လောကဓာတ်သည် သုညတ မှ ပေါက်ဖွားသလော

Michio Kaku

ဗုဒ္ဓဟူးနေ့တိုင်းတွင် Michio Kaku ( C.U.N.Y မှ သီဝရီပိုင်းရူပဗေဒပညာရှင် ) က Big Think  စာရှုသူများ၏ ရူပဗေဒနှင့် အနာဂတ္တိ သိပ္ပံမေးမြန်း ချက်များကို ဖြေကြားပေးလျက် ရှိပါသည်။ ယခု စာရှုသူသည်လည်း မေးမြန်းလိုပါလျင် ဤနေရာ ရှိ ကွန်မန့် ဘောက်စ်တွင် မေးမြန်းထားခဲ့နိုင်ပါသည်။
ယခုတင်ပြလိုသည်မှာ Brian Flatt မေးမြန်းထားသော မေးခွန်းပုစ္ဆာတစ်ပုဒ်ကို ဒေါက်တာ Kaku က ဖြေကြားထားပုံ ဖြစ်သည်။

မေး ___________ စတင်ဗင်ဟောကင်း( ကမ္ဘာအထင်ရှားဆုံး သီဝရီပိုင်း ရူပဗေဒပညာရှင် ) ရဲ့ စာအုပ်သစ် The Grand Design ထဲမှာ ပြောထားတာ တစ်ခုရှိတယ်။ ဒြပ်ဆွဲသဘောတရားကို အခြေပြုပြီး စကြာဝဠာဟာ ဘာမှမရှိတဲ့အထဲက ပေါက်ဖွားလာနိုင်တယ် ။ ပေါက်ဖွားလာလိမ့်မယ်တဲ့။ ဒါပေမယ့် ကျနော် သဘောပေါက်ထားတာက အိုင်းစတိုင်းအယူအဆအရ ဒြပ်ဆွဲအားဆိုတာ ဒြပ်ထုရဲ့ ဆက်နွယ်ချက် ( Function ) တစ်ခုပဲ မလား ။အဲ့တော့ ဒြပ်ထု မရှိခင် ဒြပ်ဆွဲအား ဆိုတာ ရှိနိုင်ပါ့မလား။ ဒြပ်ဆွဲအားက ဒြပ်ထုကို ပြန်ရှင်းပြနိုင်ပါ့မလား။

ဖြေ_____________ စတီဗင်ရဲ့ စာအုပ်သစ်ထဲမှာ ပြောထားတာတစ်ခုက အိုင်းစတိုင်း အနှစ် ၃၀ လုံးလုံး ရှာဖွေခဲ့တဲ့ အရာရာတိုင်းရဲ့ သီဝရီ ( TOE:theory of everything ) ဟာ ကြိုးမျှင်လေး သီဝရီ ဖြစ်ပါတယ်တဲ့။ နောက်ပိုင်းစကားနဲ့ဆိုရင် M-Theory ပေါ့။

ကြိုးမျှင်လေးသီဝရီမှာ စကြာဝဠာက တစ်ခုမက အများကြီး ရှိသတဲ့။ ကျနော်တို့ အခု စကြာဝဠာဆိုတာ ဆပ်ပြာရေခွက် မျက်နှာပြင်မှာ တက်နေတဲ့ ဆပ်ပြာ ပူပေါင်းလေး တစ်ခုပါပဲတဲ့။ ကျနော်တို့က အဲ့ဆပ်ပြာပြင်သား ကြီးပေါ်မှာ နေနေကြတာ။ ကြိုးမျှင် လေး သီဝရီက ခန့်မှန်းတာ တစ်ခုရှိတယ်။ ကျနော်တို့ စကြာဝဠာအပြင်ဘက်မှာ အခြား ပူပေါင်းတွေလဲ ရှိနေနိုင်ပါသတဲ့။ ဆပ်ပြာ ရေချိုးကန် တစ်ခုထဲမှာ လိုပဲ ဆပ်ပြာ ပူပေါင်းတွေ တစ်လုံးနဲ့ တစ်လုံး တိုက်မိမယ်။ ပေါက်ကွဲမယ်။ တွန်းတိုက်မိမယ်။

ဒါဆို စကြာဝဠာကြီး တစ်ခုလုံးဟာ ဘာမှမရှိတဲ့ အထဲက ဘယ်လို ပေါက်ဖွားလာမတဲ့လဲ။ ဒီအချက်က ဒြပ်နဲ့ စွမ်းအင် တည်မြဲမှု နိယာမ ကို ချိုးဖောက်နေဟန် တူတယ်။ ဖြေရှင်းချက် ရိုးရိုးလေးတော့ ရှိပါတယ်။

တကယ်က ဒြပ်ဟာ အပေါင်းလက္ခဏာဆောင် စွမ်းအင်ရှိပါတယ်။ ဒြပ်ဆွဲအားက အနှုတ်လက္ခဏာဆောင် စွမ်းအင် ရှိတယ်။ ဥပမာ – ခင်ဗျားက ကမ္ဘာကို နေဆီကနေ အဝေးကို ထွက်သွားစေဖို့ ဆိုရင် စွမ်းအင်တွေ ကမ္ဘာကို ထပ်ဖြည့်ပေးရမယ်။ နေကနေ ဝေးကွာသွားတာနဲ့ အမျှ ကမ္ဘာဟာ ဒြပ်ဆွဲအားသတ္တိ သုညနားကို တဖြေးဖြေး ကပ်ရောက်လာမယ်။ ဒီဟာရဲ့ အဓိပ္ပါယ်က ကျနော်တို့ မူလ နေအဖွဲ့အစည်းမှာ အနှုတ်သဘောဆောင် စွမ်းအင် ရှိနေကြောင်း ပြဆိုတာ ဖြစ်ပါတယ်။

သင်္ချာသာ နည်းနည်းတွက်ချက်ကြည့်လိုက်မယ် ဆိုရင် ခင်ဗျား တွေ့ရမှာက ဒီစကြာဝဠာက ဒြပ် စုစုပေါင်း ပမာဏဟာ အနှုတ်သဘော ဆောင် ဒြပ်ဆွဲအား စွမ်းအင် ပမာဏကို ခြေဖျက်နိုင်တယ်။ ဒြပ်/ စွမ်းအင် အကျိုးဆက်ဟာ သုည (သို့မဟုတ် ) သုည နီးပါး ကပ်ရောက်ကြောင်း တွေ့ရမယ်။ ဒါကြောင့် အဓိပ္ပါယ် တစ်မျိုးနဲ့ ဆိုရရင် စကြာဝဠာတွေဟာ လွတ်လပ်နေတယ်။ ခိုင်မာတဲ့ စကြာဝဠာ တစ်ခု တည်ဆောက်ဖို့ ဒြပ်နဲ့ စွမ်းအင် အကျိုးဆက် သိပ်မလိုအပ်ဘူး လို့လည်း ဆိုလိုတယ်။ အလားတူပဲ ဆပ်ပြာ ရေချိုးကန် ထဲမှာ ဆပ်ပြာပူပေါင်းတွေဟာ ဘာမှမရှိတဲ့ သုညတ ကနေ ဘေဘီပူးပေါင်းလေးတွေ ပေါက်ဖွားလာစေမယ်၊ တွန်းတိုက်မယ် ၊ ဒါမှမဟုတ် သူ့အလိုလို ပေါက်ကွဲမယ်။

ဒါဟာ Big Bang ( စကြာဝဠာ ပေါက်ဖွား၊ပျက်သုံးမှု အယူအဆ သီဝရီတစ်ခု ) ရဲ့ စံပုံစံငယ် ဖြစ်ပါတယ်။ ကျနော်တို့ စကြာဝဠာဟာ အခြား စကြာဝဠာ နှစ်ခု တိုက်မိရာကနေလည်း ပေါက်ဖွားလာနိုင်တယ်။ ( the big splat theory ပေါ့ ) ဒါမှမဟုတ် မိခင် စကြာဝဠာကြီး တစ်ခုကနေလဲ မွေးဖွားလာနိုင်တယ်။ ဒါမှမဟုတ်လဲ ပူပေါင်းလေးတွေလို ဘာမှမဟုတ်တဲ့ သုညတကနေ ထွက်ပေါ်လာနိုင်တယ်။ ဒီလိုနဲ့ စကြာဝဠာတွေဟာ အချိန်နဲ့အမျှ ပေါက်ဖွားဖြစ်တည်နေကြပါတယ်။

…………………………………………………….
ဤအမေးအဖြေတွင် ပါဝင်သော – သီဝရီရူပဗေဒ ပညာရှင် စတီဗင် ဟောကင်း၏ The Grand Design ကို audiobook အဖြစ် အွန်လိုင်းစာအုပ်စင်တစ်ခုတွင် တွေ့ရှိရသောကြောင့် လေ့လာလိုသူများ အတွက် ညွှန်းခဲ့ပါသည်။

Hawking and Grand Design

DOWNLOAD HERE


About zayya
Just Be. That's Enough! Shared words with Silence.

One Response to လောကဓာတ်သည် သုညတ မှ ပေါက်ဖွားသလော

  1. devilcracker7 says:

    really so nice ….
    i like the post and site…
    thanks for site admin and author…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: