ဆာ့ခ်ျ၏ ဆင်းရဲမှုနိဂုံး

ဒီည ဒီနေရာလေးမှာ သတင်းလေး ပုလင်းလေး ဖတ်လိုက်မိတယ်….။နာမည်ကြီး ဘောဂဗေဒပညာရှင် ဂျက်ဖရီဆာ့ခ်ျ….ပြောထားတာလေးတွေ့တယ်…။ အမေရိကန် သတင်းစာတွေက…နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေကြပါတယ်တဲ့…။ဆာ့ခ်ျ

ဆာ့ခ်ျက နာမည်ကြီး ဘောဂဗေဒသမား ၊ အဲလိုပဲ အလုပ်အများဆုံးလူသားတစ်ယောက်လည်းဖြစ်ပါတယ်….။ သူ့အကြောင်းနည်းနည်းစိတ်ဝင်စားလို့ လိုက်ကြည့်ရင်းက __ သူရဲ့နာမည်ကြီး The end of Poverty ကို ဖတ်ကြည့်မိတယ်…။ညီမတစ်ယောက်ဆီက ငှားလာတဲ့ ဘာသာပြန်ပြီးသား စာအုပ်လည်းရှိတာနဲ့ အတော်ဖြစ်သွားပါတယ်…။
သူ့အကြောင်းနဲနဲပြောပြီး … သူ့ရဲ့ အဲ့စာအုပ်လေးအကြောင်း အမြည်းလောက် စဉ်းစားကြည့်ကြမယ်ဗျာ..။

ခေတ်သစ်ဘောဂဗေဒသမားတွေထဲမှာ ဆာ့ခ်ျ( Jefferey D. Sachs )ဟာ လူချစ်လူခင်အများဆုံးပါ..။ ( လူမုန်းအများဆုံးဆိုလဲ ဟုတ်တယ် ..ဟီးး…စကားနှစ်ခွပြောတယ်တော့ မထင်လိုက်ပါနဲ့ တကယ်ဖြစ်နေတာကိုပြောပြတာပါ ) ။ ပြီးခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ကိုဖီအာနန်ရဲ့ အကြံပေးလည်းလုပ်ခဲ့ပါသေးတယ်…။နောက်တစ်ခုက ကိုလံဘီယာ မြေကမ္ဘာ တက္ကသိုလ်(Earth Institute)က အကြီးအကဲလည်းဖြစ်ပါတယ်..။နောက်တစ်ခုက ဈေးကွက်စီးပွားရေး တံခါးဖွင့်နေတဲ့ ဖွံဖြိုးဆဲနိုင်ငံများအတွက်__စီးပွားရေး အကြံပေးအဖြစ်လည်း ဆောင်ရွက်တယ်..။

သူ့ရဲ့အဓိကအစီအစဉ်တွေကတော့ ဆင်းရဲမှုပပျောက်ရေးပါပဲ…။
ကမ္ဘာတစ်ဝှမ်းနိုင်ငံအသီးသီးက ဆင်းရဲမှုဆိုတာတွေဟာ…ကလေးရောဂါတွေလိုပါပဲတဲ့……။ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ပဲ ပြဿနာပေါင်းစုံ နှောပြီး စွက်ဖက်နေတာကြောင့်ပါတဲ့….။ အခြေခံမိသားစုအဖွဲ့အစည်း၊ ပထ၀ီအနေအထား ၊ ယဉ်ကျေးမှုတန်ဖိုး နှုန်းစံတွေနဲ့ ဖြစ်တည်နေတဲ့ နိုင်ငံရေး သဘောတရား အချို့ ___ဆိုတာတွေ ယှက်နွယ်ပြီး ခံဆောင်ထားလို့လဲ ဖြစ်ပါသတဲ့ဗျာ..။
သူက __ဘောဂဗေဒဆိုတာ စိတ်ခံစားမှုကင်းကင်းလေ့လာရမယ့်ပညာရပ်ဖြစ်ပြီး….လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာမြင်နိုင်ရမယ့် သဘောတရားတွေ ပြည့ှ်နှက်နေတဲ့နေရာလို့ မြင်ထားပါတယ်…။ သူ့ဒီအမြင်ကို Clinical Economic လို့ နာမည်ပေးထားခဲ့တယ်…။

ဒီသဘောတရား ၊ ဒီအမြင်တွေကို သူ့အတွေ့အကြုံတွေနဲ့ မွမ်းမံထားတဲ့ ဆင်းရဲမှုနိဂုံး ( The End of Poverty ) ဆိုတဲ့ သူရဲ့ နာမည်ရစာအုပ်က ၂၀၀၅ နောက်ပိုင်းမှာပေါ်ထွက်လာခဲ့ပါတယ်…။

ဒီစာအုပ်ကလည်း အွန်လိုင်းပေါ်မှာ အလွယ်တကူရှာနိုင်မယ်ထင်ပါတယ်…။ ကျနော် အဲ့အထဲက နည်းနည်းလောက်ပဲ ထုတ်နှုတ်ထားကြည့်ရင်__

စီးပွားရေးဖွံဖြိုးတိုးတက်မှု၏ အခက်ခဲဆုံးအပိုင်းမှာ ဖွံဖြိုးရေးလှေကား ၏ ပထမဆုံးလှေကားထစ်ပေါ်သို့ စတင်ခြေလှမ်းနိုင်ဖို့ပင် ဖြစ်သည်.။ အဆိုပါ ပထမဆုံးလှေကားထစ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီဖြစ်သော ဘင်္ဂလားဒေ့ရ် ၊ အိန္ဒိယ စသော နိုင်ငံများဆိုလျင် – ဖွံ့ ဖြိုးမှုအဆင့် မညီမျှသည့်တိုင် ၊( သို့မဟုတ် ) ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးလေးလံဆဲဖြစ်သည့်တိုင်..ယေဘုယျ အားဖြင့် ရှေ့ဆက်တက်နိုင်ဖို့ အခြေခံကောင်း ရရှိနေပြီဖြစ်သည် ။ သို့နှင့်တိုင်- အဆိုပါ ပထမလှေကားထစ်ပေါ်သို့ ခြေမချနိုင်သေးသော-ဆင်းရဲမှုနွံထဲတွင် အလွန်အကျွံပိတ်မိနေသေးသည့် အိမ်ထောင်သည်မိသားစုများ၊ လူပျိုလူလွတ်များ အများအပြားရှိနေဆဲဖြစ်သည်။ သူတို့အတွက် အနာဂတ်မျှော်လင့်ချက် မဲ့နေသေးကြောင်း ဆိုလိုနိုင်ပါသေးသည် ။

ကျနော်တို့ မျိုးဆက်သစ်များကို စိန်ခေါ်နေသည်က -ဤသို့သောဆင်းရဲသားများထဲမှ ဆင်းရဲသားများအတွက် ဤ ဆင်းရဲတွင်းမှ ထွက်ပြီး ဖွံဖြိုးရေးလှေကား၏ ပထမဆုံးလှေကားထစ်ကို အခြေချနိုင်ဖို့ ၀ိုင်းဝန်းကူညီကြရန်ဖြစ်ပါသည်။
ဤ အဓိပ္ပါယ်အရပြောရလျင် – ဆင်းရဲမှု နိဂုံးဆိုသည်မှာ -ဆင်းရဲဒုက္ခများကို အဆုံးသတ်စေရန်သက်သက်မျှ မဟုတ်ချေ။ မျှော်လင့်ချက်အပြည့်ရှိသော ဖွံဖြိုးရေး လှေကားထစ်များကို ဆက်လက်တက်သွားစေနိုင်ဖို့ ဖြစ်ပါသည်။
ဆင်းရဲမှုနိဂုံးဟု ကျနော်ပြောသည့်အခါတိုင်း ကျနော်ဆိုလိုသည်မှာ တစ်ခုနှင့်တစ်ခု အနီးကပ်ဆက်စပ်လျက်ရှိသည့် ရည်မှန်းချက်နှစ်ခု အကျုံးဝင်ပြီး ရှိပါသည်။

၁။ ပထမရည်မှန်းချက်မှာ -နိစ္စဓူဝအသက်ရှင်နေထိုင်ရေးအတွက် ရုန်းကန်နေကြရသော၊ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲမှ ( ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံမျှရှိ ) လူသားများ၏ အတိဒုက္ခမျိုးစုံကို ဆုံးခန်းတိုင်နိုင်စေရေး ဖြစ်ပါသည် ။
၂။ဒုတိယရည်မှန်းချက်မှာ -အသင့်အတင့် ဆင်းရဲသူများ အပါအ၀င် ကမ္ဘာပေါ်ရှိ ဆင်းရဲသားအားလုံး – ဖွံ့ဖြိုးရေးလှေကားထစ်သို့ လှမ်းတက်နိုင်စေရေး ဖြစ်သည်။

ဤရည်မှန်းချက်နှစ်ရပ်စလုံးကို အကောင်အထည်ဖော်နိုင်ရေးအတွက်ဆိုလျင် – ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် သေချာခိုင်မာသော စီးပွားရေးစီမံခန့်ခွဲ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရှိဖို့လိုပါသည်။ ယခုအခြေအနေကို အရင်းအတိုင်းပြောရမည်ဆိုလျင် – ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မဲ့သည်ဖြစ်စေ၊ ဖွံဖြိုးရေးလှေကားပေါ်မတက်မီ လမ်းပျောက်သွားနိုင်သော ကျော့ကွင်းထောင်ချောက်များ အပြည့်အနှက်ရှိသည်ဟု ဆိုရမည် ။
လုံလောက်မှုမရှိသော ဖွံ့ဖြိုးရေးအကူအညီများ၊ အကျိုးစီးပွားကာကွယ်ရေးဝါဒကျင့်သုံးမှုများ၊ ကုန်သွယ်ရေးအတားအဆီးများ ၊ဘဏ္ဍာရေး မတည်ငြိမ်မှုများနှင့် ဥာဏ်ပညာပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှု သတ်မှတ်ချက်များ– စသည်တို့က – ၀င်ငွေနိမ့်နိုင်ငံများ – ဖွံဖြိုးရေးလှေကားပေါ်တက်လှမ်းနိုင်ရေးအတွက် အကြီးအကျယ်ဟန့်တားလျက်ရှိနေကြောင်းတွေ့ရသည် ။

အမှန်စင်စစ် အလွန်အကျွံ ဆင်းရဲ မွဲတေမှု ၏ နိဂုံးမှာ – ကျနော်တို့နှင့် လက်တစ်ကမ်း အကွာတွင်သာ ဖြစ်ပါသည် ။

Ref:J.D.Sachs-The End of Poverty
ကျော်ဝင်း- ဆင်းရဲခြင်းလွတ်ကင်းအောင်

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: