တဏှာမပါသော မေတ္တာရေကြည်သည်သာ

Pure Love

ဖြေချင်သလို၊ မွှေနှောက်ကြည့်တော့
အတွင်းက လောက်ကောင်-ဥာဏ်
ညဥ့်အမှောင်ယံမှာ တဖွားဖွား
တိုးပွားလို့ လှိုက်စားလာကြပြန်သည်။

ချောင်ပိတ်ပြီး ရိုက်နှက်ခံခဲ့တဲ့
ဆိုးချက်ဟဲ့ ဒီအကုသိုလ်ကံ
လူတွယ်ကျယ် ၊ ဟန်ကြီး-ကျိုးပျက်
(မာယာတွေသာ)
တနင့်တခဲ စီးပိုးရက်ခဲ့သည်။

လက်ယက်တွင်း ရေကြည်ဆိုတဲ့
မေတ္တာတွေ  ‘ပြည်’ လို
ခပ်ညိုညို စီးယိုထွက်တော့
အဲ့အညှီနံ့ ခါးသက်သက်မှာ
(ဘယ်သူ့မှ မပါဘဲ)
မှုန်ဝါးဝါး အသက်ဆက်ခဲ့ပြီးပြီ။

အမေ့အပြုံးလေးနှင့်
အမေ့ချိုတေး – ‘အို- အို- အေး’ ကို
အဝေးကသား – မျှော်တွေးရင်း ညည်းဆိုမိသည်။

သည်ဘဝ သံသရာမှာ
အမေ့ကမ္ဘာထက် အေး၊
အမေ့နို့ချိုထက် သာတဲ့ ဆေး
ရှာမတွေ့ခဲ့လျှင်

မမွေးခင်ကတည်းက ၊
ဘေးဖြစ်နေမယ့် ကျနော်-
သည်ခန္ဓာလည်း ကြွေစေတော့။
အမိုက်ဥာဏ်တွေလည်း သေစေတော့။

အိမ်လွမ်းစိတ်ဖြင့် ရေးမိရေးရာ —

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: