Yangon Happy New Year 2011 တောလား

ကန်တော့ခန်း

မင်းစေ- အမေး ။ ။

တောရွာတွင် အလုပ်ချဲ့ ဆိုးချက်ဟဲ့ ဇာတာခွင်
မြို့ဆီကို သူထွက်မှ ၊ နာရသည့် သည်ဖြစ်အင်
ကားခနှင့် အဆောင်ရှာစဉ်၊
လစာအလျင်မမှီချင်လို့မို့ စားစရိတ် သူမလောက် ၊
ထောက်မျော်လျက် သူလျှောက်တင်။

ဝန်မင်း-အဖြေ ။ ။

အိမ်း

( တောကြားက ရှင်ကြီးဆိုသည့် ဒုက္ခသည်များ ကြောင့် )
မြို့ရောက်တဲ့ ဘုန်းမောင့်ခင်း –
အမယ်မင်း ခဏနေ။
မင်းအမေ ရှင်လိင်ပြန်မှ
ရောက်လာမယ့် ဟောသည့် ငွေ။
ကိုယ့်ဟာကိုယ် ရသမျှနဲ့ ဝမ်းချလို့ ဖြေ။

မင်းစေ။ ။

ကောင်းပါပြီသခင်
စေလိုရာ စေ-ပါစေတော့။
ရက်တွေကို လက်ရေချိုး – စိုးထိတ်မိပေ။
ဖယ်ရီအစီအစဉ်နဲ့ ရက်မှန်မှန် ငွေရလျင်ဖြင့်
တော်ပ ရှင်တို့ရေ။

ဝန်မင်း။ ။

အိမ်း- မောင်မင်း ရှိစေတော့။
နောက်အခင်းကိစ္စ ၊ ရှင်းပြရရင်
တောနေက ကားသုံးစင်း ၊ မလောက်သည့် အချင်းရှိလို့မို့…..
ကားပေါသည့် ရန်ကုန်မှာ ၊ လိုင်းကားသာ တိုးစီးကြဟဲ့
ချွေးထွက်လည်း မညည်းနဲ့ ၊ ရှိသည့် ကား- ဖယ်ရီ တစ်စီးကို
အပြီးသာ ဟိုကိုပို့တော့။

ရန်ကုန်နေ မင်းတို့ က
သိန်းသုံးရာတန်ကားကိုဖြင့်- နှစ်ရာပေးရင် – ရသည့်ဟာကို
အရောဝင်လို့ မတန်မရာ – ပါးလျက် နားလျက် လာလာပြီး
လျာမရှည်လေနဲ့ ။
နားသယ်ကို ဘေလိုက်မယ်။
အသင်မောင်မင်း အပေါက်ပိတ်
တိတ်တိတ်သာနေ။

မင်းစေ။ ။

ဤသို့ဖြင့် သင့်မြတ်လှပါပြီ အရှင်။
အရေးအရာ မဝင်သည် ရန်ကုန်ဆိုလို့မို့-
ထူး၍ မလျောက်တော့ပေါင်။
ချောင်ကိုသာ ပို့လိုက ပို့စေတော့။

သို့သော်
သည်နှစ်မှာ အားလုံးအတူ သည်တစ်ခါလေးဖြင့်
ပျော်ရွှင်ရွှင် ဂလေရိုက်ချင်လို့မို့
ရှိသမျှ အားအင် ညှစ်ပွား
နယူးရီးယား အစီအစဉ်များ
မည်သို့ စဉ်းစားထားသည်များ ရှိပါစ။

ဝန်မင်း။ ။

အိမ်း
ဟိုမဟာ အောင်မြေစခန်းမတော့
ပန်းပွဲတော် အခင်းမှာ တစ်ခါ
ဓါတ်တော်ချိုင့်မှာ တစ်ချက်
နောက်ထပ် ဒီရက်ထွက်တော့
ပွဲငတ်သည့် – အဲ့ တောနယ်အောင်မြေကို
ဒီနေ့ အခါသမယ အတွက်-
အရက်တော်နဲ့ ပျော်ပွဲများ ဆက်သရန် ရှိသေးကွဲ့

မြို့ကြီးနေ မင်းတို့တော့
ကိုယ့်လစာ ကိုယ့်ဟာကိုယ် ဖဲ့ခြွေပြီး
ကိုယ့်ဟဝှာ ကိုယ် ဆို့- သေဟဲ့ ။

———————————-

သာဓု – သာဓု – သာဓု

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: