ရေလုပ်သား စကားကထာ

တောင်လေလာ ရေကျတော့
လှိုင်းကြက်ဖ ခြေမပါ
ခေါင်းဖြူနှင့်သာ
ခွပ်လို့ငယ်သာ၊ ဘယ်ညာနှံ့ဖွေး။
ရေငယ်မှာ လှေငယ်လူးတယ်
မူးရချည့်လေး။

လတာမှာ သောင်ထိုးတော့
တပေါင်ကျိုး ခြေတံရှည်
ဗျိုင်းဝေသာလီ။
ဘုတ်မက အီ၊ ဒီရေ ကျ တေး။
ရေလယ်မှာ လှေငယ်မျောတယ်
မောရချည့်လေး။

ရေစုန်မှာ အဆင်သင့်လို့
ဗေဒါပွင့် ပြည်တော်ပြန်
ခွန်းဆက်ကြဟန်။
ရေစီးကသန် ၊ ဆန်နိုင်ဖို့အရေး ။
လှေငယ်ငယ် ရေလယ်လမ်းမှာ
နွမ်းရချည့်လေး။

ရေဆိုင်မှာ တင့်မရဲနှင့်
ဝဲကတော့ ချာချာလည်
မူးတတ်ပါတယ်။
လှေတက်က ငယ်၊ သယ်နိုင်ဖို့ အရေး။
ရေပြင်မှာ လှေရှင်ကြိုးလိုက်ပါ
မိုးချုပ်မယ်လေး။

ဇော်ဂျီ

ကျုပ်တို့ လှေငယ်တွေ ဘယ်ထိ လှော်ရဦးမလဲ ။ ရေအညာကတည်းက လှော်လာခဲ့ကြတာ။ အစုန်လှော်လိုက် အဆန်လှော်လိုက်။
လှိုင်းကြက်ခွပ်တွေ တက်အစူး၊ လှေကလည်း လူး ၊ လူကလည်း မူး။ ဒီကြားထဲ လှေပေါ်က သကောင့်သား တွေက ရူးနေသေးတော့– ဘယ်သောင် ဘယ်ကမ်း ဆိုက်ဆိုက်ကွာ…လို့ သဘောထားလိုက်ရင်ကောင်းမလား ။ ရောက်ရာ ကမ်းကို ဦးတိုက်လိုက်တာပဲ ကောင်းမလား ။ တက်မကြီး ကိုင်ပြီး စဉ်းစားနေရ။

အဲ့ စဉ်းစားနေရ တွေးတော နေရတဲ့ အချိန်မှာ ဒီလှေလည်း လှိုင်းခေါ်ရာ မျောပေါ့..။ အဲ့အခိုက်လေး လတာ ခံနေရင် ဟိုယိမ်းလိုက် ဒီယိမ်းလိုက် ။ ရှုခင်းလေးတွေ မျော်ကြည့်လိုက်–။

သာယာနေတယ် ထင်ရပေမယ့် တကယ်က ဦးတည်ရာမဲ့နေတဲ့ လှေတစ်စင်းပါ။ ပဲ့ကိုင်ရှိတယ်။ လှော်တက်ရှိတယ်။ နို့ပေမယ့် လှေပေါ်ပါတဲ့ သူတွေ ဦးတည်ချက် ပျောက်နေတယ်။ ဘယ်သောင် ဘယ်ကမ်းသို့ ဆိုက်ရမယ်။ အငဲ ရဲ့ သီချင်းကို အကျယ်ကြီး အော်ဆိုပစ်လိုက်တော့ လှေပေါ်က လူတွေက ခဏငေးကြည့်တယ်။ ပြီးတော့ ဒုံရင်း က ဒုံရင်း ။ သူတစ်လူ ငါတစ်မင်း စကားတင်း- ဆိုလျက်ပါပဲ။

ဒီလိုနဲ့ပဲ ကြုံရာ ဆိပ်ကမ်းတစ်ခုကို ထိုးစိုက်
မိုတယ်တွေ၊ ဟိုတယ်တွေ နား ကပ်ကြည့်လိုက်တော့
ကယောင်ကတမ်း ရှိစုမဲ့စုလေးရေတွက်လိုက်ရ။
ရေလုပ်သား ကျုပ်တို့အတွက်
စီရရီ ဘန်ဂလို အပေါစားတွေပဲသုံးမယ်။
ရေးကြီးပါတယ်ဆိုတဲ့ တို့ဘ၀ အခြေအနေတွေက
စစ်မှန်လှပါတဲ့ မုသားလှလှတွေ အောက်မှာ
ပုံကြီး ကွာခြားတော့
မှန်တိုင်းလည်း မပြောရဲ၊ ရဲတိုင်းလည်း မလှပ
သမျှ ပိုက်ပိုက်လေး ပဲ ခြစ်ချုပ်ပြီး အိမ်ပို့ ဖို့
ရှိတန်ဆာ မရှိဝမ်းစာ တတ်သမျှ စာရင်းအင်းလေးတွေ
ရေးချကြည့်တော့

ဒို့ အိပ်ကပ်ကလေးတွေ တိုး -တိုးပြီးလည်း မဖောင်းလာပါကလား
နုံညာတ ဒို့ဘ၀က တိုး- တိုးပြီးလည်း မတက်လာပါကလား
ရေးမိရေးရာ ချရေးတော့ ရင်ထဲမှာ လေးပြီးရင်း လေး -လေးလာပါတကား။

အနော် ရေလုပ်သား သာဂိ (ဝါ) ဇေယျ

😛😛😛😛

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: