The still Mind

( တာအိုကျမ်းရင်းပိုဒ်များကို ဆက်လက်တင်လိုသော်လည်း
Commentry ထည့်သွင်းလိုမှုကြောင့် ဆိုင်းငံ့ထားပါမည် )

The still mind of the sage is the mirror of heaven and earth, the glass of all things. Vacancy, stillness, placidity, tastelessness, quietude,
silence, and non-action – this is the Level of heaven and earth, and
the perfection of the Tao and its characteristics. (Legge version)

အကြင်ပုဂ္ဂိုလ်၏ ငြိမ်သက်သောစိတ်ဟူသည် ကောင်းကင်နှင့် မြေပထ၀ီ၏ ကြေးမုံ၊ အရာအားလုံး၏ ဖန်သားပြင်ဖြစ်၏ ။ အာကာသနယ်သဘောဖြစ်သော၊ ငြိမ်သက်သော၊ ခိုင်မာသော၊ ရသမဲ့သော၊ တိတ်ဆိတ်သော ၊ ဆိတ်ညံသော၊ လှုပ်ရှားမှုမဲ့သော သဘောတို့ဆောင်သည် ။ ဤကား ကောင်းကင်နှင့် မြေပထ၀ီ၏ တည်ရာဖြစ်၏ ။ဓမ္မနှင့် ဓမ္မ၏ လက္ခဏာများ ပြီးပြည့်စုံခြင်းသို့ရောက်၏ ။

( ဤအပိုဒ်သည် ရှေးတာအိုဆရာ ချောင်ဇီ၏ စကားဖြစ်သည် )

တာအိုဝါဒ၌ လာသော ငြိမ်သက်သောစိတ် ဆိုသည်မှာ ယင်းသို့ မဖောက်ပြားသော ၊ ဆိတ်ငြိမ်မှု အတိပြီးသောစိတ်ကို ဆိုလိုသည် ။ရှေးတာအို ဆရာ့ဆရာများ၏ ရည်မှန်းချက်တွင် ဤစိတ်အစဉ်ထိန်းကျောင်းမွေးမြူနိုင်ရန်မှာ တစ်ခုအပါအ၀င်ဖြစ်ပါသည်။

သို့အတွက် မေးစရာ ရှိသည်မှာ – ယနေ့ ခေတ်အခါတွင် ဤသို့သော စိတ်မျိုးကို ရနိုင်ပါသလော ၊ နိစ္စဓူဝ ရုန်းကန်သွားလာနေရသော အကျင့်စရိုက်များမှ…ဤစိတ်ကို မွေးယူမည် ကျင့်ကြံယူရမည် ဆိုသည်မှာ ဖြစ်နိုင်ပါသလော…ဟူ၏ ။

အဖြေမှာ- ဖြစ်ပါသည်။ ကောင်းစွာမွေးယူ၍ ရနိုင်ပါသည်။ နိစ္စဓူဝရင်ဆိုင်လာရသမျှလူသား တို့ ကိစ္စ အ၀၀ တွင် ၀င်ရောက်လာတတ်သော ကောင်းမှု ၊မကောင်းမှု စိတ်အစဉ်တို့ကို သတိမပြတ်စောင့်ကြည့်ဖယ်သတ်သွားနိုင်ဖို့သာလိုအပ်သည် ။ သို့သော် အပြောလွယ်သလောက်အလုပ်ခက်ပါ၏။

အမိဝမ်းမှ ကျွတ်သည်၏နောက် ယနေ့တိုင် မေ့မေ့လျော့လျော့ဖြတ်သန်းတတ်ကြကုန်သော ကျနော်တို့ သတ္တ၀ါအများအတွက် .အခြားသိမှုမသိမှု ဆိုသည်များကို အပထား၍ စက္ကန့်မလပ်သတိချပ်ဖို့ရာတစ်ခုကိုပင် များစွာခက်ခဲလှပါသည်။သတိမပြတ်နေနိုင်အောင်ကြိုးစားခြင်းနှင့် ကောင်းမှုမကောင်းမှု ခွဲခြားနိုင်စွမ်း စိတ်အစဉ် ရှိသည်ဆိုလျင်….ထူးကဲလှသည် ဆိုရမည် ။

မှတ်ချက်။ ————– ။
ဗုဒ္ဓဘာသာ၏ စိတ္တာနုပဿနာနှင့် ဆင်တူသည်ထင်သည် ။( ဤအထင်မှာ ကျနော်၏ အထင်သာဖြစ်၍ မှန်၏ မမှန်၏ ဆုံးဖြတ်ရန်မှာ စာရှုသူတို့အပိုင်း ဖြစ်ပါသည် )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: