တမ်းချင်း

ကျနော် ဒီပြင်ဦးလွင်နားကိုရောက်တော့ သိလိုက်ရတဲ့ အသိက ..

ငါငယ်ငယ်တုန်းက ဒီနေရာကို ရောက်ဖူးတယ်ဆိုတဲ့  တစ်ခုကလွဲရင် ငါ့မှာ ဘာမှ မရှိပါလား ဆိုတာပါပဲ…။

ဟုတ်တယ်။ ကျနော် ငယ်စဉ်- လေးနှစ်သားလောက်က ဒီနေရာကို ရောက်ဖူးပါတယ်..။ ဒါပေမယ့် ဘယ်မှတ်မိတော့ပါ့မလဲ..။ အဲ့တုန်းက အဖေရယ် အမေရယ် ကျနော်ရယ် ..။ အဲ့တုန်းက အဖေနဲ့ အမေတို့နှစ်ယောက်….သူတို့ရဲ့ ( အဲ့အချိန်က ) တစ်ဦးတည်းသောသား ကျနော့ကို ကြည့်ပြီးတစ်ဦးနဲ့ တစ်ဦးကြည်နှုးခဲ့ကြဖူးမယ်..။

သူတို့ရဲ့ အနာဂတ်ကို တစ်ဦးတည်းသော သား ကျနော့လက်ထဲ ….စိတ်ကူးနဲ့ ပျော်မြူးပြီး အပ်နှံထားကြဖူးမယ်..။ဒါကျနော်တွေးမိတာပါ..။

အခု….ဒီကိုကျနော်ရောက်တော့…..အဖေမပါဘူး…။ အမေမသိရှာဘူး ..။ ကျနော်တစ်ယောက်တည်းရယ်..။ပြီးတော့ ထွက်လာတဲ့ အကြောင်းရင်းခံကလည်း ..အဖေနဲ့ အမေတို့ ဖြစ်ချင်နေတာတွေကို ဆန့်ကျင်ပြီး ထွက်လာမိတာ….။ သူတို့ရဲ့ တစ်ချိန်က အနာဂတ်အပျော်လေးတွေကို ရိုက်ချိုးပြီး ထွက်လာမိတာနဲ့ ဘာမှမခြားပါဘူး ။

ငါမှားနေတယ်ဆိုတာသိနေတဲ့အတွေး ရှိနေပေမယ့် …..ဒီအမှားကို ပြင်ပြီးပြီလားလို့ မေးမယ့် မေးခွန်းအတွက် ရင်ဆိုင်ချင်လို့….ကျနော်လုပ်ခဲ့တာပါ အမေ..။

မိဘရဲ့ မေတ္တာဆိုတဲ့ အေးမြတဲ့ အရိပ်အောက်မှာ ကျနော် ငယ်စဉ်ကနေ အခု အသက် နှစ်ဆယ့်ခုနှစ်အထိ နေထိုင်ခဲ့ပါတယ်။ တကယ်အေးမြခဲ့ …တကယ်လုံခြုံခဲ့ပါတယ် ။ ဒီလို ဘေးမခ ရန်မသီအောင်…အုပ်မိုးပေးထားတဲ့ အဖေနဲ့ အမေ့ရဲ့ မေတ္တာတွေနဲ့….ငါ တန်မှ တန်ရဲ့လားလို့…..အလေးအနက်ပြန်တွေးလိုက်မိချိန်မှာ………….ကျနော်မှားတာတွေ များနေပြီဆိုတာ သိလိုက်ရတာပါပဲ……….။

ကျနော့မိသားစု….ကျနော့ကိုချစ်တာတွေနဲ့…………ကျနော်သူတို့အပေါ်ရှိထားတဲ့လုပ်ရပ်တွေ..ဘယ်လိုမှမတန်တာတွေ့လိုက်ရတယ်..။

အဖေနဲ့ အမေရဲ့ ရင်ထဲက အဖြူကို…….ကျနော့ရဲ့ ရွှံ့တရပေ၊ အညစ်အကြေးတွေနဲ့…လုံးထွေးနေနေခဲ့တာ နှစ်တွေကြာပါပကောလား …။

အဖြူတကာ့ အဖြူပေါ်မှာမှ အားမနာလျာမကျိုး အိုးမဲ ခဏခဏ သုတ်နေခဲ့တဲ့ သူဟာ……..သူတို့ အရမ်းချစ်တဲ့ သား ကျနော်ကိုယ်တိုင်ဖြစ်နေတာပါလား..။

ငါ မဖြစ်သင့်တော့ဘူးလို့ စဉ်းစားလိုက်မိချိန်မှာ…..တစ်ချိန်က ရောက်ခဲ့ဖူးတဲ့ ဒီတောင်တန်းလေးတစ်နေရာကို ကျနော်တစ်ယောက်တည်းရောက်နေတာတွေ့လိုက်ရပါတယ်……………..။

စိတ်မကောင်းဘူး ဆိုတာထက်ကို  ကျနော်…အမေတို့နား ရှိနေတာဟာ အမေတို့အတွက်” မတန်ပါဘူး အမေ” အဲ့လိုပဲ ပြောပါရစေ…………..။

အမေနဲ့ အဖေတို့ မျော်လင့်နေမယ် စိတ်ပူနေမယ်ဆိုတာကို သိပါတယ်………………။

ဒါပေမယ့် ကျနော် ရွံ့တွေနဲ့တော့ ပေကျံရက်သား ပြန်မလာချင်တော့လို့ပါ……………….။

ဒီရွှံ့တွေကိုဆေးကြောပြီးလို့…ဖြူစင်ပြီဟေ့လို့ သေချာတဲ့တစ်နေ့………..ကျနော်ချက်ချင်း အရောက်လာချင်ပါတယ် အမေ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: