Memoir to Ramanujan

Srinivasa Ramanujan

အခု ဒီဇင္ဘာ ၂၂ – Srinivasa Ramanujan, သခ်ာၤပညာဆိုင္ရာ ကမၻာ့ ဥာဏ်ကြီးရှင်တစ်ပါးရဲ့  Birthday ဖြစ်ပါတယ်။ ဆရာကွယ်လွန်သွားခဲ့တာ နှစ်ကိုးဆယ် ရှိပါပြီ။ ဒါပေမယ့် သူ ချထား ပေးခဲ့တဲ့ သချာင်္သီဝရီတွေနဲ့ စဉ်းစားစရာ ပုစ္ဆာတွေက ကနေ့ထက်တိုင် ဆက်လက် အဖြေရှာနေရဆဲ ၊ လေ့လာ သုံးသပ် နေရဆဲပါ။ ဆရာ ဖော်ထုတ်သွားခဲ့တဲ့ Number Theory ( အထူးသဖြင့် – Ramanujan theta function ၊ Landau–Ramanujan constant ) ကို ကျနော် တို့ သင်္ချာသမားများ လေ့လာနေရဆဲ ၊ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒီညမှာ ဆရာ့အတွက် အမှတ်တရ အဖြစ် ဒီစာကို ရေးပါတယ်။

A.M 4:30 / 23.12.2010

………………………………..

“The mathematician’s patterns, like the painter’s or the poet’s, must be beautiful. The ideas, like the colours or the words, must fit together in a harmonious way. Beauty is the first test: there is no permanent place in this world for ugly mathematics.”
သချာင်္၏ စံပုံစံတို့ မည်သည် ပန်းချီဆရာ၏ စုတ်ချက်ကဲ့သို့ လည်းကောင်း၊ ကဗျာဆရာ၏ စကားလုံးများ ကဲ့သို့လည်းကောင်း လှပစွာ သီဖွဲ့ထားကြသည်ချည်း ဖြစ်သည်။ အရောင်များ ၊ စကားလုံးများကဲ့သို့ပင် တွေးဆချက် စိတ်ကူးများသည် ညီညွတ်လှပစွာ တွယ်ဆက် နေကြရသည်။ အလှတရားသည်သာ သချာင်္ပညာ၏ စစ်မှန်သော မှတ်ကျောက်ဖြစ်ပြီး၊ ဤလောကတွင် အကျည်းတန်သော သချာင်္အတွေးများအတွက် ခိုင်မာတည်မြဲသော နေရာမရှိကြောင်း သိအပ်သည်။
G.H.Hardy
Great British Mathematician

အကၡရာ သခ်ာၤဆိုတာ
ပုံမသွင်းဘဲ လှတဲ့ အလှတရားမျိုး
သစ္စာရိပ်သာ သွန်း မိုးထားကြောင်း
သက်သေလှလှ ခံစားပြသွားခဲ့သူ။

လောကရဲ့ အလှ တရားကို
ရုပ်သဏ္ဍာန်မှာ မရှာ၊ အတွေးစဉ်မှာ ရှာတဲ့သူ

စာရွက်တစ်ရွက်နဲ့ ခဲတံတစ်ချောင်းသာ သုံးပြီး
လူ့ဘဝရဲ့ အတ္တနယ်က
ဝေးရာကို ပြေးနိုင်ခဲ့ သူ။

Ramanujan

စား၊တွေ့၊နံ၊ သိ- အာရုံရှိသမျှမှာ သုညတကိုသာ မြင်ခဲ့ရသူ။
လောဘနဲ့ ဒေါသ အဟုန်မပါဘဲ
ဖြူစင်တဲ့ ပညာသက်သက်မှာ အာရုံကျက်စားနိုင်ခဲ့သူ။

စက်ဝိုင်းတစ်ဝိုင်းရဲ့ ဒဏ္ဍာရီနဲ့
အက္ခရာကိန်းစဉ်တန်းတွေကြား
မြူးထူးပျော်ပါး ကစားခဲ့သူ။
သချာင်္၏ အနှစ်သာရ
တွက်ချက်တတ်ဖို့သာမဟုတ်
ခံစားသိမြင်တတ်ဖို့ဆိုတဲ့အကြောင်း
ရှေ့ဆောင်ညွှန်ပြ လမ်းချပေးသွားခဲ့သူ

ဒီလိုလူကို ဒီစာနဲ့
ပူဇော်ပါသည်။
ဆရာ ကောင်းရာ သုဂတိလားပါစေ။

ဆရာ ရာမာနုဂျာတို့ အပါအဝင် အခုခေတ်  Pure Mathematics ၊ ရိုးရိုးသင်္ချာနယ်ပယ်မှ ပညာရှင်များ အထိ   စိတ်ဝင်စား နေကြရဆဲဖြစ်တဲ့ Squaring the Circle ,Unroll a Circle  with a Straightedge and a Compass, Zeno Paradox Problems ကို ဒီနေရာမှာ ရှင်းလင်းထားကြောင်း ဗဟုသုတ အဖြစ် ဖော်ပြလိုက်ပါတယ်။

အောက်ဖော်ပြပါ ဆရာ့ Biography အကျဉ်းကိုတော့ Wiki က ယူပါတယ်။

Born 22 December 1887(1887-12-22)
Erode, British India
Died 26 April 1920(1920-04-26) (aged 32)
Chetput, (Madras), British India
Residence Tamil Nadu, India
Nationality Indian
Fields Mathematics
Alma mater Government Arts College
Pachaiyappa’s College
Cambridge University
Academic advisors G. H. Hardy
J. E. Littlewood
Known for Landau–Ramanujan constant
Mock theta functions
Ramanujan conjecture
Ramanujan prime
Ramanujan–Soldner constant
Ramanujan theta function
Ramanujan’s sum
Rogers–Ramanujan identities

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: