အူဇီ

စာပေါင်းသိုက်ကမှ နည်းနည်းတော်သေးတယ် ..။ သပွတ်အူက ပိုရှုပ်တယ်တဲ့ …. ဟီးးး
အမတစ်ယောက်ပြောသွားတာ ….။

ချစ်ခင်ကြတယ်ဆိုတဲ့ နေရာမှာ …..မုန်းတီးမှုတွေ ၀င်လာတာ ဘာကြောင့်လဲ…။
ကြားဖူးတာကတော့ ဆန့်ကျင်ဘက်တွေရှိနေလို့တဲ့ …။ဘယ်အရာမှာ မဆို ဆန့်ကျင်ဘက်လေးတွေ၊ တောင်နဲ့မြောက်လေးတွေရှိတယ် ။ အတိုရှိလို့ အရှည်ဆိုတာရှိရတယ် ။ နီးတယ်ဆိုတဲ့ အမှတ်သညာကြောင့် ဝေးတယ်ဆိုတာရှိတယ် ။ မှောင်ခြင်းကြောင့်လင်းခြင်း ရှိရတယ် တဲ့ …..။ ဆက်ပြောလိုက်သေးတယ် ……အကုသိုလ်ဆိုတာ ရှိလို့ ကုသိုလ်ဆိုတာရှိသတဲ့ ….။
အမ်???
ဟုတ်သလားပေါ့…..နည်းနည်းတွေသွားတယ် …။
မေတ္တာမှာ / ချစ်ခြင်းမှာ မုန်းတီးခြင်းရှိသလား ….။ ချစ်လွန်းလို့ …အမုန်းကြီးမုန်းမိတာတဲ့ … ဟဟဟဟ အဲလိုကလည်း ..ရှိသေးရဲ့ ….။ ကျနော်ထင်တာပဲ ဒဲ့ပြောမယ်ဆိုရင် ___ အဲ့ဒါ တကယ်မချစ်လို့ ….။ အဲ့ဒါပဲ…။ အခြားဆန့်ကျင်ဘက်တွေ ..မရှိဘူးရှိတယ် မပြောလိုပေမယ့်…ချစ်ခြင်းအစစ်မှာ မုန်းတီးမှု မရှိနိုင်ဘူး…။ ဆိုလိုတာက ရေထဲမှာ မီးမရှိဘူးထင်တယ် …အဲ့ဒါပြောတာ….။
အခုနောက်ပိုင်းဆို….ကျနော်တွေ့တာက .. အရမ်းချစ်ကြတယ်ဆိုပြီး…တစ်ခုခု ကိုယ့်အတ္တလေး မထိလိုက်နဲ့ …မီးတွေ တလျပ်လျပ်နဲ့ …:D
လောင်တော့လောင်တယ် .. ဒါပေမယ့်…ရေတဲ့ …။ဘယ်လိုနားလည်ရမလဲ….။
ငါတကယ်ချစ်တာပါကွာတဲ့ ……ချစ်လွန်းလို့ စိတ်နာသွားတာ…..။စိတ်က ဘယ်လိုနာသွားတာလဲ…..ဟိ။ သိချင်သေးတယ်…ဒါကတော့နောက်မှ (ခဏ )။
သူငယ်ချင်းတွေကြားမှာ __မိသားစုတွေကြားမှာ__ချစ်သူကြင်နာသူတွေကြားမှာ – အဲ့ပြဿနာနည်းနည်းရှုပ်ပါတယ်…။
( အချို့တွေက ပြောပါတယ် …အဲ့ဒါရှင်းပါတယ်..လွယ်လွယ်လေးပါတဲ့….. အဲ့လူတွေကို ခဏဖြစ်ဖြစ် ဆဲကြည့်ဖို့မှတပါး လုပ်စရာ..အခြားမရှိသေးဘူး😀 )
လူ့လောက တစ်ခုလုံးမှာ ( အဟမ်း…နည်းနည်း ..စကားလုံးကို ကြီးကြီးမာစတာ သုံးကြည့်တာပါ ) အဲ့မှာ __ ခုလေးတင်အကောင်း..တော်ကြာ အပျက်တွေထွက်ထွက်လာတတ်တာဘာလဲ…။ ဘာကြောင့်လဲ….။ သူမှားတာ__ကိုယ်မှားတာဆိုတာတွေ က နောက်ကိစ္စ….မပြေလည်ရင် ပြေလည်အောင် ဝေဖန်စဉ်းစား ဆုံးဖြတ်ရမယ့်ကိစ္စကို….မာနနဲ့ အတ္တတွေနဲ့ ထထ ဖြစ်ကြ…။ ဒါနဲ့များ__ချစ်ကြသတဲ့…
ပြောကြတာတစ်ခုရှိသေးတယ်….ငါက စိတ်ဆတ်လို့ပါတဲ့ ….ထစ်ကနဲဆို ဘာဖြစ်တယ်ဆိုလဲ …..(ဟဟဟဟဟဟဟ)
သိပ်လည်း အရူးမထကြပါနဲ့လို့ ပဲ ပြောချင်တော့တယ်….။
ရူးတာတော့ အားလုံးရူးနေကြတာပါ……မရူးဘူးပြောရင်လည်း အဲ့လိုပြောတဲ့ကောင်က သူ့ကိုယ်သူရူးမှန်းမသိလို့ပဲ ( ကဲ မှတ်ပြီလား ) …။ အဲ့တော့__ရူးနေကြတာခြင်းအတူတူ သိက္ခာရှိရှိလေး ဣနြေ္ဒရရလေး ရူးတာပိုကောင်းတာပေါ့နော…..။
လွယ်လွယ်ပြောရင် ___ယဉ်ယဉ်လေးပဲရူးကြပါဗျာ…။
သွက်သွက်မခါကြပါနဲ့ ……။
………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: