ချောင်ဇီစိတ်ကူး

ကျနော့်ဆီမှာ တရုတ်အတွေးအခေါ်( Wisdom of China ) ဆိုပြီး လင်ယုတန် ရေးတဲ့ စာအုပ်လေးတစ်အုပ်နှစ်အုပ် ရှိတယ်….။ အဲ့ဟာလေးတွေထဲက နည်းနည်းလေးတွေ ဘာသာပြန်လိုက် …လိုက်တွေးလိုက် …လုပ်ကြည့်မယ်ဗျာ ….။
ဖတ်ရင်း ဒီသီချင်းလေးပါ ဖွင့်ပြီး ထားလိုက်ပေါ့ဗျာ ( ကြိုက်ရင် ) ..

Yanni-butterfly

အေးဆေးပေါ့ ….အဟက် …

တရုတ်ပညာရှိကြီးချောင်ဇူးက ဒီလိုပြောခဲ့ဖူးသတဲ့ …။

လူ့ဘ၀က တိုတိုလေး၊ သူ့ ပုံစံခွက်လေးနဲ့သူ …။ အသိပညာဆိုတာအကျယ်ကြီး …ပုံစံခွက်မရှိ ဘောင်မရှိ၊ ။တဲ့ …။

ဒီလိုဘောင်မရှိတဲ့ အသိပညာဆိုတဲ့ အကြီးကြီးကို ဘောင်လေးနဲ့ အကန့်လေးနဲ့ ရှိတဲ့ လူ့ဘ၀ထဲ အတင်းကာရောထိုးထည့်နေတာ …မလွန်လွန်းကြဘူးလားဗျာ…တဲ့ …။ ဒီလို လူတစ်ယောက်က သူ့ကိုယ်သူ သိနေတတ်နေပြီလို့တွေးရင် …အဲ့လူ အလွန်လွန်းဆုံးပဲတဲ့ အမိုက်မဲဆုံးပဲတဲ့ ….။

ကောင်းတာကိုလုပ်ပြီး …ငါကောင်းတာလုပ်တာပဲဆိုပြီး မာန်မ၀င့်လိုက်နဲ့ ..။ မကောင်းတာလုပ်မိရင်လည်း ငါမကောင်းတာလုပ်တာပဲလို့ နောင်တစ်ချိန် ၀မ်းနည်းဖို့ မစဉ်းစားနဲ့ …။ ကိုယ်ရဲ့ ဘ၀နိယာမက သဘာဝကို ညီမျှအောင် နေထိုင်ခြင်းပဲ ဖြစ်ပါသတဲ့ …။

ဒီလိုမှ သာ ဒုက္ခတွေက လွတ်နိုင်မယ်။ တာဝန်ဆိုတာတွေကျေနိုင်မယ် ။ဘ၀ရဲ့ ရသကို သိပါလိမ့်မတဲ့ ….။

ကဲ …..ဒီတရုတ်ကြီးတွေးတာကို ဘယ်လိုမြင်ကြတုန်းဗျာ…. ဟီးးးးးးးးးး…။ အသိပညာဆိုတာတွေကို သိပ်ရှာဖွေမနေကြပါနဲ့ဗျာ လို့ ဂွတိုက်နေသလို ဖြစ်မနေဘူးလား သူပြောတာကြီးက…..။

ဒါပေမယ့် သူ့စကားနောက်ကွယ်မှာ ကျနော်မြင်မိတာလေးက …ရောင့်ရဲမှုပါ…..။ အသိပညာ အသိပညာ ဆိုတာကိုပဲ ….အငမ်းမရ ရှာဖွေနေကြတဲ့သူတွေ….တိုးတက်ဖို့ တိုးတက်ဖို့ ဆိုတာကိုပဲ …မျှော်နေကြသူတွေအတွက် ….သူတို့လျောက်နေတဲ့လမ်းရဲ့ နံဘေးက တောရိုင်းပန်းလေးတစ်ပွင့်ရဲ့ အလှကိုမှ မြင်အောင်မကြည့်နိုင်ကြတော့တာ များပါတယ်…။ ဒီလိုလူတွေကို သနားစရာကောင်းတယ် …လွန်လွန်းတယ်ဗျာလို့ သူဆိုလိုတာဖြစ်မယ်ထင်တယ် ။

ဘယ်သူမဆိုမှာ လိုအပ်တဲ့ အသိပညာတစ်ခုက –ဘယ်အချိန်မှာ အလုပ်လုပ်ပြီး ဘယ်အချိန်မှာနားနေရမယ်ဆိုတာကို ..ခွဲခြားသိမြင်တတ်တာလေးပါ….။ လိုအပ်တာ က ဒါပဲ ။

ဟိုးနှစ်နှစ်က တရုတ်မင်းသား ဂျက်လီပါတဲ့ ကားတစ်ကား ကြည့်မိတယ် ။ အဲ့အထဲက တရုတ်ပြည်တောင်ပိုင်းကျေးရွာလေးမှာ တောသူတောင်သားတွေ ပြုနေကျ အကျင့်လေးတစ်ခု ..သတိပြုမိပါတယ် ။ကောက်စိုက်ချိန်မှာ/အလုပ်လုပ်ချိန်မှာ – ကောက်စိုက်တယ် ။ လယ်ထွန်တယ် ။ ထင်းခုတ်တယ် ။ ဒါပေမယ့် ဆက်တိုက်လုပ်နေတာမဟုတ်ဘူး …။တောင်လေလေး တစ်ချက်သုတ်လာရင် …တရွာလုံး မတ်တတ်လေးတွေရပ် ငြိမ်လို့ ..။ တောင်လေကို ခပ်ညှင်းညှင်းလေး ၀၀ရှူနေကြတာ….။ အလုပ်ရယ်လို့ …ခုခေတ်လို အပြိုင်အဆိုင်တွေ ၊ သူသာတာတွေ ငါသာတာတွေ မရှိ ။ ကြိုးစားအားထုတ်မှုမှာ ….ပူလောင်မှု မပါတဲ့ ကြိုးစားအားထုတ်မှုမျိုး …။

အခု ဒီတရုတ်ကြီးပြောသလိုမျိုးနဲ့ ထပ်တူလောက်ပါဗျာ…..။အတွင်းအနှစ်ကို စိုက်ကြည့်ကြည့်ရင်….. ခုလို Stress တွေများပြီး ပူလောင်တာတွေနဲ့ တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်အခါမှာ ….နားနေမှုဆိုတာလေးကိုတော့ သတိရသင့်တာအမှန်ပဲ ….။….

ပူပူလောင်လောင်နဲ့ ဇွတ်မတိုးကြပါနဲ့ဦး …သေဖို့လည်း အချိန်လေးပေးကြပါဦးလို့ ပြောမလို့ပါ…..ဟီးးးးးးးးး။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: