ဘေဘီ စကြာဝဠာ

ကျနော်တို့ လူသားတွေကိုယ်စီမှာ ကိုယ့်ရဲ့ အဖြစ်ဘယ်က စ ??? ဆိုတာ အားလုံးနီးပါး စဉ်းစားမိဖူးကြမယ်…။ ဘာသာတရားအသီးသီးကလည်း … သူတို့ခံယူချက်နဲ့ သူတို့ ဝေဖန်စိစစ် ပြောခဲ့ကြတယ်…။ယုံကြည်မှုနဲ့ လက်ခံခဲ့ကြတဲ့ သူတွေလည်း ရှိ၊ တွေတွေဝေေ၀နဲ့ အားနာပါးနာလက်ခံခဲ့ကြတဲ့ သူတွေလည်းရှိကြပါတယ် ..:D ။အဲ့အထဲ မှာ သိပ္ပံပညာရှင်အချို့လည်း ပါကြတယ် ကြားတယ်..။ကျနော်တို့ ဗုဒ္ဓဘာသာမှာလည်း _ ကမ္ဘာတည်ပုံနဲ့ ကမ္ဘာပျက်မယ့်ပုံတွေကို (အကျဉ်းလောက်ပဲ) ဖြစ်ဖြစ်ပြောဟောခဲ့တယ်လို့ ဆိုပါတယ်..။တစ်ဘက်မှာလည်း လောကရဲ့ အစကို မကြံစည်ကောင်းဘူးလို့ ပြောခဲ့တာရှိတယ်..။လောကရဲ့ အစကို မေးလို့ ဒါတွေ ဟာ အကျိုးမရှိပါဘူး ၊ဘုရားက မဖြေခဲ့ဖူးတဲ့ …။ ကျမ်းတတ်ပုဂ္ဂိုလ်တွေ ပြောတာကြားဖူးပါတယ်…။ပသို့ပဲ ဖြစ်ဖြစ် __ စပ်စုချင်တတ်တဲ့ ဓလေ့ရှိတဲ့ ကျနော်တို့ လူသားမျောက်မျိုးတွေအတွက်က __ဘယ်လိုကြီးတားနေနေ __သိချင်တာတော့အမှန်ပဲ …။စပ်လည်း စပ်စုခဲ့ကြတာပါပဲ…။ အဲလိုတွေအထဲမှာမှ ခေတ်သစ်သိပ္ပံပညာရှင်များစူးစမ်းခဲ့ကြတဲ့ ခေတ်သစ်စကြာဝဠာဗေဒတစ်ခုအကြောင်း မြည်းစမ်းကြည့်ချင်လို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်ဗျာ….။

သူတို့ပြောကြတဲ့ သီအိုရီတစ်ခုကတော့ စကြာဝဠာဟာ အရင်က ဒီလိုအကျယ်ကြီး မဟုတ်ဘူးတဲ့ …။ အဏုမြူတစ်လုံးရဲ့ ၀တ်ဆံ(နူကလိယ)လောက်သာသာရှိတဲ့ အနေအထားလေးပဲ ရှိပါသတဲ့..။အဲ့ဂလောက်ကို သေးပါတယ်တဲ့ …။ ဘယ်အချိန်လောက်တုန်းကလဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၁၃.၇ ဘီလီယံလောက်ကလို့ ပြောတယ်..။ တစ်ဘီလီယံဆိုတာ …နှစ်သန်းပေါင်းတစ်သန်းကိုပြောတာဆိုတော့ ကာလက မနဲဘူး။ ကြာပြီပေါ့…။
အဲ့တုန်းက စကြာဝဠာမှာ ကျနော်တို့ အတွက် ထူးဆန်းနေတဲ့ အနေအထားတစ်ခုရှိတယ်..။ ဘာလဲဆိုတော့ အဲ့စကြာဝဠာရဲ့အစဟာ ( time နဲ့ space ) ဆိုတဲ့ ကာလ ၊ဒေသ တို့ရဲ့ အစလည်း ဖြစ်ပါတယ်တဲ့ ..။ စကြာဝဠာကို ဖွဲ့စည်းတဲ့ ဒြပ်ဝတ္ထုတွေထဲမှာ – အက်တမ်အမှုန်တွေ၊ ဒြပ်စင် ဒြပ်ခဲ ဒြပ်သားတွေအပြင်_ အဲ့ကာလနဲ့ ဒေသ တို့ကလည်း နက်ရှိုင်းတဲ့ သဘောတစ်ရပ်အနေနဲ့ ပါဝင်ဖွဲ့တည်နေကြပါတယ်တဲ့ …။ အဲ့မတိုင်ခင်ကဆို ..စကြာဝဠာမှာ အချိန်ဆိုတာ မရှိဘူး..။ အချိန်တွေ မစသေးဘူးတဲ့ ဟီးးး…။ ရူးတာလား ထူးတာလားတော့မသိဘူး …။ စိတ်ကူး စိတ်သန်းက ခပ်မိုက်မိုက်ပဲ…။

ရူပဗေဒပညာရပ်ရဲ့ နာမည်ကြီး __ကွမ်တမ် သီအိုရီကနေ ခန့်မှန်းတာကတော့_ စကြာဝဠာကြီးရဲ့ အဲ့ အစ သေးသေးလေးကနေ ပေါက်ကွဲလာပြီးပြီးချင်း အချိန် __တစ်စက္ကန့် အချိန်ကို သန်းပေါင်းများစွာပိုင်းပြီးမှ ရတဲ့တစ်ပိုင်း လောက်ပဲ ကြာမယ် ( အတိအကျ ရွှီးရရင်တော့ ၁၀ ကို ပါဝါထပ်ကိန်း အနုတ်တန်ဖိုး ၄၃ တင်ကြည့်ရမယ် လို့ဆိုတယ် )___ အဲ့အချိန်အတွင်းမှာ ..စကြာဝဠာရဲ့ အခြေခံ အားကြီးလေးအား ပေါ်ထွက်လာခဲ့တယ်..။ အဲ့ဟာတွေကတော့ ___ နူကလိယ အားပြင်း၊ နူကလိယ အားပျော့၊ လျှပ်စစ်သံလိုက်အားနဲ့ ဆွဲငင်အား( strong nuclear, weak nuclear, electromagnetic and gravity )တို့ပဲ ဖြစ်ပါတယ် …။အခုလက်ရှိမှာ ဒီအားလေးခုအကြောင်းကို ကျနော်တို့လူသားတွေ တော်တော်များများ သိနေကြပြီလို့ ဆိုပါတယ် ..။ လက်တွေ့လည်း အသုံးချနေကြပါတယ် …။ ကိုယ်နေတဲ့ စကြာဝဠာအပေါ် ကို ကိုယ် အသုံးချနိုင်လာတဲ့ လူသားတွေစွမ်းအားက လေးစားစရာပါပဲ…:)..။
အဲ့အားကြီးလေးအားကို အသုံးချပြီး ___ စကြာဝဠာဟာ အက်တမ်အောက်အမှုန်တွေ ၊ အဏုမြူအောက်အမှုန်တွေ ပေါင်းစပ်ထုတ်လွှတ်လာခဲ့ပါတယ် ။ ဒီနောက်မှသာ ကျနော်တို့အားလုံးသိပြီးသားဖြစ်တဲ့ .အဏုမြူတစ်လုံးရဲ့ အဖိုအမဓါတ် ပရိုတွန်နဲ့ အီလက်ထရွန်တွေဖြစ်လာရပါသတဲ့ ..။နောက်တစ်ခုပြောစရာရှိတာက __ အဲ့အချိန်က ရှိခဲ့တဲ့ စကြ၀ဠာရဲ့ ဒြပ်ထု..။ သိပ္ပံပညာရှင်တွေ ခန့်မှန်းကြတာကတော့ တစ်စင်တီမီတာ ကုဗတုံးတစ်တုံးစာအတွက် အဲ့အချိန်က စကြာဝဠာဟာ ၁၀၅၄ ဂရမ်ရှိပါသတဲ့ ..။ အဲ့အထဲမှာ စကြာဝဠာက ဖြာထွက်တဲ့ ရောင်စဉ်တွေကို ပါ ထည့်တွက်ထားတယ် ..။ ဟေဒရွန်လို့ ခေါ်တဲ့ ခပ်လေးလေး အမှုန် သန်းပေါင်းများစွာ ထုတ်လွှတ်တယ် ၊ ။ အချင်းချင်းတိုးတိုက်ဖျက်စီးတယ် ..။ စကြာဝဠာမှာ အဲ့အချိန်က ဒီအမှုန်တွေက လွဲရင် ဘာမှ မရှိဘူး …။ကျနော်တို့ နေတဲ့ ကမ္ဘာကြီး …အုဝဲတောင်မအော်နိုင်သေးဘူး….။

ဂလိုမျိုး…အမှုန်တွေ ထုတ်လိုက်တိုးတိုက်လိုက်နဲ့ ရှိနေရာက ___ သေးသေးလေးနဲ့ စခဲ့တဲ့ စကြာဝဠာဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာတယ်။ အဲ့စက္ကန့်ပိုင်းလေးအတွင်းမှာ စကြာဝဠာရဲ့ အရွယ်က တစ်ဟုန်ထိုး ကြီးထွားလာတယ်။အစ သေးငယ်ခဲ့တဲ့ နူကလိယ အရွယ်က နေ .. ၁၀၃၅ မီတာလောက် ကျယ်လာတယ် ဆိုပါတယ်။ နို့ပေမယ့် အဲ့အချိန်က အမှုန်တွေသာ ထုတ်လွှတ်နေရဆဲ ဖြစ်တာမို့ ဂလက်ဇီတွေ ၊ နေအဖွဲ့အစည်းတွေ ၊ ဂြိုလ်ကမ္ဘာတွေ မဖြစ်နိုင်သေးပါဘူး…။

အပူချိန်အနေနဲ့ကလည်း အဲ့တုန်းက စကြာဝဠာဟာ အခုလိုမဟုတ်ဘူး …။ နေရာအနှံ မှာ တအားပူပါတယ်တဲ့ ..။ အပူချိန်ကြီးလွန်းလို့လဲ ဒြပ်ခဲ ကြီးကြီမားမား မရှိဘူး..။အဲ့ အမှုန်လေးတွေပဲရှိတယ် ..။ အပူချိန်ဘယ်လောက်ရှိလဲဆိုတော့ ….အင်းးးးးးး…ကြီးလွန်းလို့ …ပြောမပြတော့ပါဘူး …ဟိ ( အမှန်က ..မသိလို့ )။ နို့ပေမယ့် စကြာဝဠာပြန့်လည်း ပြန့်ကားလာရော အပူချိန်က ၁၀,၀၀၀ ကယ်လ်ဗင် အထိလျော့ကျသွားပါသတဲ့…။ အဲ့နောက်ပိုင်းမှာ …ကျနော်တို့ ..စကြာဝဠာ___စတင်ပြီး ကြီးကောင်ဝင်လာပါတော့ တယ်…။

နောက်တစ်ပုဒ်မှာ စကြာဝဠာ ကြီးကောင်ဝင်လာတဲ့နောက်ပိုင်းအကြောင်းတွေနဲ့ ဒါတွေကို လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်များရဲ့ ကြိုးပမ်းမှုအကြောင်း နည်းနည်းလောက်ကြည့်မယ်လို့ စိတ်ကူးထားပါတယ် ..။ အခုတော့ ဒီလောက်ပါပဲဗျာ ..။ကျေးဇူးပါ ..။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: