Sense-data(intro)

ဘ၀ကို လက်တွေ့ကျကျ ဖြတ်သန်းပါ တဲ့….။ ကိုယ်ကျင့်တရားဗေဒ( Ethics ) မှာ လက်တွေ့ချည်းနဲ့ပဲ ဖြတ်သန်းရမယ်ဆိုတဲ့ အယူအဆဟာ မှားမယ်လို့ထင်ပါတယ် …။ ဆင်ခြင်သုံးသပ်မှု မရှိတဲ့ နေ့ရက်က သေတဲ့နေ့ပဲ လို့ပြောခဲ့တဲ့ ဆော့ခရတ္တိရဲ့ စကားကို လေထဲလွှတ်ပစ်လိုက်တာမျိုး ဖြစ်နေမယ် …။ဘယ်အလုပ်ကို မဆို ….လက်တွေ့ထက် စဉ်းစားမှုက အရင်လာရတာ ဖြစ်ပါတယ် ..။
ကာယကံ ၊၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးမှာ – မနောကံရှိမှ ကာယကံ ၊ ၀စီကံ ဖြစ်လာတာပါ…။
စဉ်းစားပြီးမှ လက်တွေ့လုပ်လို့ရပါလိမ့်မယ် …။ ဒီစာကို ရေးရတဲ့ အကြောင်းက ..လက်တွေ့မရှိဘူး လို့ တပါးသူအပေါ် အော်အော်နေတတ်ကြတဲ့ သူတွေအတွက် ဖြစ်ပါတယ် …။ သူတို့သတ်မှတ်တဲ့ လက်တွေ့ဆိုတာကို သူတို့ နားလည်ဖို့လိုအပ်ပါတယ် …။ ကနေ့လက်ရှိ..ဘယ်ရေးရာမှာမဆို…ဆင်ခြင်သုံးသပ်မှု တော်တော်များများလိုအပ်ပါတယ်….။အသေးစိတ် ဝေဖန်ဆုံးဖြတ်တတ်ရမယ်…။
နူကလိယ ဗုံးတစ်လုံးကို ပစ်လွှတ်ဖို့ဆိုတာ —လက်ညှိုးလေးတစ်ချက်ကွေး ၊ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖြစ်ပါတယ် …။ကနေ့ခေတ်အခါမှာဆိုရင် — တစ်ကမ္ဘာလုံး ပြာကျသွားဖို့ဆိုတာ လက်တွေ့လုပ်ဖို့ အင်မတန်လွယ်ကူနေကြပါတယ်…။ ဟီးးး…။
ဒါပေမယ့် လူသားရယ်လို့ အသိအမှတ်ပြု လေးစားကြရတဲ့ ကိုယ်ကျင့်တရားကို ဘယ်မှာ သွားထားကြမလဲ…။ ဘာကို အခြေခံပြီး လိုက်နာကျင့်သုံးကြမလဲ…။ အကောင်းအဆိုးကို မဆင်ခြင် မသုံးသပ်မိဘဲ ဘယ်ဟာနဲ့ ခွဲခြားမှာတဲ့လဲ..။

ဒဿန ပညာရှင် ကန့် ယူဆသလို ___ ကိုယ်ကျင့်ဗေဒဟာ ဆင်ခြင်သုံးသပ်ခြင်းနဲ့ လက်တွေ့စမ်းသပ်ခြင်း မျက်နှာစာ နှစ်ဖက်အရောဖြစ်ပါသတဲ့ ….။သူ့အနေနဲ့က အရှေ့ အနောက်ပေါင်းစပ်ရေးသမားသက်သက်မို့ ဒီလို ပြောတယ် ယူဆမယ်ဆိုရင်လည်း ဖြစ်ပါတယ် ..။
ရူပဗေဒ သမားကြီး အဲလ်ဗတ်အိုင်းစတိုင်းကတော့ __ သီအိုရီပိုင်းရူပဗေဒသမားတစ်ယောက်အတွက်က …လက်တွေ့ဓါတ်ခွဲခန်းတွေမှာ ၀င်လုပ်ကြည့်တာထက်… အဲ့ လက်တွေ့ခန်းတွေက ထွက်လာတဲ့ ဒေတာ (data ) တွေ အပေါ်မူတည်ပြီး ..ဆင်ခြင်ရတာဖြစ်ပါသတဲ့ …။ သူ့ရဲ့ စိတ်ကူး စမ်းသပ်ချက် (thought-experiment ) ဆိုတဲ့ စကားက တော်တော်နာမည်ကြီးပါတယ်…။စိတ်ကူးနဲ့ ပဲ __ လက်တွေ့လုပ်ကြည့်ပါတယ်တဲ့….။ ( အဟက် ..ပျော်စရာကြီး )
ကျနော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံဆိုတာကြီးဟာ အာရုံခံအစိတ်အပိုင်းလေးတွေရဲ့ အကြောင်းခြင်းရာ အပိုင်းလေးတွေ ပေါင်းစုပြီးနားလည်ထားတာဖြစ်ပါတယ်…။ အသေးအဖွဲ အာရုံတစ်ခုချင်းစီမှာ ရရှိလာတဲ့ ခံစားမှု ဖြစ်စဉ် ( sense-data) တွေ ပေါင်းစပ်မှသာ အတွေ့အကြုံဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုဖြစ်ရပါတယ်…။

အခုပြောခဲ့တာတွေကို သဘောပေါက်ရင် __ လက်တွေ့ကိုမရှိဘူး ..လက်တွေ့ကျကျပဲလုပ်ပါကွာဆိုတဲ့ သူတွေ စဉ်းစားနိုင်ကြမယ်ထင်ပါတယ်…။ ၄င်းတို့ပြောတဲ့ လက်တွေ့ဆိုတာကို နားလည်နိုင်ပါစေဗျာ……..။:)

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: