သိမှုဦးထုပ်နှစ်လုံး

ဒီပို့စ်မှာ ကျနော်ကြိုးစားကြည့်ချင်တာက Theory of Perception ( သိမှု/အာရုံခံစားမှု သီဝရီ အကြောင်း ) အတတ်နိုင်ဆုံး ပုံဖော်- ရူးကြည့်မလို့ပါ ။ သိစိတ်ဆိုတာဘာပါလိမ့် ဆိုပြီး ရှေ့မှာ ကျနော်တင်ပြခဲ့ဖူးသလိုမျိုး ..။

အဲ့တုန်းကတော့ သိပ္ပံ-စိတ်ပညာအမြင်ပိုင်းနည်းနည်းဆန်နိုင်ပေမယ့် ..အခုဟာကိုတော့ ဒဿနိကဘက်ကို လုံးလုံးလျားလျား အားစိုက်ကြည့်ချင်ပါတယ်။ နောက်ပြီး ကျနော့်ဘာသာတွေးပြီး ရူးထားတာမျိုးကို စာဖတ်သူများ အချိန်ကုန်ခံကြည့်မိမှာ အားနာလို့ …ဟီး…..။
အကူအညီအနေနဲ့…..William Fish ရေးတဲ့ Philosophy of Perception ကို  အပြည့်အ၀ ကိုးကားပါ့မယ် ခင်ဗျာ

ဒီနေရာမှာ  ဒဿနဆရာတွေ မေးလေ့မေးထရှိနေတဲ့ မေးခွန်းကို ကျနော် ပြောရလိမ့်မယ်။
စိတ်လို့ အကြမ်းဖျဉ်းခေါ်တဲ့ အသိဟာ ကျနော်တို့ ပတ်ဝန်းကျင် ၊ ဗီဇ ၊ ဇီဝ သဘောများနဲ့ ဘယ်လိုများ ဆက်နွယ်မှု ရှိနေပါသလဲ ။
သာမာန်နားလည်မှာက ကျနော်တို့ အာရုံခံပစ္စည်းတွေ( ဥပမာ-နား၊ နှာခေါင်း ၊ လည်ချောင်း၊ လျာ၊ကိုယ် ပေါ့လေ ) အဲ့ဒါတွေနဲ့ ပြင်ပကမ္ဘာလောက ကို နားလည် ခံယူနိုင်စွမ်းရည် = ဒါကိုပဲ Perception လို့ခေါ်မယ်။ …သိပ္ပံသဘောကို ဦးစားပေးမယ့်သူတစ်ယောက်ဆိုရင်တော့ ..” ဒီကိစ္စကြီးက သိပ္ပံပညာရပ်နဲ့ လုံးလုံး လျားလျားဆိုင်မှာပါ။ အာရုံခံ ပစ္စည်းတွေနဲ့ …ပြင်ပ၀တ္ထုတို့ တွန်းတိုက်ထိစပ်မိပုံကို အသေးစိတ်သရုပ်ခွဲနားလည်အောင် ကြိုးစားရင် ရပြီပဲ ” လို့ ပြန်ပြောနိုင်ပါတယ်။

ဒါကို ဒဿနက ပြန်လည် တင်ပြရာမှာ- ပြင်ပကမ္ဘာလောက + နားလည်ခံယူနိုင်စွမ်းရည်ကို လူ့အသိဥာဏ်က..သဘောပေါက်အောင် ရှင်းလင်းဖို့။ ဒီလို ရှင်းလင်းရာမှာ …သိပ္ပံပညာက တွေ့ရှိမယ့် အချက်အလက် ဆိုတာတွေကို ဒဿန အမြင်များနဲ့ မွမ်းမံတာဖြစ်ပါတယ်။
ဆိုလိုတာကတော့ …ကျနော်တို့ ဒဿနိကဗေဒပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ပြောသလို….ဒဿနဆိုတာ Facts ( အချက်အလက် ) တွေကို အဓိက မကြည့်ပါဘူး ။ Vision ( အမြင် ) ရှုထောင့်ကိုသာ အဓိကထားပါတယ်။ ဒါကြောင့် – ကျနော်တို့ အာရုံခံနိုင်စွမ်း။ Perception ဆိုတာကို ကျနော်တို့ ဘယ်လို ရှုထောင့် မျိုးတွေနဲ့ မြင်နိုင်မလဲ ဆိုတာ  ဒဿနက ဖြေရှင်းဖို့ ကြိုးစားပါတယ်။
ကျနော်တို့ရှေ့ကို လူတစ်ယောက်က ပစ္စည်းတစ်ခုချပြပြီးတော့ ” ကဲ …အဲ့ပစ္စည်းလေးကို သိပြစမ်းပါ” လို့ ပြောလာရင်..ကျနော်တို့ ဘယ်လိုပြန်ဖြေကြမလဲ။ ဖြေဖို့ ထားဦး….ကျနော်တို့ ကိုယ့် ကိုယ် ကိုယ် ပြန်မေးကြည့်မိရမှာက…ဒီပစ္စည်းဆိုတာကို ဘယ်လိုသိလိုက်သလဲ
အာရုံကြောသိပ္ပံပညာရှင်များက မျက်လုံးရယ် အလင်းရယ် ၀ထ္ထုပစ္စည်းရဲ့ သဘောတွေနဲ့ ….မျက်ကြည်လွှာကို လာရိုက်ခတ်တဲ့ အကြောင်းနဲ့ ..အာရုံကြောတွေ ပေါ်မှာ လျပ်စီးပြီး ဦးနှောက်အတွင်း ဘယ်နေရာမှာ ဘယ်လိုဓါတ်ပြုပါတယ်ဆိုတာ လေ့လာစူးစမ်းပြီး “မြင်တယ်” ဆိုတာ ဒီလိုဗျလို့ ပြောမှာပါ။
ဒါပေမယ့် သိစိတ်ကနေ ဒီပစ္စည်းကို လက်ခံလိုက်တဲ့အကြောင်းနဲ့..ဒီပစ္စည်းအပေါ်မှာ ခံယူတဲ့အကြောင်းတွေ ။ သိစိတ်တစ်ခုပြီးတစ်ခု ဆင့်ကဲ ဖြစ်ပေါ်လာပုံတွေ။ ဒါတွေကိုတော့ ဦးနှောက်ထဲမှာ ရှာမယ်ဆိုရင် တော်တော်ခက်ပါလိမ့်မယ်။ ဒီကိစ္စဟာ သိစိတ် ဆိုတဲ့.. အတွေ့အကြုံ ပေါ်မှာသာ ဆင်ခြင်ယူရမယ့် အရာဖြစ်ပါတယ် ။ ဒါကြောင့် ဒဿနဟာ သိပ္ပံပညာမလိုက်နိုင်တော့တဲ့အချိန်မှာ နေရာယူပေးလာရပြီဖြစ်ပါတယ်။

နောက်တစ်ကြောင်းယူဆနိုင်တာက- ကျနော်တို့ အာရုံခံနိုင်စွမ်းဆိုတာဟာ ကျနော်တို့ အသိသညာ ၊အသိပညာအားလုံးရဲ့ အစဖြစ်တယ် ဆိုတာကို မြင်ဖို့ပါ။ ဘယ်အရာ ကိုမဆို. .ကျနော်တို့ စစသိလာချင်းမှာ အာရုံခံယူမှုက စတင်ပြီးမှသာ ဖြစ်လာပါတယ်။ ဒီအချက်ကို ငြင်းပယ်နိုင်မယ်မထင်ပါ ။ အဲ့တော့ …ကျနော်တို့ စစ်ကြောနေတဲ့ အာရုံခံနိုင်စွမ်း ( Perception )ဟာ ကျနော်တို့ အသိသညာတွေရဲ့ အဦးအစ၊ အသိပညာတွေရဲ့ အခြေခံဖြစ်နေပါတယ်ဆိုတာ တွေးမိလာပါမယ်။ ဒါကို Source of  Empirical Knowledge လို့ ဆိုပါစို့ ။
ဒီမျဉ်းတားထားတဲ့ နှစ်ကြောင်းဟာ  သိမှတ်မှု ဒဿန ( Philosophy of  Perception ) အတွက် အခြေခံ ဦးထုပ်နှစ်လုံးဖြစ်ပါတယ်။ သိမှတ်မှု၊ အာရုံခံနိုင်မှုတွေ အကြောင်း စဉ်းစားတဲ့အခါ ဒီဦးထုပ်နှစ်လုံးထဲက တစ်လုံးလုံးနဲ့ ဆောင်းပြီး စဉ်းစားလေ့ရှိကြပါတယ်။
ပထမဦးထုပ်ကိုတော့ သိမှုသဘောကို သိစိတ်အတွင်း အတွေ့အကြုံမှာပဲ အခြေခံ ဆင်ခြင် စဉ်းစား တာကြောင့် Phenomenolgy ဦးထုပ်လို့ ခေါ်ပြီး ။ ဒုတိယတစ်ခုကတော့ – Perception ကိုယ်တိုင်ကို အသိသညာ အားလုံးရဲ့  အခြေခံအဖြစ် မှတ်ယူ စဉ်းစားတာကြောင့် – Epistemology ဦးထုပ်လို့ ခေါ်ကြပါတယ် ခင်ဗျာ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: