ဘယ် OS ကို Log in ဝင်ချင်ပါသလဲ

ကျနော်က ဒီကွန်ပျူတာနဲ့ နီးစပ်ရာ အလုပ်ကိုသာ လုပ်နေတာ ကွန်ပျူတာအကြောင်း ဘာသိလဲ မေးရင် ဟင့်အင်း ဘာမှမသိဘူးပဲ ဖြေစရာ ရှိပါတယ်။ ကွန်ပျူတာနဲ့ သက်ဆိုင်တဲ့ ဘာတက္ကသိုလ် ဘာသင်တန်းမှ တက်ခဲ့ဖူးတာ မဟုတ်တော့ ဟိုစပ်စပ် ဒီစပ်စပ်မှာ စနစ်တကျလည်း မရှိလှပါဘူး။ မသိတာတွေ ဗွက်ပေါက်အောင် များလွန်းပါတယ်။

အဲ့တော့ ဇေယျ ဆိုတဲ့ ကျနော် ကွန်ပျူတာအကြောင်းရေးရင် နည်းနည်းလက်တွန့်နေမိတယ်။ အဲ့လိုတွန့်တဲ့ ကြားက အခု တစ်ပုဒ်တော့ တင်လိုက်တယ်ဗျာ။ ကိုယ့်ဟာကိုယ်ရေးတယ်တော့ ဟုတ်ဘူး ။ Hacking ဆိုဒ်တစ်ခုမှာ ဖတ်နေရင်း တော်တော်လည်း ရှင်းလို့ လွယ်နေတာမို့ ဘာသာပြန်ရေးထားတာပါ။ အရမ်းလွယ်နေတာမို့ ဒါများကွာ ဆိုရင်လည်း မသိသေးတဲ့သူများအတွက် ဖြစ်ပါကြောင်း။
……………………………………………………

ကွန်ပျူတာအလုပ်သမားတစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အထဲတွေမှာ ပါတ်စ်ဝတ် ထိန်းထားတဲ့ Operating System တစ်ခု ကို ဘယ်လိုဖောက်ထွင်းဝင်မလဲဆိုတဲ့ ပြဿနာ ပါဝင်ပါတယ်။ ဒီနေ့ ခေတ်အခါမှာ သုံးတဲ့ OS တွေကတော့ သုံးခုလောက်ပဲ ရှိမယ်။ Windows ၊ Linux ၊ Mac ။ ကျနောတို့ ခင်ဗျားတို့ ကွန်ပျူတာတွေက ဒီ OS တွေထဲက တစ်ခုခု သုံးထားမှာဖြစ်ပါတယ်။ ဆိုတော့ကာ ဒီကွန်ပျူတာကို ဘယ်သူ ဘယ်လို လာဖွင့်မလဲ ။ အဲ့ဒီ သူတပါး ဖွင့်နိုင်တဲ့ နည်းလမ်းတွေကို ကိုယ်ကိုယ်တိုင်ကလည်း သိနေဖို့တော့ လိုပါလိမ့်မယ်။

Windows

Windows တွေက အသုံးလည်း များတဲ့ အတွက် ဒီ ဝင်းဒိုးရဲ့ Login Password ကို ဖောက်ထွက်ဖို့ ပရိုဂရမ်တော်တော်များများလည်း ရှိတယ်။ အဲ့အထဲက အကောင်းဆုံး တစ်ခုကို ပြပါဆိုရင် Ophcrack ၊ သူက Free ရပါတယ်။ Ophcrack က Slackware အပေါ် အခြေခံတယ်။ ပါတ်စ်ဝတ် စာလုံးရေ ၁၄ လုံးလောက်ထိ ကို ဖြေရှင်းနိုင်ဖို့ Rainbow Tables ကို သုံးတယ်။ ဖြေရှင်းချိန်က ဆယ်စက္ကန့်ထိတော့ ကြာနိုင်ပါသတဲ့။ အခြား expertise တွေ မလိုဘူး။

လုပ်ပုံလုပ်နည်းက Ophcrack ISO ကို ဒေါင်းမယ်။ ပြီးရင် CD ထဲ ဘမ်း – ဒါမှ မဟုတ် USB ထဲ ထည့်။ ပြီးရင် အဲ့ CD / USB ကို ကိုယ် Access လုပ်လိုတဲ့ စက်ထဲထည့်ပြီး အဲ့စက်ကို Manually ပိတ်ပစ်ရမယ်။ ပြီးလို့ ပြန်ဖွင့်တဲ့ အခါ – BIOs ထဲ ဝင်။ boot sequence HDD မတိုင်ခင်မှာ CD ပြောင်းပေး၊ Save ပြီး ပြန်ထွက်လာခဲ့လိုက်ပါ။ ကွန်ပျူတာ Restart ပြန်စတာနဲ့ အဲ့ Ophcrack က အလုပ်စလုပ်ပါပြီ။ ခဏ ထိုင်စောင့်ပေးပြီးရင် သူချပေးတဲ့ ပါတ်စ်ဝတ်ရတဲ့ အခါ အသာ ကူးယူရုံပါပဲ၊ ဒါဆို ဒီ OS မှာ ခင်ဗျား စိတ်တိုင်း ကျ ဝင်သုံးနိုင်လောက်ပြီ။

အဲ့ Ophcrack ဒေါင်းနိုင်တဲ့ ဆိုဒ်က http://ophcrack.sourceforge.net/

Linux

လင်းနက်ကတော့ အခုနောက်ဆုံးပေါ် လမ်းကြောင်းမှာ ရေပန်းစားလာတဲ့ OS ပဲ။ Mac ရော Linux ရောဟာ Unix ပေါ်မှာ အခြေခံထားပေမယ့် OS X ထက်စာရင် Linux က ပါတ်စ်ဝတ် ဝင်ပြင်ရတာ ပိုလွယ်ပါတယ်။

ပါတ်စ်ဝတ်ပြောင်းဖို့အတွက်က ကွန်ပျူတာကို ဖွင့် ၊ GRUB ပေါ်လာတဲ့ အခါ ESC ကို နှိပ်ထား။ Recovery Mode ကို Scroll down နဲ့ highlight လုပ်ပြီး B key ကို နှိပ်ရပါမယ်။ အဲ့လို ဆိုရင် ခင်ဗျားက အဲ့စက်ရဲ့ Single User Mode ထဲကို ရောက်ပါပြီ။

prompt မှာ ရှိနေမယ်။ တွေ့ရမှာက Root အနေနဲ့ default ဖြစ်နေတာကိုပါပဲ။ အဲ့မှာ passwd လို့ရိုက်လိုက်ပါ။ ပါတ်စ်ဝတ် တစ်ခု စိတ်တိုင်းကျ ဖန်တီးလို့ရပြီ။ ဆိုလိုတာကတော့ ခင်ဗျား က အက်ဒ်မင်အနေနဲ့ ဝင်လို့ရပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်  သာမန် user အနေနဲ့ပဲ ပုံမှန် သုံးမှာပါ ဆိုရင်တော့ username နေရာမှာ passwd username လို့ ပြောင်းပြီး ခင်ဗျား ကြိုက်နှစ်သက်ရာ user a/c ဖန်တီး သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။

Mac

ကဲ အခု Mac’s OS X အကြောင်းရောက်ပြီ။ အစမှာ ပြောခဲ့သလို လင်းနက်နဲ့ အတူတူ Unix အပေါ် အခြေခံတာပေမယ့် ပါတ်စ်ဝတ်ပြောင်းရမှာ နည်းနည်း ခက်ပါတယ်။ နို့ပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

အလွယ်ဆုံးနည်းက Ophcrack ကို သုံးလိုက်ရင် ပြီးပေမယ့် ဒီ ဆော့ဖ်ဝဲလ်မရှိတဲ့ အခါ လုပ်နိုင်တဲ့ အခြားနည်းတွေ ရှိပါတယ်။

တကယ်လို့ Mac က OS X 10.4 ကို ရန်းထားတာ ဆိုရင် installation CD တော့ လိုအပ်ပါမယ်။ အဲ့ဒါကို ကွန်ပျူတာမှာထည့် Reboot ချလိုက်ပါ။ start up ပြန်ဝင်လာတဲ့ အခါ UTILITIES > RESET PASSWORD မှာ ပါတ်စ်ဝတ် အသစ်တစ်ခုလုပ်၊ Log in ဝင်နိုင်ပါပြီ။
( ဟွန် …ဒါလေးများ လွယ်လွယ်လေး ဆိုရင်တော့ မသိသေးသူများ အတွက်လို့ ဂရုထား သည်းခံဗျို့ 😀 )

တကယ်လို့ Mac က OS X 10.5 ကို ရန်းထားတာ ဆိုရင်တော့ အခြား နည်းတစ်ခု သုံးရပါမယ်။ ကွန်ပျူတာကို restart ပြန်ချပြီး COMMAND + S ကို နှိပ်ထားပါ။ Prompt ထဲကို ရောက်ရင်
အောက်မှာ ပြထားတဲ့ဟာလေး ရိုက်ထည့်ပေးလိုက်ပါ။

fsck -fy

mount -uw /

launchctl load /System/Library/LaunchDaemons/com.apple.DirectoryServices.plist

dscl . -passwd /Users/UserName newpassword

ဒါပါပဲ ။ အဲ့မှာ ပါတ်စ်ဝတ် Reset ပြန်လုပ်ပြီး Log in ဝင်နိုင်ပါပြီ

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: