ဧဝံမေသုတံ ( ကြားခဲ့ဖူးသည်မှာ )

 

Richie Arnold - 2010

😀
ကိုရင်တာကြီးရဲ့ ဆောင်းပါး ခေါင်းစီးစာသား ကို ခိုးချတာ ဟုတ်ပါဘူးဗျာ။ လွန်ခဲ့တဲ့နှစ်က BBC News လေး တစ်ခုကိုဖတ်ကြည့်ပြီး တွေးချင်ရာ တွေးလာမိတာနဲ့ ဒီစာလေး ရေးခဲ့ထားလိုက်တာ ။ အခု ဒီမှာ ပြန်တင်လိုက်ပါတယ်။ သေသေ ချာချာ ဖတ်ချင်ရင်တော့  ဒီနေရာလေး ကို သွားကြည့်ကြပါ ။ ကျနော်လည်း ကိုယ် နားလည်သလို ဖတ်ရင်း တွေးမိလိုက်တာပါ။ ဆောင်းပါး ခေါင်းစဉ်က .. Where tech and philosophy collide ဆိုလားပဲ ။ ဆောင်းပါးလေး က တိုတိုလေးပါ ..။ ကျနော်ကသာ စဉ်းစားရင်း ရေးရင်း ရှည်သွားတာ …။

ပြောထားတာက အခုခေတ်တိုးတက်လာတဲ့ နည်းပညာတွေနဲ့ လူတွေရဲ့ နေထိုင်မှု အကျင့်စရိုက် အတွေးအခေါ်တွေ တိုးတိုက်မိကြရင် ဘာတွေဖြစ်မလဲ ဆိုတာ လေးပါ ။ ကျနော်တို့ မြန်မာနိုင်ငံ မှာလည်း နောင်မကြာခင် တွေ့လာရမယ့် ပြဿနာလို့ မျော်လင့်ရပါသဗျာ။ အခြား အခြား အိမ်နီးချင်း နိုင်ငံတွေမှာတော့ ဖြစ်နေကြပြီ ဆိုတာ ကြားနေရတယ် ၊နည်းပညာ တိုးတက်မှုကြီး ဆိုလား ၊ တောသားဆိုတော့ အနော်လည်း မခေါ်တတ်ပါဘူး ၊။ ဒါပေမယ့် သူတို့နိုင်ငံမှာ ဒါကို အကျယ် တ၀င့်ကြီး ပြောလာကြတော့ ကျနော်တို့လည်း နောင် ကျနောတို့ ရင်ဆိုင်ကြမယ့် ပြဿနာကို ကြို တွေးထား ကြရအောင် ။ ပေါ့ပေါ့ ပါးပါး လေး တွေးတာပေါ့ ။

အဓိက မေးခွန်းပြဿနာတွေက နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ကျနော်တို့ လူနေမှု စရိုက် လက္ခဏာ အတွေးအခေါ်တွေမှာ( သွေးရိုးသားရိုးဆို) ဘာတွေ ဖြစ်လာနိုင်မလဲ ။ ဘာပြဿနာ အကြီးအကျယ်တွေ တက်ကြမလဲ။ ဘယ်လို စရိုက်တွေ ပြောင်းလဲ လာမလဲ။ တခါက ကြားဖူးတယ် “ယဉ်ကျေးမှု များတိုးတိုက်မိခြင်း” ဆိုလား။ အဲ့စကား တော်တော် နာမည်ကြီးခဲ့တယ် ။ ဟုတ်တယ်ဗျ ယဉ်ကျေးမှုတွေ ဘယ်လိုဖြစ်ကုန်မလဲ ။ ကိုကြီး ရွှေဆည်သားလေးနဲ့ ဟိုတစ်လောက ပြောဖြစ်လိုက်တာ ရှိတယ် ။ ရန်ကုန်သား နဲ့ အညာသား မတူဘူးဆိုလား ။ ဟုတ်မယ် ။ နေထိုင်မှု တစ်ခုတည်း မဟုတ်ဘူးဗျ ။ အတွေးက ကို ကွဲနေကြလို့ ..။ တစ်နိုင်ငံတည်း တမြေတည်း တရေတည်းပါကွာ ဆိုတာတွေ ခဏထားပါဦး ဖြစ်နေတဲ့ အပြောအဆိုကအစ မတူတာ ။ မနောကံက ကိုက ကွဲမှတော့  ၀စီကံနဲ့ ကာယကံလည်း ကွဲပြီပေါ့ ။ ( ဆောရီး ..ဒီ ဘုန်းကြီးကျောင်းသား ပါဠိစကားပါသွားလားမသိဘူး🙂 ) ။

သူတို့အနောက်နိုင်ငံ မှာတော့ နည်းပညာ စနစ်တွေက နေ့စဉ်နဲ့အမျှ Updated ဖြစ်နေကြတာ ဆိုတော့ သူတို့လူနေမှု ဘ၀မှာ အပြိုင်အဆိုင် တွေကလည်း များသလို အကြောက်အလန့်တွေကလည်း ရှိတယ် လေ။ ကျနော်တို့ဆီမှာတော့ အလုပ်ရှင် သူဌေးလောက် ၊ နတ်ကတော် လောက် ကြောက်နေရတာ ၊။ ( တချို့တွေ ကတော့ မိန်းမလောက်ကြောက်ကြတာ ..:)) ။ သူတို့တွေ သူတို့အနာဂတ် အကြောင်း ပြောကြတာက လာမယ့် အချိန်တွေမှာ နောက်ဆုံးပေါ် နည်းပညာတွေကို လက်ခံနိုင်မယ့် သူနဲ့ လက်မခံနိုင်မယ့် သူတွေ ဆိုပြီး နှစ်ပိုင်း သိသိသာသာ ကွဲလာနိုင်သတဲ့ ကွန်ပျူတာတွေကို လူတွေရဲ့ အသိဥာဏ်နဲ့ တတိုင်းတည်း နီးပါး ပေါင်းစပ်လာတဲ့ အချိန်ဆိုရင်ပေါ့တဲ့ ။

အဲ ပြီးခဲ့တဲ့ အဲ့နှစ်ရဲ့ ဩဂုတ်လက လန်ဒန်မှာ အနာဂတ္တိဝါဒ သမားတွေနဲ့ မဟာ ၀ိရောဓိ မနုဿဝါဒသမားတွေ meeting ထိုင်ကြတယ်တဲ့ ။ အနာဂတ္တိ သမားတွေက နည်းပညာ ဆိုတာကြီး အချိန်နဲ့ လိုက်ပြီး ဖွံဖြိုးလာနိုင်တဲ့နှုန်းကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားနေချိန်မှာ ဟို မဟာလူသား ၀ါဒသမားတွေက ဒီ နည်းပညာတွေနဲ့ အနာဂတ်လူသားတွေ ဘယ်လိုရှေ့လျောက် နေထိုင်ကြမယ် ဆိုတာကို အဖြေရှာနေပါသတဲ့ ။ အဲ့ Meeting မှာပေါ့။ အင်တာနက်ပိုင်း အွန်လိုင်း ဆိုတာကြီးနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ် ခြောက်ယောက် ခေါင်းထောင်ထလာပြီး သူတို့ရဲ့ ပြည်သူ့ကိုယ်စားလှယ် ရစ်ချက် အာနိုး လ် ကို ခေါ်လာသတဲ့ ။ပြီးတော့ သူကပြောတယ်.

“ကျနော်တို့တွေအနေနဲ့က ဘယ်လိုနည်းပညာအသစ်တွေ ထပ်ထွက်လာဦးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ ။ ကျနော့ကိုယ်ပိုင် စိတ်ကူးအရဆို တကယ်တမ်း စဉ်းစား ကြည့်ရမှာက လူလုပ်အသိဥာဏ် ( artificial intelligence ) ကွန်ပျူတာနည်းပညာပိုင်းကို ပေါ့ဗျာ ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အနေနဲ့က ကြိုတင် ပြင်ဆင်ထားရမှာပဲ ။ တချို့တွေ့လာရမယ့်ဟာတွေဆို တော်တော် ခြောက်ခြားစရာကောင်းလိမ့်မယ် ။ ဒါပေမယ့် အဲ့ဒါမျိုး တွေတွေ့ရမှာက ခင်ဗျား နောက်ဆုံး မဟုတ်တာတော့ ကျိန်းသေတယ် ။”

သူဆိုလိုချင်တာက နည်းပညာတွေက နောင် အချိန်တွေမှာ အဆက်မပြတ် တဟုန်ထိုး တိုးတက်နေဦးမှာပဲ ကြောက်ချင်ရင် အခုတည်းက ကြောက်ထားကြလို့ ပြောချင် တာလား မသိဘူး 😀 ။

မကြာခင် အဲ့နောက် ရက်ပိုင်းအတွင်းကပဲ UK မှာ ဒါကို စိတ်ဝင်စားတဲ့ပြည်သူတွေနဲ့ အခြေခံပြီး ၀ိရောဓိ မနုဿဝါဒ အသင်းကြီး  ( Transhumanist Association ) က သတင်းစာ ရှင်းလင်းပွဲလို စကားဆွေးနွေးပွဲကြီး တစ်ခုလုပ်တယ် ။ အဲ့မှာ မှတ်သားစရာ ကောင်းတာလေးတစ်ခုက အသိဥာဏ် ဗေဒအပိုင်း က သိပ္ပံပညာရှင် လည်းဖြစ် အနုပညာရှင် လည်းဖြစ်တဲ့ အေမွန်တွိုင်းမန်း(Amon Twyman ) ဆိုတဲ့သူပြောတာ လေးပဲ ။

သူက “ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာတော့  ဆေးဝါးနည်းပညာတွေတိုးတက်လာရင်တော့ အခု လူသားတွေအတွက် သာမန်နကိုရှိခဲ့တဲ့သူတွေထက်စာရင် ပိုပြီး ကျန်းမာလာမယ် ပိုပြီး အသက်ရှည်ရှည်နေနိုင်လာမှာ ပဲလေဗျာ။ အထူးသဖြင့် အနောက်တိုင်းက လူတွေအတွက် က ဆေးဝါးနည်းပညာတွေ ၊ ဆက်သွယ်ရေး နည်းပညာတွေ ၊ အင်တာနက် အကျိုးရှိရှိ အသုံးချမှုတွေ ကနေ အကျိုးရလာဒ်တွေ အများကြီး ရနေကြတာအမှန်ပဲ။ အဓိက က ဒီကျယ်ပြန့်လာတဲ့ နည်းပညာ ဆိုတာ အပေါ် ဘယ်လိုခံယူပြီး ဘယ်လို ကျင့်သုံးသလဲ အပေါ်မူတည်ပါသဗျာ ။ နာနိုနည်းပညာလို နည်းပညာ တွေထဲက အချို့ကို တော့ လူသားတွေ စိုးရိမ်နေမယ် ဆိုတာတော့ ဟုတ်ပါတယ် ၊ ခင်ဗျား ခန္ဓာကိုယ်ကြီး ကိုတောင် ပြောင်းပစ်ပေးနိုင်မှာကိုး ”

ဟုတ်တော့လည်း ဟုတ်တယ် သူပြောသလိုသာဆို ကြောက်မယ်ဆိုကြောက်စရာကြီး ။ နောက်တနေ့မနက် အိပ်ရာကထလာလို့ ကျနော် ဇေယျက အနော့ ချစ်သူ စာဥ ကိုယ်ခန္ဓာကြီးနဲ့ ။ စာဥကလည်း ကျနော့ ကိုယ်ခန္ဓာကြီးနဲ့ ဆို အင်းးးးးးးးးးးး  တွေးရဲဝူး 😛

ထားပါတော့ သူတို့ စဉ်းစားတာ လေးတွေမှာ သဘောကျတာလေး နောက်တစ်ခု ရှိသေးတယ်။ နောင်လာမယ့် အနာဂတ်ဆိုရင် လူသားတွေကို ပြင်ပကမ္ဘာမှာ မနေကြတော့ပဲ နည်းပညာတွေ ခြယ်သထားတဲ့ စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာနေကြမယ်…။ ( အခုခေတ်ပေါ် ဂိမ်းတွေ ၊အွန်လိုင်း ရည်းစားတွေလိုပေါ့ တော်ကြာ အွန်လိုင်းကနေ ကလေးမွေးတယ် ဆိုတာ ကြားရဖို့ ရှိတယ်။ ဒီလိုပဲ အွန်လိုင်း ကနေ ချစ် ၊ အွန်လိုင်းပေါ်မှာတင် အိမ်ထောင်ပြုပြီး ၊ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ ဖူးကြဘဲ ကလေးပါ ရကြတဲ့ခေတ် ပေါ်ချင် ပေါ်လာမှာ🙂 စိတ်ကုး ယဉ်တာပြောပါတယ် 😀 )။ ပြီးတော့ တကယ့်ကမ္ဘာမှာ နာနိုစက်ရုပ်တွေ နဲ့ပဲ လွှတ်ထားမယ် ။ အလုပ်ပေးထားမယ်ပေါ့ ။ စိတ်ကူးလေးမိုက်တယ်။ ကျနော့အတွက်က အဲ့ဒါသာ တကယ်ဖြစ်ရင်တော့ အဲ့စက်ရုပ်ကိုခေါ် ၊အညာပြန်ပြီး ပဲစိုက်ခိုင်းဦးမယ် စဉ်းစားတယ်ဗျာ ။

ကဲ ကျနော်တို့ ရွှေမြန်မာတွေ ဘာတွေ စိတ်ကူးယဉ်ကြမတုန်း။ ကလေးတရုန်းရုန်းနဲ့မို့ ကြိုးစား နေတုန်းဗျာ ဆိုတဲ့ အဖြေ ကိုပဲ ကြားရမယ် ထင်ပါတယ် ဗျား .။ နည်းနည်းတော့ စဉ်းစားကြည့်ရင် ကျနော်တို့က ဗုဒ္ဓဘာသာ လေ ။ စိတ်အစဉ်ကို ဦးစားပေးတဲ့သူတွေ ။ ရုပ်ပိုင်းကို ပြောင်းနိုင်လဲ သူတို့ ဘယ်လောက် ပြောင်းနိုင် မလဲ ၊ စောနက ပြောသလို ကျနော်ဇေယျက စာဥဖြစ်သွားမှာလား ?? အင်း အဲလိုပြောင်းသွားလဲ ကျနော်က ကျနော်ပဲဖြစ်မှာပဲ၊ ဆိုလိုတာက ကျနော့ စိတ်က ကျနော့စိတ်ပဲ ၊ သူ့ ကိုယ်ခန္ဓာ ကသာ ကျနော်ကိုယ်ခန္ဓာ ဖြစ်ကောင်းဖြစ်သွားမယ်။ သူဖြစ်သွားတာနဲ့တော့ ဘာမှ မဆိုင်ဘူးလို့ ထင်တယ် ( စာဥ ကို ချစ်တာကချစ်တာ တစ်ဂဏ္ဍ ပေါ့ ဗျာ နော ….အဟိ../ ကြော်ငြာ!) ရုပ်ပိုင်းတွေ ဘယ်လိုပဲ ပြောင်းလဲသွား ပြောင်းလဲသွား ၊ နေရာ ဒေသတွေ ဘယ်လိုပဲ ဝေးသွား ဝေးသွား စိတ်အစဉ်မှာတော့  ငါ ဗုဒ္ဓဘာသာ ၊ ငါ ဗမာ လူမျိုးဆိုတာ တော့  ကျန်ရှိနေဦးမှာပဲ မိုးမျော်တိုက်ကြီး ပေါ်ရောက်သွားလဲ …ဇာတိရွာက ထုံးဖြူစေတီ ကတော့ ကျနော့ရင်ထဲမှာ ရှိနေဦးမှာပဲလို့ ထင်ပါတယ်ဗျာ …

ဘော်ဒါကြီးများ စိတ်ဝင်စားရင် စဉ်းစားလို့ရအောင် ရေးလိုက်တာပါ ၊ ရှင်းရှင်းပြောရင်တော့ ကျနော် စိတ်ရူးပေါက်လို့ 😛

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: