ဇင်

ငယ်စဉ်က…… ( ငယ်စဉ်ကဟူသည်မှာ ဆယ်တန်းအောင်ပြီးစ -ပြီးခဲ့သော ဆယ့်နှစ်နှစ် ဆယ့် သုံး နှစ်အခါက-ကို ဆိုလိုပါသည် ) သူငယ်ချင်းများနှင့် ဆုံကြပြီ ဆိုလျင် ဘာသာရေးအကြောင်းများ ပြောဖြစ်သည့်အခါလည်း ရှိသည်။ ထိုအချိန်မျိုးတွင် ဇင်ဗုဒ္ဓဘာသာ အကြောင်းကို အားလုံးက တလေးတစား ပြောဆိုမိတတ်ကြသည်။ သူတို့၏ စိတ်ထားနှင့် ကြားဖူးနားဝကလေးများကို သဘောကျကြခြင်း ဖြစ်ပါသည်။ ဇင်အကြောင်းနှင့် ပတ်သက်၍ အဲ့အချိန်က စာတိုပေစကလေးများသာ ရတတ်သည်။ တွင်တွင်ကျယ်ကျယ်သိပ်မရှိ ။ ဦးသော်ဇင် တစ်ခါ ရေးဖူးသည်။ ပြီးတော့ ဟိုနည်းနည်း ဒီနည်းနည်း။ တာရာမင်းဝေ စာအုပ်တွေ ။ ပန်းဆိုးတန်း စာအုပ် အဟောင်း တန်း ရောက်တဲ့ အခါမျိုးတွေ ဆိုရင်တော့ တခုတ်တရ ရှာဖြစ်ကြသည်။ ဇင် ( Zen ) ဟူသော စာလုံးကို မြင်လျင် အဲ့စာအုပ်ကို အငမ်းမရ ကောက်ကိုင်လိုက်သည်ချည်း ဖြစ်သည်။

အခုအချိန် ပြန်တွေးလိုက်လျင် ထိုအချိန်က ကျနော်တို့ခေါင်းထဲ ရှိသည်မှာ – ပညာကို လိုချင်တိုင်း မရသော ဒုက္ခ သာ ဖြစ်သည်။ စာအုပ်စာတမ်းများ၏ ဈေးက ခေါင်ခိုက်၍ အနားမကပ်နိုင်၊။ ကပ်နိုင်ပါသော် လည်း လုံလောက်သောအမျိုးအစားမရ။ တစ်ခါတစ်လေ D.T.Suzuki ၏ Manual of Zen Buddhism လေးမျှကိုပင် မူရင်း ရှာမရ။ မိတ္တူသာ ရှိသည်။ ဒီမြေပေါ်မှာ -ပညာရေးကို အားပေးကြသည် အားမပေးကြ သည်ကတော့. . “တကယ်လိုလား သူများ ပြည်ပထွက်သွားကြရခြင်းနှင့် လိုလားသော ပညာရပ် ( စာအုပ်များ ) ကိုယ့်နည်းကိုယ့် ဟန် ဖြင့် မှာယူ နေ ရခြင်း” ဖြင့် ဆုံးဖြတ်နိုင်သည်။

ရှိစေ၊ စကားဆက်၍ ဆိုလျင် ယင်းအချိန်က ဇင်ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ သတိပေး တားမြစ်ချက် များကလည်း မနည်းချေ။

ယခင်က ဘတ်စ်ကားများခေါင်းခန်း၌ – ရေးဆွဲ၍ တစ်မျိုး ၊ ချိတ်ဆွဲ၍တစ်ဖုံ ထားလေ့ရှိသည့် “ ဥုံ မဏိ ပဒ္မေဟုံ “ ဆိုသည့် ဂါထာ။ ယင်းဂါထာသည် ထေရ၀ါဒ ဗုဒ္ဓဘာသာမှ မဟုတ်ဘဲ အပြင်ပ ဂိုဏ်းဂဏ မတူ သော တန်တြ၊ မန္တြတို့မှ ထေရ၀ါဒ အယောင်ဆောင် ဆင်းသက်လာခြင်း ဖြစ်ကြောင်းကို ( ထေရ၀ါဒ ဗုဒ္ဓ သာသာနာ အကျိုးကို ရည်သန်သော ) မြန်မာ ဘုန်းတော်ကြီးတစ်ပါး ဟောကြားခဲ့ဖူးသည်။ ထို့အပြင် ၀ဋံသကာ နှင့် သိရောမဏီ – ဆရာ ဦးရွှေအောင်ကလည်း ၎င်း၏ “ထေရ၀ါဒ အုတ်မြစ် “ ကျမ်းငယ် နောက်ဆုံးပိုင်း တွင် ဇင်ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အနည်းငယ်ရှင်းထားခဲ့ပြန်သေးသည်။

ပသို့ပင်ရှိစေ။ အခြားခြံမှ စပျစ်သီး နည်းနည်းပို ချိုသလိုလို ရှိတတ်သော ကျနော်တို့ ထုံးစံအတိုင်း ဆရာ့ဆရာများက တားမြစ် သတိပေးနေကာမှ ပိုသိချင်လာကြသည်။ လက်လှမ်းမှီသမျှ တစ်ဆုံးနှိုက် ကြည့်သည်။ ဇင်နှင့်ပတ်သက်၍ ၀ယ်ယူထားမိသမျှ စာအုပ်များထဲမှာ အနောက်တိုင်း ဒဿနဆရာ Allan Watts ၏ The Way of Zen က အထောက်အကူများစွာ ပေးခဲ့သည်ကို အမှတ်ရမိပါသေးသည်။ ဂျပန်ပြည် ဇင်ဗုဒ္ဓဘာသာသည် တရုတ် ရှေးဟောင်းအတွေးအခေါ်များ နှင့် အိန္ဒိယ ဗုဒ္ဓဘာသာ အယူအဆများအပေါ် အရင်းခံကြောင်း ဆရာက တစ်စချင်းစီ ရှင်းထုတ်ပေးသည်။

ယင်းတို့မှတစ်ဆင့် သိချင်သည်များက ဇင်တစ်ခုတည်း မဟုတ်တော့ ။ တရုတ်ရှေးဟောင်း အတွေးအခေါ်များထဲက “I Ching” ( ပြောင်းလဲခြင်း သဘောတရားကျမ်း၊ သင်္ခါရကျမ်း )၊ “Tao Teh Ching”( ဓမ္မနှင့် ကျင့်စဉ်ကျမ်း )၊ Chaung Tzu ‘s Writings စသည်ဖြင့် ၊ ဗုဒ္ဓဘာသာမှ ဆိုလျင် – ဓမ္မပဒ( စိတ္တ၀ဂ် ) – ဦးရွှေအောင်၊ မာလုကျပုတ္တသုတ် ( မဟာစည်ဆရာတော်ဘုရား )၊ ဒိဋ္ဌေဒိဋ္ဌ မတ္တံ (ရွှေဥဒေါင်း ) စသည် ။

ထိုအချိန်က ကျနော်တို့ ကွန်ပျူတာ ဆိုသည်ကိုမသိသေး ၊ အွန်လိုင်းဆိုသည်ကို အသံသာကြားဖူးသည် ၊မမြင်ဘူးသေး ။ ရှိစု မဲ့စု စာအုပ်များနှင့်သာ လုံးလည်လိုက်နေ၍ ဒိတ်အောက်သည် ဟုပင်ဆိုဆို အွန်လိုင်း အနား လုံးဝ မကပ်ခဲ့သည်ကား အမှန် ဖြစ်သည်။

နောက်ပိုင်း – မရဲတရဲနှင့် ( ဘာမှမသိဘဲ ) ၀င်ကြည့်ရာက ကိုယ်လိုလားသော အရာကို အပြည့်အ၀ မဟုတ်တောင် အထိုက် အလျောက် တော့ ရကြောင်းတွေ့လာရသည်။ ပျော်ပါသည်။ ယခင်က သိချင်သော ဤဇင် ဗုဒ္ဓ ဘာသာစာအုပ်များ တွေ့ရသည်။ နကိုဆိုလျင် အမည်သာ ကြားဖူးသည် ။ ဖတ်ဖို့ ဝေးစွ၊ မျက်နှာဖုံး လေးပင် မမြင်ဖူး။ ( ပညာ ရေး တွင် လိုချင်တိုင်းမရသော ဒုက္ခကို အခြားနယ်ပယ်မှ လူများ နားလည်ချင်မှ နားလည်ပါမည် )

အခု ရရှိလာသည်များကို ကြည့်ပြီး ယင်းအချိန်များက ကိုယ်ရောစိတ်ပါ ညစ်ခဲ့ရသည်ကို သတိရသည်။ ကျနော်တို့ကဲ့သို့ ( သို့မဟုတ် ) ကျနော်တို့နှင့် ထပ်တူ ဒုက္ခကိုယ်စီရှိကြမည့် လိုလားသူများအတွက် ကိုယ်ချင်းစာ ပါသည်။

ယခုလည်း ယင်းအတွက် ရှာရဖွေရခက်ခဲလှသည်ဆိုသူ မိတ်ဆွေ တစ်ဦးကို ရည်ရွယ်၍ လည်းကောင်း၊ အခြားသူများ ရှိခဲ့လျင်လည်း အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်ပါစေရန် မျော်မှန်း၍ လည်းကောင်း ကျနော်ရသည်များကို ရှယ်ပါသည်။

( Zen Buddhism နှင့်ပတ်သက်၍ Open minded ဖြစ်စေရန်နှင့် ၊ ရှိသည်များကို အလိုရှိက လေ့လာနိုင်ရန် ပြန်လည်ဝေငှခြင်းသာ ဖြစ်ပါသည်။ )
……………………………………….

1/the Zen in Modern Cosmology

ကျနော်တို့သိကြတဲ့ထုံးစံ သိပ္ပံ က ကျနော်တို့ စကြာဝဠာဟာ လွန်ခဲ့တဲ့ နှစ် ၁၃.၇ ဘီလျံထဲက စဖြစ်တာပဲလို့ဆိုတယ်။ ဒြပ်ဝထ္ထုမရှိဘူး၊ စွမ်းအင်ဆိုတာပဲ ရှိတယ်။ တနည်းအားဖြင့်ပြောရင်တော့ ဗလာနတ္ထိနီးနီးပေါ့။ ဒီလိုသာ မှန်ခဲ့ရင် ကြယ်တွေ ၊ ဂြိုလ်တွေ ဘယ်လိုဖြစ်လာသလဲ၊ အခုလက်ရှိ စကြာဝဠာကြီး ဘယ်လို ဖြစ်လာရသလဲ ။ ခေတ်သစ်သိပ္ပံကလည်း အဖြေရှာသလို..ရှေး -ဇင်ဗုဒ္ဓဘာသာမှာလည်း အဖြေရှာနေပါတယ်။

Download Here

………………………………………………

2/Taking the Path of Zen

 

ဇင်ဗုဒ္ဓဘာသာရဲ့ အကျင့်အကြံပိုင်းများကို အသားပေးထားပါတယ်။ အသေးစိတ်ကျလွန်းတယ်လို့ ကျနော်ထင်တယ်။ တစ်ချို့နေရာတွေမှာ ကျနော်တို့နားလည်တာတွေနဲ့မကိုက်ညီတာတွေလဲ တွေ့ရပါတယ်။ ဖတ်ပြီး မိမိဘာသာ စိစစ်ကြည့်တာပဲ ကောင်းပါလိမ့်မယ်။
Mediafire Download

 

………………………………………………….

3/ Zen Masters

 

Zen ဗုဒ္ဓဘာသာမှာ နာမည်ကြီးထင်ရှားလှတဲ့ ဆရာကြီးများအကြောင်းပါ။ သမိုင်းလို့လည်း ပြောလို့ရမယ်။ ဒီစာအုပ်မှာ ခုနှစ်သက္ကရာဇ်က အစ မျိုးနွယ်နာမည်တွေနဲ့ တိတိကျကျ ရေးတယ်၊ မှတ်တမ်းတင်ထားတယ်။ လိုအပ်တဲ့နေရာမှာ ဇင်ဗုဒ္ဓဘာသာရဲ့ သဘောလေးတွေကို အခွင့်ရသလိုတင်သွားတာ ချစ်ဖို့ကောင်းတယ်

Mediafire Download

……………………………………………………

 

4/ Zen Ritual

 

ဂျပန်ဇင်ဗုဒ္ဓဘာသာတို့ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံးတမ်းတွေအကြောင်း၊ပြီးတော့ သူတို့ရဲ့ စိတ်ဓါတ်ဓါတ်ခံနဲ့ လက်တွေ့သဘောတရားများ အကြောင်း ဖြစ်ပါတယ်။

 

Download Here

Mediafire Download

ပထမဒေါင်းလုပ်က ifile ကပါ။ အဲ့မှာ မြန်မာနိုင်ငံက အချို့အဆင်မပြေတတ်ကြလို့ Mediafire မှာပါ ပြန်လုပ်ထားတာ။
…………………………………………….
5/ Zen Classics

 

Zen ဗုဒ္ဓဘာသာရဲ့ ဂန္ဓ၀င်ကျမ်းစာအချို့အကြောင်းတွေဖြစ်ပါတယ်။ တကယ်က ဇင်ဗုဒ္ဓဘာသာ ဆရာများအဆိုမှာ – ဇင်အတွက် ကျမ်းစာမလိုဘူး။ကျမ်းစာ မရှိဘူးလို့ ကြားဖူးတယ်။

ဒါပေမယ့် ဒီစာအုပ်မှာပါတဲ့ အချို့က သူတို့တွေ တန်ဖိုးထားကြတဲ့ ၊ အလေးအမြတ်ပြုကြတဲ့ကျမ်းကိုပဲ ဂန္တ၀င်ကျမ်းစာများအဖြစ် သတ်မှတ်ထားပါတယ်။ သမိုင်းကြောင်းကို အနည်းငယ်ဦးစားပေးထားတယ် ။

Mediafire Download

……………………………………………………..

ဒီလောက်ဆိုရင် စာမြည်းလောက်တော့ ရနိုင်မယ်ထင်ပါတယ်။ ကျန်ရှိသည်များကိုတော့

ဆက်လက်၍ ရှာဖွေဆဲ ပေါ့ဗျာ

ဘိုင့်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: