စံလွဲစရိုက်နှင့် ခေါင်းဆောင်မှု

Paul Lawrence

People without a conscience don’t need to satisfy the drive to bond and can focus entirely on the drive to acquire, making them more likely to seek leadership positions.

သိစိတ်ကင်းတဲ့ ပုဂ္ဂိုလ်များဟာ ဘွန်း (သို့မဟုတ် ) အချုပ်အနှောင် တစ်ခု အတွက်နဲ့ လုပ်ကိုင် နေကြဖို့ ရာ ဘယ်တော့မှ ကျေနပ် မနေကြပါဘူး။ အမြဲမပြတ် စူးစမ်း အကဲဖြတ် နေတဲ့စိတ် တစ်ခုတည်း အောက်မှာပဲ လွန်းထိုး လှုပ်ရှားနေကြပါတယ်။ ဒီ စူးစမ်းတဲ့ စိတ်နဲ့ပဲ ဦးစီး ဦးဆောင် နေရာကို ရှာဖွေမှန်း မသိ ရှာဖွေ- ရောက်ရှိ သွားကြတာ ဖြစ်ပါတယ်။

Paul Lawrence
Professor, Harvard Business School

အောက်ပါ အမေးနဲ့ အဖြေများဟာ စံလွဲမှု စရိုက်နှင့် တွဲဖက် ရှုမြင်ထားတဲ့ ပါမောက္ခ ပေါလ်လောရန့်စ်ရဲ့ အမြင်များ ဖြစ်ပါတယ်။ စိတ်စံလွဲမှု ဆိုတဲ့ စကားလုံးကို Psychology ( စိတ်ပညာ )နယ်ပယ်မှာ မကြာခဏဆိုသလို သုံးလေ့ရှိပါတယ်။ အခုလည်း ဒီ အမေးအဖြေ ကဏ္ဍမှာ စကားလုံး နှစ်လုံး သုံးထားပါတယ်။ A sociopath နဲ့ A psychopath ဆိုတာ ဖြစ်ပါတယ်။ ဒီနှစ်လုံး စလုံးကို ဘုံထားပြီး  ကျနော်နားလည်တာက အခုပြောတဲ့ စံလွဲမှုပါ။ ပထမ စကားလုံးက လူမှု လူ့ဘောင်ကြား ကူးလူးဆက်ဆံရေးမှာ စိတ်ပိုင်းဆိုင်ရာ စံလွဲနေသူ ဖြစ်ပြီး နောက် Psychopath ဆိုတာကိုတော့ စိတ်ပညာမှာ – စံလွဲတယ်လို့ သတ်မှတ်သမျှ ကို ခေါ်မယ် လို့ ထင်ပါတယ်။ ကျနော် စိတ်ပညာနယ်ပယ်က မဟုတ်လို့ ဘာသာပြန်ဆိုမှု ချို့ယွင်းခဲ့ရင် သည်းခံပါခင်ဗျာ။ မူရင်း ဆိုဒ်ကို အောက်ဆုံးမှာ ညွှန်းထားခဲ့ပါတယ်။ ကျေးဇူးပါ။🙂

မေး။ ဦးစီးဦးဆောင် ( ဝါ ) ခေါင်းဆောင်တွေဟာ လူမှုစိတ်စရိုက် စံလွဲတဲ့သူတွေနဲ့ နီးပါး သဏ္ဍာန် တူပါတယ်တဲ့ ။ ဟုတ်ပါသလား ။

အဖြေ။ ဒီမေးခွန်းမှာ ကောင်းကောင်း သိထားရမယ့်တစ်ခုက the People without conscience ( PWOC ) ။ သိစိတ် ကင်းတဲ့ ပုဂ္ဂိုလ်တွေ ဆိုတဲ့ စကားလုံးကို ပါပဲ။ သူတို့တွေက ခေါင်းဆောင်နေရာ မှာ အချို့ရှိကြတယ်။ လူဦးရေ အရေ အတွက်နဲ့ ယှဉ်ရင် ရာခိုင်နှုန်း အားဖြင့် တစ်ရာနှုန်းလောက်ပဲ ဖြစ်နိုင်ချေ ရှိတယ်။ ကျနော်တို့ ခန့်မှန်းထားကြတာက အဲ့လိုလူမျိုးဟာ လူ့အရေအတွက်ရဲ့ နှစ် ရာခိုင်နှုန်းကနေ လေး ရာခိုင်နှုန်း လောက် ထိတော့ ရှိနိုင်တယ်။ အချိန်အားဖြင့် ဆိုရင်တော့ ခေတ် တစ်ခေတ်ရဲ့ ရှစ် ရာခိုင်နှုန်းနဲ့ ဆယ် ရာခိုင်နှုန်းမှာ အဲ့လို ခေါင်းဆောင်မှု ပေါ်ပေါက် လာတတ်ကြ ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိတဲ့အတိုင်း တစ် ရာခိုင်နှုန်း လောက် ကလေးလဲ ပြည်သူတွေအပေါ်ကို ကောင်းကောင်း ထိုးဖောက်မွှေနှောက်နိုင်တယ်။ သူတို့ ဒီခေါင်းဆောင်ဆိုတဲ့ နေရာကို ရောက်ရှိလာတာက အခြားသူတွေနဲ့ မတူတဲ့ အကြောင်းရှိလို့ပါ။ အဲ့ဒါကတော့ သူတို့ဘဝမှာ ဒီတစ်ခုထဲကိုပဲ ရှာဖွေနေလို့ ကြိုးစားနေလို့။ ကျနော်တို့ သာမာန် ပြည်သူ တွေက ဘဝမှာ ကြိုးပမ်းအားထုတ်နေရတဲ့ အရာ အများကြီးရှိတယ်။ သာယာ ပြည့်စုံတဲ့ မိသားစု ဘဝ၊ ခိုင်လုံ ပျော်ရွှင်ရတဲ့ အပေါင်း အသင်း မိတ်သင်္ဂဟ စသဖြင့်ပေါ့။ ခင်ဗျား အနေနဲ့ ဒီဟာတွေ အပေါ် အာရုံ မရှိပါဘူး ၊ မထားတော့ပါဘူး ဆိုရင်တော့ ခေါင်းဆောင်ဆိုတဲ့ အဲ့တစ်နေရာကို ခင်ဗျား အနှေးနဲ့ အမြန် ရောက်သွားမှာပဲ ။ ဘာလို့လဲ ဆိုတော့ အဲ့အခါ ကျမှ ခင်ဗျား လှလှပပ ပါးနပ်နိုင်မယ်။ စမတ်ကျနိုင်မယ်။ အဲ့ဒါတွေ တော်တော်များများ အပေါ် သာယာမယ်။ ခင်ဗျားလည်း သိတယ်ဟုတ်?? သူတို့ ခေါင်းဆောင်တွေက တစ္ဆေသရဲ တွေလို ထွက်လာ ကြတာ မဟုတ်ဘူး ။ အင်မတန် ခင်တွယ် စရာ ကောင်းတဲ့ သူတွေ အဖြစ်နဲ့ ထွက်ပေါ်လာကြတာ။ ပြီးတော့မှ သူတို့လိုလားတဲ့ လမ်းကြောင်းကို ဒိုးယိုပေါက် လျောက်ကြတာ ။ အဲ့အခါမှ ကျနော်တို့ သတိချပ်လာကြရတာ။

သမိုင်းမှတ်တမ်း တွေအရ ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ အရေးပါတဲ့ နေရာတော်တော်များများမှာ ရှိကြတယ်။ အမှောင်ခေတ် ( Dark Age ) တစ်ခုလုံး က အစိုးရ ခေါင်းဆောင်ပိုင်း နေရာ တော်တော်များများ ကို အဲ့လိုလူမျိုးတွေ ဝင်ရောက် လုယက် နေကြတဲ့ ခေတ်ကြီးပါပဲ။ အရုဏ်ဦး ( Renaissance ) ခေတ်ရောက်တော့ အဲ့ပုံစံ ခေါင်းဆောင်ပိုင်းတွေကို ဖယ်ရှားဖို့ ကြိုးစား အားထုတ်ခဲ့ ကြရတယ်။ အမေရိက ဖွဲ့စည်းပုံ ဥပဒေမှာ ဒီလို ခေါင်းဆောင်ပိုင်းမျိုး မပေါ်ပေါက်လာစေဖို့ ကာကွယ် တားဆီး တဲ့ အနေနဲ့ ကြိုးပမ်းထားတာတွေ တွေ့ရတယ်။ ( အဲ့ဒါကို ကျနော် စာအုပ်တစ်အုပ်မှာ တော်တော် များများ ရှင်းထားပါသေးတယ် ) ပါဝါချိန်ခွင့်လျာ ညီမျှခြင်း၊ တစ် နေရာ ဌာနထဲတွင်သာ အာဏာမစူးရောက်စေခြင်း ဒီဟာတွေဟာ အဲ့ဂလို ခေါင်းဆောင်မှုကို ရှောင်ရှားတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲ့တော့ ကျနော်တို့ သမိုင်း စီးကြောင်း အရ ထွင်းဖောက်ပြီး ပြောရရင် ကျနော်တို့ တွေ့လာရမယ့် နယ်ပယ်က စီးပွားရေး နယ်ပယ် ဖြစ်ပါတယ်။ စီးပွားရေး ပိုင်း ခေါင်းဆောင်တွေမှာ ဒီလို စံလွဲ စရိုက်တွေ ရှိတယ်လို့ သံသယ ဝင်နိုင်တဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေ အထင်အရှား ရှိတယ်။

_______________________________________________

မေး။ မျိုးရိုးဗီဇ ( Genetics ) က လူတစ်ယောက်ကို စံလွဲသူတစ်ယောက်အဖြစ် ချုပ်ကိုင်ထားရင် ကျနော်တို့ ဘယ်လို လုပ်မလဲ။

ဖြေ။ ဟုတ်တယ်။ ဒီမေးခွန်းက ဖြေရှင်းရအခက်ဆုံး တွေထဲက တစ်ခုပဲ။ ဒီကနေ ကိုယ်ကျင့်ဗေဒ ပြဿနာတွေ အများကြီး မေးနိုင်သေးတယ်။ စိတ်စံလွဲမှု အမျိုးအစား တစ်ခုခုနဲ့ DNA ပုံဖမ်းသတ်မှတ် ထားတဲ့ သူကို ကျနော်တို့ ဘယ်လို လုပ်ကြမလဲ။ ကျိန်းသေတာ တစ်ခုကတော့ အဲ့လူဟာ ဒီဟာကို ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ ဒီ အမျိုးအစား ကို ရွေးချယ်ခဲ့ တာ မဟုတ်ဘူး ။ တိုက်ဆိုင်မှုအရ ရိုးရိုးလေး မွေးဖွားလာတာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့အခါ သူတို့ ရင်ဆိုင်လာရမှာ တွေက သူတို့ကို

A.Hitler

ရှောင်ဖယ်နေကြတဲ့ အခြားသူတွေ ဖြစ်ပါတယ်။ သူတို့ကို အတိုင်း အတာ တစ်ခုအထိ တားဆီးနေတဲ့သူတွေ ရှိမယ်။ ဒါတွေကြောင့်လဲ  ဒီလူတွေဟာ ဟစ်တလာလို ပုံစံမျိုး ဖြစ်မလာနိုင်တော့ဘူး ။ ဖြစ်လာဖို့  မရှိပါဘူး။

ဟုတ်တယ်။ ကျနော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အဖြေတော့ မရှိသေးဘူး။ လူတော်တော်များများလည်း ဒါကို တွေးတော နေကြတုန်းပဲ။ ကျနော် ထင်နေတဲ့ ဖြစ်နိုင်ချေ တစ်ခုတော့ ရှိတယ်။ ခင်ဗျားက ပါဝါရှိတဲ့ ရာထူးတစ်နေရာ အတွက် အလုပ်လာဝင်မယ့်သူတွေကို ရွေးမယ် ဆိုပါတော့။ အဲ့အချိန်မှာ ခင်ဗျား သူတို့ကို စမ်းသပ် ရတော့မယ်။ သူတို့မှာ သတ်မှတ် အရည်အသွေး ပြည့်မှီကြောင်း သိအောင်လုပ်ရတော့မယ်။ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ရတော့မယ်။ လေယာဉ်မောင် တို့ ၊ ဆရာဝန်၊ ရှေ့နေတို့လို အသက်မွေးဝမ်းကျောင်း ပြုရသူတွေမှာ အသိအမှတ် ပြု လက်မှတ် ဆိုတာ ထုတ်ပေး နေရသလိုပေါ့။ အဓိကက သူတို့ ပါဝင်ရတဲ့ ကဏ္ဍမှာ အရည်အသွေးပြည့်ကြောင်း ( ကျပ်ပြည့်ကြောင်း ) လက်မှတ်ကို ဆိုလိုတာပါ။ ကောင်းပြီ။ ဒါဆို တကယ့် ပါဝါ အပြည့်ထည့်ရတဲ့ ကဏ္ဍအတွက် ဆိုရင်ကော။ အဲ့နေရာ ဖြစ်လာရင်တော့ အဲ့အတွက် အသိအမှတ်ပြုလက်မှတ်မှာ တစ်ခုထည့်ရတော့မယ်။ အဲ့ဒါကတော့ အတွင်း စိတ်စံလွဲနေသူ ဖြစ်မဖြစ် DNA စစ်ဆေးကြည့်လိုက်ဖို့ပဲ။ ဒီလိုလုပ်ရတာကလည်း အဲ့လို ပါဝါအပြည့်ခေါင်းဆောင်ပိုင်းမှာ ကျပ်မပြည့်တဲ့သူ ဖြစ်နေတာကို ဘယ်သူမှ မလိုလားလို့။ စံလွဲသူ တစ်ယောက် တွေ့လာရင် ပြောဖို့စကားကတော့ ကမ္ဘာပေါ်က အခြား အလုပ်တစ်ခုခုကိုပဲ သွားရှာပါ။ ဘာလို့ဆို- ကျနော်တို့ ခင်ဗျားကို ဒီလိုပုံစံကြီးနဲ့ ဦးစီး ဦးဆောင် အဖြစ် မထားနိုင် မထားရဲလို့ပါလို့။

🙂 ဒါကလည်း စိတ်ကူးတစ်ခု အဖြစ်နဲ့ပါ။ ဒါဟာ အဖြေပဲလို့ ကျနော် မဆိုလိုပါဘူး။ ကျနော်တို့မှာ စဉ်းစားစရာ စိတ်ကူးတွေ ရှိနေဦးမှာ။ ဒီအပေါ်မှာ အာရုံထားပြီး အလုပ်လုပ် နေကြရဦးမှာ။

Recorded on July 28, 2010
Interviewed by Max Miller

From bigthink.com

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: