ကွန်တီနမ်တဲလ်ဒဿနပညာ ( ၅ )

စနစ်ကျတဲ့ ဒဿနဆိုင်ရာ အဆိုမှန်သမျှဟာ တက်စ် ( Text ) နဲ့ ကော်န်တက်စ် ( Con-text ) အဆက်အစပ်ကနေ ကင်းကွာပြီး မလုပ်နိုင်ပါဘူး။ ဒီသဘောကို ဆီမွန်ခရစ်ချလေက သူ့ရဲ့ Continental Philosophy ( VSI- Oxford 2001 ) စာအုပ်မှာ ဥပမာပြထားတာလေး တွေရှိပါတယ်။

၁။ ၁၉၈၀ ခုနှစ်များမှာ ကန့်ကို စိတ်ဝင်တစား ပြန်လည် လာကြတယ်။ အာရုံသာယာမှု အယူအဆကို ဆွေးနွေးကြတယ်။ ဒီလိုဖြစ်ရတာဟာ မော်ဒန်နဲ့ ပို့စ်မော်ဒန် ဖြစ်မှုကြောင့်ပဲ လို့ ဆီမွန်က မြင်ပါတယ်။ သူဆိုလိုချင်တာက ၁၈၀၃ ခုနှစ်များက ဒဿနဆိုင်ရာ အလုပ်များမှာတောင် ကန့် ( ဝါ ) တက်စ်နဲ့ မော်ဒန် ပို့စ်မော်ဒန် ကော်န်တက်စ် အဆက်အစပ်ကြောင့် ကန့်ရဲ့ အဓိပ္ပါယ်တွေက ပြောင်းလဲသွားရတယ်။ ကန့်ကို ပြန်လည် ဖတ်ရှုလာကြတယ်လို့ မြင်ပါတယ်။ ကွန်တီနမ်တဲလ်ရဲ့ သဘောကို ဖော်ပြချင်တာပါပဲ။

၂။ ဆီမွန်က သူ ၁၉၈၀ ခုနှစ် တက္ကသိုလ် တက်နေချိန်မှာ ရှဲလင်း Schelling ဟာ လျစ်လျူရှု ခံရတယ်။ ရှဲလင်းဆိုတဲ့ အသံကို ကြားတောင် မကြားရဘူး။ မကြာသေးခင်က ရှဲလင်း ပြန်ရေပန်းစားလာတယ်။ ရှဲလင်း ရေပန်းစားလာတော့ လူတွေက ယခင် အသစ်လို့ ခံယူထားခဲ့တဲ့ ဒီကွန်စထရက်ရှင်း ( Deconstruction ) ဟာ ထူးထူးခြားခြားကြီး သစ်နေတာမျိုး မဟုတ်ဘူးလို့ ခံယူလာတယ်။ အကြောင်းကတော့ ဒဲရီဒါရဲ့ အမြင်တွေဟာ ရှဲလင်းရဲ့ အတွေးအခေါ်နဲ့ ဆင်တူတာတွေ ရှိနေလို့ပဲ လို့ ဖော်ပြထားတယ်။

၃။ နောက်တစ်ချက်ကတော့ အီမန်နျူရယ် လေးဗီး Levians  အကြောင်းကို ဖော်ပြထားတာပါပဲ။ ဆီမွန်က လေးဗီးန်ဟာ ၂၀ ရာစု အကြီးကျယ်ဆုံး ပြင်သစ် ဒဿန ပညာရှင်တွေထဲက တစ်ဦး အဖြစ်နဲ့ ပြန်လည် ပေါ်ထွက်လာတယ် လို့ ဆိုပါတယ်။ ၁၉၈၀ ခုနှစ် အလယ်လောက် အထိ လေးဗီးန်ရဲ့ လက်ရာတွေက လျစ်လျူရှုခံထားရတာပါ။ ယနေ့ ၂၁ ရာစုမှာတော့ လေးဗီးန အပေါ် သုံးသပ်ထားတဲ့ လက်ရာ အမြောက်အမြား ထွက်ပေါ်လာတယ်။ ဒီလို ထွက်ပေါ်လာတာက ၁၉၈၆ – ၇ ပြင်သစ် ဒဿန လောက မှာ ဖြစ်ပွားခဲ့တဲ့ ‘ဟိုက်ဒေးဂါး မှုခင်း’ ကြောင့်ပဲ။ ၁၉၈၆ – ၇ မှုခင်းမှာ ဟိုက်ဒေးဂါး ရဲ့ နာဇီဝါဒမှာ ပါဝင်ပတ်သက်မှုကို ဒဿန လောကမှာ ပိုပြီး ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း မြင်လာရတာရဲ့ အကျိုးဆက်ကြောင့် လေးဗီးန ထွက်ပေါ်လာပါတယ်။

၎။ ချားလ်တေလာရဲ့ ဟေဂယ်အပေါ် သုံးသပ်ချက် လက်ရာကြောင့် အင်္ဂလိပ် – အမေရိကန် ဒဿန အစဉ်အလာမှာ မှေးမှိမ်ခဲ့ရတယ်။ နောက်တော့ ယနေ့ခေတ်ပြိုင် အင်္ဂလိပ်- အမေရိကန် ဒဿန အစဉ်အလာ ဂျွန်မတ်ဒိုဝဲလ်၊ ရောဘတ်ဘရမ်ဒန် တို့ရဲ့ ဟေဂယ်အပေါ် ပြန်လည်ဖော်ထုတ်ခဲ့မှုနဲ့ အတူ ပြန်ထွက်ပေါ်လာခဲ့တယ်။ ဆီမွန်တင်ပြချင်တာက ကွန်တီနမ်တဲလ် ဒဿနပညာနဲ့ တက်စ်နဲ့ ကော်န်တက်စ် အဆက်အစပ်အပေါ် အလုပ်လုပ်တာဟာ ကွန်တီနမ်တဲလ် သာလျှင် မကဘူး။ ဒဿနပညာတစ်ခုလုံးနဲ့ ဆိုင်တဲ့ အရေးအရာကြီးပဲလို့ ဆိုချင်တာ။

အထက်ပါ အချက်လေးချက်ကို ကြည့်ရင် ကျွန်တော်တို့ဟာ မူရင်းအရေးအသား တက်စ်နဲ့ သူ့ရဲ့ ခေတ်ကာလ အလိုက် အဆက်အစပ်အရ ဒဿနဆိုင်ရာ အတွေးအခေါ်တွေဟာ ပြောင်းလဲနေတာကို တွေ့ရမယ်။ ကွန်တီနမ်တဲလ် ဒဿနပညာဆိုတာကလည်း ဒီလိုတက်စ်နဲ့ အဆက်အစပ်ကို သာလျှင် အခြေခံ ကိုင်တွယ်တာပါ။ ဒါကြောင့် အနည်းဆုံး အနေနဲ့ ခေတ်ပြိုင် ဒဿနပညာ အတွက် ကွန်တီနမ်တဲလ် ဒဿနပညာဟာ အရေးအကြီးဆုံးနဲ့ အထင်ရှားဆုံးနေရာကို ဝင်ယူလာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ကွန်တီနမ်တဲလ် ဒဿန အတွက် ဒဿနဆိုင်ရာ ပြဿနာ ဆိုတာ လူကနေ ဒြပ်မဲ့ဆန်ဆန် ဖန်တီး တည်ဆောက်လို့ရတာ မဟုတ်ဘူးလို့ ယူတယ်။ ဒါကလည်း ခွဲခြမ်းစိတ်ဖြာ ဒဿနရဲ့ ‘အမှန်တရား ဆိုတာက ဘာလဲ၊ လွတ်လပ်မှုဆိုတာ ဘာလဲ’ ဆိုတဲ့ သူတို့ဘာသာ သူတို့ ဖန်တီး တည်ဆောက်ထားတဲ့ ဒဿန ဆိုင်ရာ ပြဿနာတွေကို ငြင်းလိုက်တာပါပဲ။ ကွန်တီနမ်တဲလ် ဒဿနက လက်တွေ့ အခင်းအကျင်း အဆက်အစပ်ကို အခြေခံ ပြီးမှ မူရင်းတက်စ်တွေကို ကိုင်တွယ်တာ။ သူတို့ရဲ့ အယူတွေထဲက တစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ကျမ်းတွေရဲ့ အဓိပ္ပာယ်ကို ကျမ်းပြုဆရာရဲ့ ရည်ရွယ်ချက် လိုက်ပြီး ရှာဖွေနေဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒီလိုတက်စ်ကို ကိုင်တွယ်မယ်ဆိုရင် စာရေးသူရဲ့ ရည်ရွယ်ချက်ထက် ကိုင်တွယ်သူရဲ့ အမြင်နဲ့ လက်ရှိ အဆက်အစပ်အားဖြင့်သာလျှင် ဒဿနဆိုင်ရာ ပြဿနာရပ်ကို တည်ဆောက်သင့်တယ်လို့ ယူပါတယ်။ ဥပမာအားဖြင့် ဒေးကားရဲ့ ကျမ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ ကျော်က ရေးထားတာ။ ဒေးကားရဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်တွေကို ရှာဖွေတယ်ဆိုတာဟာ လည်း ဒေးကားရဲ့ ဆိုလိုရင်းထက် ရှာဖွေသူရဲ့ ဆိုလိုရင်းကိုပဲ ပါဝါနဲ့ တည်ဆောက်ပြတာ ဖြစ်ပါတယ်။ တေလာကြောင့် ဟေဂယ် အင်္ဂလိပ် အမေရိကန် ဒဿနလောကမှာ မှေးမှိန်သွားတာ၊ မတ်ဒိုဗဲလ်နဲ့ ဘရမ်ဒန်တို့ကြောင့် ပြန်ဆန်းသစ်လာတာတွေဟာ ဒီသဘောပါ။ ဒါကြောင့် တက်စ်နဲ့ အဆက်အစပ် ကွန်တက်စ် အရသာလျှင် ဒဿန ဆိုင်ရာ ပြဿနာကို တည်ဆောက်သင့်တယ်လို့ ကွန်တီနမ်တဲလ် ဒဿနက ယူပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: