Butterfly Effect

 

အကြောင်းတွေဆုံဖြစ်ရင်…..အကျိုးတစ်ခုဖြစ်လာပါတယ်တဲ့….။ ပြောနေကျ စကားကြီးပါ…။

လိပ်ပြာလေးတစ်ကောင်က မေးတယ်….

ကျုပ်ဘာလို့ ဒီလောက်လှနေရတာလဲ တဲ့…။

သူ့သူငယ်ချင်းလေးယောက်ကိုမေးတယ်။ ပျားရယ်. မြွေရယ် ..ဖားရယ်….လိပ်ရယ်။

 

ပျားက ဖြေတယ်…မင်း အရင်က ရုပ်ဆိုးခဲ့တာကိုးတဲ့ ..။

မြွေကလဲ ဖြေပြန်တယ်…..မင်းပတ်ဝန်းကျင်မှာကိုက ပန်းကလေးတွေချည်းရှိနေတာကိုး ၊ မင်းကိုယ်တိုင်လည်း လှလာမှာပေါ့ တဲ့ …။

ဖားကလဲ ဖြေပြန်တယ်…..မင်းကိုယ်မင်းများလှတယ်ထင်နေလား ….ခြေကားယား လက်ကားယားနဲ့ ဒီလောက်ရုပ်ဆိုးတာများကွာ တဲ့…။

လိပ်ကတော့ တွေတွေငေးငေးနဲ့ ဘာမှမပြောဘဲနေတယ်။…

 

ဒီလိုနဲ့ အချိန်တန်တော့…လိပ်ပြာလေး အနိစ္စရောက်ပါတယ်။

သူ့ဈာပန ပွဲမှာ သူငယ်ချင်းလေးယောက်တက်ဖြစ်ကြတယ်…။

ပျားက ပြောတယ်…။

” ငါတို့သူငယ်ချင်းတစ်ယောက် အရင့်အရင်က ရုပ်ဆိုးခဲ့တယ်..။နောက်တော့ လှပလာခဲ့တယ်…။ အခုတော့ကော…” သက်ပြင်းရှည်ကြီးမှုတ်ထုတ်မိသွားတယ်..။

တစ်ချိန်လုံးဘာမှမပြောဘဲနေခဲ့တဲ့လိပ်က အဲ့အချိန်မှာ စကားတစ်ခွန်းပြောတယ်။

” လျာနဲ့ သွားလိုပဲ မိတ်ဆွေတို့..။ သတ္တ၀ါတွေအိုမင်းရင့်ရော်လာတာနဲ့ ..လျာထက်အရင် သွားတွေကြွေကျိုးသွားသလို….မာကျောခက်ထန်တဲ့ အဖြစ် ရှိလာမယ်ဆိုရင်..ခက်မာတဲ့စိတ်တွေနဲ့ အသက်ရှင်နေရင် ..အချိန်တန်တော့ .အရင်ကြွေပြုန်းရမှာအမှန်ပဲ …။

ငါတို့မြင်နေရတဲ့ လှပတယ် ဆိုးရွားတယ်ဆိုတာဟာ……နောက်ကွယ်ကတစ်ခုခုကို ဖုံးကွယ်ထားတဲ့ ပြင်ပအသွင်သဏ္ဍာန်တစ်ခုသက်သက်ပါ..။ ငါတို့ကြားမှာ ရှိနေတဲ့ တကယ့်အစစ်အမှန်အရာက …ခံစားချက်နဲ့ အဲ့ခံစားချက်တွေရဲ့ ပျက်သုဉ်းမှု။ အဲ့ဒါကလွဲလို့ အခြားဘာမှမဟုတ်ဘူး မိတ်ဆွေတို့..။

ငါတို့သူငယ်ချင်း လိပ်ပြာက သူ့ကိုယ်သူလှတယ်ထင်တဲ့အချိန်မှာ….အဲ့ခံစားမှုနဲ့ သူအသက်ရှင်နေခဲ့တာ…။ အခု ပျက်သုဉ်းသွားပြီ။ သူ့ခံစားချက်တွေ ပျက်သုဉ်းရပြီ။  သူ့ကိုယ်သူ တကယ်ပဲ လှတယ်လို့ ထင်ထင် မထင်ထင်…..ဒီအချိန်မှာ …သူ..နဲ့ ..သူ့ဘ၀က မြေမှုန့်ထဲကပဲ ။ ဒီနေရာ ဒီမြေမှုန့်ထဲမှာပဲ.. …။မြင်ကြရဲ့လား ။

ငါတို့ကော….။ငါတို့လည်း ငါတို့ကိုယ်ကို ငါတို့ ဘာထင်နေကြသလဲ….။ ဘယ်လိုပဲ ထင်ထင်…..အဲ့ထင်တဲ့အတိုင်း ဆက်အသက်ရှင်နေကြတာ ။

အဲ့လိုနဲ့ …..သဘာဝနဲ့ ဥတု၊ ကံတရားကပေးတဲ့အချိန်မှာ…ပျက်သုဉ်းပြန်ရဦးမှာပဲ ။မြေမှုန်ပြန်ဖြစ်ရဦးမှာပဲ……။

အပြင်ပန်းတွေကိုကြည့်ပြီး အားလုံး ဆုံးဖြတ်ကြ ၊ ကန့်သတ်ကြ၊ ပညတ်ထားကြပေမယ့်…

တကယ်ရင်ဆိုင်ရတာတွေက …နောက်ကွယ်ကအရာတွေ၊ အဲ့ဒါတွေပဲ သူငယ်ချင်းတို့..။  ”  တဲ့ ။

အဲ့လိုပြောပြီး…လိပ်ကလေးလဲ …အဝေးကိုထွက်သွားခဲ့တယ်။။


About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: