အာရုံနောက်တယ်

အသံညှင်းညှင်းလေးထွက်နေတာဆိုတော့…သေသေချာချာနားစိုက်ပြီးမထောင်ရင် မကြားရဘူးဗျ…။လူတွေရဲ့ စိတ်ကိုက အဲ့လိုမျိုးဆို မရိုးမရွ ဖြစ်နေတတ်တာ..။ ကျနော်လည်း လူထဲက လူပဲလေ…။ အဲလို အသံတွေထွက်လာရင် …မနေတတ်မထိုင်တတ် …။ ကြားသင့်ပါလျက်နဲ့မကြားရတော့ ပိုဆိုးတယ် …။

ရွာမှာဆို တစ်ခုခုဖြစ်ရင် …တစ်ရွာလုံးက အုတ်အုတ်ကျွက်ကျွက်.ဗျ….။ ဒီလိုတိုးတိုးလေး မလာဘုး….။လုပ်လိုက်မယ်ဟေ့ ကိုင်လိုက်မယ်ဟေ့ဆိုတာချည်းပဲ …ဟီးးး။ ထစ်ခနဲဆို တစ်ယောက်က မစလိုက်နဲ့ တစ်အုံလုံးပါလာတာ…။ဟိုတစ်ခါ ..ကိုရင်သာဗျောတို့ အလှူတုန်းက ပဲ …ကြည့်…။ ကျနော် သာဂိက ..အစပ်ကြောက်လို့ …ငရုတ်သီးမထည့်ဖို့လေးပြောတာကို.. အင်တာနေရှင်နယ်မှာ .. ငရုတ်သီးကို အမျိုးမျိုး စားသုံးနေကြတဲ့အကြောင်း …အစပ်မစားတာ လူဖြစ်ရှုံးပါတယ်ဆိုတဲ့ အကြောင်း ကျောင်းဆရာတစ်ယောက်က ထပြောပါလေရော…။ အာဘောင်အာရင်းကလည်း သန်မှ သန်။…မဟုတ်ရပါဘူးဗျာ ကျနော်ဗိုက်အောင့်တတ်လို့ပါ ပြောတော့ ___ကျနော့်ကိစ္စပြီးသွားပေမယ့် _ သူပြောနေတဲ့အကြောင်းက မပြီးတော့ဘူး….။ သူ့ကို အားလုံးက ၀ိုင်းမေးနေကြတာလေ…။ အင်တာနေရှင်နယ်ဆိုတာ ဘာလဲတဲ့….။ အဲ့ကျောင်းဆရာကလည်း စိတ်ရှည်လက်ရှည်နဲ့ကို ဖြေနေတာ..။ သူဖြေတဲ့အထဲမှာ –ဂလို ဂလိုဆိုတာတွေထပ်နေတယ်..။ သူနဲ့တစ်ဝိုင်းထဲ နားထောင်နေတဲ့ သူတွေကလည်း __ မျက်လုံးလေးကလယ်ကလယ်နဲ့ …..ဩော် ဂလိုလား ..ဂလိုလား …ဆိုပြီးထောက်ထောက်ပေးတယ်ပေါ့….။
လူတွေကို အုံလို့ …..ဟိ..။( မျက်လှည့်ဝိုင်းလား မှတ်ရတယ် …။ အမှန်က အလှူမဏ္ဍပ်ထဲမှာ ..။)
ကျနော်လား….။
ကျနော်ကလည်း ဘာသားနဲ့ထုထားတာမို့လို့ ဗျာ..။….လူတွေအုံနေတဲ့ အပြင် စခဲ့တဲ့ ကိစ္စကလည်း ကျနော့ ကိစ္စဆိုတော့ကာ …..ဟီးး…ရှေ့ဆုံးကပေါ့….။ သူပြောတဲ့ ဂလိုဆိုတဲ့ အသံလေး နားထောင်ကောင်းကောင်းနဲ့ထောင်နေတာ …။ ဂလိုဘယ်ဆိုတာ ခင်ဗျားတို့ ဒီလောက်ဆိုသိပြီလားလို့ သူက မေးတော့မှ __သူပြောတဲ့ ဂလိုဘယ် ဆိုတာ ကို ကိုယ်မသိဘူးဆိုတာ သတိထားမိတော့တယ်…။

ဟင့်အင်း ..ခင်ဗျားပြောတဲ့ ဂလိုဆိုတာ တော့ ဘာမှန်း မသိဘူး…ဒါပေမယ့် ကျုပ်တို့နားလည်တာတော့ လူ ဟာ လူပဲ ဗျ…။ အားလုံး ဒီဗိုက်ပြည့်အောင်စားပြီး အချိန်တန်ရင် ဒီတောတော့ ထိုင်ကြရမှာပဲ …။ ဗိုလ်ထိုင်ပဲ ထိုင်ထိုင် ၊ ချုံပဲတိုးတိုး …ဒါကဒါပဲ …။မစင်က မစင်ပဲ …။ နံမှာက နံမှာပဲဗျ..။ ဒီလို လူကို လူလိုသိတဲ့ကိစ္စက အဆန်းတကြယ်ဖြစ်နေလို့လား…။ တစ်ခုရှိတယ်…။ အဝေးကြီးကလူနဲ့ အခုနီးနီးလေးလို စကားတွေပြောနိုင်နေတယ်ကြားတယ်…။ အဲလိုဟာမျိုးတွေရှိလာတော့ သူတို့ အကြောင်းလေး အလွယ်တကူသိရမယ် ..။ ဒါပဲ မဟုတ်လား …။ သူတို့ ရုပ်တွေကို မြင်ရတယ် ..သူတို့ အကြောင်းကို အတွင်းကျကျအထိ သိအောင်လုပ်လာနိုင်တယ် …။ ဒါကလည်း ခင်ဗျားတို့ ပြောပြောနေတဲ့ နည်းပညာဆိုတာကြီးပဲ လုပ်နေတာမလား ….။ ဒါပေမယ့် လူဟာ လူပါဗျာ…။ ယဉ်ကျေးမှုတွေ မတူညီလို့ ဆိုတာနဲ့ အတွေးတွေဖလှယ်လာမိလို့ ဆိုတာရယ်ကြောင့်တော့ ကောင်းတာတွေလည်း ရှိ ၊ ဆိုးတာတွေလည်းရှိမှာပဲ …..။ဒါက အဲ့နည်းပညာဆိုတာကြီးနဲ့ ခင်ဗျားအခုပြောတဲ့ ဂလိုဘယ်ဆိုတာကြီးနဲ့ သိပ်မဆိုင်ဘူးလို့ထင်တယ်..။ ဒီမှာ မှ မဟုတ်ဘူး …. ဘယ်ဟာမဆို ….မိမိကိုယ်တိုင်ကိုက…အစွန်းတစ်ဘက်လိုက်ရင်လိုက်သလောက် __အဆိုး အကောင်း ကွဲသွားမှာပါ….။
ဒါကို ဂလိုဘယ်ကြီး ဖြစ်လာတာကောင်းလိုက်တာပြောတဲ့သူပြော …။ ဆိုးတယ်ဗျာပြောတဲ့သူပြော ..နဲ့ …….။
အာရုံနောက်တယ်ဗျာ…။
ဒီကမ္ဘာ ဘယ်နေရာမှာနေနေ ….လူဟာလူပဲ …။ သူလုပ်ရင် သူလုပ်တဲ့အတိုင်း ဖြစ်မယ် …။
သူကောင်းရင် ခေါင်းမရွေ့ဘူးဆိုတာလဲ ရှိသေးတယ်လေ…။ဒါပဲ မဟုတ်လား ….။

ကျနော်အဲ့လိုပြောတော့ ကျောင်းဆရာက အသက်ပြင်းပြင်းတစ်ချက်ရှုပြီး … အားရပါးရပြောတော့မဲ့ ဟန်နဲ့ ပါးစပ်ဟလာတယ်…။
ကံကောင်းချင်တော့ အလှူလိုက်ပွဲ ၀က်သားတုံးကြီး ဟင်းပန်းကန် ရောက်လာတာနဲ့ …( လက်အရင်ဦးအောင် )…..တက်ညီလက်ညီ .. ပါးစပ်ခဏပိတ်ထားလိုက်တယ် …။
ဒါတောင်…တိုးတိုး …တိုးတိုးနဲ့ ….။
ခပ်လှမ်းလှမ်းမှာ ပြောနေကြသေးတယ်…။
အသံသာကြားနေရတာ ..ဘာပြောမှန်းမသိတော့ ခက်တယ်ဗျာ…မရိုးမရွနဲ့ …ဟီးးး။.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: