Hyperwords

ညီငယ်ကျောင်းသားတွေ အွန်လိုင်းသုံးရင်း ခဏခဏ မေးတတ်ကြတဲ့ ဟာလေးပါ ။ Google က ပေးတဲ့  Add-on လေး..။ သိပြီးသားလဲ ဖြစ်ကြပါလိမ့်မယ်။ ဒီပို့စ်က မသိသေးတဲ့ သူတွေအတွက် ပါ ။

ကျနော်တို့  တွေ  မှတ်ဥာဏ်မှာ အကြောင်းအရာလေးတစ်ခုကို မြင်မိပြီး …ရှေ့  ဟောင်းနှောင်းဖြစ် တစ်သီတစ်တန်း တွေးမိတာ ရှိပါတယ်။

ဥပမာ သီချင်းလေးတစ်ပုဒ် ကြားမိတာနဲ့ပဲ…။ ဒီသီချင်းလေးကို ဘယ်တုန်းက ငါဘယ်နားမှာ နားထောင်ခဲ့ဖူးတာ။ ဘယ်သူနဲ့။ အဲ့တုန်းက ငါတို့ဘယ်လို..။ အခု ဘာတွေ ဖြစ်နေကြ ပါလိမ့်..။ အဲ့ အချိန်တုန်းက ဟိုတစ်ယောက်ကြောင့်သာပေါ့…။ ဒင်းသာ မရှိရင် ဟိုသဟာတွေ ဖြစ်မှာမဟုတ်ဘူး…။ အခု….(*&^(*&)(*(   စသည် စသည်  တသီကြီး တွေးမိသလို……Web  ပေါ်မှာ စာလုံးလေးတစ်လုံးတွေ့ရင် တတန်းကြီး လိုက်လေ့လာနိုင်ဖို့….ဒီ Add-on လေးက အသုံးဝင်မှာပါ ။ (  ဥပမာ-နဲ့- ဥပမေယျ က ဘာမှလည်း မဆိုင်ဘူး ထင်တယ် ..အဟီး )

Web စာမျက်နှာတွေမှာ ကိုယ်သိချင်တဲ့ စာလုံးအပေါ်  Hype လုပ်လိုက်တာနဲ့...အဲ့စာလုံးနဲ့သက်ဆိုင်တဲ့ …Wiki ( အွန်လိုင်းစွယ်စုံကျမ်း ) ၊ Google ၊ Blog ၊ Translator ၊ Dictionary နဲ့ နောက်ဆုံး Facebook ၊ Twitter  တွေအထိပါ …လမ်းညွှန်ပေးနိုင်ပါတယ်။ ….

Web စာမျက်နှာပေါ်က ကိုယ်သိလိုတဲ့ စာလုံးလေး တစ်လုံးတွေ့ရင်….အဲ့ဒါအတွက် တကျယ်တပြောကြီး လေ့လာနိုင်မယ့် ….တကယ်အသုံးဝင်တဲ့ဟာလေးပါ..။ ကျနော်တို့တွေ …အွန်လိုင်းပေါ်မှာ သတင်းဖတ်ရင်း ၊ ဘလော့ဖတ်ရင်း ..မသိတာ တစ်ခုခု ကြုံဆုံလာတဲ့အခါ …Search Box ထဲပြေးဝင်ရ ၊ ဟိုမှာ မေးရ ဒီမှာမေးရ…အချိန်ကုန် လူပန်းမှာတွေကို လျော့ချပေးနိုင်တယ် ဆိုလဲ မမှားပါဘူး။

ကဲ… ဒီလောက်ညွှန်းမိတာ တော်လောက်ပြီ ထင်ပါတယ်။ ညီငယ်တစ်ယောက်ကလည်း သိချင်တယ် ဆိုတာနဲ့.. .ကွန်ပျူတာအကြောင်း ဘာမှမသိတဲ့ ကျနော်…- ကိုယ်မသိတာကို ရေးမိပြီ ။ ….( တစ်ခုတော့ရှိတယ်…ဒီ Add-on လေးကို ကျနော်ကိုယ်တိုင် သုံးနေပါတယ် ၊ ကိုယ်တိုင်သုံးမရတာချည်းတော့ …မပေးပါဘူးဂျာ…နော..

အဲ့  Add-on လေးကို ဒီနေရာ ကနေ သွားယူလိုက်ပါ။ ပြီးတော့ install ပေါ့ ။ ဒါက ပြောစရာမလိုဘူး ထင်ပါတယ်..။ ပြီးရင် Installer က Firefox သုံးထားတာရှိရင် ပိတ်ခိုင်းလိမ့်မယ် ။ OK  လိုက်ပေါ့။

ဒါတွေအားလုံးပြီးလို့….နောက်တစ်ကြိမ် ..Google  ပြန်တက်လာပြီ ဆိုရင်တော့…ဒီ  Hyperwords Add-on ကို သုံးလို့ရပါ ပြီ ။ http://rockyourfirefox.com က ဒီစာမျက်နှာ မှာ ပြောထားတာလေးကို ကျနော်အသင့် ယူသုံးပါ့မယ်။ ကိုယ်ကိုယ်တိုင်လည်း သုံးကြည့်ပြီးတဲ့ အတွက် စိတ်ချပါ လို့ အာမခံပေးနိုင်ပါတယ်။

ကျနော်တို့ Web စာမျက်နှာတစ်ခု ရောက်ပြီး …စကားလုံးတစ်လုံးသိချင်တယ် ဆိုပါစို့။အောက်က ပုံမှာ ဆိုရင် Macedonia  ကို သိချင်တယ်လို့  hyper-line ဆွဲထားတယ် ။ အပြာရောင်လေးနဲ့ ..။ အဲ့မှာ စောနက ကျနော်တို့ Add-on လေးလဲ install  လုပ်ပြီး ပြီ ဆိုရင် – လိုင်းတားတာနဲ့  [ ? ] ပုံ ဒါမှမဟုတ် အ၀ိုင်းပုံလေး ပေါ်လာပါမယ်..

အဲ့ အ၀ိုင်းပုံလေးအပေါ်   point ထောက်လိုက်တာနဲ့ …ဂလိုလေးပေါ့ဗျာ…။

search မှာ  Google ,Amazon ,Google map စသဖြင့် ၊ References  မှာ  တော့  Wiki တို့ ၊ Google Definition , ပြီးတော့ Blog တွေပေါ့။ Share မှာ Facebook , Twitter တို့ ။  Translate ထဲမှာ တော့ ဘာသာပေါင်းစုံပေါ့….။ ( အဲ — Myanmar  တော့ မပါဝူး )

အဲ့လောက်ဆို နောက်ဆက်တွဲ ကိုယ့်ဟာကိုယ်သာ ဆက်ကလိကြည့်ကြတော့..။ စကားလေးတစ်လုံးသိရုံနဲ့ ရှာမကုန်နိုင်မယ့် အကြောင်းအရာတွေ တသီကြီးကို ဒီဟာလေးက လမ်းညွှန်ပေးပါလိမ့်မဗျာ။

အားလုံးပဲ အသုံးဝင်ကြပါစေ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: