ဘူး

ကိုယ့်ကိုယ်ကိုယ်  အဲ့လိုလုပ်ပစ်လိုက်ချင်သည်။ ဟိုစပ်စပ် ဒီစပ်စပ်နှင့် ကွန်ပျူတာရှေ့   မှာ …ထိုင်ချင်ဦး။

ဒီကွန်ပျူတာ ဆိုတဲ့ ဟာကလည်း သူ့ချည်းနေတာမဟုတ်တော့ ခက်သည်။ Cable ကြိုးတွေနဲ့ ချိတ်ပြီးတစ်မျိုး- Wireless ဆိုတဲ့ ကြိုးမဲ့ စနစ်နဲ့က တစ်ဖုံ – Updated ဖြစ်သမျှတွေ တွေ့နေရသည်။ ပညာရေးချည်း သီးသန့် လိုက်စားနေရပါလျှင် တော်တော်ပေါက်မြောက်မည့် အနေအထားများရှိပါသည်။

သို့သော် ထိုပေါက်ရောက်မည်သေချာသော ပညာရေးထက်…..ဟိုစပ်စပ် ဒီစပ်စပ်ကိုသာ ခုံမင်သော ဥာဉ်ဆိုးကြောင့်..…ကျနော့ ဒီမျက်နှာ  ဒီဂလိုသာ လုပ်ပစ်ချင်စိတ်ပေါက်သည်။ ဒီ wordpress ကလေးကို လုပ်တော့ ကိုယ် စိတ်ပါရာ သိပ္ပံအကြောင်းလေး ။ဒဿန အကြောင်းလေး ။ ကိုယ့် ခံစားမှုလေး ဒါလေးတွေသာ တင်မည် ဟု စိတ်ကူးထားသည်။ ..တကယ်တမ်း ရေးတော့လည်း ဒါကိုသာ ရည်ရွယ်ပြီး ရေးခဲ့ပါသည်။ …

အခု ကျနော့စိတ်ကူးထဲ ၀င်လာတာ က………..။ ဟီးး………..။

ကိုယ့်ခေါင်း ကို ကိုယ်သာ အဲ့သလို ထုနှက်ပလိုက်ချင်သည်။ ကွန်ပျူတာ အကြောင်း နကန်းတစ်လုံးမျှ နားမလည်သည့် ကျနော်က နိစ္စဓူဝ ကွန်ပျူတာ အကြောင်းတွေ ၊ ကိုညီနေမင်းတို့ ၊ ကိုသံလုံငယ်တို့ လို့ ကွန်ပျူတာဆိုဒ်ကလေး တွေ မြင်ပါများလာတော့ ရေးချင်စိတ်ပေါက်လာပြန်သည်။ …။ ကိုယ့်ကိုကိုယ် သိပါသည်။…ကွန်ပျူတာ ဆိုတာ ဘာမှန်းမသိတဲ့ ကောင်တစ်ကောင်မို့ ရေးချင်စိတ်ကို မြိုသိတ်မိသည်။ သို့သော် မရ…။

စပ်စပ် – စပ်စပ်…နှင့်မို့က တစ်ကြောင်း……။ လက်ရှိလုပ်နေတာကလည်း ကွန်ပျူတာနှင့် ယှဉ်တွဲ နှီးနွယ်ပြီး နေ့စဉ်နေ့တိုင်း ကိုင်နေရတာကတစ်ကြောင်းကြောင့် ရှေ့တွင် ကျနော် ရေးမိလိမ့်မည် ထင်ပါသည်။

သို့သော် Hardware  သော -Software  သော – Programming သော – ကျနော် နားမလည်ပါ။ အွန်လိုင်းပေါ် သုံးနေသမျှ ကာလပတ်လုံး အွန်လိုင်းပေါ်မှာ မြင်ရတွေ့ရတာလေးတွေ ရေးမိဖို့ရှိပါသည်။ ကြိုပြီး တောင်းပန်ထားချင်သည်က- ကွန်ပျူတာအကြောင်းမသိသူက- သူမြင်တာလေး ရေးတာမို့  အမှားများပါလိမ့်မည်။ ကြိုပြီး သည်းခံပေးကြပါလို့…….။

ပြောမယ့်သာ ပြောရပါသည်။ ကိုယ့်ကိုယ်ကိုယ်တော့ အပေါ်ပုံကအတိုင်း မျက်ခွက် ဖြတ်ရိုက်ပလိုက်ချင်သည်။ ဟိ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: