ခိုစာ

ဒီနားမှာ ခိုစာကျွေးတဲ့နေရာလေး ဘယ်ရောက်သွားလဲ ရှင် တဲ့..။
တစ်ဦးတည်း တွေး၊ ငေးလာရင်း ရုတ်တရက်မို့…နည်းနည်းတုံ့ဆိုင်းမိသွားတယ်။
ဟုတ်တယ်..။ ဆူးလေတစ်ဝိုက်က ခိုစာကျွေးတဲ့နေရာလေးတွေဘယ်ရောက်သွားလဲ..။နကိုဆို ဓါတ်တိုင်တွေမှာ ခိုလေးတွေအပြည့်နီးပါးရှိတယ်။ ပြောင်းကြမ်းလေးတွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ လမ်းဘေးပလက်ဖောင်းရှိတယ်။
အခု…ပြောင်းလဲကုန်ကြတယ်။ အဲ့ခိုလေးတွေနားနေရာမှာ ….အလူမီနီယံအဖိတ်သားနဲ့ ..ဆိုင်းဘုတ်ပြားတွေရှိလာတယ်…။ လူသုံးပစ္စည်းကြော်ငြာတွေနဲ့ …လျပ်စစ်မီးရောင်ထိန်ထိန်တွေရှိတယ်..။
တိုးတက်လာတာလား..၊ ဆုတ်ယုတ်သွားတာလား ..။
လူနေမှုတွေအဆင့်မြင့်လာတာလား..၊ အဆင့်မြင့်ချင်ယောင် ဆောင်လိုက်ကြတာလား….။
ခိုလေးတွေရဲ့ ဘုံဗိမာန်ကတော့…တဖြေးဖြေးပျောက်ဆုံးလာသလိုပဲ.။

ဘိုကလေးဈေးနားလောက်မှာတော့ ရှိလိမ့်မယ် ညီမလေး..။
သူ့မျက်ဝန်းမှာ ယောင်နနအရိပ်လေးတွေ သမ်းသွားတယ်။
ရန်ကုန် အလာကြဲတဲ့ နယ်သူလေးတစ်ယောက်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ခိုတွေက အမြဲညည်းနေတတ်တာ..။ကျန်တာ အလကား..။မမွေးကောင်းဘူးတဲ့…။ငယ်စဉ်က
လူကြီးတစ်ယောက်ပြောတာသွားသတိရမိတယ်..။ဘာသာ ဘာဝ ညည်းသံထွက်နေတတ်တာ
မှားပါသလား ဗျာ….။ဘ၀ကံအကျိုးပေးနည်းလို့ တိရစ္ဆာန်ဖြစ်ရတာတောင် အကဲ့ရဲ့
မလွတ်ပါလား….။သူတို့နေရာက နေ ပြန်ပြောမိခဲ့ဖူးတယ်..။

ဒီခိုတွေဟာ
လူတွေလိုလက်အိပ်မစွပ်ဘဲ ..ဓါတ်ကြိုးပေါ်မှာ ၀င့်ဝင့်ကြွှားကြွားနေနိုင်ပါတယ်။
လူတွေ မခန့်မှန်းနိုင်တဲ့ မုန်တိုင်းကို ကြိုမြင်တယ်။လူတွေမသိတဲ့ ရာသီဥတုကို သိတယ်။
ဟိုးယခင်က ဒီခိုတွေဟာ အသုံးဝင်တဲ့ စာပို့စနစ်တွေဖြစ်တယ်။
တိုးတက်ယဉ်ကျေးပါတယ်ဆိုတဲ့ လူသားတွေရဲ့ စီးပွားရေးပညာတစ်ခုကို ……
သချာင်္ပညာရှင် ဂျွန်နက်ရှ် —
ဒီခိုတွေကို ကြည့်ပြီး ရှာဖွေစဉ်းစားမိခဲ့တယ်..။

ခိုတွေရဲ့ ယဉ်ကျေးမှုမှာ ဘာသာစကားမပါတဲ့ စည်းလုံးမှုရှိတယ်.။
ဒီလိုနဲ့ပဲ ခိုတွေ ..ယဉ်ကျေးစွာနဲ့ပျောက်ဆုံးသွားကြမယ်လား။

ခိုစာကျွေးဦးမလား လို့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလ ဗန္ဓုလပန်းခြံထောင့်က အသံလေးတွေ မရှိတော့ဘူး။။
တစ်ပါးသူ ကုသိုလ်ပြု၊ ပြုံးပျော်ဖို့ …..ပြောင်းကြမ်းလေး တစ်ပဲတစ်ခွဲနဲ့ …တနေကုန် ထိုင်စောင့်နေတတ်တဲ့ အမယ်အိုတွေ မရှိတော့ဘူး…။

ကျနော်တို့တွေ တော်တော်ယဉ်ကျေးလာကြပါပြီခင်ဗျာ။



About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: