ဗီယက်နမ်ရောက် တာအိုဝါဒ

ဗီယက်နမ်နိုင်ငံ က သူ့အနေအထားနဲ့ သူ ဘာသာရေးလွတ်လပ်မှု တော်တော်ရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ…။ ဗီယက်နမ်တွေရဲ့ ယဉ်ကျေးမှု၊ ဗီယက်နမ်တွေရဲ့ ဘ၀ခံယူချက်အပေါ် ဘာသာရေးက တော်တော်များများ အကျိုးသက်ရောက်မှုရှိတယ် ။ ဘ၀ရဲ့ ရှင်သန်ခြင်း ၊ သေဆုံးခြင်း ၊ တမလွန်ကိစ္စဆိုတာတွေကို .. ဗီယက်နမ်တွေအတွက်က ဘာသာရေးက ထိန်းချုပ်ထားတာများတယ်။ အဓိကကတော့ ဗီယက်နမ်မှာ ဘာသာကြီးအားဖြင့်က သုံးခုထဲ ရှိတယ်။ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ် နဲ့ တာအို။ ဒီသုံးခုက ဗီယက်နမ်မှာ ရှိနေတာ ရာစုနှစ်နဲ့ကိုချီနေပြီပေါ့ ..။

ဗီယက်နမ်ရဲ့ အခြေခံဘာသာရေးက ဗုဒ္ဓဘာသာ ။ လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းက အဲ့ဒါတွေ၊ ။ တရုတ်က ဆင်းသက်လာတာ ဆိုတော့ နောက်ကြောင်းပြန်ကောက်ကြည့်ရင် ၂ ရာစုလောက်ကဖြစ်မယ် ။ အဲ့ကတည်းက ဗုဒ္ဓဘာသာ ဟာ ဗီယက်နမ်နိုင်ငံရဲ့ အမိဘာသာ ဖြစ်လာပြီး ယဉ်ကျေးမှုအပေါ် အလွှမ်းမိုးဆုံး အဓိက ဘာသာလည်း ဖြစ်လာခဲ့တယ် ။ ဗီယက်နမ်နိုင်ငံသားတော်တော်များများက ဗုဒ္ဓဘာသာဝင်တွေလို့ ဆိုပေမယ့် အများအားဖြင့်တော့ ဘုရားသွားကျောင်းတက် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတော့လုပ်နေကြတာတော့ မဟုတ်ပါဘူး ။

ထားပါတော့ ..။

ကွန်ဖြူးရှပ်ကို ကျော်သွားမယ်။ တာအိုအကြောင်းပဲပြောချင်လို့ ။


တာအိုဘာသာက ဗီယက်နမ်လူမျိုးတွေရဲ့ ရင်ထဲမှာ ဘ၀နဲ့ပတ်သက်တဲ့ လမ်းကြောင်း အတွင်းအနှစ်အထိ အားသက်ရောက်မှုရှိ တဲ့ ဘာသာတစ်ရပ်ပါ ။ တာအိုဘာသာရဲ့ ဖခင်က ( အားလုံးသိပြီးရင်လဲ သိပြီးသားဖြစ်မယ် ) လောက်ဇူ (Lao Tse).။ သူပြောခဲ့တဲ့ ( သူပြောခဲ့တယ်လို့ထင်ရတဲ့ ) အဲ့ဝါဒက လူနဲ့လူကြား ( ဒါမှမဟုတ်) လူနဲ့ သဘာဝအကြား သဟဇာတ ကျကျနေထိုင်ရေးကို ဦးတည်ပါတယ် ။ ဒီလိုသဟဇာတ ကျကျနေထိုင်နိုင်ဖို့ဆိုတာ …ဆန့်ကျင်ဘက်ပုံသဏ္ဍာန်တွေအားလုံးကို ..ဖယ်ရှားနိုင်ရမယ် ။ ရိုးရှင်းစွာနေထိုင်မှု ၊ သည်းခံနားလည်မှု ၊ အတ္တပယ်ခွာရောင့်ရဲနိုင်မှု ဆိုတာ တွေ ရှိရမယ် ။ လူသားတွေရဲ့  စိတ် ၊ လိုအင်ဆန္ဒတွေက နေ ရှောင်ရှားပြီး လှုပ်ရှားမှုမဲ့တဲ့ အဇ္ဈတ္တကို တည်ထောင်နိုင်မှ မိမိကိုယ်တိုင်ကော ၊ သူတပါးနဲ့ကော ၊ သဘာဝလောကနဲ့ပါ သဟဇာတ မျှမယ် ။ အဲ့ဒါ တာအိုဝါဒ ။

လောက်ဇူ ယုံကြည်တာက – မိမိရဲ့ စိတ်အတွင်းကို သတ္ထုချပြီး ငြိမ်းချမ်းတိတ်ဆိတ်တဲ့ သတိ အားစိုက်မှုကသာ အဲ့လူသားအပေါ် လမ်းကြောင်းအမှန်လျောက်လှမ်းစေနိုင်လိမ့်မတဲ့ ။

အစက တာအိုဝါဒဆိုတာ ဒီလို သဘောတရားမျိုးနဲ့ပဲ ရှိခဲ့တာ ။ နောက်ပိုင်း….ဘာသာတစ်ခုရယ်လို့ သတ်မှတ်လာကြတယ် ။လောက်ဇူရဲ့ နောက်လိုက်တွေက .. ဒါကို ဘာသာရေးအသွင်ပြောင်းလိုက်ကြတယ် ။ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးတွေနဲ့ …စည်းကမ်းတွေ၊ နည်းလမ်းတွေနဲ့ ဆိုပါတော့ ။

တရုတ်ပြည်လက်အောက်မှာ ဗီယက်နမ်ရှိခဲ့တဲ့ အချိန်က ဒီဝါဒ ရောက်လာတာ ဖြစ်ပါတယ်။ အဲ့အချိန်က ဗီယက်နမ်ဟာ သူ့လွတ်လပ်ရေးအတွက် သူကြိုးပမ်းနေရချိန်လဲ ဖြစ်တယ် ။ ဒီိလိုနဲ့ ပဲ ဒီဘာသာက ဗီယက်နမ်ရဲ့ အဓိက ဘာသာကြီးတွေထဲ ပါလာပြီး နောက်ပိုင်း စာရေးဆရာ၊ ကဗျာဆရာတွေကို ခံစားမှု ရသ အစုံစုံပေးတော့တာပါပဲ ။

………………

နိုင်ငံခြားဆိုဒ်လေးတစ်ခုမှာ တွေ့လို့ ဘာသာပြန်ချင်စိတ်ပေါက်လာတာနဲ့…ကိုယ်လိုချင်တာ ရွေးပြီးပြန်လိုက်တယ်ဗျာ ။ တာအိုဘာသာနဲ့ပါတ်သက်လို့ မိတ်ဆက်အထိ မဟုတ်တောင် အမြည်းလောက်ရရင် တော်ပြီ………….။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: