စာအုပ်နည်းနည်း ဖီးလ်ကျဲကျဲနှင့်

ညက ဒီမှာ ထိုင်ပြီး စာအုပ်တွေ ဒေါင်းဖြစ်တယ် ။ ပြီးတော့ ဖတ်ဖြစ်လားလို့ မေးရင် ခုထိတော့ ဟိုစပ်စပ်ဒီစပ်စပ်ကလွဲပြီး ဘာမှ ဖတ်ရသေးဘူး ။ ဒီနေရာမှာ သတိရမိတာလေးတစ်ခုရှိပါတယ်။
ဟိုးငယ်ငယ်တုန်းကပေါ့ ။ စာအုပ်တွေ ရှားပါးနေတယ်ဆိုပြီး စာတိုလေးတစ်စ စာအုပ်ကလေးတစ်အုပ်ရရင် တရိုတသေ ကျေကျေညက်ညက်ဖတ်ကြတဲ့ သူတွေရှိပါတယ်။ ကျနော် တို့ ဒီခေတ်မှာတော့ စာအုပ်တွေ များတယ်။ ( ကျနော်ဆိုလိုတဲ့ များတယ်ဆိုတာ နှိုင်းယှဉ်ပြီး များတယ်ပြောတာပါ ၊ တကယ်တမ်းက ဒီနိုင်ငံမှာ စာအုပ်စာတမ်း ရှားပါးနေပါသေးတယ် ) ဒီဟာတွေကို ဒီလိုဖောချင်း သောချင်း ရလာတော့ ….တန်ဖိုးပဲမထားကြတာလား ။ ဒါမှ မဟုတ် . တန်ဖိုးကိုမေ့နေကြတာလား ဆိုတာ  စဉ်းစားသင့်တဲ့တစ်ခုဖြစ်မယ်ထင်ပါတယ် ။
အချို့ကပြောပါတယ် ။ ခုခေတ်မှာ စာအုပ်တွေ များတယ်။ ဘာလို့များသလဲဆိုရင် နယ်ပယ်တွေ များလာလို့ပါတဲ့။ ဟုတ်သလား ..။
Modern Lifestyle တစ်မျိုးအဖြစ်နဲ့ လက်ခံနေကြပါပြီ။ စာအုပ်အမြန်ဖတ်နည်းတွေသင်ယူလာကြပြီ။ ပြီးတော့ စဉ်းစားတွေးခေါ်မှုကို ပုံသေထားလို့…သတင်းအချက်အလက်နောက်ကို အသည်းအသန်လိုက်နေကြပြီ။ အဲ့တော့ .. ဒဿနိက လို  အတွေးအခေါ်နယ်ပယ်ပိုင်းမှာတောင် Philosophy of Technology ဆိုပြီး နောက်ပိုင်းတွေ့နေရတွေရှိလာတော့… ခေတ်သစ်ကြီး Post Modern ကြီးတွေဆိုတာ ခက်သားလား ။

ကျနော်ကတော့ ခေတ်သစ်ကြီးကို မသွားမိတာပဲလား မသိဘူးဗျာ ။ ညက ” လယ်တီဆရာတော်ရဲ့  ဒီပနီ ” တွေနဲ့  ဆရာကြီး ရွှေဥဒေါင်း ၊ ဆရာကြီး ငွေဥဒေါင်း စာအုပ်တွေလောက် အာရုံနှစ်ထားမိလိုက်တယ်။ ခုခေတ်ရှိတဲ့ ဟာဆိုလို့…..မင်းခိုက်လ်တို့ ဘာတို့…။ ဟင့်အင်း မကြိုက်တာနဲ့ပဲ…။ အဲ့နေရာလေးတွေပြန်သွားဖြစ်တယ်ဗျာ။ ခေတ်ပေါ်ဖတ်ချင်ရင် …ကောင်းကောင်းကန်းကန်းကတော့  အင်္ဂလိပ်စာအုပ်တွေပဲ ဖြစ်မှာပါ ။ အွန်လိုင်း ပေါ်ကနေ Google Books နဲ့  Free E-books Download  Site  တွေ ရှာကြည့်ပါ ။ လောလောဆယ်ရှိတဲ့ မြန်မာဟာလေးတွေတော့ လိုချင်သူများ အတွက် ပြန်လည် ဝေမျှပေးပါ့မယ်။

ရွှေဥဒေါင်း – စုံထောက် ဦးစံရှား
ငွေဥဒေါင်း- ဗုဒ္ဓစာပန်းချီ(၁)
ငွေဥဒေါင်း-ဗုဒ္ဓစာပန်းချီ(၂)
ငွေဥဒေါင်း-ဗုဒ္ဓစာပန်းချီ(၃)
ပါရဂူ-ဘ၀ခရီးသည်
ဦးအေးမောင်-ပိဋကတ်မှ ဗုဒ္ဓနှင့် ဓမ္မ
လယ်တီဆရာတော်-၀ိပဿနာ၊ နိယာမ၊ ပဋ္ဌာနုဒ္ဒေသ ဒီပနီ

လိုအပ်တာများရှိရင်မှာခဲ့နိုင်ပါတယ်

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: