ကဗျာမရေးတတ်ဘူးဆိုလို့

မှုန်ယိုရေးဖွဲ့ တိုင်း ကဗျာမဟုတ်။
ဖွင့်အံရေးဖွဲ့တိုင်း ကဗျာ မဟုတ် ..
ကာရန်မညီတိုင်း ကဗျာမဟုတ်..။
ဟူသော ခေတ်က လွန်ခဲ့ပါပြီ။ ရှေးဟောင်းပြတိုက်မှာ ဖုန်တက်နေလောက်ပြီ။

ကဗျာ ဆိုသော ဝေါဟာရကို အဘိဓါန်များ ဖွင့်ဆိုကြရာတွင်
စကားလုံးအနက် + သဒ္ဒါတို့ကို
စနစ်တကျတွဲစပ်ထားသော၊ တွဲသီထားသော ပုဒ်တစ်မျိုးယောင်ယောင် ဖွင့်ပြကြပါလိမ့်မည်။
ယင်း အယူအဆဟောင်းများကို လက်ကိုင်ထားမနေကြပါနှင့်တော့ ။

ကျနော်တို့ မြင်တွေ့သုံးစွဲနေရသည့်
စကားလုံးများသည် လည်းကောင်း ၊
ကျနော်တို့ ခံယူထားကြသည့် ဘာသာစကား သဒ္ဒါနှင့် အနက်တို့သည်လည်း ကောင်း
ခံစားချက်နှင့် ဖြစ်ရပ်တို့ကို ရည်ညွှန်းပြဆိုရန်သာ အသုံးချထားခြင်းဖြစ်သည်။
လူသားတို့ ဖန်တီးထားခြင်းသာဖြစ်သည်။

ကဗျာတစ်ပုဒ်ကိုဖန်တီးလိုသော သူတစ်ယောက်သည်
ယင်း စကားလုံးတို့၏ လက်အောက်တွင် ပြားပြားမှောက်၍ စိတ်ကျဉ်းကျပ်နေရသည် ဆိုလျင်
၎င်း၏ စိတ်ခံစားမှု ၊ အာရုံဝင်စားမှုသည်
ကဗျာ ဆိုသည့်  ယင်းစာပိုဒ်ငယ်လေးအတွင်းသို့
ကောင်းမွန်စွာ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ပေ။

မိမိကိုယ်ကိုယ်အတွက် တစ်ကိုယ်တည်းရေးဖွဲ့သည်ဖြစ်စေ။
တပါးသူအတွက် ဖွင့်ဟ၍ ရေးဖွဲ့သည်ဖြစ်စေ ။
ကဗျာသည် ခံစားမှု အစုအပေါင်းသာ ဖြစ်ကြောင်း မမေ့အပ်ချေ။

အချို့သော ကဗျာ ၊ စာပေတို့သည်
စာရေးသူ ၊ ကဗျာဆရာ၏ လက်စွမ်းပေါ်မူတည်၍ ရသပြောင်မြောက်လာရသော်လည်း
အချို့သော ကဗျာ၊ စာပေများကား …
မသိသား ဆိုးဝါးသော စာဖတ်သူများကြောင့် အရာမထင်ခြင်းလည်း ရှိတတ်သည်။

ဆိုလိုသည် မှာ
ကဗျာစာပေတစ်ပုဒ်`၏ ကောင်း ခြင်းနှင့် ဆိုးခြင်းကို ဆုံးဖြတ်ခြင်းသည်
စာရေးသူ ၊ကဗျာဆရာပေါ်၌ လုံးဝအမှီသဟဲ မပြုကြောင်း သိစေချင်သည်။

စာရှုသူ (၀ါ) စာဖတ်သူ၏ ဥာဏ်ရည် အဆင့်အတန်းပေါ်မူတည်၍ လည်းကောင်း ၊
စာဖတ်သူ၏ ပစ္စက္ခ စိတ်ခံစားချက်ပေါ်မူတည်၍ လည်းကောင်း ၊
စာဖတ်သူ၏ ဥပါဒါန် အစွဲအလမ်းပေါ်မူတည်၍ လည်းကောင်း
၎င်းဖတ်ရှုသော ကဗျာ၏ တန်ဖိုးသည်
၎င်းစာဖတ်သူ၏ နှလုံးအိမ်၌ အရိပ်ထင်နေပေလိမ့်မည်။

အတိုချုံး၍ ဆိုရလျင် –
ကဗျာတစ်ပုဒ်ဖြစ်တည်ရာတွင်
မိမိခံစားချက်အတိုင်း
နှလုံးအိမ်မှသွန်ကျလာသည့်အတိုင်း
အမိအရ ရေးဖွဲ့လိုက်ခြင်းသာ အဓိကဖြစ်ပြီး
ကာရန်ညီခြင်းမညီခြင်း
ဂိုဏ်းဒေါသ သင့်ခြင်းမသင့်ခြင်းတို့သည်
ကဗျာရေးသူ၏ အရာမဟုတ်ပဲ
သုတေသီ ( သို့မဟုတ် ) ဝေဖန်ရေးသမားတို့၏ တာဝန်သာဖြစ်ကြောင်း သိအပ်သည်။

ထို့ကြောင့် မိမိ၏ ခံစားချက်အတိုင်း ရဲရင့်သော သူသည် ကဗျာရေးသူ မည်သည်။
မိမိကိုယ်ကို မိမိ ပြန်လည် ဆင်ခြင်ခြင်းဖြင့် ကဗျာ ဆရာကောင်းဖြစ်လာနိုင်ပါလိမ့်မည်။
သို့ဆိုလျင် ကဗျာသည် သီးခြားလေ့လာနေရသော အရာတစ်ခုမဟုတ်ကြောင်း သိမြင်သည်နှင့်တပြိုင်နက်
ကဗျာကို ရေးတတ်ခြင်း ၊ မရေးတတ်ခြင်း ကဏ္ဍများ နိဂုံးချုပ်သွားပါလိမ့်မည် ။


About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: