ကိုယ့်ကိုယ်ကိုယ် ငေးကြည့်ခြင်း

ပြန်ကြည့်မိတော့ ငါ....

ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့
နည်းနည်းမှောင်နေတယ်။

တံခါးကို ပိတ်
ဟိုဘက်က မှောင် အရိပ်ထဲ
လက်ထိုးထည့်ပြီး

ငုတ်တုတ်ထိုင်
လက်မှိုင်ချ
မသက်မသာ တွန်းပို့လိုက်တယ်။

ဘဝကို
တစ်ဆစ်ဆစ်ကိုက်ခဲပေးဖို့
ညာဝါးတတ်တဲ့ သားရဲတစ်ကောင်လည်း ရှိတယ်။

အဲ့လိုနဲ့
ည – ည တွေက
တစ်ချက်ခြင်း ပြိုးပြိုးပျက်ပျက်
တလက်လက်ထ။

နောက်ဆုံး ကန့်လန့်ကာ အကျ
ကိုယ်ပိတ်ထားတဲ့ တံခါး
ကိုယ်ပြန်ဖွင့်မရတဲ့ အဖြစ်နဲ့ .။

ချက်မထိုး
သော့မခတ်ဘဲ
ချောင်ထိုးထားလိုက်မိတယ်။

ဖွင့်မရမှတော့ ဘယ်တတ်နိုင်မှာလဲ ။

မှိုတက်ချင် တက်မယ်။
သံချေးကိုက်ချင် ကိုက်မယ်။

ဘယ်တော့မှ ပြောင်လက်မလာမှာတော့
သေချာတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: