခဲ့တာ …။ အမှန်တရားဆိုတာဘာလဲ …အမှန်တရားဆိုတာ တကယ်ရှိမရှိ…။ လူတွေရဲ့ ရုပ်နာမ်နဲ့ ဘုရားသခင် အကြောင်း …. ၀ိဝါဒတွေ ကွဲကြ ၊ ငြင်းခုန်ကြတဲ့ အချိန်ပေါ့ …။ မပြီးဆုံးနိုင်အောင်ရှည်လျားတဲ့ .. ရှင်းလင်းချက်တွေနဲ့ …အနုမာန မှန်းဆချက်တွေ ….တရစပ် မပြတ်ထွက်နေတဲ့အချိန် ….ကျောင်းတော်ကြီး ၀ါဒတွေခေတ်ကောင်းတဲ့အချိန်လို့လဲပြော၇မယ်ထင်တယ်….။ သိပ္ပံပညာ အားနည်းနေတဲ့အခိုက်ပေါ့…..။
အဲ့လိုအချိန်မျိုးမှာ — သူ့ရဲ့ အဲ့လိုအပြောမျိုးနဲ့  ထွက်လာတော့ … အားလုံးကြားမှာ ပွက်လောရိုက်ကုန်တယ်…….။

ကောင်းတဲ့ဘက်ကပဲ ပြောပြော …ဆိုးတဲ့ဘက်ကပဲပြောပြော ….နာမည်ကြီးသွားတာတော့ ..အမှန်ပဲ …။
သူဆိုလိုချင်တာက …စကားလုံးတွေကြားထဲမှာ …ဆွေးနွေးတယ်ဆိုပြီး … စကားလုံးတွေဖောင်းပွ … ဖြစ်ချင်တိုင်းဖြစ်နေကြတာ …မသင့်တော်ဘူး…။ တကယ့်အကျိုးမရှိဘူး….။ လူသားချင်းဆက်သွယ်တဲ့နေရာမှာ … စကားလုံးတွေက …မရှိမဖြစ်လိုအပ်နေပေမယ့် ….အဲ့စကားလုံးတွေကို ….အမှန်တရားဆိုတဲ့ ဟာမျိုးလို.သတ်မှတ်ပြီး.. တစ်ထစ်ချ ..ခွဲခြမ်းစိတ်ဖြာနေလို့ မရဘူး….။ အခု အဖြေရှာမရတဲ့ …တက္ကဗေဒ ပြဿနာရပ်တွေတော်တော်များများဟာ …အဲ့လို ..စကားလုံးတွေကို ….မဆင်မခြင်သုံးလို့ ဖြစ်တာ ….လို့ သူက ယူဆတယ်…။
အဲ့လိုဆို ဘာလုပ်ရမလဲဆိုတော့ ….စကားလုံးတွေကို သုံးစွဲတဲ့ အခါ…တကယ့်လက်တွေ့မှာ ..လိုအပ်နေတာတွေကို …ခွဲခွဲခြားခြားသိသာအောင်…လုပ်ရမယ်..။ပြောရမယ်…။ မလိုအပ်တဲ့ အချို့စကားလုံးပိုင်းတွေကို ဖြတ်တောက်ပစ်ရမယ်….။
တနည်းပြောရင်တော့ ….မလိုအပ်တာတွေကို ရိတ်ပစ်ရမယ်ပေါ့….။ ဒါမှ စကားလုံးတွေ လည်း ရှင်းသွားမယ်….။ တကယ့်လက်တွေ့ လူသားတွေအတွက်လည်း …အကျိုးပြုမယ်….။
အဲ့ဒါ … သူယူဆထားတဲ့ ..အတိုင်းပါပဲ….။
ဒါပေမယ့် … ကျနော်တို့တွေ …သူနဲ့တွေ့ရင်…မေးစရာရှိတယ်….။ ဘယ်လိုဟာကို လက်တွေ့ကျတယ် / အသုံးကျတယ်လို့ ခေါ်မှာလဲ…။ ဘယ်ဟာကို သိမ်းပြီး …ဘယ်ဟာကို ရိတ်ပစ်ရမှာလဲ ….။ အဲ့လိုရိတ်ပစ်လိုက်ရင် …မှန်ပါမယ်လို့ …ဘယ်ဟာနဲ့တိုင်းတာမှာလဲ…။ဘယ်ဟာနဲ့ ဆုံးဖြတ်မှာလဲ….။ …အဲ့မေးစရာလေးတွေပေါ်လာမယ်….။ သူကတော့ ဘယ်လိုဖြေမယ်မသိဘူး ….။ ထားလိုက်တော့ ….။

သူ့စကားကို …ဆင်ဆင်ခြင်ခြင်သုံးစွဲပြီး …ကျင့်သုံးလာတဲ့နောက်ပိုင်း … .သိပ္ပံပညာရပ်တွေ…အနည်းအများတိုးတက်လာတယ်….။ လက်တွေ့ဆန်တဲ့ မေးခွန်းတွေကနေ…အဖြေရှာရင်း……သိပ္ပံသမားတွေ…ထွက်ပေါ်လာတာ …တွေ့ရပါတယ်…….။ဒါပေမယ့် သူပြောသလို …..တက္ကဗေဒကြီးက ပျောက်သွားတာတော့ ….မဟုတ်ဘူး….။ သူ့ဟာနဲ့သူ သုံးစွဲတုန်းရှိပါသေးတယ်…….။

အခုလက်ရှိခေတ်အခါမှာတောင်…….တက္ကဆန်ဆန် (Abstract ) စဉ်းစားဝေဖန်ရေးသားမှုတွေ ဖောဖောသီသီ ရှိနေတုန်းပါ….။ တိုးတောင်တိုးတက်လာတယ် ..ထင်တယ်…..အဟီး။နို့ပေမယ့် ……သူ့ရဲ့ အဲ့စကားကြောင့်…..အဲ့ခေတ်အခါက …၀ါဒရေးရာသမားတွေ …စိတ်ကူးယဉ်နယ်ကထွက်လာကြတာ/နိုးလာကြတာတော့ အမှန်ပါ…..။ သိပ္ပံပညာရပ်တိုးတက်ဖို့ …..လမ်းကြောင်းစခင်းတဲ့ စကားရပ်ဖြစ်တယ်ဆိုရင်လည်း ..မှန်ပါတယ်…..။ တိုတိုချုပ်ပြောရင် …..သူ့ရဲ့ ဘရိတ်ဓါးကြီးက အသုံးဝင်တယ်ပေါ့ဗျာ……။

အဟီးး စကားမစပ်____တော်ကြာနေ…ကျနော့ချစ်သူဆီသွားဖို့ အရေး…. ကျနော်မုတ်ဆိတ်ရိပ်ရဦးမယ်….။ ဒီအချိန်မှာ…. ဒီဘရိတ်ဓါးကြီးက ကျနော့် မုတ်ဆိတ်ရိပ်ဖို့တော့ …သုံးမရတာအမှန်ပဲ….။ ကွမ်းယာဆိုင်မှာရောင်းတဲ့ …ဘရိတ်ဓါးတစ်ချောင်းလောက်တော့ ပြေးဝယ်လိုက်ဦးမှ….။ဆက် တွေးထားနှင့် ဗျာ …နော် …..။ ကွမ်းယာဆိုင်မပိတ်ခင်ပြေးလိုက်ဦးမယ်….။ :heehee

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: