ပြာမှုန်စများ သီဝရီ

အချစ်က ထွက်သွားပြီ။
ငါပဲ ကျန်ခဲ့တယ်။
နေ့ရက်တွေကလည်း အရင်တုန်းကအတိုင်း တစ်ထပ်တည်း။
စားမယ်၊ ပြီးရင် အိပ်မယ်၊
ဒီလိုနဲ့ အဲ့ညက ရောက်လာပြန်တော့တယ်။
ဟူးးးးးးးးးးးးး နာရီသံလေး နှေးနှေးသွားတာကို နားထောင်ဖို့၊
နိုးနိုးကြားကြားကြီး အိပ်နေရတာနဲ့ပဲ
အာရုဏ်က ခဏခဏ ၊ မိုး ထ သောက်ရပြန်ပြီကွယ်။

(ကဲ ထပ်ဆိုမယ်)
အချစ်က ထွက်သွားပြီ ၊
ငါပဲ ကျန်ခဲ့တယ်။
ဒီဟာ ( ဒါမှမဟုတ် ) ဟိုဟာ ( ဒါမှမဟုတ် ) ခင်ဗျား ပြောမယ့်ဟာ —
အဲ့ဟာတွေ အားလုံး၊  အတူတူချည်းပဲ။
ငါ စခဲ့တဲ့အရာတွေက ငါမရှိခင် ထွက်သွားမှာ။
တကယ်တမ်းမှာ တော်တော်များများက နည်းနည်းပဲ အသုံးဝင်နေတာ။

(နောက်ဆုံးတစ်ခေါက် ထပ်ဆို)
အချစ်က ထွက်သွားပြီ၊
ငါပဲ ကျန်ခဲ့တယ်။
အိမ်နီးနားချင်းတွေက ငါ့အိမ်တံခါးကို လာလာခေါက်ကြပြန်တယ်၊
အချေးအငှားလည်း ထူကြပြန်တယ်။
ဒီလိုနဲ့ ဘဝက
ကြွက်တစ်ကောင်ရဲ့ မာန်ဖီသံလို-
ညောင်နာနာ ဝါးတားတား ဖြစ်လာပါလေရော။
မနက်ဖြန် ပြီးတော့ မနက်ဖြန် ပြီးတော့ မနက်ဖြန် ပြီးတော့ မနက်ဖြန်
အိမ်တွေ၊ လမ်းတွေက တဖြေးဖြေး သေး -သေး သွားကြပြန်ရော၊
မပီမပြင်- ကျန်ရစ်ခဲ့ကြပြန်ရော။

Ref: Ashes of  Life.

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: