ကိုယ့်ဒုက္ခ

အခု ..အပြင် အင်တာနက်ဆိုင်တစ်ဆိုင် ခဏထိုင်နေတုန်း__ ၀င်နေကျ ၀က်ဘ်ဆိုဒ်လေးတစ်ခု ခဏ၀င်ကြည့်တယ်…၊ ကြည့်တယ် မဟုတ်ပါဘူး .. နားထောင်တယ်ပေါ့ ….။ အွန်လိုင်း ဖရီး သီချင်းဝက်ဆိုဒ်လေးပါ..။yanni သီချင်းလေးတွေရှိတယ်…။Yanni's Concert အဲ့အထဲက တီးလုံးလေးတွေနားထောင်ရင်း….စိတ်ထဲ ကြည်နှုးနေချိန်ပေါ့ …။

တစ်ဘက်မှာ မေးလ်ကလည်း ဖွင့်ထားလိုက်သေးတယ်…။
အဲ့မှာ မြင်လိုက်ရတာက …ကမ္ဘာတစ်ဘက်မှာ၊…ကိုယ်လတ်တလောမမြင်ရတဲ့ အချို့ နေရာတွေမှာ….ကလေးသူငယ်တွေ ၊ လူကြီး သက်ကြီးအိုမတွေ ….ငတ်တဲ့သူကငတ်လို့ …ဒုက္ခရောက်တဲ့သူကရောက်လို့….။

မြင်ရုံနဲ့တင်မက …တွေးကြည့်မိတိုင်း သနားစိတ်၊ ကြောက်စိတ်နဲ့ ရှက်စိတ်တွေ အလိုလိုဝင်လာမိပါတယ်…။ ကမ္ဘာမှာ ..သမားရိုးကျ သာမန်နေထိုင်နေတဲ့ ငါ …..ဒါတွေအတွက် ဘာလုပ်ပေးနိုင်ပါသလဲ….။ သဲတစ်ပွင့် လောက်လေး ..အကျိုးပြုခဲ့ပါသလား….။ သူတို့အတွက် …သက်ပြင်းတစ်ရှိုက်လောက်ဖြစ်ဖြစ် ရှုခဲ့ဖူးပါသလား…။ ကိုယ့်ကိုယ်ကိုယ် ရှက်မိပါတယ်…။
အနီးစပ်ဆုံးမှာတောင်….ကိုယ့်လမ်းတွင်း၊
…ကိုယ့်နေရာအတွင်းက…ဒုက္ခရောက်နေတဲ့သူတွေ…ကိုယ်စီကိုယ်စီမှာရှိနေကြပါတယ်….။ သူတို့တွေ ငိုပြနေစရာမလိုပါဘူး….ကြည့်တတ်ရင် ကိုယ့်ဘာသာကို တွေ့နေရတာပါ..။ ဒါတွေကို ငါ ဖာသိဖာသာပဲ ဖြစ်ခဲ့ပါသလား…။
ဒီစိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀န်ပိလာတော့ ..မြန်မာတွေ တော်တော်များများသုံးတတ်တဲ့ စကားလေးတစ်ခွန်းပြေးသတိရမိပါတယ်…။ ” သူလည်း သူဒုက္ခနဲ့ သူ …ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါကွာ” တဲ့ …။

ကျနော်တို့တွေမှာ ဒုက္ခတွေရှိနေတယ် ဆိုတာ မငြင်းပါဘူး …။ ဟုတ်ပါတယ် …ရှိပါတယ်..။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြန်ဝေဖန်ကြည့်ရင်___တကယ်တမ်း ဒုက္ခရောက်နေကြပါသလား…။

အခု ဒီစာကို ဖတ်နေမယ်ဆိုရင် အခု စာဖတ်နေသူဟာ တစ်နည်းမဟုတ်တစ်နည်းတော့ ….အငတ်ငတ်အပြတ်ပြတ်ဖုတ်အလူးလူးတွေထက်စာ ရင် …..နည်းနည်းတော့ ချမ်းသာနေမယ့်သူ ဖြစ်မှာပါ …။
ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားဝေဖန်စိစစ်ကြည့်စေချင်လို့ပါဗျာ..။

ကျနော့်မေးလ်ထဲကို ဖော်ဝတ်နဲ့ရောက်လာတဲ့ ဟာလေးတွေထဲက နည်းနည်းပြပါမယ်… ။ ဒါလေးတွေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်လှပြီလို့ ညည်းကြဦးမလား .. သိချင်ပါသေးတယ်..။



အဓိက က ပုံတွေပြချင်လို့မဟုတ်ပါဘူးဗျာ…။ဒါတွေကို အလွယ်တကူရှာနိုင်ပါတယ်..။
ကျနော်တို့ တကယ် စဉ်းစားကြည့်ကြရမှာက — ကျနော်တို့တွေ တကယ်ကို ဘာမှ မလုပ်နိုင်ကြဘူးလား ဆိုတာပါ..။
……………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: