လိပ်ပြာတောင်ခေးအော့စ်

ကမ္ဘာကြီးရဲ့ အခြားတစ်ဘက်မှာ လိပ်ပြာလေး အတောင်တစ်ချက်ခတ်ခြင်းက __
အစပြုသတဲ့ ___လေပွေ မုန်တိုင်းများ ___

လေးဖြူသီချင်းဆိုနေတာ မဟုတ်ပါဘူး …..
ပြီးခဲ့တဲ့ ၁၉၇၂ က ၀ါရှင်တန် ကွန်ဖရင့်မှာ လောရန့် ( Edward Lorenz) ဆိုတဲ့
ဇလဗေဒပညာရှင်တစ်ယောက် တင်ပြသွားတဲ့ စာတမ်း ခေါင်းစဉ်ဖြစ်ပါတယ် ။
“Predictability: Does the Flap of a Butterfly’s Wings in Brazil Set Off a Tornado in Texas?” လို့ နာမည်ပေးထားခဲ့တယ် ။ လိပ်ပြာတောင်အကျိုးသက်ရောက်မှုပေါ့ ..။ ဂလိုနာမည်ကြီးခဲ့တာပါ ..။

အရာရာတိုင်းရဲ့ ရှုပ်ထွေးမှုနောက်ကွယ်က ….တည်မြဲနေတဲ့ အချက်အလက်တွေကို …..ကျနော်တို့ လူသားတွေ ရှာခဲ့ကြတာ ကြာလှပါပြီ ။ ဒီလောကကြီးရှုပ်ထွေးလှပါတယ် ဆိုတာကလည်း ..အခုမှ တရေးနိုးပြီး …ထပြောနေတာတော့ မဟုတ်ပါဘူး ဗျာ…။ ဖြစ်နေတာက ..လူရယ်လို့ စဖြစ်လာကတည်း ကပါ …။
အရာရာ ရှုပ်ထွေးမှုနဲ့ စခဲ့ရတာ ..။ တနည်းအားဖြင့် ခေါ်ရင်တော့…..ဗရမ်းဗတာဖြစ်စဉ်တွေချည်းပဲပေါ့ ..။

တရုတ်တွေရဲ့ ရှေးရှေး ဒဏ္ဍာရီ အတွေးအခေါ်တွေမှာ …..ယင်/ယန် သဘောတရားရှိပါတယ် ။ အဖိုနဲ့ အမလို့ ပဲ လွယ်လွယ်ခေါ်ကြစို့ရဲ့ …အဲ့ ဒါတွေမှာ လည်း ဗရမ်းဗတာ ဖြစ်စဉ်လို့ ခေါ်တဲ့ Chaos တွေရှိတယ် ။ အဖိုနဲ့ အမ မျှတနေတဲ့ ကာလက တည်ငြိမ်တယ်ပေါ့ ။ အဲ…အဲ့ မှာ တစ်ဘက်ဘက်ကို လွန်ကဲသွားရင်တော့ … ခေးအောစ် ဖြစ်ပါတယ် ။ ဗရမ်းဗတာ စဖြစ်လာပါတယ် ။

ရှေးဂရိတွေရဲ့ အတွေးအခေါ်မှာ လဲ ဒီအတိုင်းပဲ ……အစီအစဉ်ကျနခြင်း ရဲ့ သန္ဓေဟာ အစီအစဉ်မကျခြင်း ဗရမ်းဗတာ ( Chaos ) မှာတည်နေပါတယ်တဲ့ ..။

ဒီဗရမ်းဗတာ ဖြစ်စဉ်တွေကို ဒီနောက်ပိုင်းမှာ ……ကျနော်တို့ ဂုရုကြီးတွေ အသည်းအသန်လေ့လာခဲ့ ကြတယ် ။ ဖြစ်ချင်သလို ဖြစ်နေတဲ့ သဘာဝကို ….စနစ်တကျရှိမရှိ စူးစမ်းခဲ့ကြတယ် ပေါ့ … အဟက် ။ မိုက်တယ် ….။အံ့ဩစရာတွေ တော်တော်များများ တွေ့လာရတယ် ။

ဗရမ်းဗတာ ဖြစ်စဉ်( Chaos ) မှာ စနစ်ကျတဲ့ လက္ခဏာတွေတွေ့လာရတယ် …အဲ့ဒါတွေက
ဖြစ်ချင်သလိုဖြစ် -ဖြစ်စဉ်ထဲမှာ –
1/ အရာရာဟာ တစ်ခုနဲ့တစ်ခု အဖြောင့်သဘော သမားရိုးကျမရှိတဲ့ …လိမ်ကောက်ရှုပ်ထွေးနေတဲ့ ဆက်နွယ်ချက်ဆိုတာတွေ ရှိတယ် __ non-linearity /
2/ တစ်ခုနဲ့ တစ်ခု အပြန်အလှန်တွန်းကန်နေတဲ့ ဘက်ပြန်ဆွဲမှုတွေရှိတယ် __ Feedback/
3/ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်တည်မှု ရှိတယ် _ Fractal-stracture/

1/ ဗရမ်းဗတာဖြစ်စဉ်မှာ ဆက်နွယ်မှုတွေရှုပ်ထွေးတယ်…ဆိုတာ … ဘာဆန်းလို့လဲ ဆိုရင်တော့ …..
ဆန်းပါတယ် ။ ရှုပ်ထွေးနေတာတွေ ကြားထဲမှာ …ဖြေရှင်းနိုင်တဲ့ အစ အနလေးတွေ …ရံဖန်ရံခါ တွေ့ရတတ်ပါသတဲ့။ ဥပမာ …ကားတစ်စီးရဲ့ အင်ဂျင်ခန်းကို ကြည့်ရင် ….. နားမလည်တဲ့ သူအတွက် ရှုပ်ရှက်ခတ်နေတာ တွေ့ရပါလိမ့်မယ် …။ ဒါပေမယ့် …မြင်အောင်ကြည့်တတ်မယ့် နားလည်သူအတွက်တော့ ….ရှင်းရှင်းလင်းလင်းရှိနေသလိုမျိုးပါ။
ဒီကမ္ဘာကြီးမှာ … ကုန်ဈေးနှုန်းတွေ၊ လူဦးရေတွေ ၊ ငွေကြေးစီးပွားနဲ့ ..၀ိဝါဒတွေ …အမြင်မကြည်လင်တာတွေ .. လောဘ၊ ဒေါသတွေ … ရှုပ်ရှက်ခတ်နေပေမယ့်  …ဒီရှုပ်နေတဲ့ ကြားမှာပဲ….ပြေလည်အောင်ဖြေရှင်းနိုင်မယ့် အစအနလေးတွေ …ရှိနိုင်ပါလိမ့်မတဲ့ ..။

2/Feedback/ ဗရမ်းဗတာ ဖြစ်စဉ်တိုင်းမှာလည်း …နယူတန်ရဲ့ နိယာမလို …အပြန်အလှန် အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်တဲ့ …။ပိုပြီးထူးခြားတာက ….အဲ့ဗရမ်းဗတာ အချို့ဖြစ်စဉ်တွေမှာ ….အဲ့ Feedback တွေကြောင့် … အလိုလိုထိန်းညှိမှုတွေဆိုတာ ပေါ်ပေါက်လာရတာပါပဲ ။
စီးပွားရေးသဘောအရ … ဥပမာပေးရင်….. ပစ္စည်းတစ်ခု(မ၀ယ်မဖြစ်ပစ္စည်းမဟုတ်တဲ့ ဟာ တစ်ခုခုပေါ့ )အဲ့ဒီဈေးနှုန်းကြီးမားလာတာနဲ့ …. သူရဲ့ ၀ယ်လိုအားကျဆင်းမှု Feedback ရှိလာပါတယ် …။အဲ့အခါ ဈေးကွက်အရောင်းထိုင်းမှုပေါ်လာမယ် …. ဒါက အလိုလိုပေါ်လာတာ ….။ အဲ့အခါ ….သူ့လက်ရှိဈေးနှုန်းထက်တော့ ( အနည်းနဲ့ အများ) ပြန်ချပေးရမှာပါပဲ ___( ကျနော်ပေးတဲ့ ဥပမာ …မှန်ချင်မှ မှန်မယ် ၊ လတ်တလော စိတ်ကူးတည့်တာ ပြောကြည့်တာ ) ။ ဒီလိုမျိုးနဲ့ အလားတူ တွေ ရှိမယ် ….။အဲ့ဒါ Feedback တွေက နေ ….. Chaos အပေါ် အလိုလိုပြန်ထိန်းတဲ့ ဖြစ်စဉ်ပါ ..။

3/Fractal Stracture/ အစိတ်စိတ်အမွှာမွှာဖြစ်တည်မှု ။… အဲ့ဒါကိုကျတော့…ပြောပြနေတာထက် …ဥပမာနဲ့ ဆို…ပိုကောင်းပါတယ် ။ ဇကောတစ်ချပ်ထဲကို ဂေါ်လီလုံးတွေ စီထည့်ချင်တယ် …ဆိုပါတော့ ။….တစ်လုံးချင်းစီ ကောက်ပြီးစီနေတာထက် …ရှိတဲ့ ဂေါ်လီအချို့ကို ကျဘမ်းပစ်ချ….။တစ်ချက်လောက်လက်ဝါးနဲ့ သပ်လိုက်တာနဲ့ ဂေါ်လီအချို့ ….ဇကောမျက်နှာပြင်မှာ စီပြီးသားဖြစ်နေသလိုမျိုး …..။တစ်ခုနဲ့တစ်ခု ကျဘမ်း__ဗရမ်းဗတာ ဖြစ်နေပေမယ့် ….သူ့နေရာနဲ့ သူ အံဝင်ခွင်ကျ သုံးလို့ရတာတွေရှိနေတာ ….တွေ့ရပါလိမ့်မယ် ။

အဲ့တော့ကာ___
ဘယ်လိုကြီးဖြစ်နေနေပေါ့ဗျာ …။ဒီလို ဗရမ်းဗတာ ဖြစ်နေတာတွေကြောင့်တော့ …..ဘာမှ လုပ်မရဘူး မထင်လိုက်ပါနဲ့ တဲ့ ….။အဲ့အဖြေကို ဂုရုကြီးတွေ အားလုံး….တော်တော်များများ စဉ်းစားခဲ့ လုပ်ခဲ့ကြပါတယ် ..။
အဲ့အဖြေဆက်ရန်တွေ ကိုတော့ နောက်မှပဲ ဆက်ရူးကြည့်ကြမယ် ဗျာ …..။
ကိုယ့်ဘာသာကိုယ်လေး စဉ်းစားကြည့်ဖို့ ဒီမှာ ခဏထားခဲ့မယ်____ 😀

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: