မပေါ့မပါးကြီးနဲ့

ဒီရက်ပိုင်းအတွင်း နေရထိုင်ရတာ ကသိကအောက်ဖြစ်နေလို့
ဘာလုပ်ရမလဲ စဉ်းစားနေတာ …….စဉ်းစားလို့မရတာနဲ့ …
ငါဘာလို့ ကသိကအောက်ဖြစ်နေတာလဲ ဆိုတာကို
ပြန်တွေးကြည့်လိုက်တော့ …

စိတ်လွတ်ကို်ယ်လွတ်ပေမယ့် မပေါ့မပါးကြီးဖြစ်နေလို့ ဆိုတာ တွေ့လိုက်ရတယ် ။
အမှန်က စိတ်လည်း လွတ်လပ် ကိုယ်လည်း လွတ်လပ်ဆိုရင် …အရာရာ ပေါ့ပါးနေရမယ့်ဟာ ..။
လေးးးး နေတယ် ။
မပေါ့ဘူးးး ။

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်က သူ့သဘာဝနဲ့ သူ အံ မကျဘူး ။ လွဲနေတယ် ။
အံချော်နေတယ် ပြောရမှာပေါ့ ..အဟက် ။..

လူကြီးတွေပြောတာ ကြားဖူးတာ တော့ အံချော်နေရင် အချိန်မှီ ပြန်တည့်တဲ့ …။
အချိန်မှီချုပ် အစုတ်သက်သာ ဆိုတဲ့ စကားတောင် ရှိသေးတယ် မလား …။
ချော်နေရင် အချိန်မှီသာ ပြင် …. ဒါမှ သက်သာမတဲ့ … ။ မဟုတ်လို့ ကတော့ ...ဟင်းးးးး….။ ဘာဖြစ်မယ်ဆိုတာတော့ ….ဘော်ဒါကြီးတို့လဲ အံချော်ဖူးရင် သိမှာပေါ့ …

ကျနော် အခုချော်နေတာက
စိတ်လည်း လွတ်လွတ်လပ်လပ် ကိုယ်လည်း လွတ်လွတ်လပ်လပ် ဖြစ်နေပါလျက်ကနဲ့ …..
ဘာက မပေါ့မပါး — ဖြစ်လို့ ဖြစ်နေမှန်းမသိ။
အဲ့မပေါ့မပါးကြီး ဖျောက်လို့လဲ မရ …။
အဓိက ပြဿနာက
ကနေ့ ကမ္ဘာ့သတင်းတွေ မြန်မာ့သတင်းတွေ အဖတ်များလို့ ဖြစ်မယ် ။ ( ဟီးးးး နိုချင်ဒယ် )

အဲ့တော့  မထူးဘူး … ။.
ဖျောက်လို့မရတဲ့ …အဲ့မပေါ့မပါးကြီး ဒီအတိုင်းထားပြီး ….
အရမ်း လွတ်နေတဲ့ စိတ်ကောကိုယ်ရောကို …
တစ်စစီ အတင်းလိုက်ချုပ် …
နဘန် နှစ်ချက်သုံးချက်လောက် အုပ်လိုက်ပြီးမှ …
ငြိမ်သွားတော့ …….
ခဏဘောင်ခတ် အကျဉ်းချထားလိုက်တယ် ။

ကောင်းလိုက်တာဗျာ……. ခုမှ ပဲ စိတ်အေး လက်အေးကို ဖြစ်လို့ …. ဟိ…။

…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: