စိတ္တေန___

စိတ္တေန နိယတိ လောကော တဲ့..။
ဗုဒ္ဓဒေသနာမှာ ဘုရားဟောခဲ့တယ်ဆိုပါတယ်…။ စိတ်က လောကကိုအုပ်စိုးသတဲ့ ..။ စိတ်အကြောင်းကို နားလည်ရင် လောကအကြောင်းကိုလဲ သိမယ်လို့ တနည်း ယူနိုင်မယ်ထင်ပါတယ် …။

ဒါဆို စိတ်ရှင်းနေရင် လောကကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါလိမ့်မယ် လို့ ပြောရာလည်း ရောက်ပါလိမ့်မယ် ။လောက က အရှုပ်ကြီးပါဆိုရင်တော့ စိတ်ကလည်း ရှုပ်နေလို့ ဖြစ်ပါလိမ့်မယ် ….။ ဒါမှမဟုတ် စိတ်အချင်းချင်းတွေရဲ့ အရှုပ်ထုတ်တွေကို မြင်နေရလို့ ဖြစ်ပါလိမ့်မယ်…။
ဒီမှာလောကဆိုတာ ဘာလဲ လို့ စဉ်းစားစရာရှိပါတယ် …။ ကျနော်ယူချင်တဲ့လောကဆိုတာကတော့__ ကိုယ့်အနေ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ့်အတွေ့အကြုံ ခံစားချက်တွေ အကုန်လုံးဟာ လောကဖြစ်ပါတယ်။ဒီလောက ရဲ့ အရှုပ်အရှင်း ၊ သာယာမှု ၊ မသာယာမှု အကုန်လုံးဟာ __အခြားအရပ်ကူပါလူဝိုင်းပါတွေနဲ့ မဆိုင်ဘူး ___ကိုယ်နဲ့ပဲဆိုင်တယ် __။ကိုယ့်စိတ်နဲ့ပဲဆိုင်တယ် ….။
လှုပ်လှုပ်ရှားရှားလုပ်နေကြရတဲ့ ကုသိုလ်အမှု ၊ အကုသိုလ်အမှု အားလုံးဟာ ဒီစိတ်ကပဲ လာမယ်လို့ ကောက်ယူနိုင်ပါလိမ့်မယ် …။
စိတ်တစ်ခုရဲ့ သဘောကိုနားလည်လေ __လောက ကို ရှင်းရှင်းသိမြင်နိုင်လာလေပဲဆိုတာ…ဒီဟာတွေကနေကျနော်တို့သိနိုင်ပါတယ်…။ ဒါကို အခြားအခြားပညာရှိတွေက __ ပြင်ပလောကမှာထက် ကိုယ့်ရင်ထဲမှာတရားရှာပါလို့ပြောတာဖြစ်ပါလိမ့်မယ်…။ အပြင်မထွက်ပဲနဲ့လဲ __လောက အကြောင်းသိနိုင်ပါတယ်တဲ့___ အခြားဘာသာတွေရဲ့ အဆိုတွေမှာလဲ ရှိပါတယ် …။
အဲ့တော့ လောကရဲ့ အရှုပ်အရှင်းတွေထဲက ဖြေဆည်ရာ ဖြေရှင်းရာ __အစကလေးတစ်စအဖြစ် …မိမိစိတ်ကို ရှင်းလင်းအောင်ကြည့်မြင်နိုင်ကြပါစေဆိုတဲ့အကြောင်း …အကျဉ်းချုပ်…ဆွဲထုတ်ကြည့်မိတာပါခင်ဗျာ..:)
…………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: