စစ်ချီရတု

!DEFEAT!

စစ်ခရာသံများ ညံနေသော ညနေခင်းတစ်ခု ဖြစ်ပါသည်။

နေညိုရီ နှုတ်ခမ်းဖျားများက အစီအရီ တုန်ခါ လှိုက်မော ပေးနေကြသည်။ မာန တံခွန်တွေလည်း လွှင့်ထားသည်။ ရင်ခုန်သံ အောင်မောင်းတွေလည်း တနောင်နောင် ဖြူးလွင့်နေသည်။ အမည် နာမ၊ ရာထူး၊ ဂုဏ်ဒြပ် ဆင်မြင်းတပ်တွေက အုံလိုက် ကျင်းလိုက် အခြံအရံဖြင့်။ မာယာ တပ်ကြီး ချီတက်လာနေပါပြီ။

ဤစစ်ပွဲ၏ အနိုင်အရှုံးအတွက် အတွေ့အကြုံ မရင့်ကျက်သေးသော ကျနော် တပ်မှုး ရင်မောသည်။ မသေချာ မရေရာသော အနိုင်- အရှုံးမို့ စိတ်လည်း မောသည်။ မရေရာ ရုံမက အဓိပ္ပာယ်လည်း မရှိ။ တိုက်ချင် လွန်းသော ကြောင့် ဖြစ်နေရသော စစ်မဟုတ်။ မလွဲသာ လွန်းသောကြောင့်သာ။

လက်နက်လူသူ စုဆောင်းတော့ စကားလုံးများသာ ရရှိသည်။ တိုက်ရည် ခိုက်ရည်နှင့် ပြည့်စုံဖို့ နည်းစနစ်၊ ဗျူဟာများ တတ်ကျွမ်းနေဖို့ (အနည်းအကျဉ်း ဖြစ်ဖြစ်တော့ ) လိုမည် မဟုတ်လား။ သို့သော် ကျနော့်တပ်သား ထိုစကားလုံးများက ယင်းတို့အကြောင်း ဘာမှမသိ။ သမားရိုးကျ ရိုးရှင်းနေသည် ။ ဘာမှမရှိ။ စစ်ရေး စစ်ရာမသိ။ တိုက်ပွဲ အတွေ့အကြုံ မရှိ။ လက်နက် အင်္ဂါမရှိ။ လက်ချည်း ဗလာ သက်သက်။

ခြေဗလာ၊ ကျောမွဲ နှင့် နွမ်းပါးချို့တဲ့သော စကားလုံးများ ဖြစ်နေရသော်လည်း ခွန်အားတော့ ရှိလောက်သည်။ ဤစစ်ပွဲကို ရှိသမျှ ဤအင်အားလေး နှင့် အသုံးချ စုစည်း တိုက်ရဖို့ စီစဉ်မည်။ အခိုင်အမာ ဖွဲ့စည်းထားဖို့ လို့မည်။ ဇွဲ၊ မာန် သာ လက်ကိုင်ထားရှိလျက် ပညာ မရှိသေးသောကြောင့် တပန်းရှုံးသည် ဆိုလည်း ရှိစေတော့။

အဘယ်ကြောင့် ဆိုသော် အချိန်လည်း သိပ်မကျန်တော့။
မကြာခင် အနောက်ယွန်းတွင် နေဝါသွေးနီစွန်းက မေးတင်လွန်းထိုး နေတော့မည်။

အနိုင်အရှုံးတို့၏ သည်မှာဘက်ကမ်းအလွန်တွင် ဘာမှ အနှစ်သာရမရှိ။ သို့သော် အမှောင်လာလျင် ကျနော်တို့ အမြင်အာရုံများ ကန်းတော့မည်မို့ ဂရုမထား အားတော့။

ပြင်ဆင်ရန် အချိန်လည်း သိပ်မကျန်။
အောင်နိုင်မည် မအောင်နိုင်မည်လည်း မသေချာ။
မရှောင်နိုင်သော ဤစစ်ပွဲ၏ အဖြေသည် ကျနော့အတွက် အရေးမပါ။

ရှိသော အင်အားကိုသာ စုစည်း သွေးချွန်၍ ခရာယွန်းရန် တပ် – ဆင်ရတော့သည်။
အမှောင်သွေးလည်း ဝေးစေတော့။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: