မနက်ဖြန်မရှိသောကောင်းကင်

တစ်ခါတစ်လေများတော့
မိုးကောင်းကင်ကြီး ပြိုကျသွားတာ ကြည့်ချင်တယ်။
ထန်းလက်နဲ့ ကာဖူးချင်လို့ပါ။

မိုးမပြို ပြိုခဲ့သည်ရှိသော် ရယ်လို့ အတွေးခေါင်ခေါင်ကို Reason ကျကျတွေး
ကဗျာတစ်ပုဒ်တော့ ရေးရမယ်။
ဘဝပေးတာဝန်က
မချိုမှ မချိုမြခဲ့ဘဲ။
သူလဲလေ လောကီသား –
ဆန်ဆီဆား ပါမှ ဘဝက မတ်တပ်ရပ်နိုင်တာမို့
ကာတဲ့ ထန်းလက် မိုးကြိုးပစ်ခံရလဲ
ကံ – ပဲပေါ့။

ကဲ
ဘယ်မလဲ လောကဓံရေ
မိုးခါးရေကို
ရှမ်းအရက်လောက်မကြိုက်မိတဲ့ငါ
ထွေရာလေးပါး
လမ်းသလားတာပဲ ကောင်းမယ်။

ဒီလိုနဲ့ပဲ
လမ်းတစ်ခုအရောက်မှာ
မမျှော်လင့်ဘဲ ဘွားခနဲ
ကောလ ဟာလ
ပြော-ပြောနေကြတဲ့
မိုးကောင်းကင် ဆိုလား။
သနားစရာ- အနှီးကလေးနဲ့ ထုပ်လို့

အဖမဲ့သားများလား ကောင်းကင်ရေ
တောင်ခြေမှာပဲ ပတ်ဝိုင်းတော့…။
မင်းရှိရာ တောင်ခါးပန်းထဲ ငါ ခုန်ချလာခဲ့မယ်။

မင်းကို ပြုစုဖို့
မင်းကို ဆေးချယ်ဖို့
မင်းပြိုရင် ကာနိုင်ဖို့
ထန်းလက်တစ်စ အရှာထွက် ဦးမလို့
လောလောဆယ်အတွက်
နေရစ်ဦးတော့ အဝေးမှာ။
ငါလည်းလေ မင်းလိုပဲ
လောကီသား။
နှစ်ပါးသွား မကတတ်လို့
ကံအကြောင်းမလှမှတော့ကွာ။

မင်း ဆီကိုပဲ ငါ ပြိုကျလာခဲ့တော့မယ်။
တမလွန်မှာ ဆုံကြစို့။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: