The Nature of Time and Space ( preface )

by Stephen Hawking and Roger Penrose

Preface
ဤစာအုပ်တွင် မှတ်သားထားသော ရော်ဂျာပန်းရို့စ်နှင့် စတီဗင်ဟောကင်းတို့၏ ဆွေးနွေးပွဲသည် ၁၉၉၄ ခုနှစ်၊ ကိန်းဘရစ်ခ်ျ တက္ကသိုလ် ၊ အိုင်းစက်နယူတန် သင်္ချာသိပ္ပံကောလိပ် တွင် ခြောက်လကြာဆွေးနွေးခဲ့သည့် ရလာဒ်ဖြစ်သည်။ စကြ၀ဠာ၏ သဘာဝနှင့်ပတ်သက်သော အခြေခံအကျဆုံး စိတ်ကူးစိတ်သန်းများအနက်မှ အချို့ကို လေးနက်စွာ ဆွေးနွေးထားပါသည်။

ပြီးခဲ့သည့် နှစ်ခြောက်ဆယ်အကြာက သိပ္ပံပညာရှင် နီးလ်ဘိုးနှင့် အဲလ်ဘတ်အိုင်းစတိုင်းတို့အကြားတွင်လည်း ကွမ်တမ် မက္ကင်း နစ်၏ အခြေခံတရားတို့နှင့် ပတ်သက်၍ ထင်ရှားသော ဆွေးနွေးငြင်းခုံမှု ရှိခဲ့ဖူးသည်။ ကွမ်တမ် သီအိုရီသည် နောက်ဆုံး သီဝရီဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍  အိုင်းစတိုင်းက လက်ခံရန် ငြင်းဆိုခဲ့သည်။ ယင်းအချက်သည် ဒဿန သဘောအားဖြင့် မပြည့်စုံကြောင်းဖြင့် နီးလ်ဘိုး တင်ပြသည့် ကိုပင်ဟေဂင် ကျောင်းတော် ၀ါဒ အယူအဆအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ဖူးပါသည်။

အလားတူစွာ အခု ဟောကင်းနှင့် ပန်းရို့စ်ကြား ငြင်းခုံပွဲသည်လည်း ပထမငြင်းခုံပွဲ၏ အဆက်သာ ဖြစ်ပါသည်။  ပန်းရို့စ်က အိုင်းစတိုင်းနေရာတွင် ရှိပြီး ဟောကင်းက နီးလ်ဘိုးလ်နေရာတွင် တည်ရှိသည်။ သို့သော် ယခု ငြင်းခုံပွဲတွင် မူ ယခင်ကထက် နည်းပညာ အယူအဆနှင့် ဒဿနိက အယူအဆများ ပိုမို နက်နဲ ရှုပ်ထွေးလာခဲ့ပါသည်။

ကွမ်တမ်သီဝရီ ( သို့မဟုတ် ) ပိုမိုနက်နဲ ခက်ခဲစွာ တွေးဆယူထားသော ကွမ်တမ်စက်ကွင်း သီဝရီ သည် လက်တွေ့ပိုင်းအရ နည်းပညာအောင်မြင်မှုများ ရရှိနေပါသည်။ သို့သော် ဒဿနအရ ရော်ဂျာပန်းရို့စ် ဆိုသ ကဲ့သို့  အားနည်းချက်များ ရှိနေသေးသည်။ ထို့အတူ အိုင်းစတိုင်း၏ အထွေထွေ နှိုင်းရ သီဝရီ ၊ ( ဒြပ်ဆွဲ သီဝရီ ) သည် ယခုထက်တိုင် အစမ်းသပ်ခံဆဲ၊ မှတ်တမ်းတင်စဖွယ်ကောင်းလောက်အောင် အောင်မြင်နေဆဲ ဖြစ်ပြီး အထူးပွိုင့်( Singularities) နှင့် ၀တ္ထုနက် ( Black Body ) များနှင့် ပတ်သက်၍မူ ပြဿနာများ ကျန်ရှိနေသေးသည်။

ဟောကင်း-ပန်းရို့စ် ဆွေးနွေးပွဲမှ ပေးစွမ်းလိုသည့် စင်စစ်အကြောင်းအရာမှာ ထိုအောင်မြင်နေသော သီဝရီနှစ်ခုကို ပေါင်းစည်းရန်နှင့် ကွမ်တမ်+ ဆွဲအား သီဝရီ ကို  မည်သို့ ဖော်ထုတ်မည်ဆိုသည် တို့ ဖြစ်ကြသည်။ လေးနက်သော အယူအဆပိုင်းနှင့် နည်းပညာပိုင်းများ ရှိနေသော်လည်း ၎င်းတို့အားလုံးသည် ဤ အချက်ကိုသာ ရည်ညွှန်း၍ ဖွဲ့တည်ထားပါသည်။

အခြေခံသဘောအရ မေးခွန်းများတွင် ဥပမာ – အချိန်မြှား အယူအဆ၊ စကြ၀ဠာ မွေးဖွားကာစ ကနဦးအခြေအနေများ ၊ ၀ထ္ထုနက်၏ သတင်းအချက်အလက်များ ဆွဲစုပ်ဝါးမြိုမှု ပုံစံ စသည်တို့ ပါဝင်သည်။ ယင်းတို့နှင့်တကွ အခြားအယူအဆများတွင် ဟောကင်းနှင့် ပန်းရိုစ်တို့သည် အနုစိတ်ကလေးများအားဖြင့် သဘောထားကွဲလွဲတည်ရှိနေကြပါသည်။ ၎င်းတို့၏ အဆိုကို သချာင်္နှင့် ရူပဗေဒ ဝေါဟာရတို့ဖြင့် ဂရုတစိုက်ပုံဖော်ထားကြသည်။ ဆွေးနွေးပွဲ၏ အခြေသည် အဓိပ္ပါယ် ပြည့်ဝသော ဝေဖန်မှုများကိုလည်း ခွင့်ပြုပါသည်။

ဤဖော်ပြချက်များမှ အချို့သည် နည်းပညာပိုင်းအရ သချာင်္နှင့် ရူပဗေဒကို နားလည် ရန်လိုအပ်သော်လည်း အဆိုပြုချက်အများစုသည် ပြည်သူလူထု အများစုအပေါ် စိတ်ဝင်စားစေနိုင်စွမ်းရှိပါသည်။ပသို့ဆိုစေ  ဒြပ်ဆွဲသီဝရီနှင့် ကွမ်တမ်သီဝရီနှစ်ခု စလုံး တွဲဖက်ပါဝင်နေသော စကြ၀ဠာ၏ စည်းစနစ်ကျနသည့် ဖြစ်စဉ်ပုံစံအတွက် စိန်ခေါ်ချက်များ ၊ ၎င်းနှင့်ပတ်သက်သည့် ဆွေးနွေးခဲ့ရသော စိတ်ကူးစိတ်သန်းများ ၊ နူးညံ့ပုံနှင့် ကျယ်ပြောမှုကို စာရှုသူအနေဖြင့် အနည်းဆုံးတော့ နားလည်ပါလိမ့်မည်ဟု ယုံကြည်ရပါသည်။

ပါဝင်သော အခန်းများ

အခန်း(၁) ဂန္တ၀င် သီဝရီများ

အခန်း(၂) ကာလ-ဒေသဖွဲ့စည်းပုံ( အမှတ်ထူးတည်ဆောက်ပုံ )

အခန်း (၃)ကွမ်တမ် ၀တ္ထုနက်

အခန်း(၄)ကွမ်တမ်သီဝရီနှင့် ကာလ-ဒေသသဘော

အခန်း(၅)ကွမ်တမ် စကြ၀ဠာဗေဒ

အခန်း(၆)ကာလဒေသ၏ တွန့်လိမ်ကွေးများအကြောင်း

အခန်း(၇)ဆွေးနွေးပွဲ

– ဆွေးနွေးပွဲ ဆက်ရန် နှင့် ကိုးကားကျမ်းစာရင်းတို့ ဖြစ်ကြပါသည်။

ဤကျမ်းနှင့် ပတ်သက်၍ အခန်းတစ်ခန်းချင်းစီကို ဆီလျော်သော အချိန်တွင် ပြန်ဆိုသွားနိုင်ရန် ကြိုးစားပါမည်ဟု………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: